← Chapters

သူမ၏ကံတရား

Vol. 010 Ch. 955

သူမ၏ကံတရား

Vol. 010 Ch. 955

အားလုံး၏ နားမလည်နိုင်သောအကြည့်များကိုကြည့်ပြီး သူဆက်ပြော လေသည် “အစတုန်းက ဒီနေ့ညအစိအစဉ်ကိုအကောင်အထည်ဖော်ဖို့ ရည်ရွယ်ချက်မရှိပါဘူး၊ မဟုတ်ရင်လည်း ဒီလိုပေါ့၊ ဒီနေ့ညအစီအစဉ်က နောက်ထပ်နှစ်ပေါင်းများစွာကြာမှဖြစ်လာနိုင်တယ် ဖြစ်နိုင်တာက နောက် ထပ် နှစ်ရာချီစောင့်ရမယ်ပေါ့၊ မင်းကြောင့်ပဲလေ မင်းပေါ်လာတာကြောင့် အကုန်လုံးက စောစောဖြစ်သွားတာ”

“ဘာပြောချင်တာလဲ” ရှောင်ချီသည် ရှီမာယူယူဘေးလာကာ သူ့အား ကြည့်ရင်းမေးလေသည်။

“ရှင်းပါတယ်၊ အစတုန်းက သစ်ပင်ရဲ့ဆင့်ကဲဖြစ်စဉ်က အားပိုရဖို့ အတွက်လိုနေသေးတယ်၊ အဲဒါကြောင့် အဲလူတွေရဲ့သွေးကိုတဖြည်းဖြည်းမှ စုပ်ယူပြီးမှ ငါ့တို့အားကိုတဖြည်းဖြည်းဖြည့်တင်းရမယ်၊ အဲဒါကြောင့် ဒီလိုဘဝ နေထိုင်မှုမျိုးက အနည်းဆုံးတော့ နှစ်ပေါင်းရာချီကြာဦးမယ်၊ ဒါပေမဲ့ မင်း ဒီကို ရောက်လာတာက အကုန်လုံးကို အရှေ့ကိုတွန်းပို့လိုက်သလိုပဲ” လိကျိသည် ရှောင်ချီအား နတ်ဆိုးအပြုံးဖြင့် ကြည့်လေသည်။

“ခင်ဗျားက စွမ်းအားရဖို့အတွက် ငါ့ကိုစားချင်နေတာလား” ရှောင်ချီ သည် လက်ပိုက်ကာ  “ခင်ဗျားကဒီလိုအခြေအနေနဲ့ ငါ့ကိုစားနိုင်မှာမို့လို့လား”

“မင်းက ဘာလဲဆိုတာ ငါမသိပေမဲ့ မင်းမှာ မယုံနိုင်လောက်တဲ့ စွမ်းအင် ရှိတာကို သစ်ပင်လေးက အာရုံခံမိတယ်၊ မင်းကိုစားလိုက်ရင် သူဆင့်ကွဲဖြစ် စဉ်မှာ ဖွံ့ဖြိုးသွားမှာပဲ” လိကျိ ပြောလေသည် “ဒါပေါ့ ဒီအတိုင်းစားရုံလောက် နဲ့တော့မလောက်ဘူး၊ သွေးအများကြီးလည်းလိုသေးတယ်”

“အဲတော့ ခင်ဗျားက ဒီနေရာကနေ ဘယ်သူမှထွက်လို့မရအောင် တစ်မြို့လုံးကို ချိတ်ပိတ်လိုက်တယ်ပေါ့” ရှီမာယူယူ ပြောလိုက်သည်။

“ဉာဏ်ကောင်းတယ်” လိကျိ ပြောလေသည်။

“ကောင်းကင်ဥပဒေအရအပြစ်ပေးခံရမှာမကြောက်ဘူးလား”

“ကြောက်တယ် ဒါပေမဲ့ အခုအဲဒါက ငါတို့အတွက် သက်ရောက်မှုမရှိ တော့ဘူး” လိကျိ ပြောလေသည် “သစ်ပင်လေးက ဝိညာဉ်အတားအဆီးနဲ့ ပိတ်ထားလိုက်ပြီ ကောင်းကင်ဥပဒေက ဒီကဖြစ်စဉ်ကိုသိသွားတဲ့အချိန်ကျ ရင် နောက်ကျနေပြီ သစ်ပင်လေးက ဆင့်ကဲဖြစ်စဉ်ဖြစ်ပြီးလောက်ပြီ၊ အဲဒါ ကြောင့် ဒီလိုကိစ္စမျိုးကို စိတ်ပူဖို့မလိုဘူး”

“ခင်ဗျားက စိတ်ကူးယဉ်တာတော့ကောင်းတယ် ဒါပေမဲ့ တစ်ခုရှိတာက ခင်ဗျားရဲ့ ပိတ်ထားတဲ့ဝိညာဉ်အတားအဆီးက နောက်ဆုံးထိရှိမှာမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည်။

မဟုတ်ရင် ဖြစ်နိုင်တာက တိမ်တိုက်ဝိညာဉ်က ဒီကိုအရင်ကတည်းက ရောက်နေတာလည်းဖြစ်နိုင်တယ်။

“ကောင်းပြီ အချိန်ပြည့်ပြီး ကြက်သွေးရောင်လ…ကထွက်တော့မယ်”

လူအုပ်သည် သူ့စကားဆုံးသည်နှင့် မော့ကြည်ရာ ကောင်းကင်တွင် လုံးဝန်းသောလသည် တဖြည်းဖြည်းအနီရောင်ပြောင်းနေသည်ကိုတွေ့လိုက် ရသည်။ အစပိုင်းတွင် အနီရောင်ဖျော့ဖျော့သာရှိသော်လည်း နောက်ဆုံးတွင် သွေးအနီရောင်ပြောင်းသွားလေသည်။

“ကြက်သွေးရောင်လက တကယ်ရှိတာပဲ ဒါက စိတ်ချောက်ချားမှုပဲလား” ရှောင်ချီ တအံ့တသြအော်လေသည်။

“စိတ်ချောက်ချားတာမဟုတ်ဘူး” တခြားသူများသည်လည်း ပျံလာကာ သူတို့ဘေးတွင် ရပ်လိုက်သည်။

“စိတ်ချောက်ချားတာလား မဟုတ်ဘူး မဟုတ်ဘူး ဒါကစိတ်ချောက်ချား တာမဟုတ်ဘူး” လိကျိ၏ ခန္ဓာကိုယ်သည် လွှင့်သွားကာ သွေးနတ်ဆိုးသစ်ပင် ၏ ထိပ်တွင်ရောက်နေသည်။

ရှီမာယူယူသည် ခေါင်းမော့ပြီး အနံ့ကိုရှုရှိုက်ရင်း အသေးစိတ်ကြည့်ပြီး ပြောလေသည် “ဒါ စိတ်ချောက်ချားတာမဟုတ်ဘူး”

“ဒါဆို ဘာလဲ”

“သွေးနတ်ဆိုးသစ်ပင်က ထွက်တဲ့အငွေ့ဖြစ်နိုင်တယ်” ရှီမာယူယူ ပြော လိုက်သည် “မဟုတ်ရင် ဝိညာဉ်အတားအဆီးနဲ့အတူထွက်လာတဲ့အရာ”

“ဉာဏ်ကောင်းတယ်” လိကျိသည် ရှီမာယူယူအား လေးစားစွာကြည့် လေသည် “ဒါကဒီသစ်ပင်လေးရဲ့ သွေးဝိညာဉ်အတားအဆီးပဲ လပြည့်ည ရောက်မှပဲ သစ်ပင်လေးရဲ့အားကအထွတ်အထိပ်ရောက်ပြီး ဝိညာဉ်အတား အဆီးလုပ်နိုင်တာ၊ ဝိညာဉ်အတားအဆီးနဲ့ဆိုရင် သစ်ပင်လေးက ပင်လယ်ကို ဖြတ်ပြီ်းတော့တောင် လှည့်ဖျားပြီး ပုန်းနိုင်တယ်”

“ဒီကြက်သွေးရောင်လက တကယ်ပဲ သဘာဝအတိုင်းပေါ်လာတာ မဟုတ်ဘူးပဲ” ဟူယန်း အော်လေသည်။

“ဟားဟား” လိကျိသည် ကျယ်လောင်စွာရယ်မောကာ “ဒီလောက်နှစ် တွေအကြာကြီးကို မင်းတို့ကောင်တွေက ဒါကိုသဘာဝအတိုင်းပေါ်လာတယ် လို့ထင်နေခဲ့တာပဲ၊ မယုံတဲ့သူတွေ ဒီကိုလာပြီးစုံစမ်းတဲ့သူတွေကို သစ်ပင် လေးစားလိုက်တာပဲ”

“ဟင်း လူယုတ်မာကြီး မင်းရဲ့ကောင်းတဲ့နေ့တွေက ဒီနေ့အဆုံးသတ်ပြီ” ရှောင်ချီသည် အေးစက်စွာ နှာရှုတ်လေသည်။

“ဟား ဟား…” လိကျိသည် ရှောင်ချီအားကြည့်လိုက်သည် “သစ်ပင် လေး မင်းတော်တော်ကြာကြာသည်းခံပြီးပြီ အခုကြက်သွေးရောင်လက ပြည့်စုံသွားပြီဆိုတော့ လှုပ်ရှားမှုလေးစလိုက်ရအောင်”

“ရွှီး ရွှီး”

သွေးနတ်ဆိုးသစ်ပင်သည် ကြမ်းတမ်းစွာလှုပ်ရမ်းရာ အစပိုင်းက ကျိုးတိုးကျဲတဲဖြစ်နေသော အကိုင်းများနှင့် အရွက်များသည် ရုတ်တရက် ထွက်ပေါ်လာကာ သစ်ကိုင်းအသစ်များ သစ်ရွက်အသစ်များ များစွာပေါက် လာကာ သူ၏ မူလပုံစံဖြစ်သော မိုးမခပင်ပုံစံအတိုင်းပြောင်းသွားလေသည်။

“ဒီလောက်နှစ်တွေအကြာကြီး အောင့်ခံပြီးတော့ ဒီနေ့တော့ အချုပ် အနှောင်ကလွတ်တော့မယ်” သွေးနတ်ဆိုးသစ်ပင်မှ သစ်ကိုင်းများသည် အရိုင်းဆန်စွာ ကျယ်လောင်စွာ အော်ရယ်လေသည်။

သူ၏ အကိုင်းများသည် ရှောင်ချီဆီသို့ပြေးဝင်ကာ ကွဲအက်သောအသံ ဖြင့် ရယ်မောပြီး “မွှေးလိုက်တဲ့အနဲ့ပဲ ဂါး ဂါး ဂါး အကန့်အသက်မရှိတဲ့စွမ်းအား ကိုခံစားမိတယ် ဂါး ဂါး ဂါး မင်းကိုစားရရင် ဘာမှကြောက်စရာမှရှိတော့ဘူး ဂါး ဂါး ဂါး ဂါး….”

“ကျွတ် မင်းကဒီလိုပုံစံနဲ့ကို ငါ့ကိုစားချင်နေတယ်ဟုတ်လား ယူယူ့ အတွက် ထင်းအဖြစ်သုံးလို့ရအောင် မင်းကိုအစိတ်စိတ်အမွှာအမွှာဖြစ်အောင် ပိုင်းတဲ့အထိ စောင့်နေလိုက်” ရှောင်ချီ ပြန်ချေပလေသည်။

“ဟားဟား… မင်းတို့လူနည်းနည်းလောက်နဲ့ ဘဝင်မြင့်ရဲသေးတယ်” သွေးနတ်ဆိုးသစ်ပင်သည် ရိုင်းစိုင်းစွာရယ်မောလိုက်သည်။

“ငါတို့က လူနည်းနည်းလေးမဟုတ်ဘူး” ဟူယန်း ဒေါကန်လေသည်။

“မင်းဆိုလိုတာက ဒီလူနည်းနည်းလေးက ဖြေဆေးစားပြီးပြီလို့ ပြောချင် တာလား ကျွတ် ကျွတ် မင်းတို့ ပြန်လှည့်ပြီးကြည့်တာကောင်းမယ်” သွေး နတ်ဆိုးသစ်ပင်သည် အကိုင်းများကို အရိုင်းဆန်စွာဝေ့ရမ်းလိုက်ပြီး နတ်ဆိုး သဖွယ်ရယ်မောလေသည်။

သူတို့အဖွဲ့လှည့်ကြည့်ရာ မြို့ဝန်အိမ်တော်အပြင်ဘက်ရှိ တစ်လမ်းလုံး တွင် လူများပြည့်နေလေပြီ။ သူတို့သည် စိတ်လွတ်နေကာ အသိစိတ်မရှိပဲ ရောက်လာခြင်းဖြစ်သည်။

“ဒီခံစားချက်က ယူယူအရင်ကပြောဖူးတဲ့ သွေးစုတ်ဖုတ်ကောင် မြင်ကွင်းနဲ့အရမ်းတူတယ်၊ ဒီလူတွေက အရမ်းကြောက်ဖို့ကောင်းတယ်” ရှောင်ချီသည် ကြက်သီးထလာသဖြင့် လက်မောင်းကိုပွတ်လိုက်သည်။

“ဘုန်း”

“ဘုန်း”

မရေတွက်နိုင်သော အမြစ်များသည် မြေအောက်မှထလာကာ အစ ကတည်းက မပြေပြစ်သောအမြစ်များသည် အလွန်အသက်ဝင်လှုပ်ရှားကာ လေပေါ်တွင် ပျံနေသော လူများကိုရစ်ပတ်လိုက်သည်။

“အာ..”

“အာ…”

ထိုလူများသည် အလွန်ပူဆွေးသလိုအော်ကပြီး အမြစ်သည် တော်တော်များများကို ထက်ဝက်ပိုင်းလိုက်သည်။ တချို့မှာ ခုခံထားနိုင်ကြ သည်။

“ဒါငါတို့လူတွေပဲ” ဟူယန်းအော်လေသည်။

“ဘုန်း”

“ဘုန်း”

အမြစ်များသည် တခြားဘက်မှလည်းထွက်ပေါ်လာရာ အိမ်များသည် ပျက်စီးသွားကာ လူအများသည် ရစ်ပတ်ခံရလေသည်။

ဘိုင်ရှန်း၏ တည်းခိုဆောင်မှတခြးသူများသည် သူတို့ လေထဲတွင် ရစ်ပတ်ခံနေရသည့်အချိန်တွင် တုန့်ပြန်မှုရှိမနေပေ။

ထိုလူများသည် မြို့ဝန်အိမ်တော်သို့လျှောက်သွားကာ လေထဲတွင် လူ တချို့၏အကြည့်သည် နီရဲနေသည်ကိုမြင်သောအခါ ရပ်လိုက်ကြသည်။

“အဲလူတွေရဲ့သွေးကိုစုပ်ယူနေတာပဲ” ဖန်လိုင်သည် ရစ်ပတ်ခံရသော ထိုလူများကိုကြည့်ပြီး အော်လိုက်သည်။

“မြို့တံတိုင်းကိုကြည့်ဦး”

အားလုံးသည် ရှီချန်းစကားကိုကြားသည်နှင့် အကြည့်များလွှဲလိုက်ရာ တောက်ပခဲ့သောမြို့တံတိုင်းသည် ပျောက်ကွယ်သွားပြီး သွေးနတ်ဆိုး သစ်ပင်၏ အမြစ်များအဖြစ်ပြောင်းလဲသွားသည်ကို အဝေးမှမြင်လိုက်ရသည်။

“ဘာလဲဟ ဒီမြို့တံတိုင်းကလည်း သွေးနတ်ဆိုးသစ်ပင်က လှည့်စား ထားတာလား” ရှောင်ချီသည် ထိုစကားများသာ ထွက်လာနိုင်သည်။

ထိုအခါမှပင် သူမတို့ မြို့အဝင်ဝင်လာခဲ့စဉ်က ဘာကြောင့် ထူးဆန်း သလဲဆိုသည်ကို ရှီမာယူယူ နားလည်သွားသည်။ အဲတော့ ဒါက တကယ့် မြို့တံတိုင်းမဟုတ်မှတော့ သဘာဝဆိုတဲ့ခံစားချက်ပျောက်နေမှာပေါ့။

“အဲလူတွေက သွေးနတ်ဆိုးသစ်ပင်ရဲ့ထိန်းချုပ်တာကိုခံလိုက်ရပြီ တစ်မြို့လုံးဆိုရင် လူ၁သောင်းလောက်ရှိတယ်၊ တစ်ယောက်ချင်းစီ ပြန်တိုက် ဖို့က မဖြစ်နိုင်ဘူး” ဝမ်မုံ့ ခွဲခြမ်းစိတ်ဖြာလေသည်။

“အဲလူတွေက ငါတို့လောက်မသန်မာပေမဲ့ ငါတို့ထက် လူများတယ်” မူလျန်ရှင် ထပ်ပြောလိုက်သည်။

“အဲလူတွေက သွေးနတ်ဆိုးသစ်ပင်ရဲ့ထိန်းချုပ်တာကိုခံနေရတာ အဲတော့ ငါတို့ သွေးနတ်ဆိုးသစ်ပင်ကိုရှင်းလိုက်နိုင်ရင် အဲလူတွေက ပြဿနာမရှိတော့ဘူး” ဘိုင်ရှန်း ပြောလိုက်သည်။

“ဒါပေမဲ့ အမြစ်တွေဒီလောက်များတာ အကုန်လုံးကိုမဖျက်ဆီးနိုင်ရင် ဘာမှမထူးဘူး”

“အဲလူတွေကို တားဖို့သာကြိုးစား ဒီနတ်ဆိုးသစ်ပင်ကို ကျွန်တော့်ကို အပ်ထားလိုက်” ရှီမာယူယူ ပြောပြီးသည်နှင့် လောကအသေးတံခါးဖွင့်လိုက် သည်။ ဝိညာဉ်စေတီအတွင်းရှိ တောင်ပံလေးခုဂဠုန်၊ ဗျိုင်းမျိုးနွယ်၏ အကြီးအကဲနှင့် အပေါင်းအပ်များနှင့် သူမ၏ စာချုပ်သားရဲအားလုံးကို ဆင့်ခေါ်လိုက်သည်။

ဟူယန်းသည် ဒီလောက်အများကြီး ရုတ်တရက်ထွက်ပေါ်လာသည်ကို မြင်သောအခါ မိန်းမောနေသည်။

“ဘာလဲ ဒီလူတွေအကုန်လုံးကဘာတွေလဲ” ဟူယန်း အော်လေသည်။

“ငါ့ကိုယ်ရံတော်တွေနဲ့ ငှက်လေးရဲ့ကိုယ်ရံတော်တွေ” ရှီမာယူယူ ပြော လိုက်သည် “သူတို့နဲ့ထိပ်တိုက်မတွေ့နဲ့ ငါ့ကိုအချိန်ကူပြီးဆွဲထားပေး”

“အင်း” အားလုံးသည် ခေါင်းညိတ်ကာ ထိုလူများဆီသို့ပျံသွားကြလေ သည်။

“ငါ အဲဒီဝိညာဉ်နှစ်ခုနဲ့လူကိုသွားရှင်းမယ်” ဝူလာမိုင် ပြောလိုက်သည်။

“ရှောင်ချီ့ကိုစားမဲ့သူကို ကိုယ်တိုင်သွားရိုက်မယ်” ရှောင်ချီသည် အင်္ကျိ လက်ကို မ,တင်ကာ ရှီမာယူယူအား တစ်ယောက်တည်းထားခဲ့ပြီး ဝူလာမိုင် နှင့်အတူထွက်သွားလေသည်။

“ကောင်းပြီလေ ငါလည်းစတာပေါ့” ရှီမာယူယူသည် လက်ခေါက်ချိုး ကာ ထိုလှုပ်ရမ်းနေသော အမြစ်များကိုကြည့်ပြီး တောက်ပသောအပြုံးပြုံး လိုက်သည်။

***

All Chapters