သွေးလွှမ်းပြိုင်ပွဲအတွင်းတွင်
Vol. 010 Ch. 949
ရှီမာယူယူသည် အဘိုးဘိုင်ကို အပ်စိုက်ပေးပြီးနောက် မေးလိုက်သည် “အဘိုးဘိုင် ဒီသွေးမိစ္ဆာမြို့တော်မှာနေရင် ဘာလို့ အဘိုးရဲ့အဆိပ်က ဖိနှိပ်လို့ ရနေတာလဲဆိုတာ သိချင်ဖူးလား”
ဘိုင်ရှန်းသည် အင်္ကျိဝတ်ပြီး ပြောလိုက်သည် “သိချင်တာပေါ့ ဒါပေမဲ့ အကြောင်းအရင်းကိုရှာမတွေ့ခဲ့ဘူး”
“စုံစမ်းဖို့ရော သွားခဲ့ဖူးလား” ရှီမာယူယူ မေးလိုက်သည်။
“စုံစမ်းဖူးတယ်၊ အရင်နှစ်၁၀၀လောက်က ငါ အကြောင်းအရင်းကိုရှာဖို့ သွေးမိစ္ဆာမြို့တော်မှာ နေရာစုံလျှောက်သွားခဲ့တယ်၊ အထူးသဖြင့် ငါ့ခန္ဓာကိုယ်က နောက်ပိုင်းကို မတူတော့ဘူးလို့ခံစားရတဲ့အချိန်မှာ ဘာက ပြောင်းလဲသွားလဲဆိုတာကို ရှာချင်ခဲ့တယ်၊ ဒါပေမဲ့ ငါ အကြိမ်ပေါင်းများစွာ ရှာ လည်းလ ဘာမှမတွေ့ဘူး” ဘိုင်ရှန်း ပြောလိုက်သည် “ဘာလို့လဲ တစ်ခုခု တွေ့လို့လား”
“ဒီနေ့ မြို့ဝန်အိမ်တော်သွားတော့ ထူးဆန်းတာတွေ့တယ်” ရှီမာယူယူ ပြောလိုက်သည် “အတိအကျပြောရရင် ကျွန်တော် သွေးမိစ္ဆာမြို့တော်ကိုဝင် ကတည်းက စိတ်မသက်သာသလိုခံစားရတယ်”
“ဟုတ်လား မင်းလည်းထူးဆန်းတာကိုတွေ့တာလား”
“ကျွန်တော်မြို့ကိုဝင်တော့ ဖန်ကျောက်တုံးကိုပဲ သုံးလို့ရတယ်၊ မြို့ထဲ က ဘယ်သူကမှ ကျင့်ကြံလို့မရဘူး၊ သူတို့က ကျောက်တွေကိုပဲအားကိုးနေရ တယ်၊ အဲဒါကိုကထူးဆန်းမနေဘူးလား” ရှီမာယူယူ ပြောလိုက်သည် “သွေးလွှမ်းပြိုင်ပွဲလည်း ထူးဆန်းတယ်၊ အဲဒါကလူတိုင်းကိုပျော်စေပေမဲ့ မြင်ကွင်းအနောက်ကဟာကို ဘယ်သူကမှမသိကြဘူး စင်ကလည်း နောက်ထပ် ပဟေဠိတစ်ခုပဲ၊ သွေးကိုမြင်ပြီးတော့ ရူးသွပ်သွားကြတယ်၊ ဒါက အာရုံခံလို့မရတဲ့ဟာတစ်ခုပဲ”
ရှီမာယူယူသည် မြို့ထဲရောက်သည်မှာ ၂ရက် ၃ရက်သာရှိသေး သော်လည်း ဒီလောက်ပြဿနာအများကြီးကိုရှာတွေ့ထားလိမ့်မည်ဟု ဘိုင်ရှန်းမထင်ထားပေ။
ရှီမာယူယူသည် လိဟုန်ပေးလိုက်သော လက်ဖက်ရွက်များကိုထုတ်ပြီး ဘိုင်ရှန်းကိုပေးလိုက်သည်။
“ဒါကိုကြည့်ကြည့်လိုက်ပါ”
ဘိုင်ရှန်းသည် အိတ်ကိုဖွင့်ပြီး အထဲမှ လက်ဖက်ရွက်များကို ကြည့် လိုက်သည်။ သူတချို့ကိုထုတ်ပြီး အနံ့ခံကာ ပြောလိုက်သည် “ဒါက သွေး နတ်ဆိုးသစ်ပင်က အရွက်တွေပဲ”
“အဘိုးလည်း သွေးနတ်ဆိုးသစ်ပင်ကိုသိတာလား” ရှီမာယူယူ မေး လိုက်သည် “ဒါဆိုရင် အဲအရွက်နဲ့လက်ဖက်ရည်ကိုသောက်ဖူးလား”
ဘိုင်ရှန်း ခေါင်းရမ်းကာ ပြောလိုက်သည် “နှစ်တိုင်းမှာ ရွက်သစ်က နည်းနည်းပဲထွက်တာ၊ မြို့ဝန်ကပဲ အမြဲသောက်တာ၊ သူ တခြားသူကို လက်ဆောင်ပေးတာကို မမြင်ဖူးဘူး၊ သူ မင်းကိုလက်ဆောင်ပေးလိမ့်မယ်လို့ မထင်ထားဘူး၊ လက်ဖက်ရွက်တွေကဘာဖြစ်လို့လဲ”
“စမ်းကြည့်ရင် သိလိမ့်မယ်”
ရှီမာယူယူသည် အရွက်တချို့ကို လက်ဖက်ရည်ဖျော်လိုက်သည်။ သူမ သည် ဘိုင်ရှန်းဆီသို့ ကမ်းပေးပြီး သောက်စေသည်။ ထို့နောက်တွင် သူသည် အရသာကို သေချာစမ်းစစ်ကာ ပြောလေသည် “ဘာမှထူးခြားတာမရှိသလိုပဲ”
“သောက်ပြီးတော့ သွေးအရသာနည်းနည်းရှိတယ်လို့မထင်မိဘူးလား” ရှီမာယူယူ မေးလိုက်သည်။
ဘိုင်ရှန်းသည် နောက်ထပ် ပါးစပ်အပြည့်သောက်ပြီး အရသာကို ပိုခံစား ကြည့်လေသည်။ ခဏအကြာတွင် သူပြောလိုက်သည် “ဟုတ်တယ် သွေးနံ့ မျှင်းမျှင်းလေးရှိတယ်၊ ဒီလက်ဖက်ရည်က သွေးနတ်ဆိုးသစ်ပင်ကပဲ ဘာလို့ သွေးအရသာရနေတာလဲ”
“ဘယ်လိုထင်လဲ”
“သွေးစိမ်ထားတာမဟုတ်ရင် ဒီလိုဖြစ်စရာအကြောင်းမရှိဘူး” ဘိုင်ရှန်း ပြောလိုက်သည်။
“ဟုတ်သော်ရှိ မဟုတ်သော်ရှီ အဲဒီသစ်ပင်က သွေးနံ့ထွက်နေတာ ကောင်းတာမဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်” ရှီမာယူယူ ပြောလိုက်သည်။
“ဒါဆို မြို့ဝန်က မင်းကိုဘာလို့ဒီလိုမျိုးဟာကိုပေးရတာလဲ သူက မသိ ဘူးလား” ဘိုင်ရှန်း နားမလည်ပေ။
“မဟုတ်ဘူး သူသိမယ်လို့ထင်တယ်၊ ပြီးတော့ သူက အဲဒီသစ်ပင်ကို သတိထားမိဖို့ အရိပ်အမြွက်ပြတဲ့ပုံပဲ” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ ကျွန်တော်နားမလည်တာက အဲဒါသစ်ပင်ပဲလေ၊ ဘာလို့ သူကအဆက်မပြတ် အရိပ်အမြွက်ပေးနေရတာလဲ၊ အဲဒီသစ်ပင်အကြောင်း အဘိုးများသိမလား”
“သွေးနတ်ဆိုးသစ်ပင်လား” ဘိုင်ရှန်းသည် ခေတ္တမျှစဉ်းစားပြီး ပြော လိုက်သည် “အခု မင်းပြောမှပဲ အဲဒီသစ်ပင်ကိုဘယ်သူမှ သတိမထားမိဘူးပဲ မင်းသာမပြောရင် ငါလည်းအဲဒီသစ်ပင်ကို စဉ်းစားမိမှာမဟုတ်ဘူး၊ အခု သေချာစဉ်းစားကြည့်လိုက်တော့ အဲဒီသစ်ပင်က အမြဲအဲဒီမှာရှိနေခဲ့တာပဲ၊ သူ ကြီးလာတာကိုဘယ်သူမှသတိမထားမိဘူး၊ အဲဒါကို အာရုံမရှိခဲ့တာ တော်တော်ကိုကြာခဲ့ပြီပဲ၊ အဲအပင်က မြို့ဝန်အိမ်တော်မှာရှိနေတော့ ဘယ်သူ မှဝင်မကြည့်ခဲ့ကြဘူး”
“အဲသစ်ပင်ကဘာဖြစ်လို့လဲ” ရှီမာယူယူသည် သူမ လက်ချောင်းများကို ကြည့်ပြီး စဉ်းစားရာ နားမလည်နိုင်ဖြစ်နေသည်။ “အဘိုးဘိုင် ကြက်သွေးရောင်လကိစ္စလည်းရှိသေးတယ် ဘာလို့လဲသိလား”
“ကြက်သွေးရောင်လနဲ့ ငါ့အဆိပ်ကိုဖိနှိပ်တာက အပြန်အလှန်ဆက်စပ် မှုရှိတယ်လို့ ခံစားရတယ်” ဘိုင်ရှန်း ပြောလိုက်သည်။
“ဘယ်လိုဖြစ်ပြီးတော့လဲ”
“ကြက်သွေးရောင်လပေါ်လာတိုင်းမှာ ငါ့အထဲကအဆိပ်က ပရမ်းပတာ ဖြစ်သွားတယ်၊ ကြောက်စရာတစ်ခုခုဖြစ်သလိုမျိုး” ဘိုင်ရှန်း ပြောလိုက်သည် “အဲအချန်ကျရင် ငါအားနည်းသွားတယ်၊ ဒါပေမဲ့ ကြက်သွေးရောင်လပေါ်လာ မှ အားနည်းသွားတာ နေ့ကိုမဖြစ်ဘူး”
“ကြက်သွေးရောင်လ… အဆိပ်…” ရှီမာယူယူသည် သူတို့ကြားမှ ဆက်နွယ်မှုကို စဉ်းစားရန်ကြိုးစားသော်လည်း အတိအကျဖော်မရပေ။
ခေါင်းကိုက်စရာပဲ….
“အဘိုးဘိုင် ဘာတွေရှာတွေ့ထားလဲ ကျွန်တော့်ကိုပြောပြပါဦး” ရှီမာယူယူ ပြောလိုက်သည်။
“ကောင်းပြီ”
“ခဏလေး ရှောင်ချီ ရှီချန်းနဲ့ တခြားသူတွေ သူတို့အလုပ်တွေပြီးပြီလား လို့ သွားကြည့်လိုက် ပြီးပြီဆိုရင် သူတို့ကိုခေါ်ပြီး အတူဆွေးနွေးရအောင်လို့” ရှီမာယူယူ ပြောလိုက်သည်။
“ဟုတ်ကဲ့” ရှောင်ချီသည် ခုံပေါ်မှဆင်းကာ တံခါးဖွင့်ပြီး ထွက်သွားလေ သည်။ သူမသည် လျင်မြန်စွာပင် ရှီချန်းနှင့် ဖန်ခိုင်တို့နှင့် ပြန်လာလေသည်။
“သခင်လေး ဘာဖြစ်လို့လဲ” ဖန်ခိုင် မေးလိုက်သည်။
“ကျွန်တော် ခင်ဗျားတို့နဲ့ဆွေးနွေးချင်တာလေးရှိလို့” ရှီမာယူယူသည် သူမ အဖြေရှာမရသည်ကို ပြောပြရင်း ထပ်ဖြည့်ပြောလိုက်သည် “အဘိုးဘိုင် က ဒီနှစ်တွေမှာ သူရှာတွေ့တာကို ပြောပြလိမ့်မယ်၊ အဘိုးဘိုင် စပြောလို့ရပါ ပြီ”
“အင်း” ဘိုင်ရှန်း ခေါင်းညိတ်ပြီးပြောလေသည် “ငါအရင်က သွေးလွှမ်း ပြိုင်ပွဲမှာ သွေးမြင်ရင် လူတွေဘာလို့ရူးသွားသလဲဆိုတာကို သိချင်လို့ စမ်းစစ် ကြည့်ဖူးတယ် တစ်ခါက အဲဒီပြိုင်ပွဲနဲ့ပတ်သတ်ပြီး မသင်္ကာစရာရှိလို့ သွေးလွှမ်းပြိုင်ပွဲကို တစ်နေကုန်ဝင်သွားဖူးတယ်၊ နောက်ဆုံးတော့ တခြား တစ်ခုကိုသိလိုက်ရတယ်”
ဘိုင်ရှန်း၏ အမူအရာသည် မှောင်နေသည်။ ကြည်ံရသည်မှာ သူသည် များစွာစိတ်မကောင်းဖြစ်ရသည့် အရာတစ်ခုကိုတွေ့ထားသည့်ပုံပင်။
“ဘာလဲ” ရှောင်ချီ ပြောလိုက်သည်။
“စင်က အသက်ရှိနေတယ်” ဘိုင်ရှန်း ပြောလိုက်သည်။
“အသက်ရှိနေတယ်ဟုတ်လား ဘာအဓိပ္ပာယ်လဲ”
“မင်းတို့သတိထားမိမှာပါ စင်ပေါ်ကိုသွေးဘယ်လောက်ပဲ ကျကျ နောက်နေ့မနက်ဆို ရှင်းလင်းသွားတာ” ဘိုင်ရှန်း ပြောလိုက်သည်။
“အမှန်ပဲ အဲလိုပဲ”
“သွေးလွှမ်းပြိုင်ပွဲမှာ နောက်နေ့ဆိုရင် ရှင်းလင်းနေတာကို အမြဲစဉ်းစား နေခဲ့တာ ဒါပေမဲ့ ငါအဲနေရာကိုဝင်လိုက်တဲ့အချိန်မှာ လူတစ်ယောက်မှမရှိကြ ဘူး၊ ပြီးတော့ ငါဘာမြင်လိုက်တယ်ထင်လဲ” ဘိုင်ရှန်းသည် ဇာတ်ကြောင်းကို ပြောပြလိုက်သည်။
“မသိဘူး” အားလုံးသည် ခေါင်းရမ်းလိုက်ကြသည်။
သွေးလွှမ်းပြိုင်ပွဲသည် ရိုးရှင်းသည့်ပုံပေါ်သော်လည်း လျှို့ဝှက်ချက်များ ဖြင့် ပြည့်နေသည်။ ထိုနေ့က သူ ဘာမြင်ခဲ့ရသည်ကို မည်သူမှ မခန့်မှန်းနိုင်ကြ ပေ။
“စင်က သွေးကိုစုပ်ယူနေတာကိုတွေ့ခဲ့တယ်” ဘိုင်ရှန်း ပြောလိုက် သည် “အဲဒီစင်မှာ အရင်ညက သွေးတွေစွန်းနေရုံတင်မကဘူး တစ်စင်လုံးကို အသားတွေနဲ့ပြည့်နေတာ”
“အသားနဲ့ပြည့်နေတာဟုတ်လား” အားလုံးသည် တုန်လှုပ်သွားကြ သည်။
“ဟုတ်တယ် ပြိးတော့ အကုန်လုံးက လူအသားတွေပဲ” ဘိုင်ရှန်း ပြော လိုက်သည် “စင်က ပါးစပ်လိုမျိုးပွင့်သွားပြီး အသားတွေကို လုံးဝမကျန်တော့ တဲ့အထိ စားပစ်တာ၊ စားပြီးတာနဲ့ စင်က အရင်အတိုင်း ဘာမှမဖြစ်သလိုပြန် ဖြစ်သွားတာပဲ”
“စင်ကအသားစားတယ်ဟုတ်လား ထူးဆန်းလိုက်တာ” ဖန်ခိုင်၏ မေးရိုး သည် ကျသွားကာ တအံ့တသြအော်လေသည်။
“ပြီးတော့ တစ်ခါထက်ကိုပိုတယ်” ဘိုင်ရှန်း ပြောလေသည် “အဲဒါဖြစ်ပြီး မကြာဘူး ငါထပ်သွားတော့လည်း အဲအတိုင်းပဲ စင်မှာ အသားတွေနဲ့ပြည့်နေ တယ်”
“သွေးလွှမ်းပြိုင်ပွဲရဲ့ အခြေအနေကလည်း စင်ပေါ်တက်သွားတဲ့လူက သွေးထွက်မှကိုရမှာ” ရှီမာယူယူ ပြောလိုက်သည် “အဲဒီစင်က ဝိညာဉ်မိစ္ဆာ တစ်ကောင်ကောင်နဲ့များလုပ်ထားသလား”
“ဝိညာဉ်မိစ္ဆာနဲ့လုပ်ထားတယ်ဟုတ်လား” အားလုံးသည် သူမ၏ ခန့်မှန်း ချက်ကြောင့် မှင်တက်သွားကြသည်။ မဖြစ်နိုင်လွန်းလိုက်တာ။
သို့သော် ရှီမာယူယူ၏ ခန့်မှန်းချက်အတိုင်းသာဖြစ်မယ်ဆိုလျှင်… သွေးလွှမ်းပြိုင်ပွဲ၏ စင်သည် အသွင်ပြောင်းဝိညာဉ်မိစ္ဆာတစ်ကောင်ဖြစ်သည် ထက် မရိုးရှင်းလျှင်….
ပိုပြီးကြီးမားသည် လျှို့ဝှက်ချက်ပါဝင်လာနိုင်သည်။
***