← Chapters

ညပိုင်းရှာဖွေခြင်း

Vol. 010 Ch. 951

ညပိုင်းရှာဖွေခြင်း

Vol. 010 Ch. 951

ခြံဝန်းငယ်လေးသည် နေ့အချိန်သူတို့တွေ့ခဲ့သော ခြံဝန်းငယ်အတိုင်း ပင်။ သစ်ပင်ရှိနေကာ ထိုသစ်ပင်အောက်တွင် ကျောက်စားပွဲရှိနေပြီး စားပွဲ ပေါ်တွင် ငွေကျောက်ပစ္စည်းများတင်ထားကာ ထိုနေရာတွင်ထိုင်နေသောလူ မှာလည်းအတူတူပင်။

သို့သော် ပြောင်းလဲသွားသလိုခံစားရသည်။

နေ့ပိုင်းက လူသည် မြင့်မြတ်ပြီးဖြူစင်သလိုခံစားချက်ပေးသော်လည်း အခုခံစားရသည်မှာ ကြမ်းတမ်းပြီးနတ်ဆိုးဆန်သည်။

ရှီမာယူယူသည် လိဟုန်ကိုကြည့်လိုက်သည်… မဟုတ်သေးဘူး… ထိုလူ၏ပုံစံနှင့်ခံစားမှုကိုကြည့်လိုက်ရာ နေ့အချိန်တွင်တွေ့ခဲ့သော လူမဟုတ် ပေ။ သူ့ခန္ဓာကိုယ်ထဲမှ နောက်ထပ်ဝိညာဉ်တစ်ခု လိကျိ ဖြစ်နိုင်သည်။

လိကျိသည် အထဲတွင် လတ်ဆတ်သော သွေးများရှိနေသော မဟူရာ ကျောက်စိမ်းခွက်ကိုကိုင်ထားသည်။

“သစ်ပင်လေး ပြိုင်ပွဲကစပြီလား” လိကျိသည် သွေးတစ်ငုံ့သောက်ပြီး ညင်သာစွာမေးလေသည်။

“ရွှီး”

သွေးနတ်ဆိုးသစ်ပင်သည် လှုပ်ရမ်းကာ အသံများထွက်လေသည်။

“ဒီနေ့ညကို လူတွေရဲ့သွေးတွေဘယ်လောက်သောက်ရမလဲမသိဘူး.. သစ်ပင်လေး မင်း ပျော်ရဲ့လား”

“ဂါး ဂါး…”

“ငါလည်းပျော်တယ်၊ နောက်၂ရက်နေရင် ကြက်သွေးရောင်လ ပြန်လာ တော့မယ်….”

“ရွှီး ရွှီး….”

“ဒီတစ်ခေါက်ကို ပြောင်းဖို့ပဲ မင်းလုပ်ရမှာမလား”

“ရွှီး ရွှီး…”

“ငါသိတယ် သူမကို မင်းကိုစားခိုင်းမှာပါ၊ မင်းအသွင်ပြောင်းပြီးတဲ့ ပုံစံကို ငါမျှော်လင့်နေပြီ”

“ရွှီး ရွှီး…”

“ဟီးဟီး…”

ရှီမာယူယူနှင့် ဘိုင်ရှန်းတို့သည် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ထိုသူမှာ သူမ နေ့အချိန်တွင်မြင်ရသောသူ သေချာပေါက်မဟုတ်ပေ။

“သူတို့သွေးလွှမ်းပြိုင်ပွဲကိုသွားကြတယ်မလား”

“ရွှီး ရွှီး…”

“သူတို့ကိုနောက်ထပ်၂ရက်လောက် ထပ်ဆော့ခွင့်ပေးထားလိုက် ဘယ်လိုပဲဖြစ်ဖြစ် သွေးမိစ္ဆာမြို့တော်ကနေ ထွက်သွားလို့ရမှာမဟုတ်ဘူး”

“ရွှီး ရွှီး…”

သွေးနတ်ဆိုးသစ်ပင်သည် ရုတ်တရက် ကြောက်စရာကောင်းလာကာ အရွက်များသည် အကိုင်းများမှကျလာပြီး ရှီမာယူယူရှိရာဘက်သို့လွှင့်လာ သည်။

သူတို့ ပေါ်သွားပြီ။

ရှီမာယူယူသည် တစ်စုံတစ်ယောက်ကို ဆွဲလိုက်ပြီး ချက်ချင်းပင် ပျောက်ကွယ်သွားလေသည်။ အရွက်များသည် နံရံကို ပြင်းထန်စွာရိုက်မိလေ သည်။

သူ့အားနှင့်ဆိုလျှင် တစ်ယောက်ယောက်ကိုရိုက်မိပါက ပြင်းထန်စွာ ဒဏ်ရာရသွားနိုင်သည်။

“ဘယ်သူလဲ” လိကျိသည် သွေးခွက်ကိုချလိုက်သည်။

“ရွှီး ရွှီး…”

“မင်းတောင်ရှာမတွေ့ပဲ မင်းရဲ့ထောင်ချောက်ကနေ ထွက်သွားနိုင်တာ ကြည့်ရတာ ဒီကိုလာတဲ့လူတွေရဲ့အားက မနိမ့်ဘူးပဲ” သူ လေးလံစွာပြော လိုက်သည်။

“ရွှီး ရွှီး…”

ထားလိုက်တော့

“တကယ်လား”

“ရွှီး ရွှီး…”

“အင်း ဖြစ်နိုင်တယ် သူတို့က ဒီတစ်ခေါက် မင်းရဲ့ ထောင်ချောက်ကနေ လွတ်သွားနိုင်ပေမဲ့ သွေးမိစ္ဆာမြို့တော်ကနေတော့ မလွတ်နိုင်ဘူး”

ရှီမာယူယူနှင့် တခြားသူများသည် မြို့ဝန်အပြင်ဘက်တွင်ပေါ်လာ သည်။ သူတို့ ပေါ်သွားတော့မည့်အချိန်တွင် သူမသည် လေဟာပြင် အဖွင့် အပိတ်ကိုသုံးကာ အပြင်သို့ထွက်ခဲ့လာသည်။

“အခုကြည့်တော့မှပဲ မြို့ဝန်အိမ်က သေချာပေါက် တစ်ခုခုတော့ရှိနေ တယ်” ရှီမာယူယူ ဆက်ပြောလေသည် “သွေးလွှမ်းပြိုင်ပွဲလည်းရှိနေတော့ အဲသစ်ပင် ရှင်းရှင်းလင်းလင်းမသိနိုင်ပါဘူး”

“ဒါပေမဲ့ သူက ဘယ်လိုသိသွားတာလဲ”

“အဲသစ်ပင်…” ဝူလာမိုင် မျက်မှောင်ကြုတ်လိုက် “အရင်က မြင်ဖူးမိ တယ်ထင်တယ်”

“မွေးစားအဖေ မြင်ဖူးတာလား” ရှီမာယူယူသည် ဝူလာမိုင်ကို သိချင် စိတ်ဖြင့်ကြည့်ပြီးမေးလေသည်။

“ငါ ထာဝရရှင်သန်သူနယ်မြေရောက်ဖူးတယ် အဲဒီမှာ သစ်ပင်တစ်ပင် မြင်ဖူးတယ်၊ ဒါပေမဲ့ အရမ်းကြာသွားခဲ့ပြီ လွန်ခဲ့တဲ့ နှစ်၂၀၀၀လောက်ကဖြစ် မယ်” ဝူလာမိုင် သတိတရပြောလေသည် “ငါ ထာဝရရှင်သန်သူနယ်မြေမှာ မြင်ခဲ့တာဆိုတော့ ပိုပြီးမှတ်မိနေတာ”

“ထာဝရရှင်သန်သူနယ်မြေမှာလား”

“ဟုတ်တယ် အဲတုန်းက ခမည်းတော်ဘုရင်ကြီးနောက်လိုက်သွားပြီး အဲအထဲရောက်သွားခဲ့တယ်၊ အဲဒီမှာ နတ်ဆိုးသစ်ပင်တစ်ပင်ရှိတယ်လို့ ခမည်းတော်ဘုရင်ပြောခဲ့တယ်၊ ပုံမှန်ဆိုရင် အဲလိုနတ်ဆိုးသစ်ပင်က လူသား လောကမှာမရှိသင့်ဘူး”

“နတ်ဆိုးသစ်ပင်လား”

“အင်း မှားမယ်လို့တော့မထင်ဘူး” ဝူလာမိုင် ပြောလိုက်သ်ည။

“နတ်ဆိုးသစ်ပင်တွေကို နတ်ဆိုးလောကက ပိုင်တာမဟုတ်ဘူးလား” ရှီမာယူယူ မေးခွန်းထုတ်လေသည် “လူသားလောကမှာ ဘယ်လိုလုပ် အဲလို ကြီးရတာလဲ”

“မသိဘူး ငါသိချင်တာက ထာဝရရှင်သန်သူနယ်မြေကနေ ဘယ်လို ထွက်လာတာလဲ” ဝူလာမိုင် ပြောလေသည်။

“ဘာလို့လဲ”

“လူသား၊ နတ်ဆိုးနဲ့ တစ္ဆေလောကကလူတွေက ထာဝရရှင်သန်သူ နယ်မြေကိုသွားလည်နိုင်ပေမဲ့ သူတို့လာခဲ့တဲ့နေရာကို ပြန်သွားရတာက ထာဝရရှင်သန်သူနယ်မြေရဲ့ စည်းမျဉ်းပဲ၊ ဘယ်လိုလုပ် စည်းမျဉ်းကိုဖျက် ခဲ့တာလဲ” ဝူလာမိုင် ပြောလေသည်။

“စာချုပ်ကနေတစ်ဆင့်များဖြစ်မလား” ရှီမာယူယူ မေးလိုက်သည် “လူသားနဲ့ စာချုပ်ကြောင့် ဒီကိုလာတယ်ဆိုရင် စည်းမျဉ်းကိုဖျက်တာမဟုတ် ဘူးလေ”

ထိုအကြောင်းနှင့်ပင် ပန်းလေးသည် လူသားလောကကိုလိုက်လာခြင်း ဖြစ်သည်။ သို့သော် ပန်းလေးသည် တင်းကြပ်သော သက်ရှိအနေနှင့် သတ်မှတ်၍ မရပေ။ သူသည် လောကတိုင်းတွင် အသက်ရှင်နိုင်သည်။

ဝူလာမိုင် ခေါင်းရမ်းလိုက်သည် “ထာဝရရှင်သန်သူနယ်မြေနဲ့ လောက အသေးနဲ့ကမတူဘူး၊ ထာဝရရှင်သန်သူနယ်မြေက ဘာကိုမဆို စာချုပ်ချုပ်လို့ မရဘူး”

“ထူးဆန်းလိုက်တာ” ရှီမာယူယူ ပြောလိုက်သည် “ဒီနတ်ဆိုးသစ်ပင်က သေချာပေါက် အဲဒီမှာ တစ်ခုခုလုပ်ခဲ့တယ်”

“အဲဒါက နတ်သားသစ်ပင်သာဆိုရင် လူသားရဲ့ အသွေးနဲ့အသားကို စုပ်ယူပြီးစားသောက်တယ်” ဘိုင်ရှန်း ပြောလိုက်သည်။

“ဟုတ်တယ်”

“ဒါပေမဲ့ နတ်ဆိုးတွေလုပ်နေကျနဲ့ မကိုက်ဘူးဖြစ်နေတယ်” ဘိုင်ရှန်း ဆက်ပြောလေသည် “သူတို့သာ ဒီကိုရောက်တယ်ဆိုရင် အစုလိုက်အပြုံ လိုက်သတ်မှာမဟုတ်ဘူးလား ဘာလို့သွေးလွှမ်းပြိုင်ပွဲကိုအသုံးချတာလဲ နှေး လွန်းနေတယ်”

“ကောင်းကင်ဥပဒေအပြစ်ပေးမှု” ဝူလာမိုင် ပြောလိုက်သည် “ဒီလို နတ်ဆိုးသစ်ပင်အတွက်ကတော့ လူသားလောကမှာ အစုလိုက်အပြုံလိုက် သတ်တာဖြစ်ဖြစ် မဟုတ်ရင် လူသားတွေဆီကို ကူးစက်ရောဂါယူလာတာ ဖြစ်ဖြစ်၊ ကောင်းကင်ဥပဒေအရအပြစ်ပေးတာကိုခံရတယ် မိုးကြိုးဘေးသင့်မှု ရဲ့ အာရုံစိုက်တာကိုခံရပြီဆိုရင် မိုးကြိုးအပစ်ခံရပြီး မီးခိုးထွက်ပြီး ပြာအဖြစ် ကွယ်ပျောက်သွားနိုင်တယ်၊ ပြီးတော့ အဲဒါတွေက အကြီးဆုံး မိုးကြိုးဘေးသင့် မှုတွေပဲ”

ရှီမာယူယူသည် မိုရှားကိုတွေးမိသည်။ အစပိုင်းက သူတို့ လူသားလောကတွင် လူအမြောက်အများသတ်ခဲ့စဉ်ကလည်း တိမ်တိုက် ဝိညာဉ်၏ မိုးကြိုးအပြစ်ပေးမှုကိုခံခဲ့ရသည်။

“လောကထဲက သာမာန်လူတွေက နစ်နာတာပေါ့ သူတို့က တခြား လောကက ကျူးကျော်လာတဲ့သက်ရှိတွေကနေ ကာကွယ်ရနေရမယ်၊ ပိုအားကောင်းတဲ့ သတ္တဝါတွေက အာရုံအစိုက်ခံရမှာကိုကြောက်ကြတယ်” ဘိုင်ရှန်း ပြောလေသည်။

ရှီမာယူယူသည် မဖြစ်သင့်ဟုစဉ်းစားပြီး နှုတ်ခမ်းရွဲ့လိုက်သည်။ ပြီးခဲ့ သည့်တစ်ခေါက် တစ္ဆေလောကမှလူများ လူသားလောကတွင် လူများစွာ သတ်ခဲ့စဉ်က ကောင်းကင်သည် အားနည်းသူကို ကူညီခဲ့သည့် အရိပ်အယောင် မမြင်ခဲ့ရပေ။

“ငါတို့ကိုသိသွားပြီ ပြန်သွားလို့မရတောဘူး အခုပြန်ကြမလား” ဘိုင်ရှန်း မေးလိုက်သည် “မဟုတ်ရင် တခြားနေရာကိုရှာချင်သေးလား”

“ကျွန်တော် နတ်ဆိုးသစ်ပင်အောက်မှာ ဘာရှိလဲဆိုတာ ကြည့်ချင် တယ်” ရှီမာယူယူ ပြောလိုက်သည်။

“မြေအောက်ကိုလား”

“ဟုတ်တယ်” ရှီမာယူယူ ပြောလိုက်သည် “မြေထုက ကျွန်တော်တို့ကို ကာကွယ်ထားတော့ လွယ်လွယ်နဲ့မတွေ့နိုင်လောက်ဘူး”

“အဲဒါအလုပ်ဖြစ်တယ်” ဝူလာမိုင် ပြောလေသည် “ဒါပေမဲ့ နတ်ဆိုး သစ်ပင်ရဲ့ အမြစ်က ရှုပ်ထွေးပြီးလှည့်စားတတ်တယ် အောက်ဆင်းရင် သတိ ထားရမယ်”

“မင်းမှာ မြေအရည်အချင်းအတွက် ဝိညာဉ်စွမ်းအင်ရှိလို့လား” ဘိုင်ရှန်း မေးလိုက်သည်။

သူမသည် မီးအရည်အချင်းဖြစ်တယ်လို့ရှီချန်းတို့ပြောခဲ့တာမလား။

“ရှိတယ်” ရှီမာယူယူ ပြန်ဖြေလေသည် “သွားမယ် အောက်ဆင်းပြီး ကြည့်ရအောင်”

သူတို့သုံးယောက်သည် ကာကွယ်ရေးအတားအဆီးတစ်ခုလုပ်ကာ ရှီမာယူယူသည် မြေအရည်အချင်း ဝိညာဉ်စွမ်းအင်ဖြင့် မြေအောက်သို့ဝင်လေ သည်။ မြေသားမှာပျော့ပျောင်းသွားပြီး အပေါက်ပွင့်လာသည်။

သူတို့ခုန်ဝင်လိုက်သောအခါ သူတို့ပတ်လည်မှ မြေသားများသည် အလိုလိုပင် ဘေးသို့ရွေ့လျားသွားလေသည်။ သူတို့သိပ်ပင်မဆင်းလိုက်ရ သစ်ပင်အမြစ်များကိုတွေ့လိုက်ရသည်။

“ဒါက သွေးနတ်ဆိုးသစ်ပင်ရဲ့ အမြစ်ဖြစ်ရမယ် ခမ်းနားလိုက်တာ” ရှီမာယူယူ သက်ပြင်းချလိုက်သည်။

“အပြင်ကိုထွက်နေတာကို အများကြီးရှိဦးမယ်” ဘိုင်ရှန်းသည် အလယ်မှအဘက်ဘက်သို့ ကားထွက်နေသော ထူထဲသောအမြစ်များကို ညွှန်ပြလေသည်။

“ဖြစ်နိုင်လောက်တယ် ဘယ်လောက် အရှည်ထိသွားလဲဆိုတာကြည့် ရအောင် အမြစ်တစ်ခုလောက်နောက်လိုက်သွားမယ်ဆိုရင်ရော” ရှီမာယူယူ အကြံပေးလေသည် “ကျွန်တော်တို့ သွေးပြိုင်ပွဲဘက်ကိုလိုက်သွားပြီး ကြည့်ရ မယ်”

“ကောင်းပြီ”

သူတို့သည် သွေးလွှမ်းပြိုင်ပွဲဘက်သို့သွားရန်ကြိုးစားရာ ကြာကြာပင် မလျှောက်လိုက်ရ ပင်မအမြစ်များထဲမှ တစ်ခုသည် ထိုဦးတည်ရာသို့ သွားနေ သည်ကို တွေ့လိုက်ရာ ထိုအမြစ်သည် သူတို့ရှာချင်သောအမြစ်ဖြစ်နိုင်သည်။

သူတို့သည် သွေးလွှမ်းပြိုင်ပွဲဘက်ရှိရာ လိုက်သွားရာ အလယ်တွင် အမြစ်သည် အပြင်ဘက်သို့အမြစ်တစ်ခုဖြာထွက်သွားသော်လည်း ပင်မ အမြစ်သည် သေးသွယ်သွားသော်လည်း တည့်တည့်ပင်ဦးတည်လေသည်။

“အကွာအဝေးနဲ့ဆိုရင် ဒီအပေါ်မှာ သွေးလွှမ်းပြိုင်ပွဲရှိရမယ်” ဘိုင်ရှန်း ပြောလေသည်။

“အဘိုးတို့ ဒီမှာကြည့်ဦး” ရှီမာယူယူသည် တိုးညင်းစွာအော်ပြီး ရုတ်တရက်ပင် အရှေ့သို့ညွှန်ပြလေသည်။

***

All Chapters