အရာအားလုံးက သူ့ထိန်းချုပ်မှုအောက်မှာ
Vol. 010 Ch. 954
လုံခြုံမှုအတွက် ဝမ်မုံ့နှင့်တချို့မှာ ရှီမာယူယူနောက်လိုက်သွားပြီး ကျန် သောတခြားသူများသည် တည်းခိုဆောင်တွင် သတင်းများစောင့်ရင်းကျန်ခဲ့ လေသည်။
ညပိုင်းရောက်ချိန်တွင် သွေးမိစ္ဆာမြို့တော်တွင် လေထန်နေကာ ရှီမာယူယူနှင့် တခြားသူများသည် မြို့ဝန်၏အိမ်တော်သို့ရောက်လေသည်။ လေမှာ ပြင်းထန်လှသဖြင့် သူတို့မျက်လုံးဖွင့်မရလုနီးပါးဖြစ်လေသည်။
“အားလုံးပဲ မြို့ဝန်အိမ်တော်က သခင်လေးတို့ကိုစောင့်နေတာကြာနေ ပြီ” မြို့ဝန်အိမ်တော်၏ အိမ်တော်ထိန်းသည် ဝင်ပေါက်တွင် သူ့လူများနှင့် စောင့်နေပြီး နောက်ဆုံးနေရောင် တိမ်များအကြားဝင်သွားသည်ကို ကြည့်ရင်း ပြုံးကာ ပြောလေသည်။
“မြို့ဝန်က ကျွန်တော်တို့ကိုစောင့်နေတာလား”
“ဟုတ်တယ်” အိမ်တော်ထိန်း ပြန်ဖြေလေသည် “သခင်လေးတို့ ဒီနေ့ သေချာပေါက်ဒီကိုလာမယ်လို့ မြို့ဝန်ပြောထားတယ်၊ အဲဒါကြောင့် သူက သခင်လေးတို့ကို ဒီမှာလာစောင့်ခိုင်းတာ… သခင်လေးတို့ရောက်တာနဲ့ လက်ဖက်ရည်သောက် ဖိတ်မလို့လေ”
မြို့ဝန်သည် အားလုံးကိုသိပြီးသည့်ပုံပင်။
“ကျွန်တော်တို့ဝင်သွားမှာလား” ဟူယန်း မေးလေသည်။
“သွားမယ် မြို့ဝန်က ကျွန်တော်တို့ကိုစောင့်နေမှတော့ ဘယ်လိုလုပ် မဝင်လို့ဖြစ်မလဲ” ရှီမာယူယူ ပြန်ဖြေလေသည် “ကြည့်ရတာ မြို့ဝန်က လက်ဖက်ရည်သောက်ရင်း တစ်ခုခုပြောစရာရှိတယ်ထင်တယ်”
“ကျေးဇူးပြုပြီး” အိမ်တော်ထိန်းသည် ကြိုဆိုသည့်အမူအရာလုပ်ရာ ရှီမာယူယူနှင့်တခြားသူများ ဝင်လိုက်ကြသည်။
သူသည် လူတစ်ယောက်ကိုနောက်တွင် ချန်ထားခဲ့ပြီး တံခါးအစောင့် ကို ပြောလိုက်သည် “ဒီနေ့ မင်းဝင်ပေါက်ကိုစောင့်စရာမလိုဘူး ကိုယ့်အလုပ် ကိုယ်သွားလုပ်တော့”
အိမ်တော်ထိန်းသည် သူတို့ကို အရင်တစ်ခေါက် လက်ဖက်ရည် သောက်ခဲ့သော် ခြံဝန်းငယ်သို့ခေါ်သွားလေသည်။ ရှီမာယူယူသည် ထိုနေရာ ကို တတိယအကြိမ်ရောက်ဖူးခြင်းဖြစ်သော်လည်း လာသည့်အချိန်တိုင်းတွင် မတူညီသော ခံစားချက်များကိုရလေသည်။
“သခင်လေးရှီယူ ထပ်တွေ့ပြန်ပြီနော်” လိကျိသည် အနက်ရောင်ဝတ်စုံ ကိုဝတ်ဆင်ထားကာ သစ်ပင်အောက်တွင် ထိုင်ပြီး ရှီမာယူယူကို ကြိုဆိုလေ သည်။
စားပွဲပေါ်တွင် သူတို့အဖွဲ့အရေအတွက်နှင့် ကိုက်ညီသော ခွက်များကို တည်ခင်းထားသည်။ သူ့ရှေ့ရှိ တောက်ပနေသောခွက်ထဲတွင်တော့ လတ်ဆတ်သော သွေးများဖြင့် ပြည့်နေသည်။
ရှီမာယူယူ လျှောက်သွားပြီး ထိုင်လိုက်ကာ သူမရှေ့မှ ခွက်ကိုကောက် ကိုင်လိုက်သော်လည်း တစ်ငုံမှမသောက်ပဲ အထဲမှလက်ဖက်ရွက်ကိုကြည့် ရင်း ပြုံးပြီးပြောလိုက်သည် “ကျွန်တော်တို့အရင်ကမတွေ့ဖူးဘူးမလား မြို့ဝန် လိ”
“ဟား ဟား ငါတို့မနေ့ကပဲတွေ့ခဲ့တယ်မလား” လိကျိ၏ တောက်ပ သောမျက်လုံးနှစ်လုံးသည် သူမ၏ ရည်ရွယ်ချက်ကိုအကဲခတ်နေရာ သူပြော လိုက်သောစကားလုံးများသည် သူမကို လန့်သွားစေသည်။
“မနေ့ကတွေ့တယ်ဟုတ်လား” သူမသည် တည်ငြိမ်စွာဖြင့် ပြန်မေး လိုက်သည်။
“ဟားဟား မနေ့က ငါ့အိမ်က သစ်ပင်လေးကို ဖျက်ဆီးလုနီးပါးဖြစ်သွား တယ်လေ” လိကျိသည် နတ်ဆိုးကဲ့သို့အပြုံးပြုံးလိုက်သည် “အဲလောက် လန့် သွားဖို့မလိုပါဘူး၊ သွေးမိစ္ဆာမြို့မှာဖြစ်ပျက်သမျှတွေကို သစ်ပင်လေးက သိ တယ်”
“ခင်ဗျား ကျွန်တော့်ကိုမတားဘူးပဲ” ရှီမာယူယူ တုန့်ပြန်လိုက်သည်။
“ငါက မင်းကိုဘာလို့တားရမှာလဲ” လိကျိ ပြုံးလိုက်သည် “အဲနောက် လိုက်ကောင် လိဟုန် မင်းကိုအရိပ်အမြွက်ပေးတာကိုတားရမှာလား မဟုတ် ရင် မြေအောက်ကဟာတွေ ရှာတွေ့တာကိုတားရမှာလား”
“ခင်ဗျားက အကုန်သိနေတာပဲ” ရှောင်ချီသည် သူ့ကိုကြည့်လိုက်သည်။
“ဟုတ်တယ် ငါသိတယ်” လိကျိ၏ အကြည့်သည် ရှောင်ချီဆီသို့ရောက် သွားကာ “မင်းကဘာလဲဆိုတာကို ငါမသိပေမဲ့ ဦးလေးက မင်းကိုစားရင် သူ မြန်မြန်အဆင့်တက်နိုင်ပြီး လူသားနဲ့ လူသွေးတွေနေ့တိုင်း စားသောက် နေတဲ့အတွက် ကောင်းကင်ဥပဒေကအပြစ်ပေးမှာကိုစိုးရိမ်ဖို့မလိုတော့ဘူး မင်းကြောင့်သာမဟုတ်ရင် ဒီလိုနေရာမှာ ဘယ်နနှစ်လောက်စောင့်ရမလဲကို မသိတော့ဘူး”
“ကျွန်တော်တို့ အကုန်လုံးကိုသိတာတောင် ခင်ဗျားရဲ့အစီအစဉ်ကို မဖျက်နိုင်ဘူးဆိုတာ သေချာနေတာလား” ရှီမာယူယူသည် ရှောင်ချီအား ဆုပ် ကိုင်ရင်း မေးလိုက်သည်။
“အဲလိုမဟုတ်ဘူးလား” လိကျိသည် ပြုံးပြီးပြန်ဖြေလေသည် “မင်းတို့ လူနည်းနည်းလေးက တော်တယ်ဆိုတာသိတယ်၊ ဒါပေမဲ့ ဒီသွေးမိစ္ဆာမြို့ တော်မှာတော့ အသုံးမဝင်ဘူး၊ ဒီသစ်ပင်လေးရဲ့လောကက ငါ့လောကပဲ၊ မင်း ဘယ်လောက်ပဲ အားကောင်းကောင်း၊ သစ်ပင်လေးရဲ့ ကျော့ကွင်းကနေ မင်း လွတ်မှာမဟုတ်ပါဘူး ပြီးတော့ ကိုယ့်ကိုယ့်ကိုပေါ်သွားလို့ပေါ်သွားမှန်းမသိ ယုံကြည်ချက်အပြည့်ရှိနေတဲ့လူပြက်တွေကိုစောင့်ကြည့်ရတာက ပျော်စရာ ကောင်းတယ်လို့မထင်ဘူးလား၊ အဲဒီငကန်းလိဟုန်တစ်ယောက်ပဲ ရူးလို့ ငါ့ကို တားနိုင်မဲ့သူရှိတယ်လို့ထင်နေတာ”
“လူပြက်တွေဟုတ်လား” ရှီမာယူယူသည် ဒေါသမထွက်ပေ “ဒါဆိုရင် ကိစ္စတွေမဖြစ်ခင်ကို ဒီလူပြက်အုပ်စုက ပြဿနာကိုဖြေရှင်းဖို့ အလိုရှိလား”
“တချို့လူတွေက မသေခင်ကို အမှန်တရားလို့ခေါ်တဲ့အရာကို ရှာရတာ ကြိုက်ကြတယ်၊ အဲလိုရှာလိုက်ရင် သေရတာ ကျေနပ်စရာကောင်းလို့ပဲလား” လိကျိသည် လက်ထဲမှခွက်ကိုလှည့်ကာ “သစ်ပင်လေး စိတ်နောက်မသွားခင် မေးလေ”
“ခင်ဗျားရဲ့ ခန္ဓာကိုယ်တစ်ခုတည်းမှာ ဝိညာဉ်နှစ်ခုရှိနေတယ် ဟုတ်လား” ရှီမာယူယူ မေးခွန်းထုတ်လေသည်။
“ဟုတ်တယ် ငါ့မှာ အသုံးမဝင်ပေမဲ့ အစ်ကိုကောင်းတစ်ယောက်ရှိတယ်” လိကျိ ပြောလေသည်။
“သူက မျက်စိမမြင်ရပေမဲ့ ခင်ဗျားကမြင်ရတယ် ဒါကထူးဆန်းတယ်”
“အဲဒါကဘာထူးဆန်းလို့လဲ” လိကျိ ပြောလိုက်သည် “သူ့ခန္ဓာကိုယ်ထဲ မှာပြဿနာတစ်ခုခုရှိလို့ မမြင်ရတာမဟုတ်ဘူး သူ့ဝိညာဉ်စွမ်းအင်က အား နည်းလို့ပဲ၊ ငါကရော… ငါကမယှဉ်နိုင်အောင်သန်မာတယ်လေ”
“မယှဉ်နိုင်အောင်သန်မာတယ်ဟုတ်လား” ရှီမာယူယူ၏ နှုတ်ခမ်းသည် တွန့်တက်သွားလေသည် “ခင်ဗျားစွမ်းအင်က ဒီနတ်ဆိုးသစ်ပင်ကိုမှီခိုနေရ တာမလား”
“သစ်ပင်လေးရဲ့စွမ်းရည်က မင်းထင်ထားတာထက် အများကြီးသန်မာ တယ်” လိကျိ ပြောလိုက်သည် “သူက ငါ… ငါကသူပဲ”
“အဆိပ်ငွေ့ထွက်တဲ့အတွက် မြို့ထဲကလူတွေက ကျင့်ကြံလို့မရတာ မလား” ရှီမာယူယူ ဆက်မေးလေသည်။
“မင်းက အဲလူတွေထက် ဉာဏ်ကောင်းတာပဲ ပြီးခဲ့တဲ့နှစ်ထောင်ချီတာ တောင် ဘယ်သူမှအဲအကြောင်းကို မတွေးမိဘူး မဟုတ်လည်း ဒီအကြောင်း ကိုသိတဲ့သူတွေက သေပြီးတာကြာနေပြီ” လိကျိ ပြောလေသည် “ဒါပေမဲ့ မင်း လိုမျိုး ဒီကိုရောက်တာ၂ရက်လောက်နဲ့ ဒီပြဿာနာကိုရှာတွေ့တဲ့သူမရှိ သေးဘူး”
“အဲဒါတင်မဟုတ်သေးဘူး ခင်ဗျားက ဒီနတ်ဆိုးသစ်ပင်ကို ကျွေးဖို့ အတွက် အဲလူတွေရဲ့ အသွေးအသားတွေကို သုံးခဲ့တယ်” ရှီမာယူယူ ပြော လိုက်သည် “ကြက်သွေးရောင်လပေါ်တဲ့ညတွေဆိုရင် နတ်ဆိုးသစ်ပင် လူ သတ်တဲ့နေ့ပဲ”
“ဟုတ်တယ်” လိကျိသည် မငြင်းပဲ ပေါ့ပျက်သောအမူအရာဖြင့် ပြန်ဖြေ လေသည်။
“ခင်ဗျားမှာ ဒါတွေလုပ်ဖို့ ဘာလုပ်ပိုင်ခွင့်ရှိလို့လဲ” ဟူယန်းသည် ဒေါသ ဖြင့်အော်လေသည်။
“လုပ်ပိုင်ခွင့်ဟုတ်လား” လိကျိသည် အလွန်ရယ်ရသည့် ဟာသကို ကြားရသည့်သဖွယ် ရယ်မောလေသည် “လုပ်ပိုင်ခွင့်အကြောင်းကိုပြောတာ လား”
“ဟုတ်တယ်”
“ဒါဆိုရင် ငါ့မှာဘာလုပ်ပိုင်ခွင့်ရှိလဲဆိုတာ ပြောပြမယ်” လိကျိဘေးမှ လေသည် ပိုပြင်းထန်လာကာ သစ်ရွက်များ တရွှီးရွှီးမြည်သံသည် နားများစူး သွားစေသည်။
သူသည် လေကိုဖိအားပေးကာ ကောင်းကင်သို့ပျံတက်သွားပြီး အောက်မှလူများကိုငုံ့ကြည့်ပြီး ကျယ်လောင်စွာရယ်မောလေသည် “အခြေခံ သဘောတရားအရ မင်းတို့လိုလူတွေအတွက် လုံခြုံတဲ့ပတ်ဝန်းကျင်တစ်ခုကို ငါတို့ပေးနိုင်တယ်၊ သွေးမိစ္ဆာမြို့တော်သာမရှိရင် မင်းတို့လိုလူမျိုးတွေက ဘယ်နေရမှာမှ ငြိမ်းငြိမ်းချမ်းချမ်းသွားပုန်းလို့ရမှာမဟုတ်ဘူး၊ မင်းတို့ရဲ့ တည်ငြိမ်အသားကျတဲ့ဘဝအတွက် အလဲအလှယ်အနေနဲ့ မင်းတို့ရဲ့ အသွေး အသားကိုပဲပေးရုံပဲလေ ဟားဟား..”
“ခင်ဗျားရဲ့ မူလရည်ရွယ်ချက်က လူတွေကို တည်ငြိမ်တဲ့ဘဝကိုပေးဖို့ လား”
ရှီမာယူယူလည်း မတ်တပ်ရပ်ပြီး လက်ဝေ့လိုက်သည်နှင့် ထိုရွှေရောင် ခွက်ထဲမှ သွေးသည် မှောင်ကျကာ လေထဲမှတစ်ဆင့်မြေပေါ်သို့ကျလေ သည်။
သူမသည် လေထဲတွင် ပျံနေသောလိကျိကိုကြည့်ပြီး ပြောလေသည် “ခင်ဗျားရဲ့ မူလရည်ရွယ်ချက်က လူတွေကို လုံးခြုံမှုပေးဖို့မဟုတ်ဘူး၊ ခင်ဗျား က နတ်ဆိုးသစ်ပင်ရဲ့မြေသြဇာဖြစ်ဖို့ သွေးရဖို့အတွက် သူတို့ကို ထိန်းထားရုံ ပဲ၊ ခင်ဗျားတို့ဒီလိုအချိန်ယူပြီးလုပ်တာက လှုပ်ရှားမှုအကြီးကြီးလုပ်ရင် ကောင်းကင်ဥပဒေက အပြစ်ပေးမှာကိုကြောက်လို့မလား ကျွန်တော်ပြောတာ ဟုတ်လား”
“ဟားဟား မင်းပြောတာမှန်ရင်တောင် ဘာဖြစ်လဲ” လိကျိ၏ ရှည်လျား သော ဆံပင်များသည် လေနှင့်အတူပျံ့လွှင့်နေသည် “ငါ့ရည်ရွယ်ချက်က ဘာ ပဲဖြစ်ဖြစ် သူတို့လိုချင်တဲ့ဘဝက ဒီမှာရှိနေတာပဲလေ ဟုတ်တယ်မလား၊ ငါက သူတို့လိုချင်တဲ့ဘဝကိုဖြည့်ဆည်းပေးပြီး သူတို့ကငါ့ကိုအသွေးအသားတွေ ပေးရုံပဲလေ မျှတတဲ့အပေးအယူပဲ”
“မဟုတ်ဘူး ဒါမတရားဘူး” ရှီမာယူယူသည်လည်း လိကျိပျံသည့် အမြင့်ထိပျံသွားကာ “သူတို့က ကျင့်ကြံလို့မရခဲ့ဘူး၊ သူတို့က မသိလိုက်ပဲနဲ့ နတ်ဆိုးသစ်ပင်ရဲ့ အစာဖြစ်သွားတယ်”
“မင်းက ဘယ်တုန်းကမှ တစ်ယောက်ယောက်ရဲ့လိုက်တာကိုမခံရဖူး တော့ တည်ငြိမ်တဲ့ဘဝကိုငတ်မွတ်နေတဲ့လူတစ်စုရဲ့ ခံစားချက်ကိုနားမလည် နိုင်ဘူး” လိကျိ ပြောလေသည် “ပြောရင်းနဲ့ သူတို့က တည်ငြိမ်တဲ့ဘဝကိုပဲ သွားနေတာ၊ မင်းကသာ သူတို့ဘဝကိုနှောင့်ယှက်နေတာ၊ မင်းကသာ သူတို့ အပြစ်ပေးတာကိုခံရမဲ့သူပဲ”
***