← Chapters

#ဘ၀အသစ်တစ်ခုကိုရယူခြင်း#

Vol. 58 Ch. 818

#ဘ၀အသစ်တစ်ခုကိုရယူခြင်း#

Vol. 58 Ch. 818

ယဲ့ချိုးပိုင်၏ တကယ့်တိုက်ပွဲအတွေ့အကြုံက နှစ်နာရီကြာတိုက်ပွဲအတွင်း အရည်အသွေးပိုင်းဆိုင်ရာ ခုန်ပျံကျော်လွှားမှုတစ်ခုဖြစ်ခဲ့သည်။

လူတိုင်း၏ ထိတ်လန့်နေသည့်အကြည့်များအောက်တွင် အစက သူကဖိနှိပ်ခံရပြီး နောက်ဆုတ်ကာကွယ်ရန်အတွက်သာ တွန်းအားပေးခံရခြင်းက သူ့ကို ကိုယ်ပွား၏ ဓားချက်များအပေါ် နားလည်မှုတစ်ခုရစေပြီး အပြန်အလှန်တိုက်ခိုက်နိုင်လာကာ ယခုတွင်မူ ယဲ့ချိုးပိုင်က ကာကွယ်မှုကို တိုက်ခိုက်မှုအဖြစ် ပြောင်းကာ ကိုယ်ပွားကို စိတ်ပျက်စရာ အခြေအနေတစ်ခုဆီသို့ပင် တွန်းပို့ပစ်နိုင်ခဲ့သည်။

ဒါကနှစ်နာရီအတွင်း ဖြစ်ပျက်ခဲ့ခြင်းပင်။

ကျန်းကျိယွမ်နှင့် လိန်ရှင်းယွန်တို့ ဒီမြင်ကွင်းကို လေးနက်သည့် အမူအရာများဖြင့် ကြည့်နေကြ၏။

သူတို့၏နှလုံးသားထဲတွင် ယဲ့ချိုးပိုင်က ဓားတာအို၌ အလွန်အမင်းပါရမီရှိသည့် ငယ်ရွယ်သော ဓားသမားတစ်ယောက်သာ။

ယခုတွင်မူ သူတို့၏အတွေးများပင် ပြောင်းသွားခဲ့ရသည်။

ယဲ့ချိုးပိုင်မသေသေးသရွေ့ အနာဂတ်တွင် သူအလယ်အလတ်အဆင့်ကြယ်နယ်မြေ၌ ဓားသမားတိုင်း၏အပေါ်တွင် သေချာပေါက် ရပ်တည်နိုင်ပေလိမ့်မည်။

ယဲ့ချိုးပိုင်အနားတွင် ရှိသရွေ့ သူအလယ်အလတ်အဆင့်ကြယ်နယ်မြေက ဓားသမားတိုင်း၏ နှလုံးသားထဲက ဧရာမတောင်တစ်တောင်ပမာ ဖြစ်လာပေလိမ့်မည်။

ဒီတောင်က ကျော်လွှား၍မရနိုင်သည့် တောင်ကြီးတစ်ခုဖြစ်သည်။

ဒီလိုဆိုပါက ဓားနတ်ဘုရား၏ နည်းစနစ်များက ဘယ်လိုလုပ် မထိုက်တန်မည်နည်း။

ယဲ့ချိုးပိုင် တိုက်ခိုက်မှုကိုထိုးခွဲကာ ဓားနှင့် ထိုးလာစဉ် ကိုယ်ပွား၏အမူအရာက တည်ငြိမ်နေသည်။ ဓားပိုင်နက်က သူ့၀န်းကျင်၌ ဧရာမဓားများစွာအဖြစ် သိပ်သည်းသွားပြီး ယဲ့ချိုးပိုင်အား တိုက်ခိုက်သည်။

ဒါကိုမြင်သည့်တိုင် ယဲ့ချိုးပိုင်လက်ထဲက ဓားကိုရပ်တန့်ခြင်းမရှိသလို ပြေး၀င်နေတာကိုလည်း မရပ်ခဲ့ပေ။

ဓားပိုင်နက်က သူ့ပတ်လည်တွင်လည်း ဧရာမဓားဆယ်ချောင်းကျော်ကို ထုတ်လွှတ်သည်။

ထန်း.......!

တစ်ချိန်တည်းမှာပင် သူ့လက်ထဲက ခေးအောစ့်အနှစ်သာရအင်မော်တယ်ဓား၌ ယင်နှင့်ယန်မိုးကြိုးနဂါးနှစ်ကောင်က ရစ်ပတ်ထားသည်။

ယင်ယန်ကမ္ဘာ့သုတ်သင်မိုးကြိုးနည်းစနစ်က ပိုမြန်ဆန်သည့်နှုန်းဖြင့် ကိုယ်ပွားအား ပိုင်းဖြတ်ပစ်သည်။

ကိုယ်ပွား၏တုံ့ပြန်မှုကလည်း လုံး၀မနှေးပေ။

သူရှောင်လွှဲလို့မရတော့သည့် အခြေအနေတွင် ထိုဓားချက်ကို ဒေါင်လိုက်ပင် တားဆီးလိုက်သည်။

တစ်ချိန်တည်းမှာပင် ယင်ယန်ကမ္ဘာ့သုတ်သင်မိုးကြိုးနည်းစနစ်က ဓားရှေ့တွင် ကာကွယ်ရေးအသွင်တစ်ခုဖြသ့် ယင်ယန်နဂါးမိုးကြိုးဒိုင်းနှစ်ခုကို ဖွဲ့စည်းသည်။

ဂျုန်း......!

မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်ဘုံဝိဉာဉ်ကျင့်စဉ်နှစ်ခုက တိုက်မိကာ ပေါက်ကွဲသွားကြ၏။

လေပြင်းကဲ့သို့ လေလှိုင်းများက ပတ်၀န်းကျင်၌ လျင်မြန်စွာပင် ပျံ့သွားခဲ့သည်။

ဒီလေလှိုင်းက အဆုံးမဲ့မိုးကြိုးစွမ်းအားနှင့် အင်မော်တယ်ဓားဓားဆန္ဒတို့ဖြင့် ပြည့်နှက်နေသည်။

လေလှိုင်းများ၏ သက်ရောက်မှုအောက်တွင် ပတ်၀န်းကျင်က ထိုးထွက်နေသည့် ကျောက်တုံးများက ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားကြ၏။

အကြီးအကဲပိုင်ချူလက်ဝှေ့ယမ်းသောအခါ လူတိုင်းရှေ့တွင် အတားအဆီးတစ်ခု ပေါ်လာပြီး ဒီလေလှိုင်းကို ခုခံနေသည်။

ထိုအချိန်တွင် ယဲ့ချိုးပိုင်နှင့် ကိုယ်ပွားတို့က မီးခိုးများထဲက တစ်ချိန်တည်းမှာပင် ဘယ်နှင့်ညာကနေ ပြေးထွက်လာကြသည်။

သူတို့ကိုယ်ပေါ်မှ အစိမ်းရောင်၀တ်စုံများက ပျက်စီးသွားသည်။

သို့သော် ယဲ့ချိုးပိုင်၏ဝိဉာဉ်ချီက တက်လိုက်ကျလိုက်ဖြစ်နေသည်။

ကိုယ်ပွားကမူ အရင်အတိုင်းသာ။

ဝိဉာဉ်ချီကုန်ခမ်းစေသည့် တိုက်ပွဲ၌ ယဲ့ချိုးပိုင်အသာစီးမရနိုင်တာ ရှင်းနေသည်။

ဒါက ဓားချက်များနှင့် တကယ့်တိုက်ပွဲအတွေ့အကြုံများတွင် တိုးတက်မှုတစ်ခုသာ။

ဒီတိုက်ပွဲက နောက်ဆုံးအောင်ပွဲကို အလွယ်တကူ အနိုင်ယူ၍မရနိုင်သည့် တိုက်ပွဲပေတည်း။

ဒါက ဓားနတ်ဘုရားချန်ခဲ့သည့်ပစ္စည်းဖြစ်သည်။

သူတကယ့်တိုက်ပွဲအတွေ့အကြုံတွင် အနည်းငယ် အသာစီးရလျှင်ပင် တိုက်ပွဲ၏ ဦးတည်ချက်ကို မဆုံးဖြတ်နိုင်သေး။

ဓားတာအိုနယ်ပယ် သို့မဟုတ် ကျင့်ကြံခြင်းနယ်ပယ်တွင် အဆင့်ချိုးဖျက်မှသာလျှင် အောင်ပွဲခံရန် အခွင့်အလမ်းရှိလာပေလိမ့်မည်။

ဓားတာအိုနယ်ပယ်ကို အချိန်တိုအတွင်း ချိုးဖျက်ရန်ဟူသည် မဖြစ်နိုင်ပေ။

ဒီလိုဆိုပါက ကျင့်ကြံခြင်းနယ်ပယ်တွင်သာ လုပ်၍ရပေတော့မည်။

အကယ်၍ သူသာချိုးဖျက်လိုပါက သူ့ကိုယ်သူဖျစ်ညစ်ခြောက်ကပ်အောင် လုပ်ရင်း စွမ်းရည်ကို အပြည့်အ၀ အသုံးချရန်လိုသည်။

သူဒါကိုတွေးမိသည်နှင့် လုပ်ရန် ဆုံးဖြတ်လိုက်၏။

ယဲ့ချိုးပိုင်လုံး၀ ထိန်ချန်မထားတော့ပါ။ ခေးအောစ့်အနှစ်သာရအင်မော်တယ်ဓားက ကောင်းကင်၌ ပျံသန်းနေသည့် နဂါးတစ်ကောင်ပမာ ပိုင်းဖြတ်လာသည်။

ဘေးမှကြည့်နေသောသူများက တိုက်ပွဲကို ရှင်းရှင်းလင်းလင်းမြင်နိုင်သည်။

သူတို့လက်ရှိအခြေအနေကို နားလည်ကြသည်။

"တိုက်ပွဲအတွင်း မြေအင်မော်တယ်နယ်ပယ်ကို ချိုးဖျက်တာက မရိုးရှင်းဘူး...."

ဇီရှန်းအနည်းငယ်ခေါင်းခါယမ်းသည်။

"ဒီအတွက် ကြောက်စရာကောင်းတဲ့ ပါရမီတင်မဟုတ်ဘဲ ခိုင်ခံ့တဲ့ အခြေခံအုတ်မြစ်တစ်ခုလည်း လိုအပ်တယ်"

အကယ်၍ ကျင့်ကြံခြင်းကို မြင့်မားသည့် အဆောက်အအုံတစ်ခုနှင့် ယှဉ်ပါက တာအိုအခြေခံက ဖောင်ဒေးရှင်းဖြစ်သည်။

ဖောင်ဒေးရှင်းက မတည်ငြိမ်ပါက မြင့်မားသည့် အဆောက်အအုံတစ်ခု ဆောက်ရန်ဟူသည် မဖြစ်နိုင်ပေ။

ထိုအခိုက်အတန့်၌ ရှီရှန်းပြုံးသည်။

"အစ်ကိုကြီးရဲ့အသာစီးရမှုက ဒီမှာပဲ"

"သူ့ရဲ့တာအိုအခြေခံက ကျွန်တော်တို့ထဲမှာ အတည်ငြိမ်ဆုံးပဲ"

ယဲ့ချိုးပိုင်ကျင့်ကြံတိုင်း အဆင့်ချိုးဖျက်မှု သို့မဟုတ် အခွင့်အရေးတိုင်းတွင် သူ့နယ်ပယ်ကို သူအဆက်မပြတ်ဖိနှိပ်ထားပြီး သူနောက်ထပ်မဖိနှိပ်နိုင်တော့သောအခါမှသာ ချိုးဖျက်ရန် ရွေးချယ်တတ်သည်။

ဒီအတွက်ကြောင့်လည်း သူက အစ်ကိုကြီးဖြစ်နေသည့်တိုင် စံအိမ်တော်က တပည့်များကြား၌ ယဲ့ချိုးပိုင်၏ ကျင့်ကြံခြင်းအဆင့်က အမြင့်ဆုံးမဟုတ်ခဲ့ပေ။

သို့စေကာမူ ဒါက သေချာပေါက် အတည်ငြိမ်ဆုံးဖြစ်သည်။

တိုက်ပွဲက ဆက်ဖြစ်နေသည်။

ဝိဉာဉ်ချီများက လျော့ပါးလာသည်။

သုံးရက်ကြာမြင့်သွားလေပြီ။

သုံးရက်ကြာ အားအပြည့်တိုက်ခိုက်မှုက ယဲ့ချိုးပိုင်၏ဝိဉာဉ်စွမ်းအင်ကို ကုန်ခမ်းလုနီးပါးဖြစ်သွားစေသည်။

တခြားတစ်ဘက်တွင် ကိုယ်ပွား၏ ဝိဉာဉ်စွမ်းအင်ကမူ မတိုးလာသော်လည်း လုံး၀မလျော့ကျသွားဘဲ ပြည့်နေဆဲပင်။

ဓားချက်၏အနည်းငယ်အသာစီးရမှုက အသုံးမ၀င်တော့ပါ။

ဒါက ယဲ့ချိုးပိုင်ကို အဆက်မပြတ် နောက်ဆုတ်စေသည်။

မူလကအချင်းချင်း တန်းတူဖြစ်နေသည့် ဓားပိုင်နက်များကလည်း ဆက်လက်တိုက်ခိုက်နေသည်။

ထိုအချိန်တွင် ယဲ့ချိုးပိုင်၏ဘက်ကလည်း အဆုံးမဲ့ဖိနှိပ်ခံနေရသည်။

ဒီမြင်ကွင်းကိုကြည့်ရင်း လိန်ရှင်းယွန် နောင်တရသည့်အကြည့်ဖြင့် ခေါင်းခါယမ်းသည်။

"မိတ်ဆွေလေးယဲ့ ထပ်မခံ‌နိုင်တော့ဘူး၊ သူ့ဝိဉာဉ်ချီက ကုန်လုနီးပါးဖြစ်နေပြီ"

ဇီရှန်းကလည်း သက်ပြင်းချသည်။

ကြည့်ရသည်မှာ ထိုကြောက်စရာပါရမီရှင်များနှင့် ယှဉ်ပါက ယဲ့ချိုးပိုင်၏ပါရမီက မလုံလောက်သေးပုံပင်။

ဒါကပါရမီရှင်များအကြားက ခြားနားချက်ဖြစ်သည်။

ဇီရှန်းပြောသည်။

"ရှင်တို့မှာ ယဲ့ချိုးပိုင်ကို စမ်းသပ်မှုကနေ ဖယ်ထုတ်ဖို့ နည်းလမ်းတခုခုများရှိလား"

ထိုအချိန်က ပုံရိပ်ယောင်ဓားက စမ်းသပ်မှုစသည်နှင့် တစ်ဘက်ကမသေသေးသရွေ့ ကြားဖြတ်၍မရဟု ပြောခဲ့သည်။

အကယ်၍ သူမတို့တွင်သာ ယဲ့ချိုးပိုင်ကို စမ်းသပ်မှုကနေ အတင်းထုတ်ရန် နည်းလမ်းမရှိပါက ယဲ့ချိုးပိုင်၏အသက်က အန္တရာယ်ရှိနေလေပြီ။

သို့စေကာမူ ရှောင်ဟိုင်ခေါင်းခါယမ်းသည်။

"ကျွန်တော့်မှာ နည်းလမ်းတွေရှိပေမယ့် ကျွန်တော်မသုံးနိုင်ဘူး"

ဟုန်ရင်၊ နင်းချန်ရှင်း၊ ရှီရှန်း၊ မုဖူရှန်း၊ မု၀မ်အာတို့၏ မျက်လုံးများတွင်လည်း ပူပန်မှုမရှိပေ။

ဒါက နှလုံးသားမဲ့ခြင်းမဟုတ်ဘဲ အစ်ကိုကြီးအပေါ် သူတို့၏အကြွင်းမဲ့ယုံကြည်မှုကြောင့်ဖြစ်သည်။

စည်းမျဉ်းများကိုသိသည့် ယူဆချက်အောက်တွင်ပင် ယဲ့ချိုးပိုင် ဒီစိန်ခေါ်မှုကို လက်ခံရန် ရွေးချယ်ခဲ့သည်။

ထို့ကြောင့် သူ့တွင်ယုံကြည်မှုရှိရပေမည်။

မုတ်ဆိတ်ဖြူအကြီးအကဲ ဒါကိုကြားသောအခါ သူကလည်းအကြံပေးသည်။

"ရှင်သန်မှ အနာဂတ်ဆိုတာရှိလာမှာ၊ ဒီအမွေအနှစ်အတွက်နဲ့ အခက်အခဲဖြစ်နေးရာမလိုပါဘူး"

"ဒါက အဆုံးမဲ့ပင်လယ်ဒေသရဲ့ တစ်ခုတည်းသော အမွေအနှစ်မြေမှမဟုတ်တာ"

သို့စေကာမူ ဟုန်ရင်နှင့်ကျန်သောသူများက သူတို့နည်းလမ်းများကို သုံးရန် ဆန္ဒမရှိသေး။

ဒါကိုမြင်သောအခါ ဇီရှန်းအနည်းငယ် သက်ပြင်းချသည်။

သူမ၏သေးသွယ်သည့်လက်ချောင်းလေးများက သိုလှောင်လက်စွပ်အပေါ် ရှိနေလေပြီ။

အကြီးအကဲပိုင်ချူကလည်း ကောင်းကင်အင်မော်တယ်အဆောင်ကို အချိန်အရွေးအသုံးပြုရန် အဆင်သင့်ရှိနေသည်။

ယဲ့ချိုးပိုင်အန္တရာယ်ရှိနေသရွေ့ သူတို့စမ်းသပ်မှုကို အတင်းကြားဖြတ်ကာ တိုက်ခိုက်ရပေမည်။

လိုအပ်သည့်အချိန်တွင် ကိတ်မုန့်ပေါ်၌ အချိုထပ်ထည့်ခြင်းထက် အကူအညီပေးတာက ပိုကောင်းသည်။

နောက်တစ်ရက်ကုန်ဆုံးသွားပြီးနောက် ယဲ့ချိုးပိုင်၏ဝိဉာဉ်ချီက ခြောက်သွေ့နေသည့် တွင်းတစ်တွင်းပမာ ဖြစ်နေလေပြီ။

သူရုတ်တရက် ထိုနေရာမှာပင် ရပ်လိုက်သောအခါ အကြီးအကဲပိုင်ချူနှင့် ဇီရှန်းတို့ မျက်မှောင်ကြုတ်လိုက်ကြ၏။

မဖြစ်နိုင်တော့ဘူးလား!

သူတို့တိုက်ခိုက်တော့မည့်အချိန်တွင် ရုတ်တရက် အစွမ်းထက်ဝိဉာဉ်ချီအတက်အကျတစ်ခုက ယဲ့ချိုးပိုင်ကို ဗဟိုပြုရင်း မုန်တိုင်းပမာတိုက်ခတ်လာသည်။

တိုက်ခိုက်နေသည့် ယဲ့ချိုးပိုင်မှာ ဒီအစွမ်းထက်ဝိဉာဉ်ချီကြောင့် တုန်ယင်သွားရသည်။

လူတိုင်း ဒီမြင်ကွင်းကို အထိတ်တလန့်ကြည့်လိုက်ကြ၏။

ဒါက......!

သူအဆင့်ချိုးဖျက်တော့မှာလား!

ဝိဉာဉ်ချီခြောက်သွေ့သွားသည့်အချိန်မှာပင် ယဲ့ချိုးပိုင် ပတ်ပတ်လည်က ဝိဉာဉ်ချီများကို ဝေလငါးတစ်ကောင်ပမာ စုပ်ယုလိုက်၏။

ရှေးဦးမူလဓားကျမ်းက အရူးအမူးလှည့်ပတ်နေသည်။

သူ့မရီဒျန်များထဲက ဝိဉာဉ်ချီက အသက်ပြန်ရှင်သန်လာသည့် ဆွေ့မြေ့နေသည့် သစ်ပင်များအလား။

တိုက်ပွဲအတွင်း အဆင့်ချိုးဖျက်ခြင်း!

ယဲ့ချိုးပိုင်တကယ်ပဲလုပ်ခဲ့တာလား!

All Chapters