လင်းမင်၏ အရှုပ်တော်ပုံ
Vol. 92 Ch. 1283
ဟူး... ဟူး...
သုံးရက်တိတိ ခရီးနှင်လာခဲ့ပြီး နောက်၌ ယွင်ချွဲမှာ ဂြိုဟ်အပိုင်းအစ တစ်ခုထံသို့ ရောက်ရှိလာခဲ့သည်။ ၎င်းမှာ အလွန်ပင် ကြီးမားလှကာ ကုန်းမြေတိုက်ကြီး တစ်ခုနှင့်ပင် နှိုင်းယှဉ်နိုင်လိမ့်မည် ဖြစ်သည်။ ယွင်ချွဲက တန်းတန်းမတ်မတ်ပင် ထို ကုန်းမြေတိုက်ကြီးပေါ်၌ ခြေချလိုက်၏။
ထို့နောက် သူက အမျိုးမျိုးသော ဟင်းလင်းပြင် ကိရိယာများနှင့် အလံကဲ့သို့ ပစ္စည်းများကို ထုတ်ယူ လိူက်သည်။ ပြီးသည်နှင့် သူက ၎င်းတို့ကို အသုံးပြုကာ မြေပြင်ထက်တွင် တပ်ဆင်လိုက်သည်။ တစ်ခဏ အတွင်းမှာပင် ဟင်းလင်းပြင် ဂိတ်တံခါး တစ်ခုနှင့် ဆင်တူသည့် စက်ဝိုင်း ပုံသဏ္ဌာန် သင်္ကေတ တစ်ခု ဖြစ်ပေါ်လာခဲ့၏။
၎င်းမှာ ဟင်းလင်းပြင် အမှတ်ဟု တစ်နည်းအားဖြင့် သိရှိကြသည့် ယာယီ ဟင်းလင်းပြင် ဂိတ်တံခါးပင် ဖြစ်လေသည်။ များသောအားဖြင့် ယာယီ ဟင်းလင်းပြင် ဂိတ်တံခါများမှာ တစ်ဖက်သတ်သာ အသုံးပြု၍ ရရှိနိုင်သည့် ဟင်းလင်းပြင် ဥမင်များ ဖြစ်ကြသည်။
မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွင်းရှိ ဟင်းလင်းပြင် ဂိတ်တံခါးများမှာ ဟင်းလင်းပြင် စွမ်းအင်ကို အသုံးပြုသည့် အစစ်အမှန် ဟင်းလင်းပြင် ဂိတ်တံခါးများ မဟုတ်ကြချေ။ ၎င်းတို့မှာ အာကာသ စွမ်းအင်ကိုသာ အဓိက သုံးသည့် အာကာသ ပေါ်တယ်များသာ ဖြစ်ကြသည်။ သို့သော်လည်း... အာကာသ စွမ်းအင် နေရာတွင် ဟင်းလင်းပြင် စွမ်းအင်ကို သုံးကာ ၎င်းတို့၏ သက်ရောက်မှုများကို မြှင့်တင်နိုင်စွမ်း ရှိပေသည်။
လက်ဟန် ချိပ်စည်းများ ဖန်တီးပြီးနောက်၌ တောက်ပသည့် အလင်းတန်းများမှာ ဟင်းလင်းပြင် အမှတ်ထဲမှ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ကုန်းမြေတိုက်ကြီး တစ်လျှောက် တောက်ပသော ရောင်စုံ အလင်းတန်းများ လွှမ်းခြုံလာကာ အာကာသ ပေါ်တယ် တစ်ခု ဖွဲ့စည်းလာခဲ့သည်။
“အချိန်ကျပြီ...”
ရုတ်တရက် အသံ တစ်ခုနှင့် အတူ ပုံရိပ် သုံးခုမှာ အာကာသ ပေါ်တယ်၏ အခြား တစ်ဖက်မှ ထွက်ပေါ်လာခဲ့၏။ သူတို့က အစစ်အမှန် မွေးဖွားခြင်း၏ မျက်နှာဖုံးများကို ဝတ်ဆင်ထားခြင်း မရှိပါချေ။ ထိုအုပ်စုအား ဦးဆောင်လာသူက အရပ်ရှည်ရှည် ပိန်သွယ်သွယ် မိန်းကလေး တစ်ယောက် ဖြစ်သည်။ သူမက အလွန်တရာပင် လှပကာ ယောက်ျားပေါင်း များစွာ၏ ချစ်ခြင်း မေတ္တာကို တဒင်္ဂမျှ အချိန် အတွင်း သိမ်းယူ ညှို့ငင်နိုင်စွမ်း ရှိသူ ဖြစ်သည်။ သူမ၏ နောက်မှ လိုက်ပါလာကြသူများကတော့ အနက်ရောင် ဆံပင်တို၊ ပျမ်းမျှ ရုပ်ရည်တို့ကို ပိုင်ဆိုင်ထားသည့် မိန်းကလေး တစ်ဦးနှင့် ဝတုတ်တုတ် ပြုံးရွှင်ရွှင် ယောက်ျားကြီးတို့ပင် ဖြစ်သည်။
ယွင်ချွဲက အရပ်ရှည်ရှည် မိန်းကလေးကို ကြည့်ကာ ပြုံးလိုက်၏။
“အကိုရွှင်... ခင်ဗျား ကျုပ်တို့ကို စွန့်ပစ်သွားတော့မှာလားလို့ စိုးရိမ်နေတာ”
ဝတုတ်တုတ် လူကြီးက သူ့ ဝမ်းဗိုက်ကို ပွတ်သပ်ရင်း ရယ်မောလိုက်သည်။
“ဟဲ ဟဲ... ခင်ဗျားက ညီအကို အချစ်ကို နားလည်တာ ကျုပ် အတွက် ကံကောင်းတာပေါ့”
ယွင်ချွဲက သူ့ကို လျစ်လျူကာ အရပ်ရှည်ရှည် မိန်းကလေးကိုသာ ကြည့်လိုက်၏။
“ရှယုရို... ငါတို့ နှစ်ယောက်ရဲ့ သဘောတူညီချက်က ကိစ္စပြတ်ပြီ... နားလည်လား”
ရှယုရိုဟု ခေါ်သည့် လှပသော မိန်းကလေးက ခေါင်းညိတ် လိုက်သည်။
“အင်း...”
“ကောင်းတယ်... ငါ့ အကြွေး ကြေပြီ”
ထိုကဲ့သို့ ပြောပြီးနောက် ယွင်ချွဲက နောက်ပြန်လှည့်ကာ ထွက်ခွာသွားခဲ့၏။ ထိုမိန်းမလှလေးမှာ ယခင် ရွှင်ပို၏ ယင်မီးဖို ဖြစ်ကာ ထူးဆန်းသော နည်းလမ်း တစ်မျိုးမျိုးဖြင့် ယွင်ချွဲ၏ အစစ်အမှန် သဏ္ဌာန်ကို ရှာဖွေ တွေ့ရှိသွားခဲ့သည်။ အစပိုင်းမှာ ရှယုရိုမှာ အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက် မဟုတ်ခဲ့ချေ။ သို့သော်လည်း သူမက ဗဟုသုတနှင့် လှည့်ကွက် အနည်းငယ်ကို သုံးကာ ယွင်ချွဲကို သူမအား ကူညီရန် ဖိအားပေးနိုင်ခဲ့သည်။ ယခု၌ သူမက လောကသခင် အဆင့်ကို ရောက်ရှိခဲ့ပြီ ဖြစ်သည်။ ထို့အပြင်... ယွင်ချွဲထံမှ အာရုဏ်ဦး နေမီးတောက် ဆေးလုံးကိုပင် ရရှိထားခဲ့သည်။
အခြား နှစ်ယောက်ကတော့ သူမ၏ သစ္စာခံ မဟာမိတ် နှစ်ယောက်ပင် ဖြစ်သည့် ရှဝူကောနှင့် ဖန်ဝူယတို့ပင် ဖြစ်သည်။ ရှဝူကောမှာ ရှယုရို၏ မွေးစား ညီမလေးလည်း ဖြစ်ကာ ဖန်ဝူယကတော့ သူမ အသက်ကို တစ်ခါ ကယ်တင်ဖူးသည့် လျှို့ဝှက် ကြယ်တာရာ အဆင့် တစ်ယောက် ဖြစ်သည်။
“ရှင် ဘယ်နေရာကို သွားမှာလဲ...”
ရှယုရိုက မေးလိုက်၏။ သူမ၏ အသံက တုန့်ဆိုင်းခြင်းများနှင့် ပြည့်နှက်နေသည်။
ယွင်ချွဲ၏ ခြေလှမ်းများမှာ ရပ်တန့်သွား၏။ သူက အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ ရှိရာ အရပ်ကို လှမ်းကြည့် လိုက်သည်။
“ငါ ရစရာ ရှိတာကို ပြန်ယူမလို့...”
ယွင်ချွဲက အေးစက်စက် ပြောကာ ဆက်လက် ပျံသန်း သွား၏။ တခဏ ကြာပြီးနောက် သူက ရပ်တန့်ကာ ရှယုရိုထံ ကျောက်စိမ်း တစ်ခု ပစ်ပေးလိုက်သည်။ မိန်းမလှလေး၏ မျက်နှာက အံ့သြသည့် အငွေ့အသက်များနှင့် ပြည့်နှက်သွား၏။ ယွင်ချွဲက ပြောလိုက်သည်။
“နင် အန္တရာယ် ကြုံရင် အဲဒါကို သုံးကာ... နင့်ကို မကယ်နိုင်ရင်တောင် နင် သေသွားတဲ့ အခါကျ ငါ လက်စားပြန်ချေပေးမယ်”
ထိုကဲ့သို့ ပြောပြီးနောက် ယွင်ချွဲမှာ နောက်ကိုပင် ပြန်လှည့် မကြည့်တော့ချေ။ သူက ရှယုရိုတို့ကို ကျောခိုင်းကာ အလင်းတန်း တစ်ခု အဖြစ် ပျောက်ကွယ်သွားခဲ့တော့၏။
ရှယုရို နေရာတွင်ပင် ရပ်ကာ လက်ထဲရှိ ကျောက်ိစမ်းကလေးကို အချိန် အကြာကြီးစိုက်ကြည့် နေခဲ့မိသည်။ မိနစ် အနည်းငယ် ကြာမြင့်ပြီး နောက်တွင်မှ သူမက သက်ပြင်းတစ်ချက် ချလိုက်၏။
“မမ... ငါတို့ ဘယ်သွားကြမလဲ”
ရှဝူကောက မေးလိုက်၏။ သူမ၏ အသံက သိမ်မွေ့ ဖြူစင်ကာ အပြစ်ကင်းစင် နေသည်။ သူတို့၏ အဓိက ထောက်တိုင် ဖြစ်သည့် ယွင်ချွဲမှာ ယခုလေးတင် သူတို့ကို ခွဲခွာကာ ထွက်ခွာ သွားခဲ့ပြီ ဖြစ်သည်။ ယွင်ချွဲ၏ အကာအကွယ် မရှိပဲ အစစ်အမှန် မွေးဖွားခြင်းလို သားရဲတွင်းထဲတွင် သူတို့ ဆက်လက် ရှင်သန်နိုင်မည် မဟုတ်ချေ။
ရှယုရိုမှာ သန်မာသူ တစ်ယောက် ဖြစ်သည်။ သူမက လျှင်မြန်စွာပင် စိတ်ခံစားချက်များကို ပြန်လည် ထိန်းသိမ်ကာ ရှဝူကော၏ မေးခွန်းကို စဉ်းစားလိုက်၏။ သူတို့ ဘယ်နေရာကို သွားသင့်သနည်း။
...
ဒြပ်စင် နယ်မြေ...။ အာရုဏ်ဦး မူလဂြိုဟ်ထက်၌...
ပုံရိပ်နှစ်ခုမှာ ထူးဆန်းသော ခံစားချက် အငွေ့အသက်များ၏ လွှမ်းခြုံမှု အောက်၌ ရပ်နေခဲ့သည်။ ဤသည်က အလွန် ကျယ်ပြန့်သည့် မြက်ခင်းပြင်ကျယ် တစ်ခု ဖြစ်ကာ အလွန် ကြွယ်ဝ သန့်စင်လှသော ကြယ်တာရာ အမတေများက နေရာ အနှံ့ ဖြန့်ကျက်ထား၏။ ၎င်းမှာကျင့်ကြံဖို့ရန် အလွန်ပင် ကောင်းမွန်လှသည့် ပတ်ဝန်းကျင် တစ်ခု ဖြစ်ပေသည်။ သို့သော်လည်း ပုံရိပ် နှစ်ခု အကြား လွှမ်းခြုံနေသည့် လေထုကတော့ သက်တောင့်သက်သာ တစ်စက်မှ မရှိလှပါချေ။
“နင် ဘာလို့ ဒီလောက်တောင် အဆင်မခြင်မဲ့ရသလဲ”
အသံတစ်ခု ထွက်ပေါ်လာ၏။ ၎င်းက တင်းမာနေကာ ဒေါသထွက်ခြင်း၊ မချင့်မရဲ ဖြစ်ခြင်းများနှင့် လွှမ်းခြုံ နေပေသည်။
"စီနီယာ အမလင်း... ကျုပ်...”
ဒုတိယမြောက် အသံက တွန့်ဆုတ် တွန့်ဆုတ်နှင့် ထွက်ပေါ်လာ၏။ သူတို့ နှစ်ယောက်မှာ အခြားလူများ မဟုတ်ကြချေ။ လင်းရှန်းရှဲ့နှင့် လင်းမင်တို့ပင် ဖြစ်သည်။
လင်းရှန်းရှဲ့မြှာ အစစ်အမှန် ဒြပ်စင်ဂိုဏ်းချုပ် အဝတ်အစားများကို ဝတ်ဆင်ထား၏။ မိခင် ဖြစ်သူမှာ အာရုဏ်ဦး အဂ္ဂိရတ် အာဏာရှင်၏ အစေခံ လုပ်ရန် ထွက်ခွာသွားခဲ့လေရာ မျိုးရိုးစဉ်ဆက် အစဉ်အလာ အားဖြင့် သူမမှာ ဂိုဏ်းချုပ် နေရာကို ရယူထားရသည်။ ပုံမှန်အားဖြင့် ထိုနေရာမှာ အဆုံးမဲ့ မနာလို ဝန်တိုမှုများ၊ တိုက်ခိုက်မှုများကို ဖိတ်ခေါ်နိုင်စွမ်း ရှိသည့်တိုင် ယခုတွင်တော့ ဝေ့ဝူယင်၏ ပံ့ပိုးမှုများ အောက်၌ သူမ အတွက် အခက်အခဲ သိပ်မရှိလှပါချေ။
အစစ်အမှန် ဒြပ်စင်ဂိုဏ်း အတွင်း၌ လင်းကလန်၏ အဆင့်အတန်းက အတော်လေး တည်ငြိမ် နေခဲ့ပြီ ဖြစ်သည်။ သူတို့မှာ ဂိုဏ်းထံမှ များပြားလှသည့် ရင်းမြစ်များကို လက်ခံ ရရှိလာလေရာ လူငယ် မျိုးဆက်သစ် များစွာကို မွေးထုတ်ပေးနိုင်ခဲ့သည်။ ထို့အပြင်... မဟာ စက်ဝန်း ကြယ်ကွင်းပြင် အတွင်းရှိ အဖွဲ့အစည်း အများစုမှာ သူတို့ကို အထူး အဖွဲ့အစည်းတစ်ခု သဖွယ် သဘောထားကာ ဆက်ဆံကြသည်။ အစေခံ ဆိုသည့် ရာထူး တစ်ခုတည်းဖြင့် လင်းကလန်၏ ပြောင်းလဲမှုများမှာ မျက်လှည့်ဆန်လွန်းလှသည်။
သို့သော်လည်း... ထိုအခိုက်တွင်တော့ လင်းရှန်းရှဲ့၏ မျက်နှာက စိတ်ပျက်မှု၊ ဒေါသ ထွက်မှုများနှင့် ပြည့်နှက် နေခဲ့သည်။
“နင်တို့ ဘယ်တုန်းက ဖြစ်တာလဲ...”
သူမက ထပ်မေးလိုက်၏။ လင်းမင်းက ခေါင်းကို ငုံ့လိုက်သည်။ သို့သော်လည်း... သူက လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်ထားခဲ့၏။
“လွန်ခဲ့တဲ့ နှစ်နှစ် သုံးနှစ်လောက်တုန်းကပါ... ရွှေရောင်စစ်ပွဲ နယ်မြေက ထွက်ပြီး မကြာခင်လောက်”
“နင်...”
လင်းရှန်းရှဲ့၏ မျက်နှာက ဒေါသအငွေ့အသက်များနှင့် ပိုမို၍ နီရဲလာ၏။ သူမ၏ အမူအရာက ဖြစ်နိုင်လျှင် လင်းမင်ကို ထကာ ရိုက်နှက်ချင်နေသည့်ပုံရသည်။
“လောကမှာ ဒီလောက် မိန်းမတွေ အများကြီး... အဲဒီအထဲမှာ ထျန်းရီဝူနဲ့ စေ့စပ်ထားတဲ့ လူကိုမှ သွားပြီး ပတ်သက်ရသလား...”
လွန်ခဲ့သည့် နှစ်ပိုင်း အတွင်း လင်းမင်၏ ကမ္မ ကံကောင်းမှုများမှာ တားဆီး မရနိုင်စွာ အရှိန်အဟုန် ပြင်းထန်နေဆဲ ဖြစ်သည်။ သူက ဒြပ်စင် နှလုံးသား ရည်ရွယ်ချက်ကို နားလည်ခဲ့သည့် အပြင် ထူးခြားသည့် ရုပ်ခန္ဓာ တစ်ခုကိုလည်း ကျင့်ကြံနိုင်ခဲ့သည်။ ထို့အပြင်... ကောင်းကင် မန်နာများ ပါဝင်နေသည့် သတ္တု အပိုင်းအစ တစ်ခုကိုလည်း ရရှိခဲ့ကာ ၎င်း၏ အကူအညီဖြင့် ကျင့်ကြံခြင်း ဝိညာဉ်ကို မူလ အဆင့်ထိ ရောက်အောင် ကျင့်ကြံနိုင်ခဲ့သည်။ ထို့အပြင်... သူ၏ လက်ရှိ ကျင့်ကြံခြင်း လမ်းစဉ်မှာ ရှေးခေတ် သမိုင်း စာအုပ်များထဲတွင်သာ ပြဋ္ဌာန်းထားသည့် ဒဏ္ဍာရီလာ ဝိညာဉ် ကျင့်ကြံသူ တစ်ဦးဖြစ်ရန် နီးကပ်နေခဲ့ပြီ ဖြစ်သည်။
လွန်ခဲ့သည့် ဆယ်စုနှစ်များ အတွင်း လင်းမင်၏ ကျင့်ကြံခြင်း လမ်းစဉ်မှာ အလွန်ပင် ချောမွေ့ နေခဲ့သည်ဟု ဆိုနိုင်ပေသည်။ အမျိုးမျိုးသော ကမ္မ ကံကောင်းမှုများကို ရရှိခဲ့သည်။ ဉာဏ်အလင်း ပွင့်ခြင်း ဖြစ်စဉ်များနှင့် ရင်ဆိုင်ခဲ့ရသည်။ သို့သော်လည်း လင်းမင် တန်ဖိုး အထားရဆုံးကတော့ ထန်ရှင်းယွင်နှင့် ပြန်လည် တွေ့ဆုံခဲ့ရခြင်း ဖြစ်သည်။
အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးမှာတုန်းကလိုပင် သူတို့ နှစ်ယောက် အတူတူ ပြန်လည် ခရီးနှင်နိုင်ခဲ့သည်။ စွန့်စားခန်းများကို ဖြတ်ကျော်ခဲ့ကြသည်။ တစ်ဦးအပေါ် တစ်ဦး၏ မေတ္တာစိတ်များမှာလည်း တိုးပွားလာခဲ့သည်။ ဤသို့နှင့် မှောင်မိုက်သော ညတစ်ညတွင် ထင်မှတ်မထားသည့် တိုက်ဆိုင်မှုများစွာဖြင့် သူတို့ နှစ်ဦး နယ်ကျွံခဲ့ကြသည်။ ထန်ရှင်းယွင်မှာ သူမ ခန္ဓာကိုယ်ကို ပုံပေးခြင်းအားဖြင့် သူမ၏ ချစ်ခြင်း မေတ္တာကို သက်သေထူခဲ့သည်။
သို့သော်လည်း မကြာသေးခင်ကပင် ထျန်းရီဝူ ပြန်လည် ပေါ်လာခဲ့သည်။ သူက အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာ၏ သတ္တမမြောက်သားတော် ဖြစ်သည်။ ထျန်းရီဝူနှင့် ထန်းရှောင်ယွင်တို့ နှစ်ဦးမှာ ငယ်စဉ်ကတည်းက လက်ထပ် ထိမ်းမြားဖို့ သဘောတူထားသည့် တွဲဖက်များ ဖြစ်ကြသည်။
သတ္တမမြောက်သားနှင့် သတ္တမမြောက် သမီး...
သူတို့က ကြမ္မာဖက်သည့် စုံတွဲများ ဖြစ်ကြပေသည်။
***