← Chapters

#ဓားချက်များတိုက်မိခြင်း#

Vol. 58 Ch. 817

#ဓားချက်များတိုက်မိခြင်း#

Vol. 58 Ch. 817

မြေကြီး၏ပြင်းထန်သော တုန်ခါမှုအပြီးတွင် အရင်ကလိုပြားချပ်မနေတော့ဘဲ ယင်းအစား အပေါက်များပေါက်နေပြီး အက်ကြောင်းများနှင့် ပြည့်နှက်နေပုံပေါ်သည်။ မြေကြီးပေါ်က ကျောက်တုံးများက နစ်၀င်နေကြသလို အပျက်အစီးများပမာ ငေါ့ထွက်နေကြ၏။

ထိုအခိုက်အတန့်မှာပင် ပတ်ပတ်လည်က အော်ရာက ရပ်သွားပုံရသည်။

တိတ်ဆိတ်မှုဟူ၍မရှိသလို ငြိမ်းချမ်းမှုလည်း မရှိတော့။

ဒါကမုန်တိုင်းမလာခင် ငြိမ်သက်မှုတစ်ခုအလား ကျွန်းဗဟိုချက်က တစ်ခုတည်းသော ပြားချပ်သည့်နေရာက ဒါအားလုံးကို ဖြစ်သွားစေသည်။

သုံးပေရှည်ဓားများနှင့်အတူ စွဲမက်ဖွယ်ရာ အစိမ်းရောင်၀တ်စုံကို ၀တ်ဆင်ထားကြသူနှစ်ယောက်က အော်ရာများနှင့်အတူ တူညီသည့် အလင်းရောင်ကို ဆောင်ထားသည်။

သူတို့ခန္ဓာ၊ မျက်နှာနှင့် အမူအရာများပင် တူညီလေသည်။

အမွှာညီအစ်ကိုများတွင်ပင်လျှင် သိမ်မွေ့သည့်ကွဲပြားချက်များ ရှိပေလိမ့်မည်။

သို့သော် သုံးပေရှည်ဓားကို ကိုင်ထားသည့် အစိမ်းရောင်၀တ်စုံရှင်ဓားသမားနှစ်ယောက်က ဘာခြားနားမှုမှ ရှိပုံမပေါ်။

ယဲ့ချိုးပိုင်နှင့် အချိန်အကြာကြီးရှိနေခဲ့သည့် ဟုန်ရင်၊ နင်းချန်ရှင်း၊ ရှောင်ဟိုင်၊ ရှီရှန်း၊ မုဖူရှန်းနှင့် မု၀မ်အာတို့ပင်လျှင် သူတို့ကို ခွဲခြားရန် ခက်ခဲသည်ဟု မြင်နေမိသည်။

ဇီရှန်းကို မဆိုထားနဲ့၊ မြင့်မြတ်အဆောင်ဂိုဏ်း၏ အကြီးအကဲလေးဦး၊ ကျန်းကျိယွမ်နှင့် လိန်ရှင်းယွန်တို့လည်း အတူတူပင်။

ကျန်းကျိယွမ်ခါးသီးစွာပြုံးသည်။

"ဓားနတ်ဘုရားဆိုတဲ့အတိုင်းပါပဲ၊ ကိုယ့်ပွားဖြစ်နေတာတောင် အတော်လေးဆင်တူလွန်းတယ်"

လိန်ရှင်းယွန် ဒီကိုယ်ပွားကိုခံစားမိပြီးနောက် လေအေးတစ်ချက်စုပ်ယူလိုက်မိသည်။

"သူ့အော်ရာနဲ့ ဓားတာအိုအဆင့်ကတောင် ခြားနားမှုမရှိဘူး"

ဓားနတ်ဘုရား၏နည်းလမ်းများက သူတို့စိတ်ကူးထက်ပင် ကျော်လွန်နေလေပြီ။

အကြီးအကဲပိုင်ချူမျက်မှောင်ကြုတ်သည်။

"ဒီလိုအခြေအနေအောက်မှာ ဒီကိုယ်ပွားမှာ မကုန်ခမ်းနိုင်မယ့် ဝိဉာဉ်ချီရှိတယ်၊ ယဲ့ချိုးပိုင် တကယ်ပဲသူ့ကို ယှဉ်နိုင်မှာလား"

ဇီရှန်းတစ်ဦးတည်းသာလျှင် ဒီမြင်ကွင်းကို စိတ်၀င်တစားကြည့်နေသည်။

"ဒါကပြောဖို့ခက်တယ်၊ ရှင့်ရောသဘောတူလား"

ဇီရှန်းစကားပြောရင်း ရှီရှန်းကို ကြည့်လိုက်၏။

ရှီရှန်းအနည်းငယ် ကြက်သေသေသွား၏။

"ဟမ်"

ထို့နောက်သူခေါင်းညိတ်သည်။

"အစ်ကိုကြီးရှုံးမှာမဟုတ်ဘူး"

ဇီရှန်း၏အဆင့်တွင် ထောက်လှမ်းရေးသတင်းများအရ ယဲ့ချိုးပိုင်၏ပါရမီနှင့် သူသာဒီစမ်းသပ်မှုကို မအောင်မြင်ခဲ့ပါက ဒီပါရမီက အလယ်အလတ်အဆင့်ကြယ်နယ်မြေတွင်သာ အလုပ်ဖြစ်လောက်သည်။

အဆင့်မြင့်ကြယ်နယ်မြေတွင် သူ့ကိုပါရမီရှင်ဓားသမားတစ်ဦးအဖြစ်သာ ယူဆနိုင်သည်။

သို့စေကာမူ သူတို့ကို ပါရမီရှင်များဟု ဆက်လက်သတ်မှတ်ခံနေရဆဲပင်။

ဒီအဆင့်ကို သူဖြတ်ကျော်ရပေမည်။

ထိုအချိန်တွင် ယဲ့ချိုးပိုင် သူနှင့်ရုပ်ရည်ရော အော်ရာ လုံး၀ချွတ်စွပ်တူသည့် သူ့ရှေ့က ကိုယ်ပွားကို ဂရုတစိုက်တိုင်းတာကြည့်သည်။ အနည်းငယ်အံ့ဩသင့်သွားပြီးနောက် သူတည်ငြိမ်သွားသည်။

မျိုးဆက်တစ်ခု၏ ဓားနတ်ဘုရားတစ်ပါးတွင် ဒီလိုနည်းလမ်းမျိုးရှိတာက ပုံမှန်သာဖြစ်ပြီး သူသာတက်လှမ်းလိုပါက သူ့ရှေ့က ကိုယ်ပွားကို အနိုင်ယူရပေမည်။

ဒါကိုတွေးမိသောအခါ ယဲ့ချိုးပိုင်အရင်ဆုံး တိုက်ခိုက်လိုက်သည်။

ယဲ့ချိုးပိုင်၏ကိုယ်ကနေ အင်မော်တယ်ဓားဓားဆန္ဒက ထိုးထွက်လာပြီး အလင်းတိုင်တစ်ခုပမာ ကောင်းကင်ပေါ် ပစ်လွှတ်သွား၏။

ထို့နောက် လေထဲတွင် မီးရှုးမီးပန်းများပမာ ပွင့်လန်းလာပြီး ယဲ့ချိုးပိုင်၏ကိုယ်ကို ဖုံးသွားသည်။

ဓားပိုင်နက်အသက်၀င်လာလေပြီ။

သို့စေကာမူ ဓားပိုင်နက်မြှင့်တက်လာသည်နှင့် ကိုယ်ပွားယဲ့ချိုးပိုင်ကလည်း သူ့အလားတူ တူညီသည့်အရာကို လုပ်ခဲ့သည်။

အင်မော်တယ်ဓားဓားဆန္ဒက ထိုးထွက်လာပြီး ဓားပိုင်နက်မြှင့်တက်လာကာ ယဲ့ချိုးပိုင်၏ ဓားပိုင်နက်ကို ဖိထားသည်။

ဓားပိုင်နက်နှစ်ခုက ဆက်လက်တိုက်မိနေကြ၏။

တစ်ဘက်ကကိုယ်ပွား ဓားပိုင်နက်ကို အသုံးပြုနိုင်သည့်အပေါ် ယဲ့ချိုးပိုင် အံ့ဩသင့်ခြင်းမရှိပါ။

သူမျက်ခုံးပင့်လိုက်မိသည်။

ဓားပိုင်နက်နှစ်ခု၏စွမ်းအားက လုံး၀ကို တူညီသည်။

ထို့ကြောင့် အချိန်တိုအတွင်း အောင်နိုင်သူကို သတ်မှတ်ရန်ဟူသည် မဖြစ်နိုင်တော့။

ဒီပိုင်နက်နှစ်ခုက မတိုးသာမဆုတ်သာ အခြေအနေတွင်သာ ရှိနိုင်သည်။

သို့စေကာမူ တစ်ခုတည်းသောခြားနားချက်က ကိုယ်ပွားယဲ့ချိုးပိုင်တွင် ဝိဉာဉ်ချီသုံးစွဲမှာ၌ ပြဿာနာလုံး၀ရှိမနေခြင်းပင်။

ဒါကိုတွေးမိသောအခါ ယဲ့ချိုးပိုင်ထပ်၍ နှောင့်နှေးမနေတော့ပါ။

သူပို၍နှောင့်နှေးနေလေလေ၊ ဒါကသူ့အတွက် ပို၍ဆိုးလာလေလေဖြစ်သည်။

သူလက်ထဲက ခေးအောစ့်အနှစ်သာရ အင်မော်တယ်ဓားကို မြှောက်လိုက်၏။

အင်မော်တယ်ဓားဓားဆန္ဒက ဓားကို လွှမ်းခြုံသွားပြီး ကိုယ်ပွားအား ပိုင်းဖြတ်ပစ်သည်။

တစ်ဘက်က ကိုယ်ပွားကလည်း လက်ထဲတွင် ခေးအောစ့်အနှစ်သာရအင်မော်တယ်ဓားကို မြှောက်ရင်း အလွန်အမင်းခက်ခဲသည့်‌ ထောင့်တစ်ခုမှ ယဲ့ချိုးပိုင်အား ပိုင်းဖြတ်လာသည်။

ယဲ့ချိုးပိုင်အနည်းငယ် ထိတ်လန့်သွား၏။

တစ်ဘက်လူ၏‌ခွန်အား‌နှင့်အော်ရာက သူနှင့်အတိအကျတူညီပြီး ခြားနားချက်မရှိသည့်တိုင် တစ်ဘက်လူတွင် ပိုအားကောင်းသည့် တိုက်ခိုက်‌ရေးစွမ်းရည်ရှိပုံရသည်။

သူ ယဲ့ချိုးပိုင်၏ဓားချက်တွင် ဟာကွက်ကို ရှာဖွေရန်အတွက် ဓားချက်ကိုအသုံးပြုသည်။

အကယ်၍ ယဲ့ချိုးပိုင်သာ ဆက်လက်ပိုင်းဖြတ်နေမည်ဆိုပါက တစ်ဘက်ကဓား၏ ရလဒ်က သူ့ရှေ့ရောက်လာမည်ဖြစ်ပြီး သူ့အသက်သွေးကြောကို ဖြတ်တောက်ပစ်ပေလိမ့်မည်။

ဒါကို အာရုံခံမိသောအခါ ယဲ့ချိုးပိုင်လေထဲတွင်ပင် သူ့ကိုယ်ခန္ဓာကို အတင်းလှည့်ရုံသာ တတ်နိုင်တော့သည်။

သူ့လက်ထဲက ဓားရှည်က လက်ကနေ ထွက်သွားသည်။ ဓားအစွန်းက တစ်ကြိမ်လှည့်ပြီးနောက်တွင် သူဓားလက်ကိုင်ကို ပြန်ဖမ်းကိုင်လိုက်ပြီး အပေါ်အောက်ပြောင်းပြန်ကိုင်လျက် သူ့ဒန်တျန်ကို ကာကွယ်ရန် ဓားကိုယ်ထည်ကို အသုံးပြုလိုက်သည်။

ထန်း......!

တစ်ဘက်လူ၏ဓားက သူ့ဓားအပေါ် ပိုင်းချလာသည်။

သို့စေကာမူ အရင်စွမ်းအားကြောင့် စွမ်းအားအသစ်တော့ မဖြစ်ပျက်လာခဲ့ပေ။

ယဲ့ချိုးပိုင်လွင့်စင်သွားရသည်။

အတင်းနောက်ဆုတ်သွားရသည့် ယဲ့ချိုးပိုင်က စိတ်ပျက်နေသည့်အမူအရာကို မပြသဘဲ ယင်းအစား သူ့မျက်လုံးများက စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေသည်။

သူတို့၏ခွန်အားက တူညီသလို ဓားချက်များကလည်း တူညီသည်။

သို့သော် တစ်ဘက်လူတွင် သူ့ထက် တိုက်ခိုက်ရေးအတွေ့အကြုံပိုရှိသည်။

ဒါက ဓားကိုလေ့ကျင့်ရန်အတွက် အတော်လေး ပြီးပြည့်စုံသည်မဟုတ်ပေလော။

ယဲ့ချိုးပိုင်ပြုံးရင်း လက်ထဲက ခေးအောစ့်အနှစ်သာရ အင်မော်တယ်ဓားနှင့်အတူ ရှေ့က ကိုယ်ပွားဆီသို့ ပြေး၀င်သွား၏။

ထိုအချိန်မှာပင် ယဲ့ချိုးပိုင် အရင်ကျရှုံးမှုကနေ သင်ယူခဲ့ပုံရပြီး သူဖွင့်ပြမိခဲ့သည့် ဟာကွက်များကို ပြင်ချင်နေသည်။

ဓားကထိုးဖောက်သွား၏။

အင်မော်တယ်ဓား၏ ဓားဆန္ဒက အရူးအမူး ထိုးထွက်လာသည်။

အင်မော်တယ်ဓားဓားဆန္ဒ၏ တိုးတက်မှုအောက်တွင် သုံးပေရှည်ဓားထိပ်က အနည်းငယ်ဆန့်ထွက်လာပုံရသည်။

တစ်ချိန်တည်းမှာပင် ကိုယ်ပွားကလည်း ချက်ချင်းတုံ့ပြန်သည်။

သူခြေတစ်လှမ်းဆုတ်လိူက်စဉ် သူ့လက်ထဲကဓားက အောက်ခြေကနေ မြှင့်တက်ကာ ယဲ့ချိုးပိုင်ဆီသို့ ၀င်သွား၏။

တိုးတက်မှုအတွက် နောက်‌ဆုတ်ခြင်း!

ယဲ့ချိုးပိုင်၏မျက်လုံးများက လင်း၀င်းသွားခဲ့သည်။

တစ်ဘက်လူ၏ဒါကို ကိုင်တွယ်သည့်နည်းလမ်းက သူ့ကို အန္တရာယ်ကနေ လွတ်မြောက်စေသည်သာမက ယဲ့ချိုးပိုင်ကိုလည်း အန္တရာယ်ထဲကျရောက်စေသည်။

သူနောက်ဆုတ်ကာ ကာကွယ်လိုက်ရသည်။

နှစ်ဘက်စလုံးက ထိပ်တိုက်တွေ့ကြသည်။

လူတိုင်းဒါကိုမြင်သောအခါ အလွန်အမင်း အံ့ဩသင့်နေကြ၏။

အတွေ့အကြုံရှိသည့် ဓားအင်မော်တယ်နှစ်ပါးဖြစ်သည့် ကျန်းကျိယွမ်နှင့် လိန်ရှင်းယွန်တို့ကလည်း ယဲ့ချိုးပိုင်၏ ဓားချက်များကို ကိုင်တွယ်ပုံကို မြင်သောအခါ လန်းဆန်းကာ ဉာဏ်အလင်းပွင့်လာသလို ခံစားလိုက်ရသည်။

ဒီနည်းလမ်းက ပုံမှန်မဟုတ်ဘူးဟု ထင်ရသော်လည်း ဒါကပုံမှန်သာ။

သို့စေကာမူ တကယ့်တိုက်ပွဲတွင်ဒါကို ကူညီပံ့ပိုးရန်အတွက် လုံလောက်သည့် အတွေ့အကြုံမရှိသေးသရွေ့ ဒါကို သုံးနိုင်မည်မဟုတ်။

နှစ်ဘက်စလုံးက ဆက်လက်တိုက်ခိုက်နေတာကို သူတို့ကြည့်နေကြ၏။

ယဲ့ချိုးပိုင်ဆက်လက်ဆုတ်နေသည်။

သူဆုတ်နေစဉ် ကိုယ်ပွားကလည်း ယဲ့ချိုးပိုင်နောက်ကနေ လိုက်ဖမ်းသည်။

ဒါက တစ်ဖက်သတ်အခြေအ‌နေတစ်ခုဟုပင် ထင်ရသည်။

ကျန်းကျိယွမ်ခေါင်းခါယမ်းမိသည်။

"တကယ့်တိုက်ပွဲအတွေ့အကြုံနဲ့ အကန့်အသတ်မဲ့ဝိဉာဉ်ချီရဲ့ ထောက်ပံ့မှု၊ ဒါတွေရဲ့ခြားနားချက်နဲ့ဆိုရင် မိတ်ဆွေလေးယဲ့မှာ အနိုင်ရဖို့ အခွင့်အရေးမရှိဘူး"

လိန်ရှင်းယွန်ကလည်း သဘောတူချင်သည်။

သို့စေကာမူ နောက်ထပ်မြင်ကွင်းက လိန်ရှင်းယွန်ကို ထိတ်လန့်သွားစေသည်။

မူလကဖိနှိပ်ခံနေရသည့် ယဲ့ချိုးပိုင်မှာ သူ့ကိုယ်သူ မသိမသာတည်ငြိမ်အောင် လုပ်ခဲ့သည်။

ကိုယ်ပွား၏ ဓားချက်ကိုရင်ဆိုင်ရသောအခါ သူဆိုးကျိုးဘက်တွင် ရှိမနေတော့။

ရိုးရှင်းစွာပြောကပါက သူတို့တွေ အပြန်အလှန် တိုက်ခိုက်နိုင်နေကြခြင်းပင်။

အကြီးအကဲပိုင်ချူချီးမွမ်းလိုက်မိသည်။

"ယဲ့ချိုးပိုင်ရဲ့ပါရမီက တကယ်ပဲ အရမ်းကြောက်စရာကောင်းတယ်၊ အချိန်တိုအတွင်းမှာတောင် တစ်ဘက်လူရဲ့ လက်ထဲက အခြေအနေကို သူပြောင်းပစ်နိုင်ခဲ့တယ်"

တိုက်ပွဲမှာ ဒီကြီးထွားမှုနှုန်းက အရမ်းမြန်လွန်းမနေဘူးလား!

သူပြန်ကြည့်သောအခါ ကိုယ်ပွားက ရှေ့တက်ပြီး ထပ်ထိုးလာသည်။

ယဲ့ချိုးပိုင်၏မျက်လုံးအစုံက အေးစက်သွား၏။

သူ‌ တစ်ဘက်လူ၏တိုက်ခိုက်မှုအကွာအဝေးကနေ ရှောင်ထွက်သွားရန်အတွက် နောက်တစ်လှမ်းဆုတ်လိုက်သည်။

ထို့နောက် သူ့ဓားနှင့်ပြန်တိုက်ခိုက်ကာ ကိုယ်ပွားလက်ထဲက ဓားရှည်ကို အမှန်တကယ် တုန်ခါသွားစေခဲ့သည်။

သူ့ကိုယ်သူတည်ငြိမ်အောင်လုပ်ရင်း ရှေ့တစ်လှမ်းထပ်တိုးပြီးနောက် ကိုယ်ပွားအား ပိုင်းဖြတ်ပစ်လိုက်လေသည်။

ဒီမြင်ကွင်းက လူတိုင်းကို ထိတ်လန့်သွားစေသည်။

All Chapters