#အတွေးများထဲတွင်ချုပ်နှောင်ခံရခြင်း#
Vol. 58 Ch. 813
ကြိုးစားသောသူများက ပါရမီမရှိဘဲနဲ့ အလှမ်းဝေးဝေးကို မသွားနိုင်ပေ။
ထို့အတူ ပါရမီရှိသည့်လူတစ်ယောက် ကြိုးစားမှုမရှိဘဲ အထွတ်အထိပ်ကို မည်သောအခါမှ ရောက်နိုင်မည်မဟုတ်။
သို့စေကာမူ ပါရမီရော ကြိုးစားအားထုတ်မှုပါရှိပြီး တစ်စုံတစ်ရာကို ကိုင်တွယ်ရာ၌ အကြိမ်ရေထောင်ပေါင်းများစွာ ပြုပြင်မွမ်းမံရန်အတွက် စိတ်ဓာတ်ခိုင်မာမှုကို ပိုင်ဆိုင်ထားပါက ဒီလူ၏တာအိုက ပိုကောင်းမွန်စွာ ကြီးထွားလာလိမ့်မည်။
ကျင့်ကြံခြင်းက ဒဏ္ဍာရီလာပုံပြင်မဟုတ်။
ဒီနှစ်ခုထဲက တစ်ခုခုမရှိပါက ဒီဆူးခင်းလမ်းပေါ် လျှောက်လှမ်းနိုင်မည်မဟုတ်ပါ။
ထိုနက်ရှိုင်း၊ ရှုပ်ထွေးပြီး တိမ်သည့် ဓားအမှတ်အသားများကနေတဆင့် ဒီစီနီယာဓားနတ်ဘုရားက ဓားတာအိုလမ်းကြောင်း၌ သာမန်လူများ ယှဉ်၍မရနိုင်သည့် ကြိုးစားအားထုတ်မှုကို ထည့်သွင်းထားခဲ့ကြောင်း ယဲ့ချိုးပိုင်ပြောနိုင်သည်။
ဒါကလည်း သူဓားနတ်ဘုရားနယ်ပယ်ကို တက်လှမ်းနိုင်မည့် အကြောင်းရင်းပင်။
ယဲ့ချိုးပိုင် စိတ်ထဲရှိ ကျောက်တိုင်ရှေ့တွင် ဓားပညာရပ်များကို လေ့ကျင့်နေသည့်လူနှင့်အတူ သူ့ဓားကိုလည်း ဝှေ့ယမ်းနေသည်။
သူ့ဓားကို ပို၍မြန်ဆန်စွာ ဝှေ့ယမ်းလာလေလေ၊ ဓားတာအိုအပေါ် သူ့ရဲ့နားလည်မှုက ပို၍နက်ရှိုင်းလာလေလေဖြစ်သည်။
အချိန်ကုန်လွန်သွားသည်နှင့်အမျှ ထိုလူကလည်း လူငယ်လေးအဖြစ်ကနေ သက်လတ်ပိုင်းအရွယ်လူတစ်ဦးအဖြစ် ဖြည်းဖြည်းချင်းပြောင်းလဲသွားခဲ့သည်။
သူ့လက်ထဲကဓားကလည်း လေးသထက်ပို၍ လေးလံလာသည်။
လေးရက်မြောက်နေ့တွင် နေမင်းကြီးက အဆုံးမဲ့ပင်လယ်ဒေသ၏ ပင်လယ်ပြင်အဆင့်မှတဆင့် မြှင့်တက်လာကာ လူတိုင်း၏ကိုယ်ပေါ်သို့ နွေးထွေးစွာ ထွန်းလင်းနေသည်။
ထိုအချိန်မှာပင် ယဲ့ချိုးပိုင်၏ နယ်ပယ်ကလည်း ချိုးဖျက်သွားခဲ့ပြီး မြေအင်မော်တယ်နယ်ပယ် တစ်၀က်အဆင့်ကို ရောက်သွားခဲ့သည်။
သူ့လက်ထဲက ဓား၌ရှိသည့် အင်မော်တယ်ဓားဆန္ဒက ယဲ့ချိုးပိုင်ကို မသိစိတ်ကနေ ဝိုင်းရံနေသည်။
ဓားက ဒေါင်လိုက်ပိုင်းဖြတ်ကာ ထိုးဖောက်သွားစဉ် ဓားဆန္ဒကလည်း ဘက်ပေါင်းစုံသို့ ပစ်၀င်သွား၏။
ထိုအခိုက်အတန့်မှာပင် ယဲ့ချိုးပိုင်ရှေ့က ကျောက်တိုင်ပေါ်ရှိ ဓားအမှတ်အသားများ၌ အင်မော်တယ်ချီတစ်စွန်းတစ်စရှိလာပုံရသည်။
ထို့ထဲတွင် ဓားဆန္ဒအမျှင်တန်းများလည်း ပါ၀င်သည်။ ယဲ့ချိုးပိုင်လက်ထဲက ဓားကို ဝှေ့ယမ်းလိုက်သည်နှင့် ၄င်းတို့က သူ့ဘေးတွင် ပုံရိပ်တစ်ခုအဖြစ် သိပ်သည်းသွားကြ၏။
၎င်း၏လှုပ်ရှားမှုများနှင့် ခွန်အားက အံ့ဩသင့်ဖွယ်ကောင်းစွာပင် ယဲ့ချိုးပိုင်နှင့် လုံး၀ချွတ်စွပ်တူနေသည်။
လိန်ရှင်းယွန်နှင့် ကျန်းကျိယွမ်တို့ကလည်း ဒီမြင်ကွင်းကြောင့် ဆွဲဆောင်ခံရသည်။
ယဲ့ချိုးပိုင်က ကျောက်တိုင်၏ နက်ရှိုင်းမှုကို နားလည်သဘောပေါက်သွားပြီဖြစ်ကြောင်း သူတို့သိလိုက်ရသည်။
သူတို့တစ်ဦးကိုတစ်ဦး အကူအညီမဲ့စွာ ကြည့်လိုက်မိကြသည်။
လိန်ရှင်းယွန်ခါးသီးစွာပြုံးရင်း ညည်းတွားသည်။
"ဒီနေ့ခေတ်က လူငယ်မျိုးဆက်တွေထဲက တစ်ယောက်ချင်းစီက နောက်ဆုံးလူငယ်မျိုးဆက်တွေထက် တကယ်ကြောက်စရာကောင်းနေတာပဲ"
ကျန်းကျိယွမ်၏ အေးစက်ကာနှလုံးသားမဲ့သည့် အမူအရာက ထိုအခိုက်အတန်၌ ရှုံ့တွသွားပြီး အလွန်အမင်းကြည့်ရဆိုးသည့် အပြုံးတစ်ပွင့် သူ့မျက်နှာပေါ်၌ ပေါ်ပေါက်လာခဲ့သည်။
"ဒါပေမယ့် ငါ့မှာဒါကိုလက်ခံရုံကလွဲပြီး ရွေးချယ်စရာမရှိဘူး၊ နောက်ထပ်ရှူထောင့်တစ်ခုကနေ ပြောရမယ်ဆိုရင် အလယ်အလတ်အဆင့်ကြယ်နယ်မြေမှာ ဒီလိုဓားသမားတစ်ယောက် ပေါ်လာတယ်ဆိုတာ တကယ်ကို လက်မခံနိုင်စရာပဲ"
"သူ အလယ်အလတ်အဆင့်ကြယ်နယ်မြေတစ်ခုလုံးရဲ့ ဓားတာအိုကို အရှိန်ပြင်းစွာ ရိုက်ခတ်လာနိုင်တယ်"
လိန်ရှင်းယွန်ပြုံးရင်း ခေါင်းညိတ်သည်။
"မဆိုးဘူး"
ဒါကိုမြင်သော် ဇီရှန်းပြုံးလိုက်မိသည်။
"ဒီလူမှာ ဓားတာအိုလမ်းစဉ်မှာ သေချာပေါက် အောင်မြင်မှုတွေရှိလာလိမ့်မယ်"
ရှီရှန်းဂုဏ်ယူ၀င့်ကြွားစွာပြောသည်။
"သေချာတာပေါ့၊ ဓားတာအိုမှာ ပါရမီနဲ့ ကြိုးစားအားထုတ်မှုအရဆိုရင် အစ်ကိုကြီးထက် ပိုအားကောင်းတဲ့သူ ဘယ်သူ့ကိုမှ ကျွန်တော်မမြင်ဖူးဘူး"
ဇီရှန်း ရှီရှန်းအားပြုံးပြသည်။
"ရှင့်ကို တကယ်လေးစားအားကျနေတာပဲ"
သို့စေကာမူ ရှီရှန်း ပုံမှန်မဟုတ်သော လေးနက်သည့်အသံဖြင့်ပြောသည်။
"ကြိုးစားအားထုတ်တဲ့လူတိုင်းက လေးစားမှု၊ သင်ယူမှုတွေနဲ့ ထိုက်တန်ပါတယ်"
ဒါကိုကြားသောအခါ ဇီရှန်း ရှီရှန်းကို နောက်တစ်ကြိမ်တစ်ချက်ကြည့်ပြီးနောက် ပြုံးသည်။
"ရှင့်မှန်ပါတယ်"
ပါရမီက အရှင်သခင်ဖြစ်သည့် ဒီကမ္ဘာတွင် ကြိုးစားအားထုတ်မှုတွင်လည်း အသားပေးမှုများစွာ ပို့ဆောင်နိုင်သည့်လူများက နည်းပါးသည်။ ဒါ့အပြင် အလားတူပင် ရှီရှန်းကဲ့သို့ သန့်စင်နိုင်သည့် လူများကလည်း နည်းသထက်ပိုနည်းသည်။
တခြားသူများ ကြိုးစားအားထုတ်သောအခါ ကိုယ်ကျင့်တရားမကောင်းသောသူများက သူတို့ကို အလွန်အမင်း ကြိုးစားအားထုတ်သည့်အပေါ် လှောင်ပြောင်မည်ဖြစ်ကာ ကြိုးစားအားထုတ်ရသည့် အကြောင်းရင်းက ပါရမီမရှိသောကြောင့်ဟု ဆိုကြပေလိမ့်မည်။
များသောအားဖြင့် တခြားသူများရှေ့တွင် ထိုကြိုးစားအားထုတ်သည့်သူများက သူတို့၏ ပါရမီနည်းပါးမှုအပေါ် ဆုံးဖြတ်ဝေဖန်ခြင်းခံရမည်သာ။
စရိုက်ကောင်းသောသူများကသာ သူ့ကိုရိုးသားစွာ ချီးမွမ်းပြီး ဒါကိုအရမ်းကြီး နှလုံးသားထဲတွင် စွဲမှတ်ထားမည်မဟုတ်။
သို့စေကာမူ ရှီရှန်းက ဒီကိစ္စကို အတော်လေးလေးနက်စွာ မှတ်ယူထားသည်။
ဒါကကလည်း သူကတခြားသူများနှင့် မတူကြောင်း ပြသနေသည်။
မည်သို့ပင်ဆိုစေကာမူ ရှီရှန်းက သာမန်သေမျိုးမိသားစုတစ်စုတွင် မွေးဖွားလာသဖြင့် ဒါကပုံမှန်သာ။
သူကျင့်ကြံခြင်းဖြင့် သူ့မိဘများက ဆာလောင်မှုနှင့် အအေးဓာတ်ကြောင့် တွန်းအားပေးမခံရတော့သလို တခြားသူများ၏ အနိုင်ကျင့်ခြင်းက်ုလည်း မခံရတော့ပါ။
သူ့နယ်ပယ်က လုံလောက်အောင် မြင့်မားလာသောအခါ ဒါက သူတို့သက်တမ်းကိုလည်း တိုးမြှင့်ပေးရန်ဖြစ်သည်။
ဒီလိုဆိုပါက သူတို့ထာ၀ရအသက်ရှင် နေနိုင်ပေလိမ့်မည်။
ဒါက အမြဲလိုလို ရှီရှန်း၏အိပ်မက်ဖြစ်သည်။
အစကနေ ဒီအိပ်မက်ကပြောင်းလဲခဲ့ခြင်းမရှိပါ။
ထို့ကြောင့် သူ့အတွက် တာအိုကို ရှာဖွေမည့်လမ်းကြောင်းပေါ် တက်လှမ်းရာ၌ အလွန်အမင်းခက်ခဲခဲ့သည်။
သူပါရမီချို့တဲ့မှုနှင့် မိသားစုနောက်ခံကို ပြုပြင်ရန်အတွက် အကောင်းဆုံး ကြိုးစားခဲ့သည်။
သူလုချန်ရှန်း၏ တပည့်ဖြစ်လာသည့်တိုင် လုံး၀အပျင်းမခိုရဲပေ။
ထို့ကြောင့်လည်း သူကြိုးစားအားထုတ်သည့် အပြုအမူကို ပို၍အသားပေးတတ်သည်။
ဓားဆန္ဒထိုးထွက်လာသည်နှင့် ကျောက်တိုင်ပေါ်က ဓားဆန္ဒက ယဲ့ချိုးပိုင်၏ ဓားဆန္ဒအဖြစ် သိမ်မွေ့စွာ ပြောင်းလဲနေပုံရသည်။
သူဓားတာအိုနယ်ပယ်တွင် အဆင့်မချိုးဖျက်သေးသော်လည်း ယဲ့ချိုးပိုင်၏ ဓားဆန္ဒက ပိုပို၍လေးလံလာကာ အလားတူပင် ပို၍ထက်ရှလာတာကို ကြည့်ရှုသူများ ခံစားနိုင်ပါသည်။
ထိုအချိန်မှာပင် ယဲ့ချိုးပိုင် ဓားရေးလေ့ကျင့်နေတာကိုရပ်လိုက်ပြီး မျက်လုံးဖွင့်လိုက်၏။
လေးနက်သည့်အမူအရာဖြင့် သူကျောက်တိုင်ကို အနည်းငယ်ဦးညွတ်သည်။
ထိုအခိုက်အတန့်၌ သူ့ဘေး၌ ကျောက်တိုင်ပေါ်က ဓားအမှတ်အသားများရှိ ဓားဆန္ဒကနေ သိပ်သည်းနေသည့် ပုံရိပ်ကလည်း ပျောက်ကွယ်သွားပြီး ဓားဆန္ဒအမျှင်တန်းများအဖြစ် ပြောင်းလဲကာ ပုံရိပ်ယောင်ဓားထဲသို့ စုစည်းသွားကြ၏။
ကျောက်တိုင်လေးတိုင်၏ အလယ်ဗဟိုတွင် ပုံရိပ်ယောင်ဓားက ပို၍ပင် လုံးလုံးခိုင်ခံ့လာပုံရသည်။
ဓားကနေ အသံတစ်သံထွက်လာသည်။
"ယဲ့ချိုးပိုင်၊ မင်းပထမစမ်းသပ်မှုကို အောင်မြင်သွားပြီ"
ထိုအသံပြော၍ပြီးသွားသည်နှင့်တစ်ပြိုင်နက် ကျန်းကျိယွမ်နှင့် လိန်ရှင်းယွန်တို့က ယဲ့ချိုးပိုင်ဘေးသို့ အလျင်အမြန်ပင် လျှောက်သွားကြသည်။
ထို့နောက်သူတို့မေးသည်။
"ဒီကျောက်တိုင်နဲ့ပတ်သက်ပြီး ဘာကများ အရမ်းလျှို့ဝှက်ဆန်းကြယ်နေရတာလဲ"
သူတို့မျက်လုံးများမှတဆင့် အရေးတကြီး အမူအရာကို မြင်ရသောအခါ ယဲ့ချိုးပိုင်ပြုံးရင်းပြောသည်။
"စီနီယာတို့၊ ခင်ဗျားတို့က လျပ်တပြက်အောင်မြင်မှုအတွက် အရမ်းစိတ်အားထက်သန်လွန်းတယ်"
ကျန်းကျိယွမ်စိတ်ရှုပ်ထွေးစွာမေးသည်။
"ဘာကိုဆိုလိုတာလဲ"
"ဒီဓားအမှတ်အသားတွေက စီနီယာဓားနတ်ဘုရားက သူဓားတာအိုကိုတက်လှမ်းပြီး ဓားပညာရပ်တွေကို အဆက်မပြတ် လေ့ကျင့်ခဲ့စဉ်က ချန်ထားခဲ့တာတွေပဲ"
"သူက ဓားအမှတ်အသားပေါ်က ဓားဆန္ဒကို နားလည်ဖို့အတွက် ပြောဆိုနေတာမဟုတ်ဘူး" ယဲ့ချိုးပိုင်အပြုံးဖြင့် ပြန်ဖြေသည်။
"စီနီယာဓားနတ်ဘုရားက ဓားတာအိုထဲကို တက်လှမ်းဖို့အတွက် ကျောက်တိုင်ပေါ်မှာ သူ့ခရီးစဉ်ကို ချန်ထားခဲ့တာပါ"
ကျန်းကျိယွမ်နှင့် လိန်ရှင်းယွန်တို့ ဒါကိုကြားသောအခါ သူတို့ကြက်သေသေသွားကြ၏။
ထို့နောက် သူတို့ယဲ့ချိုးပိုင်အား လက်သီးဆုပ်ပြကြသည်။
"ငါတို့တစ်ခုခုကိုသင်ယူနိုင်ခဲ့ပါပြီ"
ဓားအင်မော်တယ်နှစ်ဦးက အင်မော်တယ်ဓားနယ်ပယ်ကို တက်လှမ်းပြီးနောက် ဓားတာအို၏ ပိုမြင့်မားသည့်နယ်ပယ်ကို ချိုးဖျက်ရန်အတွက် နည်းလမ်းတစ်ခုကို ရှာမတွေ့နိုင်ခဲ့ကြပေ။
တဖြည်းဖြည်းနှင့် သူတို့ဓားတာအို၏ မူလရည်ရွယ်ချက်ကို မေ့လျော့လာခဲ့ကြသည်။
ယင်းအစား သူတို့ ကောင်းကင်ဘုံရတနာအမျိုးအစားတစ်ချို့ သို့မဟုတ် စွမ်းအားရှင်ဓားသမားတစ်ယောက်၏ အမွေအနှစ်ကိုသာ ရှာဖွေနေခဲ့ကြသည်။
ဒါက အဆင့်ချိုးဖျက်ရန်အတွက် အခွင့်အလမ်းကို ရှာဖွေရန်ဖြစ်သည်။
ဒါကမှန်ကောင်းမှန်နိုင်သော်လည်း ဓားတာအိုအနှစ်သာရအတွက်မူ မှားယွင်းပေသည်။
ဓားတာအိုလမ်းစဉ်ကို ပြင်ပအရာများနှင့် ကူညီအားဖြည့်နိုင်သော်လည်း နေ့တာ၏အဆုံး၌ ကိုယ်တိုင်လည်း ကျင့်ကြံရန် လိုအပ်ပ်သေးသည်။
ပြင်ပပစ္စည်းများနှင့် အဆင့်ချိုးဖျက်ရန်အတွက် ရှာဖွေကြိုးစားမည့်အကြံက နက်ရှိုင်းစွာ အမြစ်တွယ်နေသောအခါ ပါရမီရှင် ဓားသမားများဖြစ်သည့် ကျန်းကျိယွမ်နှင့် လိန်ရှင်းယွန်တို့က သူတို့အတွေးများထဲတွင် ချုပ်နှောင်ခံနေကြရသည်။
ဒါကလည်း အချိန်အကြာကြီး ကျောက်တိုင်ပေါ်၌ ဝှက်ထားသည့် လျှို့ဝှက်ဆန်းကြယ်မှုကို သူတို့ရှာမတွေ့နိုင်သည့် အကြောင်းရင်းဖြစ်သည်။
ယဲ့ချိုးပိုင်၏စကားလုံးများက သူတို့ကို ဒီမူဝါဒကို နားလည်သွားစေပြီး ဓားနှလုံးသားထဲက ချိပ်စည်းကို ပွင့်သွားစေခဲ့သည်။
လိန်ရှင်းယွန်နှင့် ကျန်းကျိယွမ်တို့ ယဲ့ချိုးပိုင်အား ကျေးဇူးတင်စွာ ကြည့်လိုက်ကြ၏။
"ငါတို့နှစ်ယောက်က မင်းကို ကျေးဇူးကြွေးတစ်ခုတင်နေပါပြီ"
"တကယ်လို့အနာဂတ်မှာ တစ်ခုခုဖြစ်ပျက်လာခဲ့ရင် ငါတို့သေချာပေါက် မင်းကို ပြန်ပေးဆပ်ပါမယ်"
ဒါကိုကြားသောအခါ ယဲ့ချိုးပိုင် အံ့ဩသင့်တကြီး ပြောလိုက်မိသည်။
"ခင်ဗျားတို့တကယ်အလေးအနက် ထားနေကြတာလား"
ကျန်းကျိယွမ်နှင့် လိန်ရှင်းယွန်တို့မှာ ကြက်သေသေသွားကြ၏။
ဒီပုံစံအနေအထားက... ဘာလို့နည်းနည်း အပေါစားတန်သလို ခံစားနေရတာလဲ!
မုဖူရှန်းမျက်နှာကို ဖုံးလိုက်မိသည်။
"ဘာလို့အစ်ကိုကြီးရဲ့စရိုက်က ဆရာနဲ့ ပိုပိုပြီးတူလာနေတယ်လို့ ငါခံစားနေရတာလဲ"