#ဒုတိယအဆင့်၊ ဝူရှုပုံရိပ်ယောင်နယ်မြေ#
Vol. 58 Ch. 814
ကျန်းကျိယွမ်နှင့် လိန်ရှင်းယွန်တို့ မထွက်သွားကြပေ။
ယဲ့ချိုးပိုင်၏နားလည်မှုဖြစ်စဉ်အတွင်း သူတို့က အင်မော်တယ်ဓားနယ်ပယ်ကို ရောက်နေသည့်တိုင် ဒီကနေ အရာတစ်ချို့ကို နားလည်နိုင်ပါသေးသည်။
ဥပမာအားဖြင့် ယဲ့ချိုးပိုင် ယခုလေးတင်ပြောခဲ့သည့်အရာဖြစ်သည်။
သူတို့က တစ်နေရာတည်း၌ အချိန်အကြာကြီးရပ်နေခဲ့ရသဖြင့် အလွန်အမင်းစိုးရိမ်လာစေသည်။
ထို့ကြောင့် သူတို့၏ပါရမီကို မယုံကြည်တော့ဘဲ အမွေအနှစ်နှင့် သဘာ၀ရတနာများတွက်သာ မျှော်လင့်ချက်များကို ထယးထားခြင်းပင်။
ဒါကလည်း သူတို့ကို လှောင်အိမ်တစ်ခုထဲတွင် ပိတ်မိစေခဲ့သည်။
ဓားသမားများအတွက် ဒီလိုအရာမျိုးက အတော်လေးကြောက်စရာကောင်းသည်။
ကျန်းကျိယွမ်နှင့် လိန်ရှင်းယွန်တို့ နှစ်ပေါင်းများစွာ သီးသန့်ကျင့်ကြံခဲ့သည့်တိုင် အဆင့်မချိုးဖျက်ခဲ့ကြပေ။ ဒါက အဓိကအကြောင်းရင်း ဖြစ်လောက်သည်။
သူတို့အမြင်အရ ယဲ့ချိုးပိုင်က ငယ်ရွယ်သလို သူ့ကျင့်ကြံခြင်းနယ်ပယ်က သူတို့ထက် နိမ့်ကျသော်လည်း ဓားတာအိုနှင့် ပတ်သက်လာပါက ဓားတာအိုအပေါ် ယဲ့ချိုးပိုင်၏ နားလည်နိုင်စွမ်းက သူတို့နှစ်ယောက်ထက်ပင် ပိုအားကောင်းသည်။
မဟုတ်ပါက သူတို့ထက်နှစ်များစွာ နောက်ကျပြီးမှ ကျင့်ကြံခဲ့ပြီး မြေအင်မော်တယ်နယ်ပယ် တစ်၀က်အဆင့်တွင်သာ ရှိသည့် သူ့ဓားတာအိုက ဘယ်လိုလုပ် အင်မော်တယ်ဓားနယ်ပယ်ကို ရောက်ပြီး သူတို့နှင့် တန်းတူရပ်တည်နိုင်မည်နည်း။
သို့တိုင် ကောင်းကင်အင်မော်တယ်ဓားသမားနှစ်ယောက်က ဒီနေရာ၌စောင့်နေကြပြီး ဂျူနီယာလေးတစ်ယောက်ဆီကနေ နားလည်မှုကို ရှာဖွေနေကြ၏။
အကယ်၍ ဒီကိစ္စက ပြင်ပကမ္ဘာသို့ ပျံ့သွားမည်ဆိုပါက ကြီးမားသည့် ဆူပူအုံကြွမှုတစ်ခုကို ဖြစ်ပျက်သွားစေလိမ့်မည်။
ထိုအချိန်တွင် မနီးမဝေးတစ်နေရာမှ ပုံရိပ်သုံးခုရောက်လာသည်။
မဟာအကြီးအကဲ ဒီမြင်ကွင်းကိုမြင်သောအခါ အနည်းငယ်ကြက်သေသေသွားသည်။
ထို့ထဲတွင် မြင့်မြတ်အဆောင်ဂိုဏ်း၏ ဒုတိယအကြီးအကဲနှင့် တတိယအကြီးအကဲတို့နှစ်ဦးစလုံး ရောက်လာခဲ့ကြသည်။
သို့သော် မဟာအကြီးအကဲက ဒီနှစ်ယောက်ကြောင့် အံ့ဩသွားရခြင်းမဟုတ်ပါ။
နောက်ဆုံးလူက အဆင့်မြင့်မဟာအကြီးအကဲတစ်ဦးဖြစ်နေသောကြောင့်ပင်။
ဒီလူငယ်တွေရဲ့ကိစ္စက တကယ်ပဲ အဆင့်မြင့်မဟာအကြီးအကဲကိုတောင် ဆော်ဩနိုင်ခဲ့တာလား!
ဂိုဏ်းချုပ် မုဖူရှန်းကဲ့သို့ ဂျူနီယာတွေကို ဘယ်လောက်ထိ တန်ဖိုးထားသလဲဆိုတာ မဟာအကြီးအကဲ လျှော့တွက်မိခဲ့သည်။
"ဘယ်လိုလဲ" မုတ်ဆိတ်ဖြူအကြီးအကဲက မဟာအကြီးအကဲကို ကြည့်ကာမေးသည်။
"ရန်သူဘယ်မှာလဲ၊ ငါဘာလို့ ဘာပဋိပက္ခအော်ရာကိုမှ မခံစားရတာလဲ"
"အာ......" မဟာအကြီးအကဲအနည်းငယ် ရှက်သွားပုံရသည်။ လက်ရှိအခြေအနေကို အဆင့်မြင့်မဟာအကြီးအကဲကို ဘယ်လိုအစီရင်ခံတင်ပြရမည်မှန်း သူမသိတော့။
အရေးကြီးအချိန်အခါတွင် မုဖူရှန်းရှေ့တိုးလာသည်။
"အကြီးအကဲ၊ ရန်သူက မဟာမိတ်ဖြစ်သွားပါပြီ"
ဘယ်လို!!
မုတ်ဆိတ်ဖြူအကြီးအကဲ ဇဝေဇဝါဖြစ်သွားရသည်။
သူ့ဘေးက ဒုတိယနှင့်တတိယအကြီးအကဲတို့ပင် ကြက်သေသေသွားကြ၏။
ရန်သူက မဟာမိတ်ဖြစ်သွားတာလား!
ဒါဘယ်လိုစစ်ဆင်ရေးမျိုးလဲ!
တစ်ယောက်ယောက်က အမွေအနှစ်ကို လုယူဖို့လာနေတယ်လို့ သူတို့ပြောခဲ့တာမလား!
"မင်းတို့ အမွေအနှစ်ကို တခြားသူကိုပေးခဲ့ကြတာလား" အကြီးအကဲပိုင်ချူ လေးနက်သည့်အသံဖြင့် မေးသည်။
ဒါက သူတွေးနိုင်သည့်တစ်ခုတည်းသော ဖြစ်နိုင်ချေပင်။
မဟုတ်ပါက ကောင်းကင်အင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်က ဓားအင်မော်တယ်နှစ်ယောက်က ရန်သူအဖြစ်ကနေ ဘယ်လိုလုပ် အလွယ်တကူ မိတ်ဆွေအဖြစ် ပြောင်းလဲသွားနိုင်မည်နည်း။
ဒါ့အပြင် ဒီနေရာကအမွေအနှစ်ကို ဓားနတ်ဘုရားချန်ထားခဲ့ခြင်းပင်။
ဒါက ဓားသမားများအတွက် ဘယ်လောက်ပင် ဆွဲဆောင်အားကောင်းလေသနည်း။
မုဖူရှန်း ဖြစ်ပျက်ခဲ့တာကို ပြန်ပြောပြီးမှသာ အကြီးအကဲသုံးဦး နားလည်သဘောပေါက်လာရသည်။
သို့စေကာမူ သူတို့နားလည်သွားသည့် အခိုက်အတန့်၌ ယဲ့ချိုးပိုင်အား ထူးဆန်းစွာ ကြည့်လိုက်မိကြ၏။
မြေအင်မော်တယ်နယ်ပယ်တစ်၀က်အဆင့် ဂျုနီယာလေးတစ်ယောက်က ကောင်းကင်အင်မော်တယ်နယ်ပယ်က ဓားအင်မော်တယ်နှစ်ပါးကို တစ်စုံတစ်ရာကို နားလည်စေပြီး တစ်ဘက်က လူကို စိတ်ပါလက်ပါ ကျေးဇူးတင်လာအောင်တောင် လုပ်ခဲ့တာလား!
ဒါက ကောင်းကင်အင်မော်တယ်ဆီမှ ကျေးဇူးဖြစ်သည်။ ဒါ့အပြင် သူတို့က နှစ်ယောက်ဖြစ်နေသေးသည်။
ထိုအချိန်တွင် သူတို့ယဲ့ချိုးပိုင်အား ကြည့်သောအခါ ယဲ့ချိုးပိုင်၏မျက်လုံးများက ထုံထိုင်းနေပြီး မြေပေါ်၌ အမြစ်တွယ်နေသည့်ပမာ ရပ်နေတာကို တွေ့လိုက်ရသည်။
သို့စေကာမူ သူ့အသက်ရှူသံက တစ်ခါတစ်လေတည်ငြိမ်ပြီး တစ်ခါတစ်လေမြန်ဆန်သည်။
သူ့ကိုယ်ကနေ အင်မော်တယ်ဓားနယ်ပယ် ဓားဆန္ဒက မသိစိတ်ကနေတဆင့် စိမ့်ထွက်နေသည်။
ကျန်းကျိယွမ်နှင့် လိန်ရှင်းယွန်တို့ တစ်ချိန်တည်းမှာပင် လေးနက်သောအသံများနှင့် ပြောလိုက်ကြ၏။
"ပုံရိပ်ယောင်နယ်မြေ"
ကျောက်တိုင်လေးတိုင်တွင် ဆန်းကြယ်သည့်အော်ရာတစ်ခု မျောလွင့်လာပြီး ယဲ့ချိုးပိုင်အား လွှမ်းခြုံသွား၏။
ဇီရှန်းနူးညံ့စွာပြောသည်။
"ကြည့်ရတာ ဒုတိယစမ်းသပ်မှုက ပုံရိပ်ယောင်နယ်မြေတစ်ခုဖြစ်ပုံပဲ"
မြင့်မြတ်အဆောင်ဂိုဏ်း၏ တတိယအကြီးအကဲက စိတ်ရှုပ်ထွေးနေသည်။
"ဓားသမားတွေအတွက် ပုံရိပ်ယောင်တွေက ချိုးဖျက်ရတာ အလွယ်ဆုံးမဟုတ်ဘူးလား"
သို့စေကာမူ လိန်ရှင်းယွန်ခါးသီးစွာ ပြုံးရင်း ခေါင်းခါယမ်းသည်။
"ဒါကမှန်တယ်ဆိုပေမယ့် အမွေအနှစ်စမ်းသပ်မှုကို ချန်ထားခဲ့တာက ဓားနတ်ဘုရားတစ်ပါးပဲ၊ ဓားနတ်ဘုရားက ချမှတ်ခဲ့တဲ့ ပုံရိပ်ယောင်စမ်းသပ်မှုက ဓားသမားတွေအတွက် အားနည်းချက်တွေကနေ တိုက်ခိုက်နိုင်တယ်"
လိန်ရှင်းယွန်၏စကားလုံးများကို ကြားသောအခါ လူတိုင်း၏ အမူအရာများက လေးနက်သွားကြ၏။
မှန်ပေသည်။ ဓားသမားများအပေါ် ဓားနတ်ဘုရားတစ်ပါး၏ နားလည်မှုက အလွန်အမင်းနက်ရှိုင်းသည်။
ဒီလိုဆိုပါက သူချထားသည့် ပုံရိပ်ယောင်လှည့်စားမှုက ဓားသမားတစ်ယောက်ဖြစ်သည့် ယဲ့ချိုးပိုင်အတွက် ဘယ်လိုလုပ် သာမန်ဖြစ်တော့မည်နည်း။
ထိုအချိန်တွင် နင်းချန်ရှင်းပြောသည်။
"မစိုးရိမ်ပါနဲ့၊ အစ်ကိုကြီးရဲ့ဓားနှလုံးသားက မထိုးဖောက်နိုင်ဘူး၊ သူဒီစမ်းသပ်မှုကို သေချာပေါက် ချောမွေ့စွာအောင်မြင်မှာပါ"
"အဲလိုပဲ မျှော်လင့်ပါတယ်"
.....
ထိုအချိန်တွင် ပုံရိပ်ယောင်လှည့်စားမှုထဲ ကျရောက်နေသည့် ယဲ့ချိုးပိုင်မှာ လေးနက်သည့်အမူအရာဖြင့် ရှေ့က မြင်ကွင်းကို ကြည့်နေသည်။
သူ့ရှေ့တွင် ကျောက်တိုင်သုံးတိုင်ကို သူမြင်ပြီး ကျောက်တိုင်၌ လူသုံးယောက်ရှိသည်။ သူတို့က မုဇီရှင်းနှင့် မျက်နှာမမြင်ရသည့် လူတစ်ယောက်ဖြစ်သည်။ သို့စေကာမူ သူ့ခန္ဓာနှင့် သူ့အပေါ်ယဲ့ချိုးပိုင်၏ ရင်းနှီးမှုကနေတဆင့် ဒီလူက သေချာပေါက် သူ့ဆရာဆိုတာ သူပြောနိုင်ပါသည်။
သူ့ကိုယ်ခန္ဓာကနေတဆင့် ဘယ်သူလဲဆိုတာ သူပြောနိုင်သော်လည်း ဘာကြောင့် သူ့မျက်နှာကို မမြင်နိုင်ရလေသနည်း။
တကယ်တမ်းတွင် ဒါက လုချန်ရှန်း၏ လက်ရာတစ်ခုပင်။ ဒါက တခြားသူများအား သူ့မှတ်ဉာဏ်များကို စူးစမ်းရှာဖွေခြင်းကနေ တားဆီးရန်ဖြစ်သည်။
အကယ်၍ ပုံရိပ်ယောင်လှည့်စားမှုတစ်ခုကို ဖန်တီးလိုပါက မှတ်ဉာဏ်၏ အနက်ရှိုင်းဆုံးအပိုင်းကနေ အကျွမ်း၀င်ဆုံးလူကို မီးမောင်းထိုးပြရန် လိုအပ်သည်။
ထို့ကြောင့် လုချန်ရှန်း တပည့်တိုင်း၏ မှတ်ဉာဏ်၌ သူ့ကိုယ်ပိုင်လက္ခဏာကို ချိပ်ပိတ်ပစ်ခဲ့သည်။
ဒါက သူ့တို့၏မှတ်ဉာဏ်များကို သူလျှိုလုပ်နေသည့်လူများနှင့် မှတ်ဉာဏ်၏ ထင်ဟပ်မှုကနေတဆင့် သူ့ကိုယ်ပိုင်လက္ခဏာကို ရှာတွေ့သွားခြင်းကနေ ကာကွယ်တားဆီးရန် ဖြစ်သည်။
ကျောက်တိုင်တခြားတစ်ခုတွင် ဓားဆန္ဒကနေ ဖန်တီးထားသည့် ဓားတစ်လက်ရှိသည်။
ဒီဓားက ယဲ့ချိုးပိုင်၏ တစ်သက်တာဓားတာအိုနှင့် ဓားနှလုံးသားကို ကိုယ်စားပြုသည်။
ကျောက်တိုင်သုံးခုပေါ်တွင် သူတို့နှစ်ဦးနှင့် ဓားတာအိုနှင့်ဓားနှလုံးသားတို့ကို သံကြိူးများနှင့် ရစ်ပတ်ထားသည်။
သူတို့ရင်ဘတ်များ၌ စိတ်ဝိဉာဉ်များကိုပင် ဆန့်ကျင်ဖိနှိပ်ထားသည့် ဓားတစ်လက်ရှိသည်။
အကယ်၍ နောက်ထပ်အနည်းငယ်သာ ရှေ့သို့ တွန်းလိုက်မည်ဆိုပါက ဒီဓားကြောင့် သူတို့၏ဝိဉာဉ်က ကြွေမွပျက်စီးသွားရပေလိမ့်မည်။
မုဇီရှင်း မည်သည့်စကားမှလည်းမဆိုသလို ဘယ်ဘက်က ကျောက်တိုင်အား ဆန့်ကျင်ရုန်းကန်ခြင်းလည်းမရှိဘဲ ယဲ့ချိုးပိုင်အား နူးညံ့စွာသာ ကြည့်နေသည်။
သို့စေကာမူ သူမ၏မျက်နှာ၌ ယဲ့ချိုးပိုင်ကို ယခုလိုပြောဆိုနေသည့်ပုံပေါ်သည့် ခါးသီးနေသော အမူအရာတစ်ခုရှိနေသည်။
"နင်မှန်တယ်ထင်တာကိုပဲလုပ်၊ ငါ့ကို စိုးရိမ်စရာမလိုဘူး"
အလယ်တွင် ချည်နှောင်ထားသည့် ဓားတာအိုနှလုံးသားနှင့်အတူ ညာဘက်က မျက်နှာမဲ့ လုချန်ရှန်းအတွက်မူ မည်သည့်အမူအရာမှလည်းမရှိသလို စကားလုံးများနှင့် မည်သည့်အကြည့်မှလည်းမရှိပါ။
မည်သို့ပင်ဆိုစေကာမူ သူ့မျက်နှာက ထင်ဟပ်မနေပေ။
ထိုအချိန်တွင် ပုံရိပ်ယောင်လူတစ်ယောက်က ယဲ့ချိုးပိုင်ဘေးတွင် ပေါ်လာပြီး ထူးမခြားနားစွာပြောသည်။
"မင်းဒီသုံးခုထဲက တစ်ခုပဲရွေးလို့ရမယ်"
"ကျန်တဲ့ဟာတွေက ဖျက်ဆီးခံရမယ်၊ မဟုတ်ရင် အသတ်ခံရမယ်"
ဒါက ယဲ့ချိုးပိုင်ကို ဒီသုံးခုကြားတွင် ရွေးခိုင်းနေတာ ရှင်းနေသည်။
"သေချာတာပေါ့၊ မင်းငါ့ကိုအနိုင်ယူပြီး ဒီပုံရိပ်ယောင်လှည့်စားမှုကို အတင်းချိုးဖျက်ဖို့ကို တွေးနေစရာမလိုဘူး၊ မင်းရဲ့လက်ရှိခွန်အားက ဒီပုံရိပ်ယောင်ကို ချိုးဖျက်ဖို့ မလုံလောက်သေးဘူး"
တစ်ဘက်လူက ဒါကပုံရိပ်ယောင်လှည့်စားမှုတစ်ခုဆိုသောအချက်ကို ဖုံးကွယ်မထားပေ။
ဒါက ပုံရိပ်ယောင်လှည့်စားမှုတစ်ခုဆိုတာ ယဲ့ချိုးပိုင်လည်း သိပါသည်။
သို့စေကာမူ ပုံရိပ်ယောင်ထဲတွင်ပင် ဒီမြင်ကွင်း၏ ရွေးချယ်မှုက ယဲ့ချိုးပိုင်၏ နှလုံးသားကိုပါ သက်ရောက်စေသည်။
မုဇီရှင်းဖြစ်စေ၊ လုချန်ရှန်းဖြစ်စေ သူတို့သာ ပုံရိပ်ယောင်ထဲတွင် အသတ်ခံရမည်ဆိုပါက ယဲ့ချိုးပိုင် အလွန်အမင်း အပြစ်ရှိသည့်ပမာ ခံစားရပေလိမ့်မည်။
ဒါက ဝူရှူပုံရိပ်ယောင်နယ်မြေ၏ စွမ်းအားပေတည်း။
ဒါက ပုံရိပ်ယောင်ထဲတွင် ပြုလုပ်သည့် ရွေးချယ်မှုများ၏ သက်ရောက်မှုကို အဆုံးမဲ့တိုးချဲ့နိုင်ပါသည်။
"အခု၊ မင်းရွေးချယ်မှုလုပ်လို့ရပြီ"