← Chapters

ဖရိုဖရဲတိုက်ခြင်း

Vol. 010 Ch. 956

ဖရိုဖရဲတိုက်ခြင်း

Vol. 010 Ch. 956

ဝူလာမိုင်နှင့် တိုက်ခိုက်နေသော လိကျိသည် သူမ အပြုံးကိုမြင်လိုက် သောအခါ ရုတ်တရက်ပင် နိမိတ်မကောင်းသလိုစိတ်ထင့်သွားလေသည်။

အချိန်ဆွဲနေတာ သူဘာလုပ်မလို့လဲ။ တပ်ကူခေါ်မလို့လား။

ဟား… သစ်ပင်လေးရဲ့ ဝိညာဉ်အတားအဆီးက ဘယ်သူမှအပြင်ထွက် လို့မရတော့ အပြင်လူတွေလည်း အထဲကိုဝင်မရဘူးလေ။ သူ တပ်ကူခေါ်နိုင် မယ်လို့ တကယ်ထင်နေတာလား။

ထိုအတွေးနှင့်အတူ သူသည် ဝူလာမိုင်နှင့်တိုက်ခိုက်လေသည်။

သူသည် ငယ်ရွယ်ပုံပေါက်သော်လည်း တကယ်တော့ အသက်အရွယ်ရှိ ပြီးဖြစ်သည်။ ဝူလာမိုင်သည် မျိုးနွယ်တစ်ခု၏ ဘုရင်ဖြစ်ရာ သူ့ကို ခေတ္တမျှ ဖိနှိပ်နိုင်သော်လည်း လုံးဝထိန်းချုပ်နိုင်ခြင်းမရှိပေ။ သူ့ကိုမိမလိုဖြစ်တိုင်းတွင် သွေးနတ်ဆိုးသစ်ပင်၏ အကူအညီဖြင့် ရှောင်တိမ်းလေသည်။

ရှောင်ချီသည် ပို၍ စိတ်ချလက်ချဖြစ်နေသည်။ သွေးနတ်ဆိုးသစ်ပင် တွင် အကိုင်းများစွာရှိနေကာ စတင်တိုက်ခိုက်သည်နှင့် အကိုင်းများကိုချိုးပစ် ရန် သူမ၏ အမြန်နှုန်းသည် မြန်ဆန်လေသည်။

“ဝူး…”

အကိုင်းများသည် ဘက်ပေါင်းစုံမှတိုက်ခိုက်ပြီး သူမ မည်သည့်ဘက်သို့ ရှောင်စေကာမူ မိနိုင်ချေရှိသည်။

“မင်းကိုယ်မင်း ကန်ထဲက လိပ်ကိုမိမယ်ထင်နေတာလား” ရှောင်ချီ ကျယ်လောင်စွာ အော်ပြီး ထိုသစ်ကိုင်းများဆီသို့ တဟုန်ထိုးပြေးလေသည်။

ထိုအကိုင်းများ ပိတ်လိုက်သောအခါ ရှောင်ချီသည် ချက်ချင်းပင် ချောင် ပိတ်မိကာ ဘာမှမမြင်ရပေ။

“ရှောင်ချီ” ရှီချန်းနှင့် တခြားသူများသည် ရှောင်ချီ ပိတ်မိသည်ကိုတွေ့ လိုက်ရာ သွားကူညီလိုသော်လည်း သူတို့နားတွင် လူအုပ်ကြီးဝိုင်းလာလေ သည်။

“ရှောင်ချီ” ရှီမာယူယူသည် ရှောင်ချီကိုဂရုစိုက်သည်ကို ဝူလာမိုင် သိသောကြောင့် သူမ ဒုက္ခရောက်နေသည်ကိုတွေ့သည်နှင့် လိကျိကို ကိုင် ဆောင့်ပြီးနောက် သူမကို ကယ်တင်ရန်သွားမည်လုပ်သည်။

“ဘာ ငါ့ကိုယ်ငါ လိပ်လို့ဘာလို့ခိုင်းနှိုင်းမိသွားတာလဲ” ရှောင်ချီ၏ ဒေါသ အသံသည် အကိုင်းများဖြင့်ပြုလုပ်ထားသော ကျော့ကွင်းထဲမှထွက်လာ သည်။ ထို့နောက်တွင် လူပုံရိပ်သေးသေးလေးတစ်ခုသည် အကိုင်းများကို လက်ဖြင့် ဆွဲဖယ်ပြီး အထဲမှတွားသွားထွက်လာသည်ကို တွေ့လိုက်ရသည်။

သူမ အားထည့်ပြီးဆွဲရာ အကိုင်းများအားလုံးသည် ရှုပ်ထွေးသွားလေ သည်။

“မင်း ငါ့ကို ဖမ်းချင်တယ်လို့ထင်နေတာ မင်းကို လှုပ်မရအောင်လုပ်မယ်” ရှောင်ချီသည် အညှာအတာမဲ့စွာတွန်းလိုက်ရာ သစ်ထုံးများသည် ကွဲထွက် သွားလေသည်။

“ဘုန်း”

အခြေအနေမှာ အန္တရာယ်များသော်လည်း ထိုမြင်ကွင်းအား အားလုံးမြင် သောအခါ ရယ်မောလိုက်ကြသည်။

“သခင်လေး သူတို့ကလူအရမ်းများတယ် ကျွန်တော်တို့် အကြာကြီ တောင့်မခံနိုင်ဘူး” ဟူယန်းသည် ရှီမာယူယူကိုအော်လိုက်လေသည်။

ဟူယန်းသည် ရှီမာယူယူ၏ တစ်ချက်တည်းဖြင့်အရှုံးပေးခဲ့ရသည်။ ထို့ကြောင့်ပင် သူ သူမနောက်လိုက်ကာ သခင်လေးဟုခေါ်ခဲ့သည်။

“ပြီးခါနီးပါပြီ” ရှီမာယူယူ ပြောလိုက်သည်။

သူမသည် ဝိညာဉ်အတားအဆီးကြောင့်ဖြစ်လာသော ကြက်သွေးရောင် လကိုကြည့်လိုက်ရာ အပြင်လောကနှင့် ထိုနေရာရှိ ဆက်သွယ်မှုမှာ အားနည်း သည်ကိုတွေ့လိုက်ရသည်။ သူမသည် ကောင်းကင်ဘေးသင့်မှုကို ခေါ်ရန် ကြိုးစားသော်လည်း အသုံးမဝင်သည်ကိုတွေ့လိုက်ရသည်။

“ဟိန်းသံလေး” သူမသည် ဟိန်းသံလေးကိုခေါ်ထုတ်ပြီး ခန္ဓာကိုယ် ပေါင်းစပ်ကာ လေထဲသို့ပျံသွားလိုက်သည်။

လိကျိသည် ရှီမာယူယူ အပေါ်ပျံတက်မည်ကို သတိထားမိသည်။ သူမ အမှန်တကယ်ပင် ပျံတက်သွားမည်ဟု မထင်ထားပေ။ သို့သော် ရှီမာယူယူ တဟုန်ထိုးပြေးသွားသည်ကို မြင်သောအခါ အံ့သြသွားသည်။

ထိုအချိန်တွင် ဝူလာမိုင်သည် သူ့ရင်ဘတ်ကို လက်ဖြင့်ရိုက်ကာ လွှင့်ပျံ သွားအောင်လုပ်လိုက်သည်။

“ဝူး…”

အကိုင်းတစ်ခုသည် ပျံလာကာ သူ့ကိုဖမ်းပြီး ပြန်တွန်းပေးလေသည်။

“သူ ဘယ်လိုလုပ် ဝိညာဉ်အတားအဆီးကိုဖြတ်ကျော်နိုင်တာလဲ”

အောက်မှ လူများအားလုံး အံ့သြကြလေသည်။

“သူဘာလို့ထိပ်မှာရပ်နေတာလဲ”

“သူဘာလို့ အဲမှာရပ်ပြီးထွက်မပြေးတာလဲ”

ရှီမာယူယူသည် မြေပေါ်မှ သစ်ပင်ကိုကြည့်ပြီး ပြောလေသည် “မင်း အဲလူတွေရဲ့ အသွေးအသားတွေကို စုပ်ယူမယ်လို့ပြောတာမဟုတ်ဘူးလား၊ မင်းတို့က ကောင်းကင်ဘေးသင့်မှုကိုမကြောက်ဘူးလို့ မပြောခဲ့ဘူးလား၊ ဒါဆို ရင် ဒီနေ့စမ်းကြည့်ကြတာပေါ့”

ထို့နောက်တွင် သူမသည် သူမခန္ဓာကိုယ်မှ ထိပ်တန်းခရမ်းရောင် လျှပ်စီးကို ရွေ့လိုက်သည်။

တိမ်တိုက်ဝိညာဉ်သည် မိုးကြိုးတစ်ခုပစ်ပြီးသဖြင့် သားရဲအသွင်ပြောင်း ကာ အနားယူတော့မည်ပြုသည်။ ဝိုင်သောက်ရန်ဟန်ပြင်လိုက်ချိန်တွင် ဝိုင် အားလုံးကုန်သွားပြီဖြစ်ကြောင်းကို တွေ့လိုက်ရသည်။ ရှီမာယူယူကို ဝိုင် တချို့တောင်းမည်ဟု စဉ်းစားလိုက်ချိန်တွင် တစ်စုံတစ်ယောက်သည် သူ့ကို ဆင့်ခေါ်သည်ကို ခံစားလိုက်ရသည်။

“ဟင် ဒါကစိတ်ချင်းဆက်နေတာလား” သူသည် ရယ်မောကာ သွား လေသည်။

သွေးမိစ္ဆာမြို့တော်မှ အခြေအနေကိုတွေ့သောအခါ သူ မှင်တက်သွား လေသည်။

ဒါဘာအခြေအနေလဲ။ နတ်ဆိုးလောကက ဟာကဘယ်လိုလုပ် ဒီရောက်နေတာလဲ။

“ဒီမှာ ကောင်လေး ဒီတစ်ခေါက်တော့ မင်းကို အများကြီးကူညီလိုက်ပြီ နော်” ရှီမာယူယူသည် တိမ်တိုက်ဝိညာဉ်ကိုပြောလိုက်သည်။

တိမ်တိုက်ဝိညာဉ်သည် ဒီနေရာမှ အခြေအနေကိုမတွေ့လျှင် အထက်မှ သိသွားပါက သေချာပေါက်အပြစ်ပေးခံရမည်။ ရှီမာယူယူသည် တောင်းဆိုမှု အကြီးကြီးကိုလုပ်လိုက်ခြင်းဖြစ်သည်။

“မင်းကိုအကြွေးတင်သွားပြီ” တိမ်တိုက်ဝိညာဉ်သည် တွေဝေခြင်းမရှိပဲ ခန္ဓာကိုယ်မှအားများကို စုစည်းရာ ဘေးသင့်မှုသည် ပိုပိုပြီးထူထဲလာကာ ကောင်းကင်တစ်ခုလုံးကို ဖုံးအုပ်သွားလေသည်။

“အာ… အာ… ဘယ်လိုဖြစ်ပြီး မိုးကြိုးဘေးသင့်မှု သိသွားရတာလဲ”

မိုးကြိုးဘေးသင့်မှုကိုမြင်သည်နှင့် သွေးနတ်ဆိုးသစ်ပင်သည် စတင် အော်ဟစ်ကာ ထိုလူများကို ထိန်းချုပ်ရန်စိတ်မရောက်တော့ပဲ အားအင်ကို စုဆောင်းကာ ကောင်းကင်ဒုက္ခကို တိုက်ခိုက်ရန် ပြင်လေသည်။

မြို့မှလူများသည် ရုတ်တရက် အသိစိတ်ဝင်လာကာ လူအများစုသည် အပြင်တွင်ရောက်နေသည်ကို သူတို့ကိုယ်သူတို့သိလိုက်ပြီး နားမလည်နိုင်ဖြစ် သွားသည်။

ငါဘာလို့ဒီကိုရောက်နေတာလဲ။

အားကြီးသောသူများ၊ စိတ်သန်မာသူများသည် ထိန်းချုပ်ခံခဲ့ရ သော်လည်း ဘာဖြစ်ခဲ့သည်ကို မှတ်မိကြသည်။

“အားလုံးပဲ ဒီအလယ်ပိုင်းကနေမြန်မြန်ထွက်သွားကြ မိုးကြိုးဘေးသင့်မှု ရဲ့ မိုးကြိုးပစ်တာကိုမခံရစေနဲ့” ဘိုင်ရှန်းသည် အဝေးသို့ပျံသွားရင်း ကျယ်လောင်စွာအော်လေသည်။

“အဘိုးဘိုင် ဘာတွေဖြစ်နေတာလဲ” တစ်စုံတစ်ယောက်သည် သူတို့ကို သတိထားမိသွားကာ သူ့လက်ကိုဆွဲရင်းမေးလေသည်။

“ဘာတွေဖြစ်လဲဆိုတာ နောက်မှပြောပြမယ် အခုတော့ ဒီနေရာကနေ ဖြစ်နိုင်သလောက် မြန်မြန်ထွက်သွား” ဘိုင်ရှန်း အမိန့်ပေးလိုက်သည်။

မိုးကြိုးဘေးသင့်မှုရောက်လာလျှင် သူသည် အားလုံးကိုခေါ်ပြီး ထွက်သွားရန်နှင့် မိုးကြိုးဘေးသင့်မှု၏ သက်ရောက်မှုမှရှောင်ရှားရန် အရင်က ရှီမာယူယူ သူ့ကိုပြောခဲ့သည်။ ထိုအချိန်က သွေးနတ်ဆိုးသစ်ပင်မှ ကောင်း ကင်ဘေးသင့်မှုကို ဆွဲခေါ်မည်ဟုထင်ထားခဲ့သော်လည်း ထိုဘေးသင့်မှုကို ဆင့်ခေါ်သည်မှာ သူမဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

သူနှင့် တိမ်တိုက်ဝိညာဉ်တို့ဆက်သွယ်နေသည်ကိုကြည့်ပြီး သူနှင့် တိမ်တိုက်ဝိညာဉ်တို့၏ ဆက်ဆံရေးမှကောင်းနိုင်သည်။ သို့သော် အစကနေ အခုထိ ကောင်းကင်ဘေးသင့်မှုနဲ့ ရင်းနှီးတဲ့သူရှိတယ်လို့ သူ မကြားဖူးပါဘူး။

မြို့ထဲမှတခြားသူများသည် ဘာဖြစ်နေသည်ကို မသိကြသော်လည်း ကောင်းကင်တွင် မိုးကြိုးဘေးသင့်မှုလိပ်တက်လာမှုနှင့်အတူ အားလုံး ထွက်ပြေးသွားသည်ကိုတွေ့သည်နှင့် ပေါင်းပြေးကြလေသည်။

ရှောင်ချီသည် မိုးကြိုးဘေးသင့်မှုကိုတွေ့သည်နှင့် သူမ မိုးကြိုးအပစ်ခံခဲ့ ရသည့်မြင်ကွင်းကိုပြန်မြင်ယောင်ကာ ကြောက်လန့်တကြားအော်ပြီး ရှီမာယူယူဆီသို့ ပျံပြေးလေသည်။

“မကြောက်နဲ့ အထဲကိုဝင်ပုန်းချင်လို့လား” ရှီမာယူယူသည် ရှောင်ချီ အားဖက်ထားရင်း မေးလိုက်သည်။

ရှောင်ချီ တွေးလိုက်ပြီး ခေါင်းညိတ်လိုက်သည်။ သူ့ရဲ့ စီစဉ်ထားပုံနဲ့ဆို ဘယ်ကိုပြေးပြေး မိုးကြိုးအပစ်ခံရမည်။

ရှီမာယူယူသည် ရှောင်ချီကို ဝိညာဉ်စေတီအတွင်းထားလိုက်ပြီး ခေါင်းမော့ကာ တိမ်တိုက်ဝိညာဉ်ကိုပြောလိုက်သည် “အဲလူတွေက အပြစ်မရှိ ဘူး၊ မင်းဂရုစိုက်ရမယ် အကုန်လုံးကို မိုးကြိုးပစ်မချနဲ့ သူတို့က နောက်ဆိုရင် ငါ့လူတွေဖြစ်သွားမှာ”

သူတို့ကြောင့် မိုးကြိုးဘေးသင့်မှုဖြစ်လာသည်မဟုတ်သော်လည်း မပတ်သတ်သူများကို အပြစ်မပေးသင့်ပေ။ မတော်တဆ ထိုလူများကို မိုးကြိုး ပစ်မှန်သွားနိုင်သည်။

သို့သော် သူ့ကိုတော့မပြောပေ။

“မင်းက ငါ့ကို အလျော့ပေးစေချင်တာလား ရတယ်လေ ငါ့ကိုအကြွေး တစ်ခုတင်သွားပြီဆိုတာ မှတ်ထားပေး” တိမ်တိုက်ဝိညာဉ်သည် တိမ်တိုက် များကို သိမ်းရင်း ပြောလေသည်။

ရှီမာယူယူ၏ ဆင့်ခေါ်မှုအတွက် အကြွေးတင်သွားသည်ဟု မပြောပေ။ သူ သတိလွတ်သွားခဲ့ခြင်းကြောင့် ဒါမျိုးဖြစ်သွားခဲ့သည်မဟုတ်ပါလား။

ရှီမာယူယူသည် ဝူလာမိုင်ဘေးသို့ ပျံဆင်းသွားကာ လောကအသေးဖွင့် ပြီး သူတို့ကိုထည့်ထားလိုက်သည်။ ထိုလူများသည် အသက်အတွက်ပြေးနေရ သဖြင့် ထိုအရာကို သတိထားမိလိုက်သူမရှိပေ။

ထို့နောက်တွင် သူမသည် ထိုလူများကို ဝိညာဉ်စေတီအတွင်းထည့် လိုက်သည်။

“မင်းက ကောင်းကင်ဒုက္ခကိုဆွဲခေါ်တယ်” လိကျိသည် သူ့ရင်ဘတ်ကို ကွယ်ရင်း ရှီမာယူယူကို ကြည့်လေသည်။

“ဟုတ်တယ်” ရှီမာယူယူ ရယ်မောလေသည် “ကျွန်တော်ပြောသားပဲ ကောင်းကင်ဒုက္ခက ရောက်လာမှာပါလို့”

“ဘယ်လိုဖြစ်ပြီး သခင်လေးက ကောင်းကင်ဒုက္ခကိုဆွဲခေါ်နိုင်ရတာလဲ” ဘိုင်ရှန်းသည် ကောင်းကင်ဒုက္ခပိုထူလာပြီး ပိုရူးသွပ်သွားသည်ကိုမြင် သောအခါ မေးလေသည်။

“ဒါကအမှန်တရားပဲ ရှင်းပြစရာကိုမလိုဘူး” ရှီမာယူယူ ဆက်ပြောလေ သည် “ခင်ဗျားက သွေးပင်လယ်လုပ်ဖို့ စီစဉ်ထားတယ်၊ ကောင်းကင်ဒုက္ခ ရောက်လာရင် ဘယ်လိုဖြေရှင်းရမလဲဆိုတာ ကြိုစဉ်းစားထားသင့်တယ် ကံကောင်းပါစေ”

သူမ စကားဆုံးသည်နှင့် ခုန်ကာ ပျံတက်ပြီး ဘေးသင့်မှုတိမ်တိုက်ပေါ် တက်ကာ စောင့်ကြည့်လေသည်။

***

All Chapters