← Chapters

အကုန်လုံးအဆိပ်မိနေကြတယ်

Vol. 010 Ch. 953

အကုန်လုံးအဆိပ်မိနေကြတယ်

Vol. 010 Ch. 953

“သွေးမိစ္ဆာမြို့တော်က သွေးနတ်ဆိုးသစ်ပင်ရဲ့ထိန်းချုပ်တာကိုခံနေရ တဲ့ပုံပဲ” ရှောင်ချီ မှတ်ချက်ပေးလေသည်။

“အဲဒါတော့မဟုတ်သေးဘူး” ဟူယန်း အော်လေသည် “အရင်တစ် ခေါက်တွေတုန်းက ကြက်သွေးရောင်လပေါ်လာရင် ဒီလိုမျိုးမဟုတ်ဘူး မြို့ကို လူတိုင်းထွက်လို့ရသေးတယ်”

“ရှင်းအောင်ပြောရရင် ဒီတစ်ခေါက်ကမတူဘူး” ရှီချန်းပြောလိုက်သည် “လိကျိပြောခဲ့သလိုဆိုရင် ဒီနေ့ည ဖွံ့ဖြိုးတာက ငါတို့ထွက်မပြေးနိုင်ဘူး၊ ငါ ထင်တာတော့ ဒီနေ့ညကိုအပြောင်းအလဲကြီးကြီးတစ်ခုရှိလိမ့်မယ် ပြီးခဲ့တဲ့နှစ် တွေကလို အငြင်းအခုံတွေ တိုက်ခိုက်ရုံလောက် နူးနူးညံ့ညံ့ပြီးသွားမှာမဟုတ် ဘူး”

“ဖြစ်နိုင်တယ် မဟုတ်ရင် အကုန်လုံးကိုမြို့ထဲမှာပိတ်ထားမှာမဟုတ်ဘူး” ဝမ်မုံ့သည် မှတ်ချက်ပေးလေသည်။

“အကုန်လုံးကိုရှင်းပစ်မလို့များ ပိတ်ထားတာလား” ရှောင်ချီ ခန့်မှန်းလေ သည်။

“ဖြစ်နိုင်ပါ့မလား” ဟူယန်း မယုံကြည်ပေ “မြို့ထဲမှာ ဒီလောက်လူတွေ အများကြီးရှိတာ အားနည်းကြတဲ့သူတွေလည်းမဟုတ်ဘူး၊ အကုန်လုံးအတူ ပြန်ခုခံရင် နတ်ဆိုးသစ်ပင်ဆိုရင်တောင် ဘာအကျိုးအမြတ်မှရမှာမဟုတ်ဘူး”

“မဖြစ်နိုင်တာမဟုတ်ဘူး” ရှီချန်း ငြင်းဆန်လေသည် “ပြီးခဲ့တဲ့နှစ်တွေမှာ ကြက်သွေးရောင်လက အကြိမ်ပေါင်းများစွာပေါ်လာခဲ့တယ်၊ မြို့ထဲမှာလူတွေ ဒီလောက်အများကြီးရှိတာ ဘယ်သူမှအဲအကြောင်းအရင်းကိုရှာမတွေ့ခဲ့ကြ ဘူး”

“ပြီးတော့ သွေးနတ်ဆိုးသစ်ပင်ရဲ့အမြစ်ကလည်း မြို့အောက်နေရာ တစ်ခုလုံးကို ပြည့်နေပြီ၊ ကြည့်ရတာ သူ့အားက တခြားသူတွေနဲ့မတူတော့ ဘူး” ဘိုင်ရှန်း ဆက်ပြောလေသည် “သူက လူကိုမသိအောင်သတ်နိုင်တယ် အဲလိုမျိုးက သာမန်လူတွေလုပ်နိုင်တဲ့ဟာမဟုတ်ဘူး”

ရှီမာယူယူ မျက်မှောင်ကြုတ်လိုက်သည်။ သူမ စိတ်ထဲတွင် တစ်စုံတစ်ခု ကို တွေးမိသလိုဖြစ်သွားသော်လည်း လျှပ်တပြက်ဖြစ်သွားသဖြင့် သူမ မမိ လိုက်ပေ။

“ယူယူ ဘာစဉ်းစားနေတာလဲ” ရှောင်ချီသည် သူမငြိမ်သွားသည်ကို မြင် သောအခါ မေးလေသည်။

“တစ်ခုခုလွတ်နေသလိုခံစားရတယ်” ရှီမာယူယူ ရှင်းပြလေသည် “အဲ အချက်ကို စဉ်းစားမိမလိုဖြစ်ပြီးမှ… ဘာလဲဆိုတာ စဉ်းစားလို့မရတော့ဘူး”

အားလုံးသည် သူမအားကြည့်လိုက်သည်။ သူမ ဘာကိုစဉ်းစားနေသလဲ ဆိုသည်ကို မသိကြတော့ပေ။

“အစ်ကိုရှီချန်း နတ်ဆိုးသစ်ပင်က ဒီနေ့ညကို စပြီးလူသတ်တော့မှာ လား” သူမ မမှတ်မိနိုင်ဖြစ်နေသည်ကို ရှောင်ချီတွေ့သောအခါ သူမ မှတ်မိလို မှတ်မိငြား ရှီချန်းကို မေးလေသည်။

“ဖြစ်နိုင်ချေများတယ်လို့ ထင်တယ်” ရှီချန်း ပြောလေသည်။

“ဒါဆိုရင် ရှောင်ချီတို့ သွေးလွှမ်းပြိုင်ပွဲကိုသွားမှာလား၊ လူအများကြီး တောင် မစုရသေးဘူး” ရှောင်ချီသည် နှုတ်ခမ်းစောင်းကာ ပြောလေသည် “အဲ စင်က နတ်ဆိုးသစ်ပင်က အဆင့်ဆင့်ပြောင်းထားတဲ့ဟာဖြစ်လိမ့်မယ်လို့ မထင်ထားဘူး၊ အဲကွင်းမှာတိုက်ခိုက်ခဲ့တာကိုပြန်စဉ်းစားလိုက်ရင် ရွံလိုက် တာ၊ ဒါပေမဲ့ အဲအနံ့က ထူးခြားတယ် ရှောင်ချီတို့ကို သွေးလေချောက်ချားစေ တယ်”

အနံ့.. သွေးလေချောက်ချားစေတယ်…

ရှီမာယူယူ၏ မျက်လုံးများတောက်ပလာပြီး အော်လိုက်သည် “နောက်ဆုံးတော့ ဘာလွတ်နေတာလဲဆိုတာသိပြီ ရှောင်ချီ တော်လိုက်တာ”

သူမ စကားဆုံးသည်နှင့် ရှောင်ချီ၏ ပါးပြင်ကိုနမ်းပင်နမ်းလိုက်သေး သည်။

“ရှောင်ချီကဘာပြောခဲ့လို့လဲ” ရှောင်ချီသည် မျက်တောင်ခတ်ကာ သူမ နားမလည်နိုင်ပေ။

တခြားသူများလည်း နားမလည်နိုင်သေးပေ။

“သခင်လေး ဘာကိုသတိရသွားတာလဲ” ဖန်ခိုင်မေးလိုက်သည်။

“အနံ့ စိတ်ချောက်ချားစေတာ” ရှီမာယူယူ ရှင်းပြလေသည် “မင်းတို့ တခြားတစ်ခုခုကိုမစဉ်းစားဖူးဘူးလား”

“တခြားအရာလား” မူလျန်ရှင်သည် အပြင်းအထန်စဉ်းစားသော်လည်း သူမ ပြောလိုသည်ကို နားမလည်သေးပေ။

“သခင်လေးပြောတာက ကြက်သွေးရောင်လကလည်း လူတွေကို စိတ်ချောက်ချားစေတာလား” ရှီချန်း ပြောလိုက်သည်။

“မြို့ထဲက လူတွေအကုန်လုံးကို သွေးလေချောက်ချားအောင်လုပ်ဖို့ဖြစ် နိုင်လို့လား” ဟူယန်းသည် တအံ့တသြ မျက်လုံးပြူးလာသည်။

“ဖြစ်လည်းဖြစ်နိုင်တယ် မဖြစ်လည်းမဖြစ်နိုင်ဘူး” ရှီမာယူယူ ဆက်ပြော လေသည် “အဲဒါနဲ့ ဘာဆက်သွယ်မှုမှမလုပ်ခင်တော့ အတည်မပြုနိုင်ဘူး၊ ဒါပေမဲ့ ခန့်မှန်းကြည့်လို့ရတယ်”

“ဘာကိုလဲ”

“အဲအနံ့က အမြစ်တွေဆီကလာတာ၊ အခု အမြစ်တွေက မြို့တစ်မြို့လုံး ကို ဖြန့်ကျက်ထားပြီဆိုတော့ တခြားနေရာတွေလည်းအဲအနံ့ရမယ်လို့ ဆိုလို တာပဲ၊ မဟုတ်ရင် တခြားအဆိပ်ငွေ့ထုတ်မှာပဲ”

“တကယ်လို့ သူက လူတွေအများကြီးကိုထိန်းချုပ်ချင်ရင် ဒီနည်းလမ်း က အသုံးဝင်လိမ့်မယ်” ရှီချန်း ပြောလေသည်။

“အဲဒါကြောင့် ကျွန်တော် ခင်ဗျားတို့ကျန်းမာရေးကို စစ်ဆေးချင်တယ်” ရှီမာယူယူ ပြောလိုက်သည်။

“ယူယူ သူတို့အားလုံးအဆိပ်မိထားတယ်လို့ သံသယဝင်နေတာလား” ရှောင်ချီ မေးလိုက်သည်။

ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။

“ဒါပေမဲ့ သခင်လေး အဘိုးဘိုင်ကိုစစ်ဆေးပြီးပြီမလား၊ တစ်ခုခုဆိုရင် အရင်ကတည်းကတွေ့ရမှာမဟုတ်ဘူးလား” ဖန်ခိုင်မေးလေသည်။

“အဘိုးဘိုင်ရဲ့ခန္ဓာကိုယ်မှာက အဆိပ်ကရှိပြီးသား အဲဒါကြောင့် တခြား ဟာကို စမ်းသပ်လို့မရဘူး” ရှီမာယူယူ ရှင်းပြလေသည် “အခု ခင်ဗျားတို့ အားလုံးရဲ့ ကျန်မာရေးကိုစစ်ဆေးချင်တယ်”

“ကောင်းပါပြီ”

ရှီမာယူယူသည် ဟူယန်း ဝမ်မုံ့နှင့် မူလျန်ရှင်တို့ကို စမ်းသပ်လေသည်။

“ဘယ်လိုလဲ” ရှီမာယူယူ ဘာမှမပြောသည်ကိုမြင်သောအခါ ရှီချန်း မေး လိုက်သည်။

“သူတို့ခန္ဓာကိုယ်မှာ တူညီတဲ့အနံ့ရှိနေတယ်” ရှီမာယူယူ ပြန်ဖြေလေ သည် “သူတို့ခန္ဓာကိုယ်မှာ တူညီတဲ့အဆိပ်ရှိတယ်လို့ ပြောလို့ရတယ်”

“အဆိပ်ဟုတ်လား”

“အဲအနံ့ကြောင့်ပဲ သူတို့ကျင့်ကြံလို့မရတာပဲ” ရှီမာယူယူ ဆက်ပြောရင်း ဝမ်မုံ့နှင့် တခြားသူများကိုကြည့်ကာ “ပြီးတော့ ဒီအနံ့က သူတို့ရဲ့ စိတ်ကို နိုးကြွစေတယ်၊ သူတို့ကို စိတ်ချောက်ချားစေတယ် အဲလိုမျိုးပေါ့.. အဲထက် ဆိုးတာလည်းဖြစ်နိုင်တယ်”

“ယူယူ ဒီအတွက် ဖြေဆေးဖော်နိုင်လား”

“ငါအကောင်းဆုံးလုပ်နိုင်တာကတော့ ခဏလောက်ချုပ်ထားတာပဲရ မယ်” ရှီမာယူယူဆက်ပြောလေသည် “ငါ နတ်ဆိုးလောကက ဘာကိုမှ မလေ့ ဘာဖူးဘူး၊ ဒီအတွက်ကတော့ စီနီယာအစ်ကိုကိုရှာတာပိုကောင်းမယ်”

“နေ့လည်တောင်ရော်ကနေပြီ ဒီနေ့ည ကြက်သွေးရောင်ညဖြစ်တော့ မယ်၊ သူတို့ခန္ဓာကိုယ်ထဲက အဆိပ်က ဒီနေ့ညပြဿနာဖြစ်နိုင်တယ် တစ်ခုခု ဆိုးတာဖြစ်သွားမှာစိုးရတယ်” ဘိုင်ရှန်း ပြောလေသည်။

“သူတို့တင်မဟုတ်ဘူး အဘိုးခန္ဓာကိုယ်ရောပဲ” ရှီမာယူယူ ငြင်းဆန်လေ သည် “အဲအနံ့က အဘိုးခန္ဓာကိုယ်ထဲ အဆိပ်ကိုဖိနှိပ်ထားတာပဲ”

ဘိုင်ရှန်းသည် ပခုံးတွန့်ကာ ပြောလေသည် “ကောင်းပြီ ငါတို့ခန္ဓာကိုယ် ပေါ့”

“ကျွန်တော် ဆေးစမ်းသပ်ပြီးတာနဲ့ ကြက်သွေးရောင်လည ကဘာလဲ ဆိုတာကို အတိအကျသိဖို့ မြို့ဝန်အိမ်တော်ကို သွားကြည့်မယ်” ရှီမာယူယူ သည် စကားဆုံးသည်နှင့် အိမ်အနောက်သို့လာလိုက်သည်။

“ရှောင်ချီ ကူညီမယ်” ရှောင်ချီသည် သူမနှင့်အတူ သွားလေသည်။

“အဲလူတွေကိုဒီကိုလာခိုင်းလိုက်တော့ ဒီနေ့ညတော့ ကိစ္စအကြီးကြီးဖြစ် တော့မယ်လို့ထင်တယ်၊ သူလည်း ကူညီပေးဖို့လူလိုမှာပဲ” ဘိုင်ရှန်း အမိန့်ပေး လိုက်သည်။

“ကျွန်တော်သွားမယ်” ဟူယန်း ပြောလေသည် “လျန်ရှင် ငါနဲ့လိုက်ခဲ့”

“အင်း”

ဟူယန်းနှင့် မူလျန်ရှင်တို့သည် ရှီမာယူယူနောက်လိုက် သော်သူများနှင့် ဆက်သွယ်ရန် ထွက်သွားလေသည်။

ရှီမာယူယူသည် အခန်းသို့လာကာ ဝိညာဉ်အတားအဆီးလုပ်ပြီး ဝိညာဉ် စေတီအတွင်းသို့ ရှောင်ချီနှင့်ဝင်ခဲ့လေသည်။

မနေ့က လိဟုန်၏ အရိပ်အမြွက်နှင့် လိကျိတို့၏ စကားများအရ ဒီနေ့ည ကို တစ်ခုခုဖြစ်တော့မည်ဟုခံစားမိကာ ညမရောက်ခင်ကို သွေးနတ်ဆိုး သစ်ပင်၏ အဆိပ်ကို ဖိနှိပ်ရန် ဖြေဆေးဖော်ရမည်။

သူမနှင့် ရှောင်ချီတို့ အိမ်ထဲမှထွက်လာချိန် ညနေပိုင်းတွင် ဘိုင်ရှန်း၏ တည်းခိုဆောင်မှာ လူများဖြင့်ပြည့်နေလေပြီ။

ရှီမာယူယူ ဆင်းလာပြီး ဖြေဆေးကိုအားလုံးကိုဖြန့်ပေးပြီး ပြောလိုက် သည် “အကုန်လုံးကိုအခြေအနေပြောပြီးပြီလို့ထင်တယ်၊ ဒါက အဆိပ်ကိုဖိနှိပ် ဖို့အတွက် ဖြေဆေးပဲ”

အားလုံးသည် ဆေးများကိုစားပြီးနောက် မေးလိုက်သည် “ဒီဆေးက ဒီနေ့ညအတွက်ပဲအသုံးဝင်တာလား ကျွန်တော်တို့ခန္ဓာကိုယ်ထဲက အဆိပ်ကို လုံးဝဖိနှိပ်လိုက်တာလား”

“နည်းဆုံးတော့ အဆိပ်ကြောင့် ထိန်းချုပ်မခံရတော့တာပေါ့” ရှီမာယူယူ ရှင်းပြလေသည်။

“တကယ်လို့ ကျွန်တော်တို့ထိန်းချုပ်ခံရတယ်ဆိုရင် သူတို့က ကျွန်တော် တို့ကိုဘာလုပ်မှာလဲ”

“အသိစိတ်ပျောက်သွားပြီး သွေးနတ်ဆိုးသစ်ပင်ခိုင်းတာကို အကုန်လုပ် ပေးနေမှာပေါ့” ရှီမာယူယူ ရှင်းပြရာ အားလုံးသည် တအံ့တသြဖြင့် မျက်လုံး ပြူးကြလေသည် “ဒါပေါ့ အဲဒါကတော့ ကျွန်တော့်ရဲ့ခန့်မှန်းချက်သပ်သပ်ပဲ ဒါပေမဲ့ အမှန်လည်းဖြစ်နိုင်တယ်”

“တကယ်သာဆိုရင် ဒီနေ့ညတော့…”

အားလုံးသည် ဘာဖြစ်မလဲဆိုသည်ကို မတွေးရဲတော့ပေ။

ကြက်သွေးရောင်လထွက်သောညသည် မရှင်းနိုင်သော ထူးခြားသော သဘာဝဖြစ်စဉ်ဖြစ်သည်ဟု သူတို့ ယုံကြည်ခဲ့ကြသည်။ သို့သော် သူတို့ရှေ့မှ သက်သေများနှင့်ဆိုလျှင် မယုံရန်မဖြစ်နိုင်တော့ပေ။

“ညရောက်တော့မယ် ခင်ဗျားတို့ဒီမှာစောင့်နေလိုက်ကြ ကျွန်တော် မြို့ဝန်အိမ်တော်သွားကြည့်လိုက်ဦးမယ်” ရှီမာယူယူသည် ရှောင်ချီနှင့် တခြား သူများကိုပြောလိုက်သည်။

***

All Chapters