← Chapters

ခြားနားသော စီဆင်းမှုများ

Vol. 92 Ch. 1278

ခြားနားသော စီဆင်းမှုများ

Vol. 92 Ch. 1278

ဘုန်း...

ဟွမ်ရီကောင်း၏ ဦးခေါင်းမဲ့ ခန္ဓာကိုယ်မှာ ကြမ်းပြင်ပေါ် ပြုတ်ကျသွားခဲ့၏။ သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက်၏ အလွန် သန့်စင်လှသော ခန္ဓာကိုယ် တစ်ခု ဖြစ်လေရာ ဝင်္ကပါ ထိန်းချုပ်မှု ကင်းမဲ့နေသည့် ကောင်းကင် ဖျက်ဆီးသူမှာ ယိမ်းထိုး လှုပ်ယမ်း သွားခဲ့သည်။ သို့မှတစ်ပါး... အမှောင် ဟင်းလင်းပြင်ကတော့ ဆက်လက် တိတ်ဆိတ်နေဆဲ ဖြစ်လေသည်။

လာဗန်ဒါ သေမျိုး အဂ္ဂိရတ် အာဏာရှင်၏ ဦးခေါင်းကတော့ အဖြူရောင် မီးတောက်မီးလျှံများနှင့် အတူ ပြာကျသည် အထိ လောင်ကြွမ်းသွားခဲ့ပြီ ဖြစ်သည်။

တိတ်ဆိတ်စွာ၊ မမြင်နိုင်စွာပင် ဆက်စပ်မှု စစ်အလံ၏ ရပိုင်ခွင့် ဥပဒေသမှာ ဟွမ်ရီကောင်း၏ ဝိညာဉ်ကို သိမ်းဆည်း သွားခဲ့၏။ အနာဂတ်၌ ဟွမ်ရီကောင်း ဟူ၍ ဆက်လက် တည်ရှိတော့မည် မဟုတ်ချေ။

“ကျန့်ရီကောင်းပဲ ရှိတော့မယ်...”

ဝေ့ဝူယင် တွေးတောလိုက်၏။ သူ ဟွမ်ရီကောင်းကို ကျန့်ကျန့် တပ်မဟာ၏ အဂ္ဂိရတ် ကဏ္ဍတွင် အခြေချရန် ဆုံးဖြတ်ထားပေသည်။ အနာဂတ်၌ ဆေးတောင့်များကို အခြေပြု တိုက်ခိုက်သည့် အဂ္ဂိရတ် တပ်ဖွဲ့တစ်ခု ပေါ်လာရန် ဝေ့ဝူယင် မျှော်လင့်ထားသည်။

အဂ္ဂိရတ် တာအို၌ ဆေးတောင့်များမှာ ဘက်စုံ သုံးနိုင်သည့် ဖြစ်တည်မှုများဖြစ်သည်။ ၎င်းတို့ကို ဖိနှိပ်ဖို့ သုံးနိုင်သလို ဖျက်ဆီးဖို့လည်း သုံးနိုင်သည်။ ထို့အပြင် အားနည်း ပျက်ပြယ်ဖို့၊ အားဖြည့်ဖို့၊ လွတ်မြောက်ဖို့၊ ကာကွယ်ဖို့၊ စုပ်ယူဖို့၊ ပြောင်းလဲဖို့ ရည်ရွယ်ချက်များ အတွက်လည်း အသုံးပြုနိုင်သည်။ ဆေးတောင့်များကိုသာ အားဖြည့်ပေးနိုင်ပါက တပ်မဟာ၏ အင်အားမှာ နောက်တစ်ဆင့်ထိ တိုးမြင့်သွားလိမ့်မည်ဟု ဝေ့ဝူယင် ယုံကြည်ပေသည်။

“သူ... သေသွားပြီလား...”

တိတ်ဆိတ်မှုကို ပထမဆုံး စတင် ချိုးဖျက်လိုက်သူက ဧကရီပင် ဖြစ်လေသည်။ သူမ၏ အသံက မယုံကြည်နိုင်ခြင်းများနှင့် ပြည့်နှက်နေကာ မျက်လုံးများမှာ ပြူးကျယ်နေ၏။ သူမ၏ အသက်ရှူသံများမှာ အနည်းငယ် လေးပင်နေ၏။

ဝေ့ဝူယင်က သူမ၏ မေးခွန်းကို တုန့်ပြန်ခြင်း မပြုသလို သူမဘက်ကို လှည့်ကြည့်ခြင်းလည်း မပြုချေ။ တိတ်တဆိတ်ပင် အမှောင် ဟင်းလင်းပြင် အတွင်း ဖြစ်ပေါ်နေသည့် တိုက်ပွဲများကို ငေးကြည့် နေခဲ့၏။ ဝူယုမှာ အလွန်ပင် လွှမ်းမိုးနိုင်စွမ်း ရှိသူ ဖြစ်သည်။ သူက ရန်သူကို တစ်ဖက်သတ်ပင် ဖိနှိပ်ထားခဲံသည်။

ကုန်းရီမှာ သူ၏ သေမျိုး အဂ္ဂိရတ် အာဏာရှင်ကို ကယ်တင်ရန် အတွက် ဝူယု လက်မှ လွတ်မြောက်ဖို့ အစွမ်းကုန် ကြိုးပမ်းနေ၏။ သူက နည်းဗျူဟာပေါင်းများစွာကို သုံးကာ ဝူယုကို အမှောင်သိပ်ဖို့ လုပ်ဆောင်နေသည်။ သို့သော်လည်း သူ၏ တိုက်ခိုက်မှု မှန်သမျှက အာရုဏ်ဦး အဂ္ဂိရတ် သူရဲကောင်း အတွက်တော့ အ‌ညောင်းအညာ ဖြေရုံသက်သက် ဖြစ်နေသည့်ပုံ ရသည်။ သူက ပေါ့ပေါ့ပါးပါးပင် ပြန်လည်၍ တိုက်ခိုက်နေ၏။

ယခု၌ သူတို့ နှစ်ယောက်ထဲတွင် မည်သူက အားအကောင်းဆုံး ဖြစ်‌ကြောင်း ထင်ရှားနေချေပြီ ဖြစ်သည်။

အခြားတစ်ဖက်၌ ထျန်းလင်းယုနှင့် ထျန်းမူယန်တို့မှာ သင်္ဘောသားများကို ကာကွယ်ရင်း မီးတောက်မီးလျှံများနှင့် အတူ ကခုန် နေကြ၏။ သူတို့မှာ ပိုင်လင်ကို ရှင်းထုတ်ရန် ပြင်းထန်သည့် တိုက်ခိုက်မှုများကို ထုတ်ဖော်ခြင်း မပြုကြပါချေ။ သူတို့၏ ဦးစားပေးက သင်္ဘောသားများ၏ အသက်ကို ကာကွယ်ရန် အတွက်သာ ဖြစ်ပုံ ရသည်။ ထို့အပြင်... ဧကရီမှာ မီးဖီးနစ်ကို တိုက်ခိုက်ရန် သို့မဟုတ်... ဟွမ်ရီကောင်းကို ကာကွယ်ရန် အမိန့်ပေးခြင်း မပြုလေရာ သူတို့မှာ လိုက်လျောညီထွေ သရုပ်ဆောင် နေရုံမျှသာ ဖြစ်သည်။

“အချိန် စီးဆင်းမှုက ဘာလို့ ထူးဆန်းနေတာလဲ... အချိန်နောက်ပြန်ဆုတ်ခြင်းကို အသက်သွင်းလို့ မရဘူး”

ဧကရီမှာ ဟွမ်ရီကောင်း၏ အလောင်းနားသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သူမက လက်ကို နောက်တစ်ကြိမ် ဆန့်ထုတ်၍ အချိန် နောက်ပြန်ဆုတ်ခြင်းကို ဒုတိယ အကြိမ် အသက်သွင်းလိုက်ပြန်သည်။ သူမ၏ အသက် အင်အားက လျှင်မြန်စွာ လောင်ကျွမ်း သွားခဲ့သော်လည်း ဟွမ်ရီကောင်းကတော့ ပြန်လည် ပေါ်မလာခဲ့ပါချေ။

ဝေ့ဝူယင်၏ မျက်လုံးများမှာ အမှောင် ဟင်းလင်းပြင် အတွင်းမှ နေ၍ ဧကရီထံသို့ ပြန်လည် ကျရောက် သွားခဲ့၏။ သူက သူမနှင့် ကိုးမီတာ တိတိ အကွာအဝေးတွင် ရပ်နေခဲ့သည်။ အကယ်၍ သူမ အနေဖြင့် ဟွမ်ရီကောင်းကို ပြန်လည် အသက်သွင်းလိုလျှင် လက်ရှိ ကျင့်ကြံခြင်း အခြေခံဖြင့် ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။ လက်ရှိ၌ ဟွမ်ရီကောင်း၏ ဝိညာဉ်မှာ ဆက်စပ်မှု စစ်အလံ အတွင်း ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ အချိန် ဥပဒေသ အပေါ် သာမည အာဏာကို ပိုင်ဆိုင်ထားပါက ဟွမ်ရီကောင်းကို ပြန်လည် ခေါ်ယူကောင်း ခေါ်ယူနိုင်သော်လည်း သူမမှာ ထိုအဆင့်နှင့် အလွန် အလှမ်းကွာဝေးပေသေးသည်။ မည်သို့ပင် ဆိုစေ... သူမက သာမန် မြေကြီး ရှန့်ထို တစ်ယောက်သာ မဟုတ်ပါလား။

“ဧကရီ... သူ ဘယ်လို သေသွားရတယ် ဆိုတာကို သိချင်နေတယ် မလား... ဒါဆို ကျုပ်ကို အရင် ပြောပြပါ... ဘာလို့ အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာ အနီးအနားမှာ ရှိနေတယ်လို့ ထင်နေရတာလဲ”

ဝေ့ဝူယင် ဧကရီ ရှောင်ချွမ်းထံသို့ လျှောက်လာရင်း မေးလိုက်၏။ ဧကရီ၏ လှပသော ခန္ဓာကိုယ်လေးမှာ မသိမသာ တုန်ခါသွားခဲ့၏။

ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများမှာ တည်ငြိမ်နေ၏။ ဟွမ်ရီကောင်း၏ ဝိညာဉ်ကို ရရှိခဲ့ပြီး နောက်တွင် ဝေ့ဝူယင် အတွက် ထိုစစ်ဝိညာဉ်၏ လတ်တလော မှတ်ဉာဏ်များကို ရှာဖွေရန်မှာ မခက်ခဲလှပေါချေ။ ဆက်စပ်မှု စစ်အလံ၏ ဥပဒေသ အရ စစ်ဝိညာဉ်၏ မှတ်ဉာဏ်များ၊ ထိုးထွင်းသိမြင်မှုများနှင့် ကျင့်ကြံခြင်းများကို ပိုင်ရှင်မှာ ရယူပိုင်ခွင့် ရှိပေသည်။

ဟွမ်ရီကောင်း အဘယ်ကြောင့် မောက်မာနေရသနည်း။ ယုံကြည်ချက် ရှိနေရသနည်း။ အကြောက်အလန့် ကင်းမဲ့နေရသနည်း။

အကြောင်းပြချက်က ရှင်းပေသည်။ ဧကရီ ဟွမ်ရီကောင်းထံ လျှို့ဝှက် ပေးခဲ့သည့် သတင်းစကားကြောင့်ပင်။ ၎င်သည်ကား... အင်ပါယာမှာ ဝေ့ဝူယင် လှုပ်ရှားသည် အထိ ‌စောင့်နေသည်။ ဝေ့ဝူယင် စတင် လှုပ်ရှားသည်နှင့် သူ ကိုယ်တိုင်လည်း လှုပ်ရှားကာ လူငယ်ကို ဖိနှိပ်လိမ့်မည် ဟူ၍ပင်။

သို့သော်လည်း... ဝေ့ဝူယင် အမြင်အရ ဆိုလျှင် ဤသည်က ငါးထောင့်ကြယ် နယ်မြေ ဖြစ်သည်။ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေနှင့် အလွန် အလှမ်းကွာလှသည့် နေရာတစ်ခု ဖြစ်သည်။ အင်ပါယာ အနေဖြင့် လာရောက်ချင်သည် ဆိုလျှင်ပင် မလွယ်ကူသော အကွာအဝေး ဖြစ်သည်။ အဘယ်ကြောင့် ဟွမ်ရီကောင်းနှင့် ဧကရီတို့က အင်ပါယာ အနီးအနားတွင် ရှိနေသည်ဟု ယုံကြည်နေရသနည်း။

ဧကရီက ဝေ့ဝူယင်ကို သူမ၏ တောက်ပသည့် မျက်ဝန်းများနှင့် ကြည့်လိုက်၏။ အံ့သြမှင်သက်စရာများ ကြားမှပင် သူမမှာ တည်ငြိမ်မှုကို လျှင်မြန်စွာ ရရှိလာသည်။ ထို့နောက်တွင်တော့ သူမက အေးစက်စွာပင် ကြေညာ လိုက်လေ၏။

“မင်း အင်ပါယာ ကလန်ရဲ့ လာဗန်ဒါ အဂ္ဂိရတ် အာဏာရှင်ကို သတ်ခဲ့တယ်... ဒါက စစ်ကြေညာလိုက်တာပဲ”

“...”

ဝေ့ဝူယင် တိတ်တဆိတ်ပင် ဧကရီကို စိုက်ကြည့် နေခဲ့သည်။ သူတို့ နှစ်ယောက် အကြားတွင် ထူးဆန်းသည့် တိတ်ဆိတ်မှု တစ်ခု ဖြစ်ပေါ်လာနေခဲ့လေ၏။

...

ဟင်းလင်းပြင် သင်္ဘောများ ထက်တွင်တော့...

“ဘာလဲ...”

ကာဒီနယ်ဆောင်း၏ မျက်လုံးများမှာ ပြူးကျယ် နေခဲ့လေ၏။ ဟွမ်ရီကောင်း တစ်ယောက် ဦးခေါင်းမဲ့စွာ သေဆုံးသွားသည်ကို သူမ ဝိညာဉ်အာရုံမှ တစ်ဆင့် ရှင်းလင်းစွာပင် မြင်လိုက်ရသည်။ ထို့အပြင်... ဝေ့ဝူယင်မှာ နဂါးခေါင်းဆောင်းနှင့် မြေကြီးရှန့်ထိုကိုပင် ဆင့်ခေါ်ခြင်း မပြုချေ။ လူငယ် ပြောကြားခဲ့သည့် စကားလုံးများ အရ ဆိုလျှင် သူက ဟွမ်ရီကောင်းကို ကိုယ်တိုင် သတ်ဖြတ်လိုက်သည့်ပုံ ရသည်။

"ကာ... ကာဒီနယ်ရော အဲဒါကို မြင်လိုက်တာလား... သေမျိုး အဂ္ဂိရတ် အာဏာရှင်ဝေ့က လမ်းလျှောက်သွားပြီး ဟွမ်ရီကောင်းကို သတ်လိုက်တာ”

ဟုန်ယန်လျှို့လန်၏ အသံက အထစ်ထစ် အငေါ့ငေါ့ဖြင့် မေးလိုက်၏။ သူမ၏ လက်ချောင်းများက တုန်ရီနေကာ မိမိ မျက်လုံးကို မယုံကြည်နိုင် ဖြစ်နေခဲ့သည်။ ထို့အပြင်... သူမ နားမလည်နိုင်သည့် အရာ တစ်ခု ရှိနေသေးဆဲ ဖြစ်သည်။ အဘယ်ကြောင့် ဝေ့ဝူယင် ဟွမ်ရီကောင်း အနီးသို့ ချဉ်းကပ်သွားသည်ကို ဧကရီက ခွင့်ပြုထားသနည်း။

ကာဒီနယ်ဆောင်းက မျက်မှောင်ကြုတ် လိုက်သည်။ မြေကြီး ရှန့်ထို အဆင့်ချင်း တူညီသည့်တိုင် သူတို့ မြင်တွေ့ခဲ့ရသည့် မြင်ကွင်းများက ခြားနားပေသည်။ သူမ မြင်တွေ့ခဲ့ရသလောက်... ဝေ့ဝူယင်မှာ ဘယ်တုန်းကမှ ဓားကို ဝှေ့ယမ်းခဲ့ခြင်း မပြုခဲ့ချေ။ လူငယ် စတင် လမ်းမလျှောက်ခင် အချိန်ကတည်းက ဟွမ်ရီကောင်းမှာ သူ့ ဦးခေါင်းကို ဆုံးရှုံးခဲ့ရပြီး ဖြစ်သည်။

“နင် ဘာပြောနေတာလဲ... ပုံသေ ဟင်းလင်းပြင်ထဲက ထွက်လာတဲ့ ထက်ရှတဲ့ အလင်း တစ်ခုက ဟွမ်ရီကောင်းကို သတ်သွားတာ”

သူမက ဟုန်ယန်လျှို့လန်၏ အမှားကို ပြင်ပေးလိုက်၏။

“ဘာလဲ...”

ဟုန်ယန်လျှို့လန်မှာ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

“ဝေ့ဝူယင်က ဆေဘာကို မခုတ်ခဲ့ဘူးလား...”

ကာဒီနယ်ဆောင်းက ခေါင်းခါလိုက်သည်။

“သူ တစ်ခါမှ မခုတ်ခဲ့ဘူး... အာကာသ အလွှာကြားက ထက်ရှတဲ့ အလင်းတန်း တစ်ခုက တိုက်ခိုက်ခဲ့တာ”

“...”

သူတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြ၏။ သို့သော်လည်း မည်သည့် အရာ ဖြစ်ပွားသွားခဲ့သည်ကို သဘောတူညီနိုင်ခြင်း မရှိပါချေ။

ကာဒီနယ်ဆောင်း၏ မှတ်ဉာဏ်များထဲ၌ လျှို့ဝှက် စွမ်းအား တစ်ခုက မည်သူမှ မတုန့်ပြန်နိုင်ခင်မှာပင် ဟွမ်ရီကောင်းကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း.. ဟုန်ယန်လျှို့လန်၏ မှတ်ဉာဏ်များထဲတွင်တော့ ဝေ့ဝူယင်က ဖြည်းညင်းစွာ ရှေ့သို့‌ လျှောက်သွားကာ ဟွမ်ရီကောင်းကို သူ့ ဆေဘာနှင့် အတူ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ ဓားသွားက ရိုးရှင်းစွာပင် ဟွမ်ရီကောင်း၏ ဦးခေါင်းကို ဖြတ်တောက် သွားခဲ့ခြင်း ဖြစ်သည်။

အခြားတစ်ဖက်၌... တိုက်တန်ငရဲ ဖျက်ဆီးခြင်း ဧကရီ မြင်တွေ့ခဲ့ရသည့် မြင်ကွင်းကလည်း ခြားနားပေသည်။ ဝေ့ဝူယင်က သူ့ ဆေဘာကို ဆွဲထုတ်ခဲ့သည်။ ထို့နောက် အဝေးမှ တိုက်ခိုက်မှု တစ်ခုကို ဖော်ဆောင်ကာ ချောမွေ့စွာပင် ဆေဘာကို ပြန်လည် ရုတ်သိမ်းခဲ့သည်။ ထို့နောက် ဟွမ်ရီကောင်း၏ လည်ပင်းထက်၌ သွေးစင်းကြောင်း တစ်ခု ပေါ်လာခဲ့သည်။ ထူးဆန်သည့် အင်အား တစ်ခုကြောင့်သာလျှင် ဦးခေါင်းက ချက်ချင်း လွင့်စဉ် မသွားခဲ့ခြင်း ဖြစ်သည်။

မြေကြီး ရှန့်ထို သုံးယောက်မှာ ထိုဖြစ်စဉ်ကို မတူ ကွဲပြားသည့် ပုံစံ သုံးခုဖြင့် တွေ့မြင်ခဲ့ရသည်။ တကယ်တမ်းအားဖြင့် သူတို့မှာ အချိန်၏ ခြားနားသော စီးကြောင်းများ အတိုင်း ကွဲပြားစွာ စီးမြောခဲ့ရခြင်းပင် ဖြစ်လေသည်။

“နင့်... နင့်ရဲ့... သေမျိုး အဂ္ဂိရတ် အာဏာရှင်ဝေ့... သူ ဟွမ်ရီကောင်းကို သတ်လိုက်ပြီ”

အကန့်အသတ်မဲ့ သိုင်းဂိုဏ်းကြီး၏ ဧကရီက တရှန်းဘက်ကို လှည့်ကာ ပြောလိုက်၏။ သူမ မည်ကဲ့သို့ပင် တွေ့မြင်စေခဲ့ပါမူ... ဝေ့ဝူယင်မှာ ဟွမ်ရီကောင်းကို သတ်ဖြတ်လိုက်သည်ကတော့ ရှင်းလင်းပေသည်။

အချိန်သခင် တစ်ယောက်က သေမျိုးတစ်ပိုင်း အရှင် တစ်ယောက်ကို ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်ခြင်း...

မြေကြီးရှန့်ထိုများနှင့် ခြားနားစွာပင်... တရှန်း ကဲ့သို့ လျှို့ဝှက် ဝိညာဉ် အဆင့်အောက် ကျင့်ကြံသူများကတော့ တူညီသည့် မြင်ကွင်းတစ်ခုကိုသာ တွေ့မြင်ခဲ့ရပေသည်။ ထိုအရာက ဝေ့ဝူယင်မှာ သူ့ဆေဘာကို ဆင့်ခေါ် လိုက်သည်။

ထို့နောက် သူက ခုတ်ပိုင်းလိုက်သည်။ ထက်ရှည့် ဆေဘာစွမ်းအင် တစ်ခု ထွက်ပေါ်လာကာ ဟွမ်ရီကောင်း၏ ဦးခေါင်းကို ဖြတ်တောက် ပစ်ခဲ့သည်။ ထို့နောက် ဝေ့ဝူယင်က ဆေဘာကို ဓားအိမ် အတွင်း ပြန်ထည့်ကာ ဟွမ်ရီကောင်းထံသို့ လမ်းလျှောက်သွားခဲ့သည်။ သူ ခြေလှမ်များ ရပ်တန့်လိုက်သည့် အခိုက်တွင်ပင် ဟွမ်ရီကောင်း၏ ဦးခေါင်းက ပြတ်ထွက်သွားခဲ့သည်။

တရှန်း၏ မျက်လုံးများမှာ ပျော်ရွှင်မှု၊ အံ့သြမှု၊ လေးစားမှု၊ ချစ်ချင်မှု၊ ကျေနပ်မှုများနှင့် ပြည့်နှက် နေခဲ့၏။ သူမက လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ရင်း စိတ်လှုပ်ရှားစွာဖြင့် စိတ်ထဲမှ အော်ဟစ်လိုက်မိသည်။ ထိုအရာက သူ့လူ ဟူ၍။

သေချာတာ တစ်ခုကတော့ မဟာ စက်ဝန်း ကြယ်ကွင်းပြင်မှာ ယနေ့မှ စတင်၍ ဝေ့ဝူယင်ကို အဂ္ဂိရတ် သမား တစ်ယောက် အဖြစ် မှတ်ယူတော့မည် မဟုတ်ပါတော့ချေ။

...

ဒေါသဥဿုံ ကြယ်တာရာ နယ်မြေ အတွင်းရှိ အကြီးမားဆုံးသော အရိပ်ဥထဲတွင်တော့... ခရမ်းရောင် ဝတ်စုံဝတ် ပုဂ္ဂိုလ်မှာ အရှေ့ရှိ ကြေးမုံကိုသာ တိတ်တဆိတ် လေ့လာနေခဲ့၏။

“အချိန်ဥပဒေသ...”

သူ့ အသံက အနည်းငယ် သုန်မှုန်နေသော်လည်း လက်ခံသည့် အငွေ့အသက် တစ်ခု ရောပြွမ်းနေခဲ့သည်။

“ဥပဒေသ တစ်ခုကို မွေးဖွား ပျိုးထောင်ပြီး ဆုပ်ကိုင်နိုင်တဲ့ အချိန်သခင်... မင်းက ဘယ်သူလဲ”

All Chapters