← Chapters

#ဓားဝိဉာဉ်#

Vol. 58 Ch. 820

#ဓားဝိဉာဉ်#

Vol. 58 Ch. 820

မြေအင်မော်တယ်တစ်၀က်အဆင့်ကနေ မြေအင်မော်တယ်နယ်ပယ်ကို ရောက်ရန်အတွက် နှစ်ရက်ပင်ကြာမြင့်ခဲ့သည်။

ယဲ့ချိုးပိုင်နိုးလာတာနှင့် သူ့ကိုယ်ထဲက ကြွယ်၀သည့်ဝိဉာဉ်ချီကို ခံစားလိုက်ရသည်။

ဒါ့အပြင် ၎င်းတွင် ကောင်းကင်ကို တစ်ချက်တည်းနှင့် ပိုင်းဖြတ်ပစ်နိုင်သည့် စွမ်းအားရှိပုံရသည်။

ဒါက မြေအင်မော်တယ်နယ်ပယ်လား!

ယဲ့ချိုးပိုင်ပြုံးလိုက်၏။

တကယ်တမ်းတွင် အင်မော်တယ်တပိုင်းနယ်ပယ်နှင့် မြေအင်မော်တယ်နယ်ပယ်ကြားက ခြားနားချက်က မသေးပေ။

ဒါကို ပိုင်းခြားလိုင်းတစ်ကြောင်းဟု ခေါ်ဆိုသည်မှာ အံ့ဩသင့်စရာမရှိတော့။

အင်မော်တယ်တပိုင်းနယ်ပယ်ကို အတုအယောင်အင်မော်တယ်ဟုလည်း ခေါ်နိုင်သည်။

ဒါကို အစစ်အမှန်အင်မော်တယ်နယ်ပယ်ဟု ခေါ်၍မရပေ။

သို့စေကာမူ မြေအင်မော်တယ်နယ်ပယ်ကို တက်လှမ်းသောအခါ အစစ်အမှန် အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာပေလိမ့်မည်။

ထိုအချိန်မှာပင် ဓားဝိဉာဉ်က ယဲ့ချိုးပိုင်ရှေ့သို့ ရောက်လာသည်။

ဒါကိုမြင်သောအခါ ယဲ့ချိုးပိုင် လက်နှစ်ဖက်ဆုပ်လိုက်၏။

"စီနီယာဓားဝိဉာဉ်"

သူအဆင့်ချိုးဖျက်နေစဉ်အတွင်း အပြင်ပကမ္ဘာတွင် ဖြစ်ပျက်ခဲ့တာတွေကို ယဲ့ချိုးပိုင် ခံစားခဲ့မိပြီးဖြစ်သည်။

ဓားဝိဉာဉ်က ခေါင်းညိတ်ရင်းပြောသည်။

"သခင်ချမှတ်ထားတဲ့ စမ်းသပ်မှုသုံးခုကို ပြီးမြောက်သွားတဲ့အတွက် ဂုဏ်ယူပါတယ်"

"အမွေအနှစ်ကလည်း မင်းနဲ့သက်ဆိုင်သွားပါပြီ"

ယဲ့ချိုးပိုင် သိချင်စိတ်ဖြင့်မေးသည်။

"စီနီယာဓားနတ်ဘုရားချန်ထားခဲ့တဲ့ အမွေအနှစ်ကဘာလဲဆိုတာ ကျွန်တော်မေးလို့ရမလား"

ဓားဝိဉာဉ်ပြောသည်။

"ပထမဆုံးကတော့ စမ်းသပ်မှုသုံးခုပဲ၊ ဒါက မင်းရိတ်သိမ်းလိုက်တဲ့ အရာတွေပဲ"

ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။

တကယ်တမ်းတွင်လည်း စမ်းသပ်မှုသုံးခုကနေ သူအများကြီးရခဲ့ပါသည်။

သူ့ဓားနှလုံးသားဖြစ်စေ၊ ဓားတာအို၊ ဓားချက်များ သို့မဟုတ် နယ်ပယ်တိုးတက်မှုဖြစ်စေ သူလျင်မြန်စွာ ကြီးထွားလာနိုင်ခဲ့သည်။

ဓားဝိဉာဉ် လက်ချောင်းနှစ်ချောင်းကို မြှောက်ကာဆက်ပြောသည်။

"ဒုတိယ၊ မင်းမျက်လုံးတွေကို မှိတ်လိုက်"

ဒါကိုကြားသောအခါ ယဲ့ချိုးပိုင် သူပြောသည့်အတိုင်း လုပ်ဆောင်ရင်း မျက်လုံးများကို မှိတ်လိုက်၏။

ဓားဝိဉာဉ်၏လက်ချောင်းက ယဲ့ချိုးပိုင်၏ နှလုံးသားကို ညွှန်ပြထားသည်။

ယဲ့ချိုးပိုင် ယှဉ်၍မရနိုင်လောက်အောင် ကြီးမားသည့်ဓားဆန္ဒကို ခံစားနေရသည်။ ဒါကို ဓားတာအိုနိယာမဟု ခေါ်သင့်ပေသည်။

ဒါက ယဲ့ချိုးပိုင်၏ ခြေလက်အင်္ဂါများနှင့် အရိုးများကို ဖြည့်ပေးသည်။

အရိုးတစ်ခုချင်းစီတိုင်းနှင့် မရီဒျန်များက ဓားတာအိုနိယာမဖြင့် ပြည့်နှက်နေသည်။

ဓားဝိဉာဉ်အသံက သူ့နားထဲတွင် မြည်ဟိန်းလာသည်။

"ဒီဓားစည်းမျဉ်းက ဓားနတ်ဘုရားနယ်ပယ်ကို တက်လှမ်းတဲ့အခါ အင်မတန်အရေးကြီးတဲ့ အရာတစ်ခုပဲ"

"ငါမင်းကို ဓားနတ်ဘုရားနယ်ပယ်ကို ဒီလိုပုံစံချိုးဖျက်ခွင့်မပေးနိုင်ပေမယ့် မင်းဓားနတ်ဘုရားနယ်ပယ်ကို ချိုးဖျက်ချင်ရင် ကိုယ်တိုင် ကြိုးစားအားထုတ်ဖို့လိုတယ်"

"ဒါပေမယ့် ဒီအဆင့်မှာ မင်းရဲ့အင်မော်တယ်ဓားဓားဆန္ဒက သာမန်အင်မော်တယ်ဓားဓားဆန္ဒထက် နည်းနည်းပိုအားကောင်းတယ်၊ ဘာပဲဆိုဆို ဒီထဲမှာ ဓားတာအိုနိယာမရဲ့ ညို့ယူဖမ်းစားမှုတစ်ချို့လည်း ရှိနေပြီလေ"

ယဲ့ချိုးပိုင်ညင်သာစွာခေါင်းညိတ်သည်။

ဓားဝိဥာဉ်က ဓားတာအိုနိယာမကို ယဲ့ချိုးပိုင်ကိုယ်ထဲ သွန်းလောင်းပေးသောအခါ ယဲ့ချိုးပိုင် ရှင်းလင်းစွာပင် ခံစားနိုင်ပါသည်။

သူ့ကိုယ်ထဲက သွေးစက်တိုင်း သို့မဟုတ် ဝိဉာဉ်ချီတိုင်းက အရာအားလုံးကို ဖြတ်ပစ်နိုင်သည့် ကမ္ဘာပေါ်က အထက်ရှဆုံးဓားအဖြစ် ပြောင်းလဲသွားသည့်အလားပင်။

သူလက်မြှောက်ထားသရွေ့ လက်မောင်းနှင့် အလားတူသည့်ဓားဆန္ဒက ထက်ရှသည့်လှံတစ်စင်းအဖြစ် ပြောင်းလဲကာ သူ့ရှေ့က လှည့်စားမှုတိုင်းကို ဖြတ်ပစ်ပေလိမ့်မည်။

ကောင်းကင်အင်မော်တယ် ဓားအင်မော်တယ်နှစ်ဦးဖြစ်သည့် ကျန်းကျိယွမ်နှင့် လိန်ရှင်းယွန်တို့အတွက်ပင် ဒါက သန့်စင်သည့် ဓားဆန္ဒပြိုင်ပွဲတစ်ခုသာ။

သူတို့က နောက်ထပ်ယဲ့ချိုးပိုင်၏ ပြိုင်ဘက်မဟုတ်တော့တာဖြစ်နိုင်သည်။

ယဲ့ချိုးပိုင်ထံတွင် ဖြစ်ပျက်ခဲ့သည့်အရာများက သူ့၀န်းကျင်က လူများ၏ အာရုံကိုလည်း ဆွဲဆောင်သွားခဲ့သည်။

ကျန်းကျိယွမ်နှင့် လိန်ရှင်းယွန်တို့က ဓားအင်မော်တယ်များဖြစ်သဖြင့် ဒါကို အနက်ရှိုင်းဆုံးခံစားရသည်။

သူတို့ဓားတာအိုနိယာမ၏ နက်ရှိုင်းမှုကို ခံစားနိုင်ပါသည်။

တကယ်တမ်းတွင် ဒီဆန်းကြယ်သည့်ဓားဆန္ဒက ဓား၏မဟာတာအိုကို ကိုယ်စားပြုသည်ဟု သူတို့စိတ်လှုပ်ရှားစွာပင် တွေးနေကြသည်။

သူတို့သာ ဓားနတ်ဘုရားနယ်ပယ်ကို ချိုးဖျက်လိုပါက လိုအပ်သည့်အရာက ဒီဆန်းကြယ်သည့်ဓားဆန္ဒပင်ဖြစ်သည်။

ဒါကိုတွေးမိသောအခါ နှစ်ယောက်စလုံး အတော်လေးမနာလိုဖြစ်သွားကြ၏။

ယဲ့ချိုးပိုင်အဖို့ ဓားနတ်ဘုရားနယ်ပယ်ကို တက်လှမ်းရန်ဟူသည် အချိန်တစ်ခုသာ လိုတော့ပြီး သူတို့ကဲ့သို့ နောက်ထပ် မည်သည့် အတားအဆီးမှ ရှိတော့မည်မဟုတ်။

ဓားဝိဉာဉ် လက်ချောင်းကို ချလိုက်သောအခါ ယဲ့ချိုးပိုင်မျက်လုံးဖွင့်လိုက်၏။

"စီနီယာဓားဝိဉာဉ်၊ ဒါက ဒုတိယတစ်ခုဆိုတော့ နောက်ထပ်အမွေအနှစ်တစ်ခုလည်း ရှိဦးမှာပေါ့၊ ဟုတ်တယ်မလား"

ဓားဝိဉာဉ်ခေါင်းညိတ်သည်။

"မင်းကအတော်လေးထက်မြက်သားပဲ၊ တတိယနဲ့ နောက်ဆုံးပစ္စည်းက ငါပဲ"

ဒါကိုကြားသောအခါ ယဲ့ချိုးပိုင် အနည်းငယ် ကြက်သေသေသွား၏။

ဓားဝိဉာဉ်လား!

သူတို့နယ်ပယ်ကဓားသမားများအတွက် ဓားဝိဉာဉ်ဟူသည် ခက်ခဲသောအရာတစ်ခု မဟုတ်တော့ပါ။

ကျန်းကျိယွမ်၊ လိန်ရှင်းယွန်နှင့် ဟောင်ကျန်းဟန်တို့တွင်ပင် သူတို့၏ကိုယ်ပိုင် ဓားဝိဉာဉ်များရှိကြသည်။

ယဲ့ချိုးပိုင်အတွက်မူ အကြောင်းရင်းက တိမ်ပြာဓားကြောင့်ပင်။

တိမ်ပြာဓား၏အဆင့်က အရမ်းမြင့်လွန်းသည်။

ယခုအချိန်ထိတိုင် သူတောင်မှ ဓားအိမ်ထဲက လုံး၀ဆွဲမထုတ်နိုင်သေးပေ။ သုံးဖို့ကို ပြောနေစရာပင်မလိုတော့။

ယဲ့ချိုးပိုင်တွေးနေသည်။

တိမ်ပြာဓားထဲမှာရော ဓားဝိဉာဉ်တစ်ခုရှိလား!

ဒါကိုတွေးမိပြီးနောက် ယဲ့ချိုးပိုင် ဓားဝိဉာဉ်ကို ပျိုးထောင်ရာ၌ အရမ်းကြီးစိတ်မ၀င်စားတော့ပါ။

မည်သို့ပင်ဆိုစေကာမူ တိမ်ပြာဓားက သူ့၏အဓိကဓားဖြစ်သည်။

တကယ်တမ်းတွင် ဒါက သာမန်ဓားဝိဉာဉ်များကို မထီမဲ့မြင်ပြုခြင်းလည်း မဟုတ်သလို သူဝါးနိုင်တဲ့ပမာဏထက် ပိုဝါးခြင်းလည်းမဟုတ်ပေ။

သို့စေကာမူ တခြားကိစ္စရပ်များကြောင့် ယဲ့ချိုးပိုင်တွင် ဓားဝိဉာဉ်၏တည်ရှိမှုကို ပျိုးထောင်ရာ၌ လုံးလစိုက်ထည့်ရန် အချိန်အများကြီးမရှိ။

ဒါကလည်း ဓားမကြာခင်ပြောင်းပစ်ခြင်း၏ ဆိုးကျိုးပေတည်း။

သို့သော် စီနီယာဓားနတ်ဘုရား၏ ဓားထဲက ဓားဝိဉာဉ်ကသာ ယဲ့ချိုးပိုင်၏ဓားဝိဉာဉ် ဖြစ်လာနိုင်မည်ဆိုပါက ယဲ့ချိုးပိုင်ပျော်လိမ့်မည်သာ။

မည်သို့ပင်ဆိုစေကာမူ သူက ဓားနတ်ဘုရားတစ်ပါး၏ ဓားဝိဉာဉ်ဖြစ်နေသည် မဟုတ်ပေလော။

သူ့၏ခွန်အားနှင့်အဆင့်က အရမ်းကြီးနိမ့်ကျမည်မဟုတ်ပေ။

ဒါ့အပြင် ဓားဝိဉာဉ်က ဓားနတ်ဘုရားနှင့်အတူ နှစ်များစွာလိုက်ပါခဲ့သဖြင့် ဓားတာအို၌ ယဲ့ချိုးပိုင်ကို အများကြီး ကူညီပေးနိုင်လောက်သည်။

"ဒါဆိုရင် မင်းခန္ဓာနဲ့ငါပေါင်းစပ်လိုက်မယ်"

အဆင့်မြင့်ဓားဝိဉာဉ်များအဖို့ သူတို့ကဓားကို မစွဲလမ်းဘဲ ယင်းအစား ဓားပိုင်ရှင်၏ ကိုယ်ထဲတွင်သာ နေထိုင်ကြသည်။

ထို့နောက် ယဲ့ချိုးပိုင် ဘာမှမပြောခင်မှာပင် ဓားဝိဉာဉ်က အလင်းတန်းတစ်ခုအဖြစ် တိုက်ရိုက်ပြောင်းလဲသွားပြီး ဝှီးခနဲ့ မြည်သံနှင့်အတူ ယဲ့ချိုးပိုင်ကိုယ်ထဲ ပြေး၀င်သွား၏။

သို့စေကာမူ ဓားဝိဉာဉ်က ဓားဝိဉာဉ်များနေထိုင်တတ်သည့် ယဲ့ချိုးပိုင်၏ ဒန်တျန်အထက်ကို ရောက်သောအခါ ရပ်တန့်၍မရနိုင်သည့် ဓားတာအိုဖြင့် ဖိနှိပ်ခံလိုက်ရသည်။

ဒါကရပ်တန့်၍မရနိုင်ပေ။

သူ ခုခံရန်အတွက် မည်သည့်အတွေးကိုမှ မတွေးတောနိုင်တော့ဘဲ ဓားတာအိုကိုသာ အရှုံးပေးလိုက်ချင်တော့သည်။

ဒီဓားနိယာမက ဓားနိယာမအားလုံး၏ အရှင်သခင်ဖြစ်သည့်အလားပင်။

ဒါက ဓားအရှင်သခင်ပေတည်း။

ဓားဝိဉာဉ်အသိပြန်၀င်လာပြီး ဓားဝိဉာဉ်များနေထိုင်တတ်သည့် နေရာကိုကြည့်လိုက်၏။

ထိုနေရာ၌ ဓားအိမ်ပါသည့်ဓားတစ်လက် လွင့်မြောနေသည်။

သူ့အမူအရာက ထိတ်လန့်သွားရသည်။

ဒါဘယ်လိုဓားမျိုးလဲ!

ဒီဓားက တကယ်ပဲ ဒီလိုအစွမ်းထက် ဓားတာအိုကို ထုတ်လွှတ်နိုင်တာလား!

ဓားနတ်ဘုရားရဲ့ဓားဝိဉာဉ်ဖြစ်တဲ့ ငါ့မှာတောင် ခုခံဖို့အတွက် နေရာမရှိဘူးလား!

တချိန်တည်းမှာပဲ ယဲ့ချိုးပိုင်ကဘယ်သူလဲ!

ဘာလို့ ဒီဓားက သူ့ကိုယ်ထဲမှာရှိနေရတာလဲ!

ဓားဝိဉာဉ် ထိုဓားနှင့်ဆက်သွယ်ရန် ကြိုးစားစဉ် သူက တိမ်ပြာဓား၏ အညှာအတာကင်းမဲ့စွာ ငြင်းပယ်ခြင်းကို ခံရသည်။

သို့စေကာမူ တိမ်ပြာဓားအနီးတစ်ဝိုက်တွင် တွန်းကန်အားမရှိတော့ပါ။

တိမ်ပြာဓားက ဓားဝိဉာဉ် ယဲ့ချိုးပိုင်ကိုယ်ထဲ နေထိုင်မည်ကို ငြင်းပယ်မှာမဟုတ်ဘူးဆိုတာ သိသာထင်ရှားနေသည်။

ဒါပေမယ့် သူက အရေးအကြီးဆုံးနေရာအတွက် ယှဉ်ပြိုင်ရန် မထိုက်တန်ပေ။

ဓားဝိဉာဉ်၏အမူအရာက လေးနက်နေသော်လည်း နှလုံးသားထဲကနေ တွေးနေမိသည်။

တကယ်လို့ ငါသာဒီဓားအနားမှာ အချိန်အကြာကြီးနေပြီး ဒီဓားတာအိုကိုခံစားနေရရင် ထပ်ပြီးတိုးတက်ဖို့အတွက် ဖြစ်နိုင်ချေ ရှိလောက်တယ်မလား!

ဒါကိုတွေးမိသောအခါ ဓားဝိဉာဉ်တခြားဘာမှမဆိုတော့ပါ။ သူနေရာတစ်ခုရှာတွေ့သွားပြီး ယဲ့ချိုးပိုင်ကိုယ်ထဲက ဓားဆန္ဒနှင့် စတင်ပေါင်းစပ်သည်။

ယဲ့ချိုးပိုင်ကတော့ သူ့ကိုယ်ထဲက ဒီမြင်ကွင်းကို မမြင်နိုင်ပေ။

ဓားဝိဉာဉ်က သူ့ကိုယ်ထဲတွင် စိတ်ကို ပြောင်းလဲပစ်ခဲ့တာကို သူမသိပါ။

အရင်က ဓားဝိဉာဉ်က သူ့သခင်ရဲ့ သေခါနီးဆန္ဒကိုဖြည့်ဆည်းရန်နှင့် နောက်သခင်ကို ကူညီရန်သာ တွေးတောနေခဲ့သည်။

ယခုဓားဝိဉာဉ်က ယဲ့ချိုးပိုင်အား နာခံရန် ဆန္ဒရှိနေသည်။

All Chapters