← Chapters

ဝိညာဉ်နှစ်ခုနှင့် ခန္ဓာကိုယ်

Vol. 010 Ch. 950

ဝိညာဉ်နှစ်ခုနှင့် ခန္ဓာကိုယ်

Vol. 010 Ch. 950

ဖန်ခိုင်နှင့် တခြားသူများသည် သူမခန့်မှန်းချက်မှာ ဝေးကွာလွန်းသည် ဟုခံစားရသည်။

သို့သော် သူတို့လည်း အကြောင်းအရင်းအတိအကျကိုမစဉ်းစားနိုင်ကြ ပေ။

“ဒါဆိုရင် လူတွေ စင်ပေါ်ရောက်ရင် ဘာကသူတို့ကိုရူးသွားစေတာလဲ” ရှောင်ချီ မေးလိုက်သည်။

“အဲစင်က အငွေ့တမျိုးမျိုးလွှတ်လိမ့်မယ်လို့ ထင်တယ်၊ အဲအငွေ့ကာ သွေးထဲကိုစိမ့်ဝင်သွားပြီး သူတို့ကိုရူးသွားစေတာပဲ” ရှီမာယူယူ ပြောလိုက် သည်။

“ငါလည်းအဲလိုထင်တယ်” ဘိုင်ရှန်း ပြောလိုက်သည် “တကယ်တော့ အားလုံးက ဒါကိုနားလည်ကြပါတယ်၊ ဒါပေမဲ့ ဒီတိုင်းကိုပဲ ပျော်နေကြပြီး ဒါကို ပဲ စိတ်လှုပ်ရှားတယ်လို့ ခံစားနေကြတာ၊ အဲဒါကြောင့် ဘယ်သူမှစိတ်ထဲ မထားတာ”

ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ ခန့်မှန်းရသည်မှာ လွယ်သည်။ ထိုလူများသည် ငတုံးများမဟုတ်ကြပေ။ သူတို့လည်း သိကြပေမည်။

“ဒါပေမဲ့ အဲနေ့က အဘိုးမြင်ခဲ့သလို နှစ်ဖက်လုံးကို ဒုက္ခဖြစ်စေနိုင်တယ် သူတို့သာ အသိစိတ်နည်းနည်းကျန်သေးတယ်ဆိုရင် အဲအဆင့်ထိရောက်မှာ မဟုတ်ဘူး” ရှောင်ချီ ပြောလိုက်သည်။

“အမှန်ပဲ”

“သခင်လေး မြို့ဝန်က လက်ဖက်ရွက်တွေဘာလို့ပေးတယ်လို့ ထင်လဲ” ဖန်ခိုင် မေးလိုက်သည်။

“သူက တစ်ခုခုကိုအရိပ်အမြွက်ပေးနေတယ်လို့ထင်တယ်၊ ဒါပေမဲ့ ကျွန်တော် နားမလည်တာက သူဘာကိုအရိပ်အမြွက်ပေးနေလဲဆိုတာပဲ” ရှီမာယူယူသည် ခေါင်းရမ်းပြီး ပြောလေသည်။

“သွေးနတ်ဆိုးသစ်ပင် သွေးအနံ့၊ အသား ကြက်သွေးရောင်လ…”

“ဖြစ်နိုင်တာက…” ရှီချန်းသည် သူ့အတွေးသူ ကြောက်လန့်ကာ စကား ပင် ပြောမထွက်ပေ။

“အစ်ကိုကြီးရှီချန်း တစ်ခုခုများစဉ်းစားမိလို့လား” ရှောင်ချီသည် သူ့ကို ကြည့်ပြီး စပ်စုစွာမေးလေသည်။

ရှီချန်းသည် ပင့်သက်ပြင်းပြင်းရှိုက်ကာ သူ့ခန့်မှန်းချက်ကို ပြောလိုက် သည် “အဲဒါတွေအကုန်လုံးက သွေးနတ်ဆိုးသစ်ပင်ကြောင့်ဖြစ်လာတာများ ဖြစ်မလား”

“သွေးနတ်ဆိုးသစ်ပင်ကလား”

“ဟုတ်တယ် သွေးနတ်ဆိုးသစ်ပင်က အသွေးအသားတွေကိုစုပ်ယူ တယ်၊ အဲဒါ ကြောင့် သွေးအနံ့ထွက်နေတာ ပြီးတော့ အဲဒီသွေးလွှမ်းပြိုင်ပွဲက လည်း အသွေးအသားတွေစုပ်ယူတယ် ဆိုလိုတာက အဲဒီသစ်ပင်က အဲဒီစင် ပဲ” ရှီချန်းသည် သူ့အတွေးမှာ ပိုပြီးတိကျလာကာ ပြောလေသည်။

“ဒါဆိုရင် မြို့ဝန်က ယူယူ့ကို ဘာလို့သွေးနတ်ဆိုးသစ်ပင်ကို သတိထား မိစေချင်တာလဲ” ရှောင်ချီသည် နားမလည်ပေ “သွေးနတ်ဆိုးသစ်ပင်က လူ တစ်ယောက်ယောက်ကိုစားချင်တယ်ဆိုရင် သူလုပ်တာက သွေးနတ်ဆိုး သစ်ပင်ရဲ့ လျှို့ဝှက်ချက်ကိုဖော်ပြီးသားဖြစ်သွားမယ်မဟုတ်ဘူးလား”

သူမ ပြောပြီးနောက်တွင် ပြောစရာမရှိတော့သည့်ပုံပင်။

“ယူယူ သူ မင်းကိုမြင်တော့ မြို့ဝန်က သူ့နာမည်ကဘာလို့ပြောလဲ” ဘိုင်ရှန်း မေးလိုက်သည်။

“သူ့ကို လိဟုန်လို့ခေါ်လို့ ပြောတယ်” ရှီမာယူယူ ပြန်ဖြေလိုက်သည် “အခု အဘိုးပြောမှပဲ သူ သူ့နာမည်ကိုပြောတုန်းက ဟုန်ဆိုတာကို သိသာ အောင်ထုတ်ပြောတယ် သူက အဲဒါကိုအာရုံစိုက်မိအောင် ကြိုးစားနေတဲ့ပုံပဲ”

“လိဟုန် လိဟုန်” ဘိုင်ရှန်းသည် ရေရွတ်ပြီးနောက် သူ့မျက်လုံးများ သည် ရုတ်တရက်ပင် တောက်ပသွားကာ ပြောလေသည် “မြို့ဝန်ကို အရင်က လိကျိလို့ ခေါ်တာကြားဖူးတယ်”

“ဘယ်တုန်းကလဲ”

“လွန်ခဲ့တဲ့နှစ်တွေက ငါ ညလယ်ခေါင်ကြီး မြို့ဝန်အိမ်တော်ကို စစ်ဆေး တုန်းက အပြင်မှာ အနက်ဝတ်နဲ့လူတစ်ယောက်ကို မြင်ခဲ့တယ်၊ သူက ဒဏ်ရာ အပြင်းအထန်ရထားပြီး သူ ငါ့ကိုမြင်တော့ စကားလုံးနှစ်လုံးပဲပြောတယ် ‘လိကျ’တဲ့… ပြီးတော့ သူသေသွားတာပဲ” ဘိုင်ရှန်း ပြောလေသည် “အဲတုန်းက စကားလုံးနှစ်လုံးပဲပြောခဲ့တာ အဲဒါကြောင့် ငါ မြို့ဝန်နာမည်နဲ့ တစ်ခါမှ မချိတ်ဆက်ကြည့်ဖူးဘူး အခုစဉ်းစားကြည့်တော့မှ သူက လိကျိလို့ ပြောရမှာကို”

ရှီမာယူယူ ပြောလိုက်သည် “အရင်က သူ့နာမည်ကိုဘယ်သူမှ သတိ မထားမိဘူးလား”

“သွေးမိစ္ဆာမြို့တော်မှာ မြို့ဝန်ရဲ့နာမည်ကို ဘယ်သူမှမသိကြဘူး၊ သူ့ မျိုးရိုးနာမည် လိဆိုတာပဲ သိကြတယ် သူ့နာမည်အပြည့်အစုံကိုလည်း ဘယ်သူမှမခေါ်ဖူးကြဘူး၊ သူ့ကိုတွေ့ရင် မြို့ဝန်လိလို့သာ သုံးနှုန်းကြတယ်” ရှီချန်း ပြောလေသည် “ပြီးတော့ မြို့ဝန်ကအရမ်းလျှို့ဝှက်တယ် သူ့ကိုတွေ့ဖူး တဲ့သူနည်းတယ်”

“ဟုတ်တယ်” ဖန်ကျိ ပြောလေသည် “အရင်ကတည်းက မြို့ဝန်တွေက အရမ်းလျှို့ဝှက်ကြတယ် ဒီတစ်ယောက်လည်းအတူတူပဲဆိုတော့ ဘယ်သူမှ အဲဒါကိုသတိမထားမိကြဘူး”

“လိကျိ လိဟုန်” ရှီမာယူယူ ပြောလိုက်သည် “အဲလူက သေခါနီးပြောခဲ့ တာဆိုတော့ မမှားနိုင်ဘူး၊ ဒါပေမဲ့ ကျွန်တော်တွေ့တဲ့တစ်ယောက်ကလည်း အမှန်ပြောတာပဲဖြစ်နိုင်တယ်”

“လူတစ်ယောက်တည်းနဲ့ နာမည်နှစ်ခုလား” ရှောင်ချီသည် မတွေးတတ် တော့ပေ။

“မြို့ဝန်လိရဲ့ ခန္ဓကိုယ်ထဲမှာ ဝိညာဉ်နှစ်ခုဝင်နေတယ်လို့ထင်တယ်” ရှီမာယူယူ ပြောလိုက်သည်။

“ဝိညာဉ်နှစ်ခုလား”

“ဝိညာဉ်နှစ်ခု ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ဖန်ကျိသည် တအံ့တသြ အော်လေသည်။

“မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး” ဘိုင်ရှန်းသည် တည်ငြိမ်စွာပြောလေသည် “အရင်ကတည်း ဝိညာဉ်နှစ်ခုရှိတဲ့လူတွေအကြောင်းကိုကြားဖူးတယ်၊ တစ်ခါ လေ တစ်ယောက်ပေါ်လာပြီး တစ်ခါလေ တခြားတစ်ယောက်ပေါ်လာတယ်”

“သူတို့က ဝိညာဉ်တွေကိုခိုးခဲ့တာများလား”

“သူတို့ခိုးထားတာမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည် “တချို့က ဝိညာဉ်နှစ်ခုနဲ့မွေးဖွားလာတယ်၊ အမွှာလိုမျိုးပေါ့”

“အဲလိုမျိုးကရှိသေးတာလား”

“ရှိတယ် မမြင်ရတာပဲရှိတာ” ရှီမာယူယူ ပြောလိုက်သည် “သူတို့က တစ်ယောက်တည်းကိုပဲမြင်ရပေမဲ့ အကျင့်စရိုက်တွေကတော့ မတူကြဘူး ဒါပေမဲ့ အဲလူတွေမှာ နာမည်နှစ်မျိုးမရှိတတ်ပါဘူး၊ မြို့ဝန်လိလိုလူကတော့ ဝိညာဉ်နှစ်ခုရှိတာဖြစ်မယ်”

“ဟင်း အခုစဉ်းစားကြည့်လိုက်တော့ အဲလိုဖြစ်နိုင်တယ်” ဘိုင်ရှန်း ပြော လေသည် “သူ့မှာ ဝိညာဉ်နှစ်ခုရှိတာဖြစ်နိုင်တယ်လို့ ထင်တယ်၊ တစ်ခုက ကောင်းပြီး တစ်ခုကဆိုးနေတာပဲ ဒါပေမဲ့ ကောင်းတာ မကောင်းတာက ကိုယ့် ရဲ့ အကဲဖြတ်မှုပဲ”

“ဒါပေမဲ့ သူက ရှောင်ချီတို့ကိုဘာလို့သိစေချင်တာလဲ” ရှောင်ချီမေးလေ သည် “ပြီးတော့ သူကဘာလို့ သွေးနတ်ဆိုးသစ်ပင်အကြောင်းအရိပ်အမြွက်ပြ ရတာလဲ”

“စုံစမ်းကြည့်ရင်သိမှာပေါ့” ရှီမာယယူ ပြောလိုက်သည်။

“ဘယ်လိုလဲ”

“ဒီနေ့ည ငါတို့သွားမယ်၊ ဘယ်လိုလုပ်မလဲဆိုတာကတော့ အဲဒီကို ရောက်မှသိလိမ့်မယ်”

ထိုညတွင် လူတစ်စုသည် သွေးလွှမ်းပြိုင်ပွဲသို့ပြန်သွားလေသည်။

“အာ.. သခင်လေးရှီယူနဲ့ မိန်းကလေး ရှောင်ချီတို့ရောက်လာကြပြီလား” တာဝန်ခံသည် လျှောက်လာကာ နှုတ်ဆက်လေသည်။ သူ ဘိုင်ရှန်းအား မမြင်သည်နှင့် မေးလိုက်သည်  “ဒီနေ့ သခင်ဘိုင်မလာဘူးလား”

“အဘိုးဘိုင်က ဒီနေ့နေမကောင်းလို့မလာဘူး” ရှီမာယူယူ ပြောလိုက် သည် “ကျွန်တော်တို့ကို အရင်ကပေးခဲ့တဲ့အခန်းကိုပဲခေါ်သွားပေးပါ”

“ဝမ်းမြောက်စွာပါပဲ ကျွန်တော့်နောက်လိုက်ခဲ့ပါ”

တာဝန်ခံသည် သူတို့ကိုဦးဆောင်ခေါ်သွားရာ သွေးလွှမ်းပြိုင်ပွဲမှ လူများ သူတို့ကိုမြင်သောအခါ စတင် တီးတိုးပြောကြလေသည်။

သူတို့အခန်းသို့ရောက်သောအခါ ရှောင်ချီသည် တာဝန်ခံကိုနှင်ထုတ် လိုက်ပြီး ရှီမာယူယူဘက်လှည့်ကာ “ဟိန်းသံထောင်ချီ မင်း ယူယူ့ပုံစံပြောင်း တာကို သူတို့မသိတာ သေချာရဲ့လား”

“ငါက ယူယူနဲ့စာချုပ်ရှိတယ် အဲဒါကြောင့် သူမပုံစံပြောင်းလို့ရတယ် ပြီးတော့ သူမရောင်ဝါထွက်မှာလည်း အသေအချာပဲပေါ့” ဟိန်းသံထောင်ချီ ပြောလေသည် “မင်း ငါ့ကိုတခြားသူတစ်ယောက်ပုံစံပြောင်းခိုင်းမယ်ဆိုရင် သူတို့ရဲ့ အပြင်ပိုင်းပုံစံကိုပဲပြောင်းလို့ရမယ် ရောင်ဝါကိုပြောင်းလို့မရဘူး”

“သခင်လေးနဲ့ တခြားသူတွေအဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်” ဖန်ခိုင်သည် စိုးရိမ်စွာပြောလေသည်။

“အဘိုးနဂါးဘုရင်လည်းရှိနေတော့ အဆင်ပြေမှာပါ” ရှောင်ချီပြောလိုက် သည် “ဒီ်နေ့ညကို ယူယူ့ကို ကူညီမဲ့သူတွေရှိပါတယ်၊ ဟီးဟီး ဒီနေ့ကို ဘယ်န ယောက်လောက်ရိုက်ရမလဲမသိဘူး…”

ထိုအချိန်တွင် အရိပ်သုံးခုသည် ဘိုင်ရှန်း၏ တည်းခိုဆောင်တွင်ပေါ်လာ ပြီး မြို့ဝန်၏အိမ်တော်သို့ လျင်မြန်စွာ ဦးတည်သွားလေသည်။

မကြာခင်မှာပင် သူတို့သည် မြို့ဝန်အိမ်တော်အပေါက်တွင်ရပ်လိုက်ကြ သည်။

ဘိုင်ရှန်းသည် သူတို့အပေါ်တွင်ရှိနေသောလရောင်ကိုကြည့်ပြီး ပြော လိုက်သည် “ကြက်သွေးရောင်လဖြစ်ဖို့ ၂ရက်လိုသေးတယ်”

“လကပြည့်တော့မယ်” ရှီမာယူယူသည် ခေါင်းမော့ကာ လကိုကြည့် လိုက်သည် “ဒီနေ့ညတော့ အလှည့်အပြောင်းလေးဖြစ်ဖို့မျှော်လင့်ပါတယ် မွေးစားအဖေ ဒီနေ့ညတော့ မွေးစားအဖေကိုပဲဒုက္ခပေးရတော့မှာပဲ”

“ငါ မင်းရဲ့ရောင်ဝါကိုပဲ ဖုံးကွယ်ပေးထားတာ၊ ဒီကိစ္စလောက်ကတော့ ဘာမှမဟုတ်ဘူး” ဝူလာမိုင်ပြောလေသည်။

“ဒါဆိုရင် မြို့ဝန်အိမ်တော်ဝင်ပြီး အထဲကိုကြည့်ရအောင်”

ဝူလာမိုင်သည် သူတို့သုံးဦး၏ ရောင်ဝါများကိုဖုံးကွယ်ပြီးသည်နှင့် ချောင်ကျသောထောင့်သို့သွားကာ အထဲသို့ပျံဝင်လိုက်ကြသည်။

သူတို့ဝင်လိုက်သည်နှင့် ကင်းသမားများလာနေသည်ကို တွေ့လိုက်ရ သည်။ သူတို့သည် မှောင်ရိပ်တွင် အမြန်ပုန်းလိုက်ပြီး သူတို့ထွက်သွားသည် အထိစောင့်ကာ ပြန်ပေါ်လာသည်။

“ဟိုမှာ”

သွေးနတ်ဆိုးသစ်ပင်မှာ မမြင့်လှပေ၊ သို့သော် လူတစ်ယောက် အရပ် နှစ်ပြန်စာလောက်ရှိသည်။ သူတို့သည် ကင်းသမားများကိုရှောင်ပြီး သစ်ပင်ရှိ ရာသို့သွားလိုက်ကြသည်။

သိပ်ပင်မကြာလိုက်… သူတို့သည် ရှီမာယူယူ လက်ဖက်ရည်သောက်ခဲ့ သော အိမ်သို့ရောက်သွားလေသည်။

***

All Chapters