အခန်း (၁၂၈၁)
Vol. 92 Ch. 1281
ထိုနေ့၏ ဖြစ်ရပ်များမှာ အလွန်ပင် တုန်လှုပ်ဖွယ် ကောင်းလွန်းရကား သတင်းများမှာ တောမီးသဖွယ် ပျံ့နှံ့ သွားခဲ့လေသည်။ အမျိုးမျိုးသော အဖွဲ့အစည်းများ အထူးသဖြင့် ရွှေရောင် အသက်နန်းတော် ကိုင်းခွဲများ၏ ဖြန့်ဝေမှုဖြင့် ၎င်းတို့မှာ နေ့ချင်းညချင်းပင် မဟာစက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးကို လှည်းနေ၊ လှေအောင်း၊ မြင်းဇောင်းမကျန် ထိုးဖောက် ရောက်ရှိသွားခဲ့လေသည်။
ခေါင်းစဉ်များကတော့ အောက်ပါ အတိုင်း ဖြစ်လေသည်။
“အဂ္ဂိရတ် အာဏာရှင်ဝေ့နဲ့ တွယ်ရာမဲ့ နှလုံးသားဂိုဏ်းကြားက တိုက်ပွဲ...”
“အာရုဏ်ဦး အဂ္ဂိရတ် သူရဲကောင်းရဲ့ ခွန်အား... ကောင်းကင် ဧကရာဇ်နဲ့ မဟာ သူရဲကောင်း ဝူယုတို့၏ အားပြိုင်မှု...”
“စစ်ပွဲတစ်ခု ဖြစ်လုနီးနီး... လာဗင်ဒါ အဂ္ဂိရတ် အာဏာရှင်မှာ ကိုယ်ပွားတစ်ခုနှင့် လွတ်မြောက်သွားမှု... တစ်နေရာရာတွင် ပုန်းကွယ်နေသည်ဟု သတင်းရ...”
“အဂ္ဂိရတ် ပညာရှင် တစ်ယောက်သာ မဟတ်သည့် အဂ္ဂိရတ် အာဏာရှင်ဝေ့... တောက်ပသည့် ခေတ်သစ် တစ်ခု စတင်ခြင်း...”
၎င်းတို့နှင့် အပြိုင်အဆိုင် ထွက်ပေါ်လာသည့် သတင်းကတော့...
“အင်ပါယာ မင်သား ထျန်းရီဝူ ပြန်လည် ရောက်ရှိလာပြီ... မဟာ စက်ဝန်း ကြယ်ကွင်းပြင်ရဲ့ နံပတ်တစ် ပါရမီရှင်က သမိုင်းသစ် တစ်ခုကို ဖော်ဆောင်တော့မှာလား...”
ဟူ၍ပင်။ ဝေ့ဝူယင်နှင့် အပြိုင်အဆိုင် ကျော်ကြားရလောက်အောင်လည်း ထျန်းရီဝူ၏ ပြန်လည် ရောက်ရှိလာမှုက သာမန် မဟုတ်ချေ။ မျိုးနွယ်ကို ပြန်လည် ခြေချချချင်းပင် လူငယ်မှာ အင်ပါယာ မင်းသားများ ပြိုင်ပွဲကို အနိုင်ယူခဲ့သည်။ နတ်ဘုရား အင်ပါယာ၏ အလားအလာရှိသော ဆက်ခံသူ တစ်ယောက် ဆိုသော အဆင့်အတန်းကို ဆုပ်ကိုင်ခဲ့သည်။ သူက အနာဂတ်တွင် အိမ်ရှေ့စံ မင်းသား နေရာကိုပင် တိုက်ခိုက်နိုင်လိမ့်မည် ဖြစ်သည်။
သို့သော်လည်း... သူ၏ အကြီးကျယ်ဆုံးသော အောင်မြင်မှုကတော့ သေမျိုး အဆင့်ဖြင့်ပင် လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်ကို တိုက်ခိုက် အနိုင်ယူပြခဲ့ခြင်း ဖြစ်သည်။ သူ အနိုင်ယူခဲ့သူက လျှို့ဝှက် ကြယ်တာရာ အဆင့် မဟုတ်သလို လျှို့ဝှက် ဝိညာဉ် အဆင့်လည်း မဟုတ်ပါချေ။ သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက်ပင် ဖြစ်လေသည်။
ထိပ်သီး ပါရမီရှင်များ၊ မခန့်မှန်းနိုင်သည့် ဖြစ်ရပ်များ အဆက်မပြတ် ပေါ်ထွက်နေသည့် အချိန်များတွင် အင်ပါယာ ကလန် သွေးမျိုးဆက် တစ်ယောက် အနေဖြင့် ထျန်းရီဝူ၏ အောင်မြင်မှုများက အလွန်ပင် ထင်ရှား လှပေသည်။ ၎င်းက... “ဝေ့ဝူယင် ထူးချွန်တော့ရော ဘာဖြစ်သနည်း။ အင်ပါယာ ကလန်တွင်လည်း ထျန်းရီဝူလို ပါရမီရှင် တစ်ယောက် ရှိသေးသည်” ဟု အဓိပ္ပာယ် ရပေသည်။
“ပါရမီရှင်များ ပေါ်ထွက်လာမှု...”
၎င်းက မဟာစက်ဝန်း ရှန့်ထို ညီလာခံတွင် ပညာရှင်များ ဟောကိန်း ထုတ်ခဲ့သည့် အတိုင်း အတိအကျပင် ဖြစ်ခဲ့လေသည်။
လူအများ လည်ချောင်းများ ချောက်ကပ်သွားခဲ့သည် အထိ ဆွေးနွေးခဲ့ရသော နောက်ဆုံး ခေါင်းစဉ်ကတော့...
“ထျန်းရီဝူနဲ့ ဝေ့ဝူယင်... ဘယ်သူက မဟာ စက်ဝန်း ကြယ်ကွင်းပြင်ရဲ့ အချောဆုံး လူငယ်လဲ”
ဟူ၍ပင်။
“...”
...
တစ်ပတ်ခန့် ကြာမြင့်ပြီးနောက်၌...
ဝေ့ဝူယင်မှာ ယာယီ တည်ဆောက်ထားသည့် လျှို့ဝှက် နယ်မြေ တစ်ခု အတွင်းရှိ အဂ္ဂိရတ် ခန်းမထဲတွင် ထိုင်နေခဲ့သည်။ ၎င်းမှာ အာရုဏ်ဦး နန်းတော်ကို ပုံတူကူးထားသော်လည်း အခြေခံ ခိုင်မာသည့် အုတ်မြစ်တော့ မရှိပါချေ။ သူ့ရှေ့ရှိ စားပွဲထက်တွင်တော့ အဝတ်အစား ဗလာနတ္ထိနှင့် အလှတရား တစ်ခုမှာ မျက်လုံးများကို မှိတ်ရင်း ငြိမ်သက်စွာ လှဲလျောင်း နေခဲ့သည်။
သူမက ရှည်လျားသည့် မျက်တောင်မွေးများ၊ စွဲမက်ဖွယ် ကြံ့ခိုင်သည့် ခန္ဓာ၊ ပြည့်ဖြိုးသော ရင်အုံနှင့် ကွေးညွှတ်သည့် ကောက်ကြောင်းများကို ပိုင်ဆိုင်ထားပေသည်။ ထိုအခိုက်၌ ဝေ့ဝူယင်မှာ အရပ် ဆယ်ပေခန့် မြင့်မားသည့် ထိုခရမ်းရောင် တောင်တန်း နတ်ဆိုး သွေးမျိုးဆက် မိန်းကလေးကို အာရုံစူးစိုက် လေ့လာနေခဲ့ခြင်း ဖြစ်သည်။
သူမက အခြားလူမဟုတ်...။ တရှန်း... အသွင်ပြောင်းခြင်း ဖြစ်စဉ်ကို ကြုံတွေ့ထားရသည့် တရှန်းပင် ဖြစ်လေသည်။
“ငါ တွေးလို့ ရသမျှ စမ်းသပ်ချက်တွေ အားလုံး လုပ်ပြီးပြီ... ကြည့်ရတာ မင်းရဲ့ ကြယ်တာရာ အမြုတေက အရိုးစနစ်နဲ့ ပေါင်းစပ်သွားတာ ထင်တယ်... ကြယ်တာရာ အရိုး အမြုတေ ဖြစ်သွားတဲ့ သဘောပေါ့... ဝိညာဉ်အာရုံနဲ့ ကြည့်လို့ ရသလောက် သာမန် ကြယ်တာရာ အမြုတေ တစ်ခုနဲ့ ကြယ်တာရာ အရိုး အမြုတေ တစ်ခု ကြားမှာ တူညီမှုတွေ ရှိတာ ငါတွေ့ရတယ်...”
“အရွယ်အစားကတော့ မင်းရဲ့ အရိုးထု ဘယ်လောက် ထူသလဲ ဆိုတာကိုပဲ ကြည့်ပြီး ခန့်မှန်းလို့ ရလိမ့်မယ်... နောက်ပြီး အံ့သြဖို့ ကောင်းတာက မင်းရဲ့ အရိုး တည်ဆောက်ပုံက ဆက်ပြီး ကြီးထွားလာနိုင်တဲ့ သဏ္ဌာန် ရှိတယ်... ငါ့ ခန့်မှန်းချက်သာ မှန်မယ် ဆိုရင် မင်းရဲ့ ကြယ်တာရာ အရိုး အမြုတေက လေးဆယ့်လေး စင်တီမီတာလောက် ရှိလိမ့်မယ်... မင်းရဲ့ အရပ်ကတော့ အတိအကျ ပြောရရင် ဆယ်ပေနဲ့ လေး ဒဿမ ရှစ် လက်မ ရှိတယ်”
တရှန်း၏ မျက်လုံးများက အနည်းငယ် လှုပ်ရှား သွား၏။ လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုကျော် ကာလ အတွင်း ဝေ့ဝူယင်၏ ထိပ်တန်း ရင်းမြစ်များစွာကို သူမ စားသုံးခဲ့သည်။ လက်ရှိ၌ သူမ၏ ကျင့်ကြံခြင်း အခြေခံက မဟာ စက်ဝန်း ကြယ်ကွင်းပြင်၏ အဆင့်အတန်းထက် များစွာ ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။ ထိုကဲ့သို့သော အရည်အချင်းများကြောင့်ပင် တိုက်တန် ငရဲ ဖျက်ဆီးခြင်း ဧကရီမှာ သူမကို ရှာတွေ့ကာ တပည့် အဖြစ် လက်ခံဖို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
“ငါ ဘာဖြစ်သွားတာလဲ...”
တရှန်းက အနည်းငယ် ထိတ်လန့်ဟန်ဖြင့် မေးလိူက်၏။ သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ ကြီးမားသည့် အသွင်ပြောင်းလဲမှု ဖြစ်စဉ်နှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။ တရှန်း ထိုအကြောင်းကို ဆရာ ဖြစ်သူထံတွင် စုံစမ်းခဲ့ပြီး ဖြစ်သော်လည်း တိုက်တန် ငရဲ ဖျက်ဆီးခြင်း ဧကရီမှာလည်း တိတိကျကျ အဖြေပေးနိုင်ခဲ့ခြင်း မရှိပါချေ။
“ထူးခြားတဲ့ ဖြစ်စဉ် တစ်ခုကြောင့် မင်းရဲ့ ခန္ဓာကိုယ်က ဆင့်ကဲ ပြောင်းလဲ သွားတာ... တိုက်တန် သွေးမျိုးဆက်နဲ့ တိုက်ရိုက် သက်ဆိုင်နေတယ်... ဒါပေမဲ့ စိတ်မပူပါနဲ့... မင်း တစ်ယောက်တည်းမှ မဟုတ်တာ”
ဝေ့ဝူယင်က တရှန်း၏ လက်ကို ဖျစ်ညှစ်လိုက်၏။
“ငါ လေ့လာဖူးသလောက် ဆိုရင် ဒီဖြစ်စဉ်ကို သွေးမျိုးဆက် သန့်စင်ခြင်း လို့ ခေါင်းစဉ် တပ်ရလိမ့်မယ်... မျိုးစပ်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဇီဝချို့ယွင်းချက်တွေကို ပြုပြင်တဲ့ သဘောပေါ့”
"ဟမ်...”
တရှန်း တစ်ယောက် အံ့သြသွားခဲ့၏။ သူမ၏ ရွှေရောင် မျက်လုံးများက ပွင့်ဟလာကာ ပြုံးနေသည့် ဝေ့ဝူယင်ကို ကြည့်လိုက်သည်။ သူမ စိတ်အတွင်းရှိ စိုးရိမ်ပူပန်မှုများက အရှိန်အဟုန်နှင့် ကျဆင်းသွားသလို တရှန်း ခံစား လိုက်ရ၏။
“ရိုးရိုးရှင်းရှင်း ပြောရရင် အခု မင်းက တိုက်တန်မျိုးနွယ်ရဲ့ အစစ်အမှန် အဖွဲ့ဝင် တစ်ယောက် ဖြစ်လာပြီ... သူတို့ရဲ့ ကျင့်ကြံခြင်း လမ်းစဉ်ကို လျှောက်လှမ်းနိုင်ပြီ... ဒါပေမဲ့ အံ့သြဖို့ ကောင်းတာ တစ်ခုက မင်းရဲ့ နတ်ဆိုး မျိုးရိုးက သန့်စင်တဲ့ တိုက်တန် သွေးမျိုးဆက်နဲ့ တစ်သားတည်း ပေါင်းစပ် နေခဲ့တာပဲ... မင်းကို နတ်ဆိုးတိုက်တန် တစ်ယောက်လို့ ခေါ်လို့ ရတယ်... ဒါပေမဲ့ မင်းရဲ့ နတ်ဆိုး သွေးမျိုးဆက်ထဲမှာ လူသားနဲ့ တိုက်တန် သွေးမျိုးဆက်တွေလည်း ရှိနေတယ်... သွေးမျိုးဆက် သန့်စင်ပြီးတဲ့ နောက်မှာတောင် ဆက်ရှိနေတယ် ဆိုတော့ အဲဒီ သွေးမျိုးဆက်တွေက နင့်ကို တစ်နည်းနည်းနဲ့ ထောက်ပံ့ပေးနိုင်တဲ့ပုံ ရတယ်”
“အယ်ဗန် သွေးမျိုးဆက်...”
တရှန်း မျက်တောင်များကို တဖျပ်ဖျပ် ခပ်လိုက်၏။ သူမထံတွင် အယ်ဗန် သွေးမျိုးဆက် တစ်ခု ရှိနေသည်လား။
"ဟား ဟား... မင်းရဲ့ ဘိုးဘေး အနွယ်ကနေ ပါလာတဲ့ အမျှင် သေးသေးလေးပါပဲ... မင်းကို လူမျိုးရေး ခွဲခြားမှုတွေ မရှိတဲ့ အဖွဲ့အစည်း တစ်ခုက ပျိုးထောင်ခဲ့တယ် ဆိုတာ မမေ့ပါနဲ့... မင်းတင် မကဘူး... အနန္တ ဧကရာဇ်ဂိုဏ်းထဲမှာ ရှိတဲ့ ဂိုဏ်းသား အတော်များများက သွေးရောတွေ ချည်းပဲ... တိတိကျကျ စစ်ဆေးမှုတွေသာ မလုပ်ဘူး ဆိုရင် သူတို့ဆီမှာ ဘယ်လို သွေးမျိုးဆက်တွေ ပါနေတယ် ဆိုတာ ဘယ်သူမှ တိတိကျကျ သိကြမှာ မဟုတ်ဘူး”
သုံးလွှာ ကြယ်တာရာ နယ်မြေတွင် အနန္တ ဧကရာဇ်ဂိုဏ်းမှာ မျိုးနွယ် ခွဲခြားမှု မရှိပဲ လက်ခံလေ့ ရှိသည့် တစ်ခုတည်းသော အဖွဲ့အစည်း ဖြစ်သည်။ များစွာသော မျိုးနွယ်များမှာ ထိုနေရာတွင် နှစ်ထောင်ပေါင်းများစွာ ကြာအောင် လိုက်လျောညီထွေ နေခဲ့ကြသည်။ ထိုကြောင့်ပင် ဝေ့ဝူယင်မှာ ထိုနေရာကို အိမ်အဖြစ် ခံစားခဲ့ရခြင်း ဖြစ်သည်။
တရှန်းက စားပွဲပေါ်မှ ထထိုင်လိုက်၏။ သူမ၏ ရင်သားနှစ်မွှာက တုန်ခါ လှုပ်ယမ်း သွားသည်။ သူမက စိတ်ဝင်တစားပင် မေးလိုက်၏။
“နင်ကရော လူသား စစ်စစ်လား...”
“ငါကလား...”
ဝေ့ဝူယင်မှာ ထိုမေးခွန်းကို မျှော်လင့်မထားခဲ့ချေ။ တစ်ခဏလောက် စဉ်းစားပြီးနောက်မှ သူက ခေါင်းကို ခါယမ်း လိုက်၏။
“ငါ ဘယ်လို မွေးလာတယ် ဆိုတာကိုတော့ မသိဘူး... ဒါပေမဲ့ နည်းလမ်းတစ်ချို့ကို ကျင့်ကြံပြီးတဲ့ နောက်မှာ သန့်စင်တဲ့ သွေးမျိုးဆက် ဆိုတဲ့ အယူကို ငါ စွန့်လွှတ်လိုက်ပြီ... တစ်ခါတစ်လေ ဆိုရင် ငါ့ကိုယ်ငါ အပင် တစ်ပင် လို့တောင် ခံစားရတယ်... ဟား... ဟား...”
ဧဒင်၏ မူလ စိတ်အကြောင်း ပြန်လည် တွေးတောရင်း ဝေ့ဝူယင် ရယ်မောလိုက်သည်။ တရှန်း၏ စိုးရိမ် ပူပန်မှုများမှာ ပိုမို၍ သက်သာ သွား၏။
“နင်ပြောတာ မှန်မယ် ထင်တယ်... ကျင့်ကြံသူ တစ်ယောက် အနေဖြင့် ငါတို့ ကျင့်ကြံတဲ့ နည်းလမ်းတွေက သွေးမျိုးဆက်ကို ပြောင်းလဲပေးနိုင်တယ်... ချင်ချူးမူ ဆိုရင် အယ်ဗန် တစ်ယောက်ထက် သစ်တုံး တစ်တုံးနဲ့တောင် ပိုတူနေသေးတယ်... ဟီး ဟီး...”
တရှန်းက ဟာသ လုပ်လိုက်၏။ သူတို့ နှစ်ယောက် ပြိုင်တူပင် ရယ်မောလိုက်မိကြသည်။ ချင်ချူးမူမှာ သစ်သား လမ်းစဉ်တွင် အလွန် မြင့်မားလှသည့် ပါရမီကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ဝေ့ဝူယင် ကိုယ်တိုင်ပင် တစ်ခါတစ်လေ သူမကို အားကျရသည့် အခါများ ရှိသည်။
“...”
ထို့နောက် ဝေ့ဝူယင်နှင့် တရှန်းတို့ အကြားတွင် တိတ်ဆိတ် သွား၏။ တစ်ခဏမျှ ကြာမြင့်ပြီးနောက် တရှန်းမှာ တစ်စုံတစ်ရာကို တွေးတောမိသွားဟန်ဖြင့် သုန်မှုန်သွားသည်။
"ငါ... ငါ ကလေးမွေးနိုင်သေးလား..."
သူမက တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် မေးလိုက်၏။
“ဟမ်...”
ထိုခေါင်းစဉ်က ဝေ့ဝူယင်၏ အမူအရာကို ပြောင်းလဲ သွားစေသည်။ တရှန်းက ခေါင်းလေးကို ငုံ့လိုက်၏။ သူမက စိုးရိမ် ပူပန်စွာဖြင့် နှုတ်ခမ်းလေးကို ကို်ကလိုက်သည်။
“ငါတို့...”
တရှန်း စကားအား ဆုံးအောင် မပြောနိုင်ခင်မှာပင် ဝေ့ဝူယင်က မေးစေ့ကို ကိုင်ကာ ဆွဲမော့ လိုက်သည်။ ထို့နောက် သူမ၏ ရွှေရောင် မျက်ဝန်းများကို စိုက်ကြည့်လိုက်သည်။
“ဒါပေါ့...”
သူက နူးညံ့စွာပင် သူမ၏ နှုတ်ခမ်းကလေးကို စတင် နမ်းရှုပ်လိုက်၏။ မကြာခင်မှာပင် နွေးထွေးမှုများနှင့် အတူ သူ၏ နှလုံးသားက အရည်ပျော် သွားခဲ့လေတော့သည်။