← Chapters

#အစ်ကိုကြီးရေ၊ ကျွန်တော်က အကြွင်းအကျန်ဝိဉာဉ်တစ်ခုပါပဲ#

Vol. 58 Ch. 815

#အစ်ကိုကြီးရေ၊ ကျွန်တော်က အကြွင်းအကျန်ဝိဉာဉ်တစ်ခုပါပဲ#

Vol. 58 Ch. 815

ဓားနတ်ဘုရားပြောဆိုသည့် ပုံရိပ်ယောင်စမ်းသပ်မှုတွင် ဓားသမားများအပေါ် ကြီးမားသည့် သက်ရောက်မှုတစ်ခုရှိသည်။

ဒါက ဝူရှုပုံရိပ်ယောင်နယ်မြေ၏ သက်ရောက်မှုပေတည်း။

ပုံရိပ်ယောင်လှည့်စားမှုထဲ ကျသွားသူများက ပုံရိပ်ယောင်လှည့်စားမှုထဲတွင် သူတို့လုပ်ခဲ့သည့် ရွေးချယ်မှုများအတိုင်း လုပ်ရမည်ဖြစ်ကာ အတွေးများကို ချဲ့ထွင်ရမည်။

ဆိုလိုတာက ယဲ့ချိုးပိုင်ဘာကို ရွေးရွေး၊ တခြားနှစ်ဦးကို ဆုံးရှုံးပြီးတာနှင့် ဒါက သူ့စိတ်အခြေအနေကို တုန်လှုပ်စေမည်ဖြစ်သလို လူတစ်ယောက်နှင့် အရာ၀တ္ထုတစ်ခုကို ဆုံးရှုံးပြီးနောက် ကိုယ့်ကိုကိုယ်အပြစ်တင်ပြီး နောင်တရနေပေလိမ့်မည်။

ဒီမြင်ကွင်းကို မြင်သည့်တိုင် ယဲ့ချိုးပိုင်၏ အမူအရာက လုံး၀ပြောင်းလဲသွားခြင်းမရှိပေ။ ဒါက သူရွေးချယ်မှုတစ်ခု လုပ်ထားပြီးသည့်အလားပင်။

သူအတော်လေးယုံကြည်မှုရှိနေပုံရသည်။

"ကျွန်တော့်ခွန်အားနဲ့ ဒီပုံရိပ်ယောင်လှည့်စားမှုကို မချိုးဖျက်နိုင်ဘူးမလား"

ထိုလူကခေါင်းညိတ်သည်။

"မင်းရဲ့ဓားတာအိုက ဓားနတ်ဘုရားနယ်ပယ်ကို မရောက်သေးသရွေ့ပေါ့"

"ကျွန်တော့်နားလည်ပါတယ်" ယဲ့ချိုးပိုင် တစ်ခဏမျှ တွေးပြီးနောက် ရင်ဘတ်ကြားကနေ ကျောက်စိမ်းဆွဲသီးတစ်ခုကို ထုတ်ယူလိုက်၏။

ဒါကိုမြင်သောအခါ ပုံရိပ်ယောင်လူက အနည်းငယ် ကြက်သေသေသွားသည်။

သူဘာလုပ်ဖို့ကြိုးစားနေတာလဲ!

ထိုအချိန်တွင် ယဲ့ချိုးပိုင်ရေရွတ်သည်။

"တကယ်လို့ ဓားတာအိုနှလုံးသားပေါ် စွန့်လွှတ်ခြင်းက ဆရာနဲ့ဇီရှင်းကို ဒုက္ခကနေ ကယ်တင်နိုင်နယ်ဆိုရင် ကျွန်တော့ဓားတာအိုနှလုံးသားကို စွန့်လွှတ်ဖို့အတွက် တိုက်ရိုက်ရွေးချယ်ဖို့ကို တုံ့ဆိုင်းနေမှာ မဟုတ်လောက်ဘူး"

"ကျွန်တော့် ဓားတာအိုနဲ့ ဓားနှလုံးသားကို ထပ်ပြီးကျင့်ကြံနိုင်တာပဲလေ၊ ကျုပ်အစကနေ မစခဲ့ဖူးတာ ကြနေတာပဲ"

ယဲ့ချိုးပိုင်အတွက် ကန္တရာဒေသ၏ သူ့ကျင့်ကြံခြင်းပါရမီကို တစ်ခါဆုံးရှုံးခဲ့ရဖူးသည်။

ထိုလူမျက်မှောင်ကြုတ်သည်။

"လူတစ်ယောက်က ဘယ်လောက်ပဲ အားကောင်းနေပါစေ သူ့အတွက် အကျပ်အတည်းကာလမှာ ပိတ်မိနေတဲ့ အချိန်တွေဆိုတာ ရှိမှာပဲ၊ အဲဒီအချိန်ကျရင် ဒီလိုရွေးချယ်မှုမျိုးနဲ့လည်း ရင်ဆိုင်ရလိမ့်မယ်"

"ဓားသမားတွေနဲ့ ကျင့်ကြံသူတွေအတွက်လည်း အတူတူပဲ'

ယဲ့ချိုးပိုင်ပြုံးသည်။

"ဒီတော့ ဒီအကြောင်းကိုပြောကြရအောင်၊ သေချာတာပေါ့၊ ဒီလိုအခြေအနေထဲ မကျရောက်ဖို့အတွက် ကျွန်တော်ပိုပြီးအားကောင်းလာအောင် ကြိုးစားရမယ်"

သို့စေကာမူ ထိုလူခေါင်းခါယမ်းသည်။

"မင်းက နုံအလွန်းသေးတယ်၊ မင်းဘယ်လောက်ပဲ အားကောင်းပါစေ၊ မင်းထက်ပိုအားကောင်းတဲ့ သူဆိုတာ ရှိနေမှာပဲ"

"ဒါ့အပြင် ဒီအခြေအနေကနေ မင်းဘယ်လိုချိုးဖျက်လွတ်မြောက်အောင် လုပ်မလဲ"

"မင်းခွန်အားနဲ့ဆိုရင် ပုံရိပ်ယောင်လှည့်စားမှုကနေ အတင်းချိုးဖျက်ပြီး မင်းရှေ့က လူနှစ်ယောက်ကို ကာကွယ်ဖို့ လုံး၀မလုံလောက်ဘူး"

"ဟုတ်တာပေါ့" ယဲ့ချိုးပိုင်ပြုံးသည်။

"ကျွန်တော့်ရဲ့ကိုယ်ပိုင်ခွန်အားနဲ့ဆိုရင် မလုံလောက်ပါဘူး၊ ဒါပေမယ့် ကျွန်တော်အပြင်ပအရာတွေကို မှီခိုအားကိုးလို့ မရဘူးလို့ ခင်ဗျားမပြောခဲ့ဘူးလေ"

ထို့နောက် ယဲ့ချိုးပိုင် လက်ထဲက ကျောက်စိမ်းဆွဲသီးကို ကောင်းကင်ပေါ် ပစ်လိုက်၏။

ကျောက်စိမ်းဆွဲသီးထဲတွင် ဓားတာအိုနိယာမက ထိုးထွက်လာခဲ့သည်။

ထိုလူဒီမြင်ကွင်းကိုမြင်သောအခါ ထိတ်လန့်တုန်လှုပ်သွားရသည်။

ဒီဓားတာအိုနိယာမက သူ့ဓားနတ်ဘုရားဓားဆန္ဒထက် အဆပေါင်းများစွာ ပိုအားကောင်းသည်။

သူ့အထွတ်အထိပ်အဆင့်တွင်ပင် ဒီဓားတာအိုကို ခုခံဖို့အတွက် မည်သည့်အခွင့်အလမ်းမှ ရှိမည်မဟုတ်။

ဓားနတ်ဘုရားနယ်ပယ်က ဓားတာအိုနိယာမ၏ ကနဦးအဆင့်ကို တက်လှမ်းနေပြီဖြစ်သည့် နယ်ပယ်တစ်ခုဟု ဆို၍ရသည်။

သို့စေကာမူ ဓားတာအိုက အ‌လွန်အမင်းသန့်စင်စင်ကြယ်သည့် ဓားတာအိုနိယာမဖြစ်သည်။

ဒီဓားတာအို၏ပိုင်ရှင်က ဓားတာအိုအားလုံး၏ ပိုင်ရှင်အလားပင်။

ယဲ့ချိုးပိုင်ပြုံးရင်း မော့ကြည့်သည်။

ဓားဆန္ဒထွက်ပေါ်လာသောအခါ ကျိုးပဲ့သွားသည့် ကျောက်စိမ်းဆွဲသီးကနေ အဖြူ၀တ်ပုံရိပ်တစ်ခု ထွက်လာသည်။

၀တ်စုံဖြူက အောက်ကိုငုံ့ကြည့်ရင်း အကူအညီမဲ့စွာပြောသည်။

"ဒီတစ်ကြိမ် မင်းဘာပြဿာနာတွေ ဖန်တီးထားပြန်ပြီလဲ"

ယဲ့ချိုးပိုင်လက်အစုံကို အားကိုးရာမဲ့စွာ ဖြန့်လိုက်သည်။

"ဆရာ၊ ကျွန်တော်ပုံရိပ်ယောင်နယ်မြေတစ်ခုထဲ ကျသွားလို့"

"ပုံရိပ်ယောင်နယ်မြေ" လုချန်ရှန်းပုံရိပ်က အနည်းငယ်ကြက်သေသေသွားသည်။

"ဒါက ကျိုးပဲ့နေသည့် ပုံရိပ်ယောင်နယ်မြေတစ်ခုပဲလေ၊ မင်းဘာလို့ငါ့ကို ဒီကိုလာဖို့ တောင်းဆိုနေရတာလဲ"

လုချန်ရှန်း စကားပြောနေရင်း ၀န်းကျင်ကို ကြည့်လိုက်သောအခါ တစ်ချက်တည်းနှင့် ဝူရှုပုံရိပ်ယောင်နယ်မြေ၏ တည်ဆောက်ပုံနှင့် အခြေခံမှုများကို မြင်နိုင်ခဲ့သည်။

ထို့နောက် သူနှုတ်ခမ်းသပ်ရင်းပြောသည်။

"အင်း၊ ဒီပုံရိပ်ယောင်လှည့်စားမှုရဲ့ သက်ရောက်မှုက မဆိုးပါဘူး၊ ဒါပေမယ့် ဟာကွက်တွေအများကြီးပဲ"

"ဥပမာ၊ ဒီနေရာ....."

"ဒီမှာလည်းရှိတယ်....."

တစ်ခဏအကြာတွင် ထိုလူက ခေါင်းမော့ကာ သူခက်ခဲစွာဖန်တီးထားသည့် ပုံရိပ်ယောင်လှည့်စားမှုနယ်မြေအပေါ် သူ့ကို အကြံပေးနေသည့် လုချန်ရှန်းကို စိုက်ကြည့်လိုက်၏။

အဆုံးသတ်တွင် တစ်ဘက်လူက မိနစ်အနည်းငယ်အတွင်း အနည်းဆုံး ချွင်းချက်ဟာကွက်သုံးဆယ်ကနေ လေးဆယ်အထိ ထောက်ပြခဲ့သည်။

ဒါ့အပြင် ဒီဟာကွက်တွေကို သူမငြင်းနိုင်ပေ။

အစ်ကိုကြီးရေ၊ ကျွန်တော်ကဓားသမားတစ်ယောက်ပါ၊ အခင်းအကျင်းဆရာမဟုတ်ဘူး!

ဟာကွက်တစ်ခုနှစ်ခုရှိတာက ပုံမှန်ပဲမလား!

အခုလိုမျိုးတိုက်ခိုက်စရာ လိုလို့လား!

ကျွန်တော်က သေပြီးသားဆိုရင်တောင်မှ နည်းနည်းတော့ မျက်နှာသာပေးဦးလေ၊ ဘာပဲဆိုဆို ကျွန်တော်လည်းဓားနတ်ဘုရားတစ်ပါးပါပဲ!

လုချန်ရှန်း ယဲ့ချိုးပိုင်အား အထင်အမြင်သေးစွာကြည့်သည်။

"ဒီလိုပေါက်ကရကိစ္စအတွက် မင်းငါ့ကို ခေါ်လိုက်တာလား၊ မင်းကတကယ်ကို တခုခုတော့ တခုခုပဲ ယဲ့ချိုးပိုင်"

ယဲ့ချိုးပိုင် ခပ်ရှက်ရှက်ပြုံးရင်း ခေါင်းကုတ်လိုက်သည်။ ထို့နောက် သူတစ်စုံတစ်ရာကို တွေးမိသွားသည့်အပေါ် ကျောက်တိုင်သုံးတိုင်အား လက်ညိုးထိုးပြသည်။

"အဓိကကတော့ ကျွန်တော်ဒီပုံရိပ်ယောင်လှည့်စားမှုကို ချိုးဖျက်ဖို့အတွက် လုံလောက်အောင် အားမကောင်းသေးလို့ပါ၊ ဒါပေမယ့် ကျွန်တော်သာ ပုံရိပ်ယောင်လှည့်စားမှုကို ချိုးဖျက်ချင်တယ်ဆိုရင် တစ်ခုကိုရွေးပြီး ကျန်နှစ်ခုကို စွန့်လွှတ်ရမယ်"

"ကျွန်တော့်ဆရာ့ကို နှလုံးသားထဲကနေ သေချာပေါက်ရွေးချယ်မှာ ဆိုပေမယ့် ဇီရှင်းကိုလည်း အဆုံးရှုံးမခံနိုင်ဘူး"

ဘုရားရေ!

ယဲ့ချိုးပိုင်!

မင်းကတော့ လုံး၀လမ်းမလွဲသွားတော့ဘူးဘဲ!

ဒါကိုကြားပြီးနောက် ယဲ့ချိုးပိုင်၏ ခေါ်ဆိုမှုအပေါ် လုချန်ရှန်း၏ဒေါသက အနည်းငယ် ပြေပျောက်သွားသည်။

သူအေးစက်စွာ နှာခေါင်းရှုံ့သည်။

"ငါမင်းကို အကြောင်းမဲ့ပျိုးထောင်မိခဲ့တာ မဟုတ်ဘူးဘဲ"

ထို့နောက် လုချန်ရှန်း ထိုလူကိုကြည့်ရင်း မေးသည်။

"သူကရန်သူလား၊ အင်း၊ သူက အကြွင်းအကျန်ဝိဉာဉ်တစ်ခုသာသာ ဆိုပေမယ့် အနာဂတ်ပြဿာနာတွေကနေ ကာကွယ်ဖို့အတွက် မင်းသူ့ကိုသတ်ပစ်သင့်တယ်"

ထိုလူ၏အမူအရာက ချက်ချင်းပြောင်းလဲသွား၏။

အစ်ကိုကြီး...မဟုတ်ဘူး၊ စီနီယာ!

ကျွန်တော်က အများကြီးမကျန်ရှိတော့တဲ့ အကြွင်းအကျန်ဝိဉာဉ်တစ်ခုပါပဲ!

အနာဂတ်ပြဿာနာတွေကနေ ကာကွယ်ဖို့အတွက် ကျွန်တော့်ကို သတ်ချင်တယ်လို့ ပြောနေတာလား!

ဒါ့အပြင် ကျွန်တော်က ရန်သူမဟုတ်ပါဘူး!

မိနစ်အနည်းငယ်အတွင်းမှာပင် ထိုလူ၏နှလုံးသားက စိတ်ပျက်မှုနှင့်မကျေနပ်မှုကနေ အကြောက်တရားအဖြစ် ပြောင်းသွားရသည်။

ဒါက ရိုလာကိုစတာကဲ့သို့ပင် တက်လိုက်၊ ကျလိုက်ဖြစ်နေသည်။

အာ၊ မဟုတ်ဘူး၊ ငါကဘယ်တော့မှ စိတ်အခြေအနေပျက်ယွင်းတာမျိုး မရှိဘူးလေ၊ ဒါက အတက်အကျက အရင်ကထက် နည်းနည်းပိုမတည်ငြိမ်ရုံပါပဲ!

ယဲ့ချိုးပိုင် အလျင်အမြန် လက်ဝှေ့ယမ်းသည်။

"မဟုတ်ပါဘူး၊ ဆရာ၊ သူကအမွေအနှစ်ပိုင်ရှင်ပါ၊ ကျွန်တော်စမ်းသပ်မှုတစ်ခုကို ကျော်ဖြတ်နေတာပါ"

"အာ၊ တကယ်လား"

လုချန်ရှန်း သူ့အမူအရာကို အလျင်အမြန် ပြောင်းလိုက်သည်။

သူ့၏အမူအရာက သိသိသာသာဆိုသလို တစ်ခဏအတွင်းမှာပင် ပြောင်းလဲသွားခဲ့ပြီး လက်အစုံကိုပွတ်သပ်ရင်း တောင်းပန်စွာပြုံးသည်။

"ညီအစ်ကိုရေ၊ ဒါကနားလည်မှုလွဲတာပါ၊ ဟုတ်ပါတယ်၊ နားလည်မှုလွဲတာပါပဲ"

"ဒီလိုဆိုရင်ရော၊ ငါမင်းကိုမသတ်တော့ဘူး၊ အချိန်ကျလာတဲ့အခါကျရင် မင်းမှာ ကောင်းတာတခုခုရှိရင် ဒီကောင်စုတ်လေးကိုပဲ အကုန်ပေးလိုက်"

"ဘာပဲဆိုဆို မင်းကလည်း ပြီးတော့မှာမလား၊ ငါ့တပည့်ကို မင်းရဲ့အကြွင်းအကျန် အရာတွေကို မီးမောင်းထွန်းခွင့်ပေးတာ မကောင်းဘူးလား၊ မင်းရောဒီလိုမထင်ဘူးလား"

ထိုလူ "......"

ငါက သေလုမျောပါးဖြစ်နေပြီလို့ မင်းဆိုလိုနေတာလား!

ဒါကအမှန်တရားဆိုရင်တောင် မင်းပြောတဲ့အချိန် ဘာလို့အရမ်းမှားယွင်းနေတယ်လို့ ငါခံစားနေရတာလဲ!

ကောင်းပါပြီ၊ အခုမင်းက ငါ့ရဲ့စိတ်ပျက်မှု၊ မကျေနပ်မှုနှင့် အကြောက်တရားအပေါ် ဒေါသကိုပါ ဖြည့်ပေးလိုက်တာပဲ!

ထို့နောက် လုချန်ရှန်း ယဲ့ချိုးပိုင်ကို ကြည့်လိုက်၏။

"ယဲ့ချိုးပိုင်၊ ကျေးဇူးပြုပြီး.... အာ၊ မဟုတ်ဘူး၊ မင်းစီနီယာကို လေးစားပါ၊ နားလည်လား'

ထို့သို့ဆိုပြီးနောက် သူယဲ့ချိုးပိုင်ကို တစ်ခုခုညွှန်ပြရန်အတွက် မျက်စိမှိတ်ပြသည်။

ထို့နောက်လက်ဝှေ့ယမ်းသောအခါ ချက်ချင်းဆိုသလို ဓားဆန္ဒက ထိုးတက်လာပြီး ပုံရိပ်ယောင်လှည့်စားမှုနယ်မြေက ရုတ်ချည်း ပြိုကွဲသွားကာ လုချန်ရှန်းကလည်း ပျောက်ကွယ်သွား၏။

သူကဘယ်သောအခါမှ မပေါ်ပေါက်လာခဲ့သည့်အလားပင်။

ပုံရိပ်ယောင်လူမှာ ဒီမြင်ကွင်းကို မိန်းမောတွေဝေစွာ ကြည့်နေမိသည်။

ယဲ့ချိုးပိုင် ဂရုတစိုက်မေးသည်။

"စီနီယာ၊ ကျွန်နော်ဒီစမ်းသပ်မှုကို အောင်မြင်ပြီလား"

ထိုလူမှာ ယဲ့ချိုးပိုင်အား အကူအညီမဲ့စွာကြည့်ရင်း ခေါင်းညိတ်ကာ ပြောရုံသာ တတ်နိုင်တော့သည်။

"ဘာပဲဆိုဆို၊ မင်းပြင်ပစွမ်းအားတွေကို မှီခိုအားကိုးလို့ မရဘူးလို့ ငါမပြောခဲ့ဘူးဆိုတော့ မင်းအောင်မြင်ပါတယ်"

"ဒါက..." ထိုလူ၏အမူအရာက ချက်ချင်းလေးနက်သွားရသည်။

"အနာဂတ်မှာ မင်းသေချာပေါက် ရွေးချယ်မှုတွေကို တွေ့ကြုံလာရလိမ့်မယ်၊ အဲဒီအချိန်ကျရင် မင်းလုပ်မယ့်ရွေးချယ်မှုတွေအပေါ် နောင်တမရဖို့ ငါမျှော်လင့်ပါတယ်"

"မင်းစိတ်အခြေအနေက တုန်လှုပ်သွားတာနဲ့ မင်းရဲ့ဓားနှလုံးသားနဲ့ ဓားတာအိုကလည်း တုန်လှုပ်သွားရလိမ့်မယ်၊ နားလည်လား"

ယဲ့ချိုးပိုင်က‌ မျိုးစေ့ကောင်းတစ်ခုဆိုတာ သူပြောနိုင်ပါသည်။ ထို့ကြောင့် ဒီမျိုးစေ့ကောင်းက ရေပန်းစားခြင်းမှတဆင့် ပျောက်ကွယ်သွားမှာကို သူမလိုလားပေ။

All Chapters