သတင်းများ
Vol. 92 Ch. 1286
စာကို ပေးလိုက်ပြီးနောက် စန်းလော့ယန်က ဆက်လက်၍ ရှင်းပြလိုက်၏။
“ထျန်းရီဝူက လွန်ခဲ့တဲ့ လပိုင်းလောက်ကမှ ပြန်ရောက်လာတာ... သူ ရောက်ရောက်ချင်း အင်ပါယာ မျိုးနွယ် အကြီးအကဲ တစ်ယောက်နဲ့ ပြဿနာ တက်တယ်... အဲဒီ အကြီးအကဲက သူ့ကို အင်ပါယာ ဆက်ခံသူ ရာထူးအတွက် ယှဉ်ပြိုင်ခွင့်ကနေ ရုပ်သိမ်းဖို့ ကြိုးစားနေတဲ့လူပေါ့... ကြည့်ရတာ အင်ပါယာရဲ့ ဒုတိယ သားတော် ထျန်းကုယန်က အဲဒီ ပဋိပက္ခမှာ ပါဝင်နတဲ့ပုံ ရတယ်”
"ဝေ့ဝူယင်က သေမျိုးတစ်ပိုင်း အရှင် တစ်ယောက်ရဲ့ ကိုယ်ပွားကို သတ်လိုက်တယ် ဆိုပြီး သတင်း ထွက်လာတဲ့ အချိန်မှာ ထျန်းရီဝူကလည်း သူ့ တန်ဖိုးကို ပြဖို့ ဆုံးဖြတ်လိုက်တယ် ထင်တယ်... သူ့ကို တောက်လျောက် ဖိအားတွေ ပေးနေတဲ့ အဲဒီ အကြီးအကဲကို စိန်ခေါ်ခဲ့တယ်... သူတို့ နှစ်ယောက် သေခြင်းရှင်ခြင်း တိုက်ပွဲ ဆင်နွှဲခဲ့ကြတယ်... တိုက်ပွဲမှာ မျှတဖို့ အတွက် အကြီးအကဲကို ပြင်ပ လက်နက်တွေ၊ အဆောင်တွေ အပြင် လျှို့ဝှက် တစ်ပိုင်း အဆင့်ကိုပါ ထုတ်ဖော်ခွင့် ပြုမထားဘူး... ဒါပေမဲ့ ငါ့ အမြင် ပြောရရင် ဘယ်လိုလုပ်ပြီး မျှတမှာလဲ”
“ဘာပဲ ဖြစ်ဖြစ် ထျန်းရီဝူက အဲဒီ အရှက်တရား မရှိတဲ့ အကြီးအကဲကို ယှဉ်တိုက်နိုင်ခဲ့တယ်... အနိုင်ယူ နိုင်ခဲ့တယ်... အခု အဲဒီ အကြီးအကဲက အင်ပါယာ ကလန်ထဲမှာတင် ရာထူးကနေ ဖယ်ရှားခံလိုက်ရပြီး အကျဥ်းကျနေပြီလို့ ကြားတယ်”
စန်းလော့ယန်၏ ရှင်းပြမှုများကို နားထောင်ရင်း ပင်းထျန်းနှင့် စန်းယွန်းလီတို့ နှစ်ယောက် အံ့သြ နေခဲ့မိကြလေသည်။ ပင်းထျန်းဆိုလျှင် အလွန်တရာ အံ့သြမှုကြောင့် နှုတ်ခမ်းများပင် ပွင့်ဟ နေခဲ့၏။ တစ်နည်းနည်းဖြင့် ထိန်းချုပ်ခံထားရလျှင်ပင်... သေမျိုးတစ်ပိုင်း အရှင် တစ်ယောက်က သေမျိုးတစ်ပိုင်း အဆင့် ဖြစ်နေသေးဆဲ ဖြစ်သည်။ သို့သော်လည်း... သေမျိုး တစ်ယောက်သာ ဖြစ်သည့် ထျန်းရီဝူက သူ့ကို အနိုင်ယူ နိုင်ခဲ့သည်လား။
“ဆိုတော့ သူက အစစ်အမှန် ခွန်အားတွေထဲက တစ်ချို့ကို ထုတ်ဖော်ဖို့ တွန်းအားပေး ခံလိုက်ရတာပေါ့လေ”
စန်းယွန်းလီ စိတ်ထဲမှ တွေးတောရင်း စိတ်သက်သာရာ ရဟန်ဖြင့် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ စန်းလော့ယန်မှာလည်း တိတ်ဆိတ်နေ၏။ ဤခေတ်၌ ပြိုင်စံရှား ပါရမီရှင်များ မွေးဖွားလာမှုက အံ့မခန်း ဖြစ်သည်။ သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက်ကို ဝိုင်းဝန်း သတ်ဖြတ်ခဲ့သည့် အာဏာရှင် အဖွဲ့ဟု ခေါ်သော သေမျိုးတစ်စု အကြောင်းကိုပင် သူ ပြန်လည် အမှတ်ရလိုက်မိသည်။
လွန်ခဲ့သည့် နှစ်ပေါင်း ငါးဆယ်ခန့်က သေမျိုးများ အတွက် လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်ကို သတ်ဖြတ်ရန်မှာ မဖြစ်နိုင်သည့် အိပ်မက် တစ်ခု ဖြစ်သည်။ လျှို့ဝှက် အာဏာရှင် အဆင့်များနှင့် သေမျိုးများ အကြားမှ ကွာခြားချက်မှာ ဆင်နှင့် ပုရွက်ဆိတ် ကဲ့သို့ ကြီးမားလှပေသည်။ သို့သော်လည်း ယခုတွင်တော့ ဒဏ္ဍာရီများက တစ်ခုပြီး တစ်ခု အသက်ဝင် လာနေခဲ့ပြီ ဖြစ်လေသည်။
“ထျန်ရီဝူရဲ့ ကျင့်ကြံခြင်းက ဘယ်အဆင့်မှာလဲ...”
နောက်ဆုံး၌ ပင်းထျန်းက တိတ်ဆိတ်မှုကို ချိုးဖျက်ရင်း မေးလိုက်သည်။ ဝေ့ဝူယင်မှာ အချိန်သခင် တစ်ယောက် ဖြစ်သည်။ ကြယ်တာရာ အင်အားကို ပိုင်ဆိုင် မထားသေးသည့် ကျင့်ကြံသူ တစ်ယောက် အနေဖြင့် ဝေ့ဝူယင်၏ အောင်မြင်မှုများက အံ့သြ ထိတ်လန့်စရာ ဖြစ်သည်။
အကယ်၍ ထျန်းရီဝူသာ ကြယ်တာရာ အင်အားကို ပိုင်ဆိုင် ထားသည့် ကြယ်တာရာ သခင် တစ်ယောက် ဆိုပါက သတ်ဖြတ်ခဲ့သည့် ရန်သူ အဆင့်ချင်း ခြားနားလျှင်ပင် သူတို့၏ အောင်မြင်မှုများမှာ ထပ်တူကျ ပေလိမ့်မည်။
“သူလည်း အချိန်သခင် အဆင့်ပဲ...”
စန်းလော့ယန်က သက်ပြင်းတစ်ချက် ချရင်း အဖြေပေးလိုက်၏။
"..."
“ထပ်ပြီး ရှိသေးလား...”
ပင်းထျန်းက စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်၏။ သူမ၏ စိတ်လွတ်ကိုယ်လွတ် ဖြစ်နေပုံကို ကြည့်ရင်း စန်းလော့ယန် ပြုံးလိုက်မိသည်။ သူမ၏ အမူအရာက လောကကြီးနှင့် အဆက်အသွယ် ပြတ်မှာကို ယခုမှ အသည်းအသန် စိုးရိမ်နေသည့် အတိုင်းပင်။ ကံကောင်းစွာပင်... စန်းလော့ယန်ထံ၌ နောက်ထပ် ပြောစရာ သတင်း မရှိတော့ချေ။
နေဦး...။ နောက်ထပ် တစ်ခု ရှိပေသေးသည်။
“ငါ မေ့တော့မလို့ပဲ... အကန့်အသတ်မဲ့ သိုင်းဂိုဏ်းက တပည့် တစ်ယောက် ရောက်လာတယ်... သူက သမီးကို တွေ့ချင်လို့တဲ့”
"အကန့်အသတ်မဲ့ သိုင်းဂိုဏ်း...”
စန်းယွန်းလီ မျက်မှောင်ကြုတ် လိုက်မိ၏။ ထိုလောကဂိုဏ်းကြီး အတွင်း၌ ရှိနေသည့် အသိအကျွမ်း တစ်ယောက်ကိုမှ သူမ စဉ်းစားလို့ မရပါချေ။ မွေးစားသမီး ဖြစ်သူ၏ တုန့်ပြန်ပုံကို ကြည့်ကာ စန်းလော့ယန်က ဆက်လက် ရှင်းပြလိုက်၏။
“သူ့နာမည်က ယီယွင်လို့ ခေါ်တယ်... အယ်ဗန် သွေးတစ်ဝက်ပါတဲ့ လူငယ်လေး... သူ့ဆံပင်တွေကလည်း နည်းနည်း ထူးခြားတယ်... ရွှေဖြူတစ်ဝက် အနက်ရောင် တစ်ဝက်ပဲ... သမီး သူ့ကို မသိဘူးလား”
“ယီယွင်...”
စန်းလော့ယန် ချက်ချင်းပင် မှတ်မိသွားခဲ့၏။ မဟာ စက်ဝန်း ကြယ်ကွင်းပြင်ကို ရောက်ရှိပြီးနောက် မကြာခင်မှာပင် သူမ အယ်ဗန် ဘေးမဲ့ နယ်မြေကို သွားကာ ကောင်းကင် လမ်းစဉ် စာအုပ်ထဲတွင် ကောင်းချီးခံ တစ်ယောက် အဖြစ် ဖော်ပြထားသည့် အစစ်အမှန်သိုင်း လောကဧကရာဇ်ကို ရှာဖွေ ခဲ့သည်။ ထိုပုဂ္ဂိုလ်မှာ ဝက်သစ်ခြရွာမှ အယ်ဗန်တစ်ဝက် ကောင်လေး ယီယွင်ပင် ဖြစ်လေသည်။
မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် အယ်ဗန်များမှာ အဆင့်နိမ့် မျိုးနွယ် အဖြစ် သတ်မှတ်ခံထားရသည်။ နှစ်ထောင်ပေါင်းများစွာ တည်ရှိခဲ့သည့် သမိုင်း တစ်လျှောက်လုံးတွင် သူတို့မှာ လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်ကိုမှ မွေးထုတ် မပေးနိုင်ခဲ့ချေ။ ယုတ်စွအဆုံး ကျရှုံး အာဏာရှင်ဟု သတ်မှတ်နိုင်သည့် လျှို့ဝှက် ကြယ်တာရာ အဆင့် တစ်ယောက် ပင်လျှင် မပေါ်ထွန်းခဲ့ချေ။
ထိုကဲ့သို့ မျိုးနွယ်မှ နိမ့်ကျသည့် ကောင်လေး တစ်ယောက်မှာ တစ်နေ့တစ်ချိန်တွင် လောကရှန့်ထို တစ်ယောက် ဖြစ်လာလိမ့်မည်ဟု စန်းယွန်းလီပင်လျှင် ချက်ချင်း မယုံကြည်ဝံ့ခဲ့ချေ။
သူမ တစ်လလုံးလုံး အချိန်ဖြုန်းကာ ယီယွင် ကျင့်ကြံနေသည်ကို လေ့လာခဲ့သည်။ သူ့ နေ့စဉ်ဘဝကို အကဲခတ် ခဲ့သည်။ ကျင့်ကြံခြင်း အပေါ် စိတ်အားထက်သန်မှုကို စစ်ဆေးခဲ့သည်။ ထိုကလေး၌ ရည်ရွယ်ချက် တစ်ခု၊ ပန်းတိုင် တစ်ခု ရှိသည်ကို သူမ တွေ့မြင်ခဲ့ရသည်။
ကြည့်ရသည်က ထိုစိတ်အားထက်သန်မှုမှာ မျက်နှာဖုံးတပ် လူများ၏ ဖမ်းဆီးခံလိုက်ရသည့် သူ့မိခင်နှင့် ညီမဖြစ်သူတို့ အတွက် ဖြစ်ပေါ်လာခဲ့ဟန် တူသည်။ စုံစမ်း စစ်ဆေးမှု တစ်ချို့ ပြုလုပ်ပြီး နောက်၌ ထိုမျက်နှာဖုံးတပ်များမှာ အစစ်အမှန် မွေးဖွားခြင်း အဖွဲ့ခွဲ တစ်ခုမှ ဖြစ်ကြောင်း သူမ သိရှိခဲ့ရသည်။
တိတ်တဆိတ် စုံစမ်း စစ်ဆေးမှုများကို ပြုလုပ်ရင်း တစ်ချိန်တည်းတွင်ပင် ယီယွင်၏ လည်ဆွဲထဲ၌ ကျင့်ကြံခြင်း နည်းလမ်း တစ်ခု ရှိနေသည်ကို သူမ တွေ့ရှိခဲ့ရသည်။ ၎င်းမှာ သိုင်းလမ်းစဉ်ကို အထူးပြု ကျင့်ကြံသည့် အစစ်အမှန် လောက ဟု ခေါ်သော နည်းလမ်း တစ်ခု ဖြစ်သည်။ သိုင်းလမ်းစဉ် ဆိုသည်မှာ တစ်နည်းအားဖြင့် အရိုး၊ သွေးနှင့် ခန္ဓာကိုယ်ဆဲလ်များကို အကန့်အသတ် အထိ ရောက်အောင် ကျင့်ကြံသည့် လမ်းစဉ် တစ်မျိုး ဖြစ်သည်။
စန်းယွန်းလီ ပင်လျှင် အစစ်အမှန် လောက ကျင့်ကြံခြင်း နည်းလမ်း၏ မူလ ဇစ်မြစ်ကို စုံစမ်းခြင်း မပြုနိုင်ခဲ့ချေ။ သို့သော်လည်း... သူမ ထိုကျင့်စဉ်ကို တိတ်တဆိတ် ကူးယူခဲ့သည်။ အစစ်အမှန်သိုင်း လောက ဧကရာဇ်၏ ကံကြမ္မာ ဖြစ်သည်ကို ထောက်ချင့်ခြင်း အားဖြင့် ယီယွင်၏ လမ်းကြောင်းကို များစွာ သွေဖီသွားအောင် မလုပ်တာ အကောင်းဆုံး ဖြစ်ပေသည်။
အယ်ဗန် ဘေးမဲ့ နယ်မြေမှ ပြန်လည် မထွက်ခွာခင် စန်းယွန်းလီမှာ ယီယွင်နှင့် အမှတ်တမဲ့ တွေ့ဆုံမှု တစ်ခုကို ဖန်တီးခဲ့သည်။ ထို့နောက် သူနှင့် ဆက်ဆံရေးကောင်း တစ်ချို့ တည်ဆောက်ကာ ရန်သူများ၏ အမည် အပါအဝင် တစ်ချို့ အရာများကို ပြောပြခဲ့သည်။ မည်သည့် လမ်းကြောင်းကို လျှောက်သင့်ကြောင်း လမ်းညွှန်ခဲ့သည်။ ဥပမာအားဖြင့် အကန့်အသတ်မဲ့ သိုင်းဂိုဏ်းကို ဝင်ရောက်ဖို့ သင့်တော်သည် ဟူ၍။
နောက်ပိုင်းတွင်တော့ သူမ ကိုယ့်ကိစ္စများနှင့် အလုပ်ရှုပ်နေခဲ့ကာ ယီယွင်ကိုပင် မေ့လုနီးပါး ဖြစ်နေခဲ့သည်။ ကြည့်ရသည်က ထိုကောင်လေးမှာ ကံကြမ္မာ အတိုင်း ဆက်လက် လျှောက်လှမ်းနေခဲ့ပုံ ရသည်။ သူက အယ်ဗန် သွေးတစ်ဝက်ဖြင့်ပင် အကန့်အသတ်မဲ့သိုင်းဂိုဏ်းလို ထိပ်သီး လောကဂိုဏ်းကြီး တစ်ခုထဲ ဝင်ရောက်နိုင်ခဲ့သည်။ အနာဂတ်၌ လောကရှန့်ထို တစ်ယောက် ဖြစ်လာမှာ အံ့အားသင့်စရာ မရှိတော့ချေ။
“သူ သမီးကို စောင့်နေတယ်”
စန်းလော့ယန်က ပြောလိုက်ရင်း ခပ်လှမ်းလှမ်း တစ်နေရာ၌ ကျင့်ကြံနေသည့် ဝိညာဉ် လမ်းလျှောက်သူကို လှမ်းကြည့် လိုက်သည်။ သူမက တိုးတက်လာသည့်တိုင် အပြည့်အဝ ပြန်လည် ကောင်းမွန်ဖို့ အတွက် အချိန်တစ်ခု ယူရလိမ့်ဦးမည် ဖြစ်သည်။ လျှို့ဝှက် မြေကြီး အဆင့် ပြန်လည် ကုသရေး ဆေးလုံးများကို သုံးနိုင်လျှင်တော့ သူမ အခြေအနေက ပိုမို ကောင်းမွန်နိုင်ပေသည်။
“မွေးစားအဖေ...”
စန်းလော့ယန် ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် စန်းယွန်းလီက ခေါ်လိုက်၏။ စန်းလော့ယန်၏ ကိုယ်ပွားက ရပ်ကာ နောက်ကို လှည့်ကြည့်လိုက်သည်။
“အဖေ နီးပြီလား...”
စန်းလော့ယန်မှာ အနည်းငယ် အံ့အားသင့် သွားခဲ့၏။ ထို့နောက်တွင်မှ သူက သဘောပေါက် သွားကာ စိတ်ပါလက်ပါ ရယ်မောလိုက်သည်။
“အရမ်းကို နီးနေပါပြီ”
ထို့နောက် သူက နှုတ်ဆက်စကား ဆိုလိုက်ကာ ရှေးဟောင်း ကောင်းကင် နယ်မြေ အာကာသ ဝင်္ကပါကို အသက်သွင်းရင်း ပျောက်ကွယ် သွားခဲ့တော့သည်။
ပင်းထျန်းမှာ မူလ နေရာတွင်ပင် ကြောင်အကာ ရပ်နေခဲ့မိ၏။ စန်းလော့ယန် ယူဆောင်လာခဲ့သည့် သတင်းများက အလွန်ပင် မယုံကြည်နိုင်စရာ ကောင်းလွန်းလှလေရာ သူမ လွယ်လင့်တကူ လက်ခံနိုင်စွမ်း မရှိပါချေ။
ရုတ်တရက်... ထူးခြားသည့် ခန္ဓာကိုယ် ဖွဲ့စည်းပုံကို ပိုင်ဆိုင်ထားသည့် မိန်းမငယ်လေး တစ်ယောက်ကို သူမ ပြန်လည် သတိရလိုက်မိ၏။ ပထမ၌ သူမမှာ ထိုမိန်းမငယ်လေးကို ပင်းမျိုးနွယ် သခင်လေးနှင့် လက်ထပ်ပေးဖို့ စီစဉ်ခဲ့သော်လည်း ယခု အာရုဏ်ဦး အဂ္ဂိရတ် သူရဲကောင်း တစ်ဖြစ်လည်း ဝူယု ရောက်ရှိလာကာ သခင်လေးကို သတ်ဖြတ်ခဲ့သည်။ ထို့နောက် အဖိုးတန် ရင်မြစ်များကို ခိုးယူ ထွက်ပြေး သွားခဲ့သည်။ ထိုပုဂ္ဂိုလ်အား အမဲလိုက်ဖို့ ကြိုးစားခဲ့သည့် အချိန်များကို သူမ မှတ်မိနေဆဲ ဖြစ်သည်။
လွန်ခဲ့သည့် နှစ်များ အတွင်း ဝေ့ဝူယင်၏ အဆင့်အတန်းမှာ ကြောက်မက်ဖွယ် ကောင်းအောင် မြင့်မား လာခဲ့ကာ ဝူယုမှာလည်း မြေကြီး ရှန့်ထို အဆင့်ကို ရောက်ရှိခဲ့သည်။ သို့ဖြစ်လေရာ... ဝေ့ဝူယင် ပင်းမျိုးနွယ်ကို လာရောက် လက်စားချေနိုင်သည့် အခွင်အရေး သို့မဟုတ် ဖိနှိပ်နိုင်သည့် အခွင့်အရေးက အလွန်ပင် များပြားပေသည်။ အတွေးများကို ရုတ်သိမ်းရင်း ပင်းထျန်း ကိုယ့်ကိုယ်ကို ကျိန်ဆဲ လိုက်မိ၏။ လတ်တလော သူမ ခံစားနေရသည့် အန္တရာယ် အငွေ့အသက်က ဝေ့ဝူယင်ကြောင့် ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
“မိန်းကလေး ယွန်းလီ... ကျွန်မ ပြန်သင့်နေပြီ ထင်တယ်”
ပင်းထျန်း၏ အသံက ဖိအား အငွေ့အသက် တစ်ချို့ဖြင့် ပြည့်နှက်နေ၏။ စန်းယွန်းလီက သူမကို လှည့်ကြည့် လိုက်သည်။
စန်းယွန်းလီ အဘယ်ကြောင့် လောနေကြောင်း သူမ နားလည်နိုင်ပေသည်။ ဝေ့ဝူယင်မှာ အင်ပါယာ ကလန်နှင့် အချိန်မရွေး စစ်ခင်းနိုင်ချေ ရှိသည်။ ပင်းမျိုးနွယ်နှင့် အင်ပါယာ ထျန်းမျိုးနွယ်တို့မှာ မျိုးဆက်ပေါင်းများစွာ တိုင်အောင် လက်ထပ်ခြင်းဖြင့် မဟာမိတ် ပြုထားကြသူများ ဖြစ်သည်။ ထျန်းမူယန်၏ ဇနီး တစ်ယောက် ပင်ပင် ပင်းမျိုးနွယ်မှ ဖြစ်သည်။
စန်းယွန်းလီ ခေါင်းညိတ်လိုက်ရင်း ပုလဲလုံး တစ်ခုနှင့် ဆင်တူသည့် အကြည်ရောင် သလင်းကျောက် တစ်ခုကို ထုတ်ယူ လိုက်သည်။ ဝိညာဉ် စွမ်းအင်များ သွန်းလောင်းလိုက်သည်နှင့် တစ်ပြိုင်နက် သလင်းကျောက်မှာ များစွာသော သင်္ကေတများနှင့် လင်းလက်လာခဲ့၏။ မကြာခင်မှာပင် အာကာသ စွမ်းအင်များက သူတို့ နှစ်ယောက်ကို ဝန်းရံလာကာ စုပ်ယူ ဝါးမြိုသွားခဲ့တော့သည်။