← Chapters

ယွီယွင်

Vol. 92 Ch. 1287

ယွီယွင်

Vol. 92 Ch. 1287

“မောင်လေးယီ... နင် အာဏာရှင် အဖွဲ့ထဲကို ဝင်ဖို့ ဆုံးဖြတ်ပြီးပြီလို့ ငါက ထင်နေတာ... ဘာလို့ ထာဝရ အစည်းအရုံးကို လာရတာလဲ...”

ဆံပင်ကို မြင်းမြီး သဏ္ဌာန် စည်းထားပြီး ကြေးဝါရောင် အသားအရေနှင့် ချစ်စရာ ကောင်းသည့် မိန်းမငယ်လေးက အရပ်ရှည်ရှည် ခန့်ညား ချောမောသော ကောင်လေးကို ကြည့်လိုက်သည်။ လူငယ်လေး၏ ချွန်ထက်သော နားရွက်များနှင့် အနက်ရောင်နှင့် ရွှေဖြူရောင် ရောနှောထား‌သော ဆံပင်တို့က မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် မြင်တွေ့ရခဲသည့် ရှားပါးသော သွေးနှော ပေါင်းစပ်မှု တစ်ခုကို ဖော်ညွှန်း နေသည်။

သူတို့ နှစ်ယောက်မှာ အခြားလူများ မဟုတ်...။ အကန့်အသတ်မဲ့ သိုင်းဂိုဏ်းကြီး၏ တက်သစ်စ ပါရမီရှင် လူငယ်လေးများ ဖြစ်ကြသော ယွီယွင်နှင့် အိကျူးလင်တို့ပင် ဖြစ်လေသည်။

ထိုအခိုက်၌... သူတို့ နှစ်ယောက်မှာ ကျယ်ဝန်း ခမ်းနားလှသော ဧည့်ခန်းကြီး အတွင်းတွင် သက်တောင့်သက်သာ ထိုင်ကာ စောင့်ဆိုင်း နေကြခြင်း ဖြစ်သည်။ သူတို့ လက်ရှိ ရောက်ရှိနေသည့် နေရာက ထာဝရ နယ်မြေ အတွင်းရှိ စန်းကလန်ပိုင် တတိယဂြိုဟ်ထက်တွင် ဖြစ်သည်။

အိကျူးလင်မှာ သူမ၏ ချစ်သူ ဝေ့ဝူယင်နှင့် ထာဝရ အစည်းအရုံးတို့ ကြားမှ ပဋိပက္ခကို သိရှိထားလေရာ စန်းမျိုးနွယ်ထံ လာရသည်ကို အမှန်တကယ်ပင် စိုးရိမ်နေခြင်း ဖြစ်သည်။

လွန်ခဲ့သည့် နှစ်ပိုင်းလောက်တုန်းက ယီယွင်မှာ အာဏာရှင် အဖွဲ့၏ ကမ်းလှမ်းမှုကို တစ်ကြိမ် ငြင်းပယ်ခဲ့သည်။ ယခုတွင်မှ သူက စိတ်ပြောင်းကာ ထိုအဖွဲ့အတွင်း ပါဝင်ရန် လိုလားလာခဲ့သည်။ အာဏာရှင် အဖွဲ့၏ စည်းရုံးရေး လုပ်ငန်းများ မည်မျှ တင်းကြပ်သည်ကို ကြည့်လျှင် ယီယွင် အတွက် တစ်ခုတည်းသော အခွင့်အရေးက သူမထံမှ ထောက်ခံမှု ဖြစ်သည်။ ထို့ကြောင့်ပင် ယီယွင်မှာ သူမနှင့် တွေ့ဆုံကာ အကူအညီ တောင်းခဲ့ခြင်း ဖြစ်သည်။

“အမအိ... ကျွန်တော် ငယ်ငယ်တုန်းက ကူညီပေးခဲ့ဖူးတဲ့ အကြီးအကဲ တစ်ယောက် ရှိတယ်... ကျွန်တော် ကျေးဇူးအကြွေးတင်နေတဲ့ လေးစားရတဲ့ လူတစ်ယောက် ဆိုပါတော့လေ... ကျွန်တော် သူ့ဆီက အကြံဉာဏ်‌တောင်းချင်လို့ပါ”

ယီယွင်က အဖြေပေးလိုက်၏။

“အကြီးအကဲ တစ်ယောက်...”

အိကျူးလင်က မျက်မှောင်ကြုတ် လိုက်၏။ ထိုတစ်ယောက်က မည်သူ ဖြစ်နိုင်ကြောင်း သူမ တွေးတော နေစဉ်မှာပင် စန်းယွန်းလီနှင့် ပင်းထျန်းတို့မှာ အခန်း အတွင်း ဝင်ရောက်လာခဲ့ကြသည်။ ပင်းထျန်းမှာ ယီယွင်၊ အိကျူးလင်တို့၏ အသွင်အပြင်နှင့် အကန့်အသတ်မဲ့ သိုင်းဂိုဏ်း ဝတ်စုံကို ကြည့်ကာ အံ့သြ သွားခဲ့သည်။ အကန့်အသတ်မဲ့သိုင်းဂိုဏ်းက ဘယ်တုန်းက အယ်ဗန်များကို တပည့် အဖြစ် စတင် လက်ခံခဲ့သနည်း။ သူမ အမြင်အရ ဆိုလျှင်... အယ်ဗန်များမှာ လျှို့ဝှက် အာဏာရှင် အဆင့်ကို ဘယ်တော့မှ မရောက်နိုင်လေရာ သူတို့ကို ပျိုးထောင်ပေးခြင်းက ရင်းမြစ် ဖြုန်းတီးခြင်းနှင့် အတူတူပင် ဖြစ်လေသည်။

အိကျူးလင်ကို အကဲခတ်ရင်း ပင်းထျန်းမှာ ပိုမို၍ အံ့သြသွားခဲ့၏။ ထိုမိန်းကလေးမှာ လူသားသွေး မရောသည့် အယ်ဗန်မျိုးနွယ် စစ်စစ် တစ်ယောက် ဖြစ်ဟန် ရသည်။ ထို့အပြင် ကြေးဝါရောင် အသားအရည်နှင့် မျက်လုံး အရောင်တို့ အရ အယ်ဗန် ‌ဘေးမဲ့ နယ်မြေတွင် ပေါက်ဖွားလာသည့် အယ်ဗန် တစ်ယောက် ဖြစ်ဟန် မရချေ။ သူမက ထာဝရ ကြယ်တာရာ နယ်မြေမှ လာသည့် အယ်ဗန် တစ်ယောက် ဖြစ်နိုင်သည်။

“အမကြီး ယွန်းလီ...”

ယီယွင်၏ မျက်လုံးများက တောက်ပသွားကာ မတ်တပ်ထရပ်လိုက်ရင်း လက်နှစ်ဖက် ယှက်ကာ နှုတ်ဆက်လိုက်၏။ သူ၏ မျက်လုံးများက လေးစားသည့် အငွေ့အသက်များနှင့် လွှမ်းခြုံနေသည်။ လောက၌ ယီယွင် အယုံကြည်ရဆုံး လူများကို စာရင်း ချရေးရလျှင် စန်းယွန်းလီမှာ ထိပ်ဆုံး သုံးယောက်တွင် ပါဝင်ပေလိမ့်မည်။ မည်သို့ပင် ဆိုစေ... ထိုစီနီယာမှာ သူ ဘဝကို သုညမှ စတင်ခဲ့ရချိန်တွင်ပင် ကူညီကာ လမ်းညွှန်သူများစွာကို ပေးခဲ့သူ မဟုတ်ပါလား။

“ယွင်ကလေး...”

စန်းယွန်းလီက ရှားရှားပါးပါး ပြုံးလိုက်၏။ ထိုအခိုက်၌... အလှတရား အားလုံးက ကောင်းကင်ဘုံ၏ အလိုတော် အတိုင်း သူမထံ၌ စုဝေးသွားသလို လောကကြီး တစ်ခုလုံး အရောင်အဆင်း ကင်းမဲ့သွားသည်။

ယီယွင်နှင့် အိကျူးလင်တို့ နှစ်ယောက်စလုံး အံ့အားသင့် သွားကြ၏။ စန်းယွန်းလီမှာ အလွန်ပင် လှပလွန်းလှသည်။ သို့သော်လည်း... ယီယွင်မှာ လျှင်မြန်စွာပင် သတိပြန်ဝင်လာကာ ကိုယ့်ကိုယ်ကို ထိန်းချုပ် နိုင်လိုက်၏။ စန်းယွန်းလီ သူ့ကို စိတ်ထဲမှ ချီးကျူးလိုက်မိသည်။

“အမကြီး ယွန်းလီ... ကျွန်တော် အကြံတောင်းစရာ ရှိလို့ အမကြီးဆီ လာခဲ့တာပါ”

ယီယွင်က ဆိုလိုက်၏။ ထို့နောက် သူက ပင်းထျန်းကို တစ်ချက် လှမ်းကြည့်လိုက်သည်။ စန်းယွန်းလီမှာ ချက်ချင်းပင် သဘောပေါက် လိုက်၏။

“စီနီယာ... တစ်ခုခု လိုအပ်တာ ရှိလာရင် ကျွန်မကို ချက်ချင်း ဆက်သွယ်လိုက်ပါ... အားမနာပါနဲ့”

ပင်းထျန်း၏ အမူအရာက ပြောင်းလဲ သွား၏။ စန်းယွန်းလီက အနုနည်းဖြင့် နှင်နေပြီ ဖြစ်ကြောင်း သူမ သဘောပေါက်ပေသည်။ သူမ ကိုယ်တိုင်လည်း ထာဝရ အစည်းအရုံးတွင် ဆက်လက် အချိန်ဖြုန်းရန် ဆန္ဒ မရှိပါချေ။ ကလန်ကို ပြန်ချင် နေခဲ့ပြီ ဖြစ်သည်။ ခေါင်းညိတ်လိုက်ပြီးနောက် ပင်းထျန်း တစ်ယောက် အပြင်သို့ ပြန်လည် ထွက်လာခဲ့၏။

မကြာခင်မှာပင် ဧည့်ခန်းမ အတွင်း၌ ယီယွင်တို့ သုံးယောက်သာ ကျန်ရှိပေတော့သည်။ စန်းယွန်းလီက ယီယွင်ကို သီးသန့်ခန်း အတွင်း ဆွေးနွေးရန် ဖိတ်ခေါ်၏။ ယီယွင်က အိကျူးလင်ကို တောင်းပန်စကား ဆိုလိုက်ကာ စန်းယွန်းလီနှင့် အတူ လိုက်ပါသွားခဲ့သည်။ မကြာခင်မှာပင် သူတို့ နှစ်ယောက်မှာ စားပွဲ တစ်လုံးနှင့် ထိုင်ခုံ နှစ်လုံးသာ ရှိသော အခန်းအတွင်းသို့ ရောက်ရှိလာခဲ့သည်။

“ကဲ... ဆိုစမ်းပါဦး... ဘယ်ကိစ္စက ဒီလောက်တောင် အရေးကြီးနေလို့ အမကြီး ပေးထားတဲ့ အမိန့်ပေး တိုကင်ကိုတောင် သုံးပြီး ဒီနေရာ အထိ လာခဲ့ရတာလဲ ယွင်ကလေးရဲ့...”

စန်းယွန်းလီက ထိုင်ခုံတွင် ဝင်ထိုင်ရင်း မေးလိုက်သည်။ ထို့နောက် သူမက ယီယွင်ကိုပါ ထိုင်ရန် အချက်ပြ လိုက်သည်။

“အမကြီး ယွန်းလီ...”

ယီယွင်က ဝင်ထိုင်လိုက်ရင်း တွန့်ဆုတ် တွန့်ဆုတ်ဖြင့် ခေါ်လိုက်၏။ ထို့နောက် သူက အံကို တင်းတင်းကြိတ်ကာ ဖြစ်ပျက်ခဲ့သမျှကို ရှင်းပြဖို့ ဆုံးဖြတ်လိုက်လေတော့သည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်က သူ အာဏာရှင် အဖွဲ့ဝင် တစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ အဆိုပါ ပုဂ္ဂိုလ်က သူ့ကို အာဏာရှင် အဖွဲ့အတွင်း ဝင်ရောက်ဖို့ ကမ်းလှမ်းခဲ့သော်လည်း သူက ငြင်းပယ်ခဲ့သည်။ ထိုပုဂ္ဂိုလ်၏ အဆို အရ ဆိုလျှင် အာဏာရှင် အဖွဲ့အတွင်း ဝင်ရောက်ရန် သူ့ ဂိုဏ်းကို စွန့်ပယ်စရာ မလိုဟု ဆိုသည်။ အာဏာရှင် အဖွဲ့မှာ အဖွဲ့ဝင်များကို မည်သည့် ဂိုဏ်းအတွင်း မဆို လွတ်လပ်စွာ ဝင်ခွင့်ပြုထားသည်။ ထို့အပြင်... ပြင်းထန်သည့် ကျိန်ဆိုမှုများလည်း ပြုလုပ်စရာ မလိုပဲ သစ္စာ စောင့်သိမှု၊ သတင်း အချက်အလက်များ ယိုစိမ့်မှု၊ အာဏာရှင် အဖွဲ့သား အချင်းချင်း စည်းလုံးမှု... စသည်တို့ကိုသာ ကျိန်ဆိုရန် လိုအပ်သည်။ သို့သော်လည်း... တိုက်ခိုက်မှုများကိုတော့ ခွင့်ပြုထးပေသည်။

ပထမတုန်းက ယီယွင် အာဏာရှင် အဖွဲ့ကို သိပ်စိတ်မဝင်စားခဲ့ချေ။ သို့သော်လည်း... မကြာသေးခင်ကပင် ဝေ့ဝူယင်မှာ မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွင်းရှိ အစစ်အမှန် မွေးဖွားခြင်း၏ အရိပ်ဥ အားလုံးကို သိမ်းပိုက်ခဲ့ကြောင်း သူ သတင်းရခဲ့သည်။ ထို့အပြင်... သူက အာဏာရှင် အဖွဲ့ ခေါင်းဆောင် ဖြစ်ကြောင်းကိုပါ သိလာရသည်။ အာဏာရှင် အဖွဲ့ဝင် အားလုံးမှာ ဝေ့ဝူယင်ကို “အရှင်ဝေ့” ဟု သုံးနှုန်း ခေါ်ဆိုကြသည်။

ယီယွင်ထံတွင် အာဏာရှင် အဖွဲ့ကို ဝင်ရောက်ခွင့် အတွက် တိုကင် တစ်ခု ရှိပေသည်။ သူ အိကျူးလင်ကို ညာခဲ့ခြင်း ဖြစ်သည်။ ထိုတိုကင်ဖြင့် အာဏာရှင် အဖွဲ့ကို အချိန်မရွေး ဝင်ရောက်ခွင့် ရှိပေသည်။ သူ သူမကို ခေါ်ဆောင်လာခဲ့ရသည့် အကြောင်းရင်းမှာ ဝေ့ဝူယင်နှင့် တိုက်ရိုက် စကားပြောကာ လူတစ်ချို့ အကြောင်း စုံစမ်းဖို့ ဖြစ်ပေသည်။

“နင့်ရဲ့ မိသားစု အကြောင်းလား...”

စန်းယွန်းလီက မျက်မှောင်ကြုတ် လိုက်၏။ ယီယွင်၏ မိခင်နှင့် ညီမဖြစ်သူတို့အား ပြန်ပေးဆွဲ သွားကြသူများမှာ အစစ်အမှန် မွေးဖွားခြင်း အဖွဲ့ဝင်များ ဖြစ်ကြကြောင်း သူမ တစ်ခါတုန်းက ယီယွင်ကို ပြောပြခဲ့ဖူးသည်။ သို့သော်လည်း... သူ၏ မိသားစုသာ အမှန်တကယ် အကျဉ်းကျနေရိုး မှန်လျှင် ပြန်လည် ကယ်တင်ဖို့က အလွန်တရာ ခက်ခဲလှပေသည်။ အရိပ်ဥများမှာ မြေကြီး ရှန့်ထိုများပင် ကြောက်ရွံ့ရသည့် ဖြစ်တည်မှုများ ဖြစ်ပေသည်။

ဝေ့ဝူယင်၏ လတ်တလော အောင်မြင်မှုများကို ပြန်လည် သုံးသပ်လိုက်ခြင်းဖြင့်ပင် ယီယွင် ရောက်ရှိလာခဲ့ရသည့် အကြောင်းရင်းကို စန်းယွန်းလီ နားလည် သွားခဲ့ပြီ ဖြစ်သည်။

“အခု ယွင်ကလေးက အာဏာရှင် အဖွဲ့ကို ယုံကြည်လို့ ရသလား ဆိုတာ သိချင်လို့ပေါ့ ဟုတ်လား...”

စန်းယွန်းလီက မေးလိုက်၏။ ယီယွင်က သုန်မှုန်သည့် အမူရာဖြင့် ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်... အမကြီး ယွန်းလီ... ဝေ့ဝူယင်ကို ယုံကြည်လို့ ရလား ဆိုတာ ကျွန်တော် သိချင်တယ်”

လွန်ခဲ့သည့် နှစ်ပိုင်း အတွင်း အာဏာရှင် အဖွဲ့ဝင်တို့၏ ဂုဏ်သတင်းမှာ အရှိန်အဟုန်နှင့် မြင့်တက်လျှက် ရှိပေသည်။ သူတို့မှာ သေမျိုးများဖြင့်သာ စုဖွဲ့ထားသည့်တိုင် လျှို့ဝှက် ဝိညာဉ် အဆင့်များပင် ထိုအဖွဲ့ကို ကြောက်ရသည်ဟု ဆိုသည်။

‘ဆိုတော့ သူနဲ့ငါနဲ့က အကြံတူ နေတာပေါ့...’

စန်းယွန်းလီ၏ မျက်လုံးများမှာ တိတ်တဆိတ် တောက်ပလာ၏။ ဝေ့ဝူယင်မှာ လောကီ ပြန်လည် မွေးဖွားသူ တစ်ယောက် ဖြစ်နိုင်ကြောင်း သူမ၏ စဦး ယူဆချက်က ပိုမို၍ ခိုင်မာလာသည်။

ကြည့်ရသည်က ထိုမကောင်းဆိုးဝါးမှာ သူမကဲ့သို့ပင် ကောင်းကင် လမ်းစဉ် အတွင်း ပြဌာန်းထားသည့် ကောင်းချီးခံများကို လိုက်လံ ရှာဖွေနေခြင်း ဖြစ်နိုင်သည်။ သူမနှင့် ခြားနားသည့် တစ်ခုတည်းသော အရာက ဝေ့ဝူယင်မှာ ရှာဖွေရုံမျှသာ မက စည်းရုံး သိမ်းသွင်းကာ ကိုယ်ပိုင် အင်အားစု တစ်ခုကို ထူထောင်နေခြင်း ဖြစ်သည်။

လတ်တလော အောင်မြင်မှုများကို နှိုင်းချင့်ကြည့်ရပါက ဝေ့ဝူယင်မှာ ဤဘဝတွင် သူမထက် ခြေတစ်လှမ်း နှစ်လှမ်း မက သာနေခဲ့ပြီ ဖြစ်သည်။ သူက အစစ်အမှန် မွေးဖွားခြင်းကို တစ်ကိုယ်တော် တိုက်ခိုက်နိုင်လောက်အောင်ပင် အင်အားကြီး နေခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင်နှင့် ထာဝရ အစည်းအရုံးကြားတွင် ပဋိပက္ခများ ရှိနေသည်က ကောင်းသော အရာ မဟုတ်ချေ။ ဤအဖွဲ့အစည်းမှာ သူမ အခြေချထားသည့် အုတ်မြစ် ဖြစ်ပေသည်။ စန်းယွန်းလီ အချိန် ကြာမြင့်စွာ တွေးတော နေခဲ့မိ၏။

ထို့အပြင်... ဝေ့ဝူယင်ထံတွင် ယီယွင်၏ မိသားစု ရှိသည် ဆိုလျှင်...။

“ယီယွင်...”

စန်းယွန်းလီက အလေးအနက် အမူအရာဖြင့် ယီယွင်ကို စိုက်ကြည့်လိုက်၏။

“အမကြီး ဒီလို မင်းကို လုပ်စေချင်တယ်...”

All Chapters