#နက်နဲအကြံကြီးသော ချီရှာဒေါင်#
Vol. 58 Ch. 821
လူကိုယ်ခန္ဓာတွင် အပေါက်ကိုးပေါက်ရှိသည်။
ဒန်တျန်သုံးခု၊ ဖိအားမှတ်သုံးခုနှင့် အပေါက်သုံးခုတို့ဖြစ်သည်။
ဒန်တျန်သုံးခုက အထက်ဒန်တျန်၊ အလယ်ဒန်တျန်နှင့် အောက်ဒန်တျန်တို့ဖြစ်သည်။
ဖိအားမှတ်သုံးခုက အမြီးရိုးအမှတ်၊ အပေါ်ကျောအမှတ်နှင့် ကျောက်စိမ်းအုံးအမှတ်တို့ဖြစ်သည်။
အပေါက်သုံးပေါက်က ယင်အပေါက်ကျဉ်း၊ ယန်အပေါက်ကျဉ်းနှင့် ဗဟိုနန်းတော်တို့ဖြစ်သည်။
တိမ်ပြာဓား၏တည်နေရာက ခေါင်းနောက်ဘက်တွသ်ဖြစ်သည်။
ကျောက်စိမ်းအုံးအမှတ်က ခေါင်းနောက်ဘက်နှင့် ကျောရိုးများကြားတွင်ရှိပြီး အထက်ဒန်တျန်နှင့် တစ်ပြိုက်တည်းရှိသည်။
တစ်ချိန်တည်းမှာပင် ဒါက အသိစိတ်၏ ဗဟိုချင်ဖြစ်သည့် အသက်မြစ်ဖြစ်သည်။ ဒါကို အရေးပါမှတ်ဟု ဆို၍ရသည်။
ဒါကဒဏ်ရာရသွားသည်နှင့် လူတစ်ယောက်က ရူးသွားတာ သို့မဟုတ် ချက်ချင်းသေဆုံးသွားရပေလိမ့်မည်။
တိမ်ပြာဓားက အရေးအပါဆုံးအမှတ်ကို ယူထားသည်။
ဓားနတ်ဘုရားဓားဝိဉာဥ်က မူလက ယဲ့ချိုးပိုင်၏ ကျောက်စိမ်းအုံးအမှတ်ကို သိမ်းပိုက်လိုခြင်းပင်။
သို့သော် တိမ်ပြာဓားက နေရာယူထားတာကို မြင်ရပြီးနောက်တွင် သူဘာမှမလုပ်နိုင်တော့ပါ။
သူခြေတစ်လှမ်းနောက်ဆုတ်ပြီး ကျောက်စိမ်းအုံးအမှတ်အောက်ရှိ အလယ်ဒန်တျန်နှင့် တစ်ပြိုက်တည်းရှိသော အပေါ်ကျောအမှတ်ကို သိမ်းပိုက်ရုံသာ တတ်နိုင်တော့သည်။
ဒီနေရာတွင် သူက တိမ်ပြာဓား၏ သက်ရောက်မှုကို ခံနေရသည်မှာ ရှင်းနေသည်။
ဖြစ်နိုင်တာက တိမ်ပြာဓားက ထုတ်လွှတ်သည့် မဟာဓားတာအို၏ မှိန်ဖျော့သည့်အော်ရာကို ပိုမြင့်မားသည့် အဆင့်တစ်ခုကို ရောက်ရန်အတွက် ချိုးဖျက်ရန် သုံး၍ရလောက်သည်။
ယဲ့ချိုးပိုင် သူ့ကိုယ်ခန္ဓာထဲတွင် ဓားဝိဉာဉ်ကို လက်ခံလိုက်သည့် အခိုက်အတန့်၌ အဆုံးမဲ့ပင်လယ်ဒေသအထက်က တိမ်များပေါ်၌ ပူပြင်းသည့်နေနှင့်အတူ ယှဉ်ရပ်ကာ အဖိုးအိုနှစ်ဦးအောက်ငုံ့ကြည့်သည်။ သူတို့ကိုယ်၌ မည်သည့်အော်ရာမှ မတွေ့ရပေ။
သို့စေကာမူ ဒီအတွက်ကြောင့်ပင် ဒါက အတော်လေးပို၍ပင်ဆန်းကြယ်ကာ အစွမ်းထက်ပုံပေါ်နေသည်။
အော်ရာမရှိသည့် သာမန်သေမျိုးတစ်ယောက်က ဘယ်လိုလုပ်နေနှင့်ဘေးချင်းယှဉ်ကာ ရပ်နိုင်မည်နည်း။
သူက အော်ရာကို အလွန်အမင်း ထိန်းချုပ်ထားသည့် စူပါကျွမ်းကျင်သူတစ်ယောက်သာ ဖြစ်ရပေမည်။
တစ်ယောက်ကမေးသည်။
"အဆုံးမဲ့ပင်လယ်ဒေသရဲ့ အနက်ပိုင်းကို တစ်ယောက်ယောက်၀င်ခဲ့ကြလား"
နန်ကောင်းယင်ခေါင်းခါယမ်းသည်။
"မ၀င်သေးဘူး၊ ဒါပေမယ့်တစ်ချို့က ပိုနက်နက်သွားကြမယ်ဆိုတာ ကျုပ်သေချာတယ်၊ ဘာပဲဆိုဆို အဆင့်မြင့်ကြယ်နယ်မြေရဲ့ ကမ္ဘာကူးလမ်းကြောင်းကလည်း ထုတ်ဖော်ခံလိုက်ရပြီလေ"
ဟီရှန်ကောမျက်မှောင်ကြုတ်သည်။
"ဒီလိုဆိုမှတော့ တစ်ယောက်ယောက် အနက်ပိုင်းကို ၀င်ခဲ့ရင် ကောင်းယင်၊ ဒလူတွေကို ငါမင်းကို လက်လွှဲထားခဲ့မယ်"
နန်ကောင်းယင်ခေါင်းညိတ်သည်။
"သေချာတာပေါ့၊ ကြီးကြပ်ရေးဗိမာန်က ဒီလောက်အကြာကြီး စောင့်ကြပ်နေတဲ့ အရာတစ်ခုကို တစ်ယောက်ယောက်က ဘယ်လိုလုပ် လုယူသွားနိုင်မှာလဲ"
"ဒါက..... ကြီးကြပ်ရေးဗိမာန်က ပါရမီရှင်တွေက ဒီနှစ်ထဲမှာ ထပ်ပြီး ကျရှုံးသွားတာလား"
ဟီရှန်ကော၏အမူအရာက အနည်းငယ်မည်းမှောင်နေသည်။
"ကန့်သတ်ချက်တွေအများကြီးပဲ၊ အဲဒီဂျူနီယာတွေက ဘယ်လောက်ပဲ ပါရမီရှိပါစေ သူတို့စမ်းသပ်မှုကို အောင်မြင်မှာမဟုတ်ဘူး"
တစ်ခဏမျှတွေးပြီးနောက် သူပြောသည်။
"နောက်တစ်ကြိမ်ထပ်ရွေးလိုက်တော့၊ ဒီသတင်းကို ထပ်ပြီး ဖိနှိပ်လို့ မရတော့ဘူးလို့ ငါထင်တယ်"
"အဲဒီအချိန်ကျရင် ကြီးကြပ်ရေးဗိမာန်ရဲ့ပုံရိပ်က အကြီးအကျယ်ထိခိုက်သွားရလိမ့်မယ်"
နန်ကောင်းယင်ခေါင်းညိတ်သည်။
....
တခြားတစ်ဘက်တွင် ငရဲဂိုဏ်းကျွန်းပေါ်၌ ချီရှာဒေါင် အခန်းထဲသို့ ပြန်ခေါ်ခံရသည်။
ထို့ထဲတွင် နတ်ဆိုးဘုရင်ပိုင်နက်က လူထွားကြီးက နက်ရှိုင်းသည့်အသံဖြင့်ပြောသည်။
"သဘောတူညီချက်အရ ရက်အနည်းငယ်ပဲ ကျန်တော့တယ်၊ မင်းမတွေ့သေးဘူးလား"
သူစကားပြောနေစဉ် အဆုံးမဲ့နတ်ဆိုးဆန္ဒက သူ့ကိုယ်ထဲကနေ ထိုးထွက်လာပြီး ချီရှာဒေါင်ကို အလုံးစုံဖိနှိပ်ပစ်သည်။
ချီရှာဒေါင်၏ မျက်သူငယ်အိမ်များက ရုတ်ရက်ကျုံ့သွားသည်။ သူ့ခန္ဓာက နစ်၀င်သွားပြီး သူ့ဒူးများက မြေပေါ်ဒူးထောက်ကျသွား၏။
ချီရှာဒေါင်တွင် ဒီယှဉ်၍မရသည့် လေးလံသောဖိအားကို ခုခံရန်အတွက် ခွန်အားလုံးဝမရှိပါ။ မြေပေါ်ဖိနှိပ်ခံရခြင်းကနေ သူ့ကိုယ်သူကာကွယ်တားဆီးရန်အတွက် သူ့ခွန်အားအလုံးစုံကို ထုတ်သုံးရန်သာတတ်နိုင်သည်။
ချီရှာဒေါင်၏ခွန်အားက ကောင်းကင်အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်ကို ပြန်ရောက်သွားသော်လည်း ဒီလူအုပ်စုကို ရင်ဆိုင်ရသောအခါ သူ့တွင် ခုခံရန်အတွက် ခွန်အားမရှိပေ။
တစ်ဘက်လူက စိတ်ရှည်မှုကုန်ဆုံးသွားတာကို ချီရှာဒေါင်နားလည်သဖြင့် အလျင်အမြန်ပြုံးသည်။
"ဆရာတို့၊ တိုးတက်မှုရှိလုနီးပါးဖြစ်နေပါပြီ၊ သုံးရက်အတွင်းမှာ သူ့ကို ခင်ဗျားတို့ဆီ ပို့ပေးပါမယ်"
"အိုး"
သူတို့ထဲက အမျိုးသမီးက သိချင်စိတ်ဖြင့် မေးသည်။
"ဒီတော့ နင့်မှာ သူ့ကို အရှင်လတ်လတ်ဖမ်းဖို့အတွက် နည်းလမ်းရှိလား"
ချီရှာဒေါင်ခေါင်းညိတ်သည်။
"အစီအစဉ်အရတော့ နည်းလမ်းတစ်ခုရှိပါတယ်"
သို့သော် ချီရှာဒေါင်သူ့စာသားကို အပြီးမသတ်ခဲ့ပေ။
တစ်ဘက်လူက သာမန်လူတစ်ယောက်မဟုတ်ပေ။ သူကအတော်လေးပါးနပ်သူဖြစ်သည်။
သူ့အစီအစဉ်ထဲတွင် သူမီးခိုးဗုံးများစွာငို တပ်ဆင်ထားလျှင်ပင် တစ်ဘက်လူကို ရာနှုန်းပြည့် အသက်ရှင်လျက် ဖမ်းနိုင်မည်ကို မသေချာပေ။
ချီရှာဒေါင်ဆက်ပြောသည်။
"ဒါပေမယ့် ကျုပ်သူ့ကို အသက်ရှင်လျက် မဖမ်းနိုင်ဘူးဆိုရင်တောင် ပစ်မှတ်ရဲ့တည်နေရာကို သတင်းတွေရနေဦးမှာပါ"
အမျိုးသမီးကခေါင်းညိတ်သည်။
"သတင်းအချက်အလက်ရှိနေသရွေ့ အဆင်ပြေတယ်၊ ဒါပေမယ့် သူ့ကိုအသက်ရှင်လျက် ဖမ်းနိုင်မယ်ဆိုရင်တော့ ငါတို့အတွက် အချိန်အများကြီးသက်သာတာပေါ့၊ အဲဒီအချိန်ကျရင် ငါတို့နင့်ကို ပိုကောင်းတဲ့ ဆုလာဘ်တစ်ခုပေးမှာပါ"
ဒီစာသားက ချီရှာဒေါင်ကြားချင်နေသည့် အရာပေတည်း။
ထို့နောက် သူပျော်ရွှင်စွာပြောသည်။
"ကျုပ်သေချာပေါက်အကောင်းဆုံး ကြိုးစားမှာပါ၊ ကျေးဇူးပြုပြီး သတင်းကို စောင့်နေပါ"
ထိုအချိန်တွင် နတ်ဆိုးဆန္ဒက ပျောက်ကွယ်သွား၏။
ချီရှာဒေါင်လည်း သူ့ကိုယ်ခန္ဓာ ပေါ့ပါးသွားသည့်ပမာ ခံစားလိုက်ရပြီး အခန်းထဲက ထွက်သွားလေတော့သည်။
သူထွက်သွားပြီးနောက် အမျိုးသမီးနှာခေါင်းရှုံ့သည်။
"ကြည့်ရတာ သူ့မှာသဲလွန်စရှိပြီးသားပဲ၊ သူကလောဘကြီးပြီး သူတို့ဆီက ဆုလာဘ်ပိုလိုချင်တာပဲ"
ဒါကိုကြားသောအခါ လူထွားကြီး ဒေါသထွက်သွား၏။
"သူဘယ်လိုလုပ် ငါတို့ဆီကနေ ဖုံးကွယ်ရဲတာလဲ၊ ငါသူ့ကို အခုချက်ချင်းသတ်ပစ်မယ်"
"အရမ်းစိတ်လိုက်မာန်ပါမလုပ်နဲ့"
မျက်လုံးမှိတ်ကာ အနားယူနေသည့်လူက ထူးမခြားနားစွာပြောသည်။
"တစ်ဘက်က တာ၀န်ကို ပြီးမြောက်နေသရွေ့ အဆင်ပြေတယ်၊ သူမလုပ်နိုင်ဘူးဆိုရင် ငါတို့တခြားနည်းနဲ့ စဉ်းစားကြတာပေါ့"
လူထွားကြီးက ထိုလူ၏စကားလုံးတိုင်းကိုနာခံပုံရပြီး ဒါကိုကြားသောအခါ ဒေါသတကြီး နှာခေါင်းရှုံ့ရင်း မလှုပ်ရှားတော့ပေ။
တခြားတစ်ဘက်တွင် ချီရှာဒေါင် ငရဲဂိုဏ်းချုပ်၊ ကွေ့ကောရင်နှင့် ကောင်းကင်မြေအောက်နန်းတော်က လူများနှင့် အနက်ရောင်၀တ်ရုံနှင့် လုံး၀လွှမ်းခြုံထားသည့် လူတစ်ယောက်ရှိသည့် ခန်းမကို ပြန်လာခဲ့သည်။
ချီရှာဒေါင် ငရဲဂိုဏ်းချုပ်ကိုကြည့်ကာ မေးသည်။
"အကုန်လုံးအဆင်သင့်ဖြစ်ပြီလား"
ဂိုဏ်းချုပ်အလျင်အမြန်ခေါင်းညိတ်သည်။
"ဘိုးဘေး၊ အကုန်လုံးအဆင်သင့်ဖြစ်ပါပြီ"
ချီရှာဒေါင်ခေါင်းညိတ်သည်။
"အချိန်အရပြောရရင် တစ်ဘက်က နဂါးသွေးနတ်ဆိုးချောက်ကို သွားတဲ့လမ်းမှာ ရှိလိမ့်မယ်"
ထိုအချိန်တွင် အနက်ရောင်၀တ်ရုံထဲကနေ အသံတစ်သံထွက်လာခဲ့သည်။
"ဘာလို့ သူတို့ကို ဓားနတ်ဘုရားအမွေအနှစ်မြေမှာကတည်းက မရှင်းပစ်ရတာလဲ"
သို့စေကာမူ ချီရှာဒေါင်နှာခေါင်းရှုံ့သည်။
"တစ်ဘက်က ဒီကိစ္စကို သေချာပေါက် သံသယဝင်နေမှာပဲ၊ သူတို့ဓားနတ်ဘုရားအမွေအနှစ်မြေကို သွားရဲသေးတယ်ဆိုတော့ သူတို့ကလည်း ပြင်ဆင်ထားကြလို့ပဲ"
"ဒီစစ်ဆင်ရေးမှာ အမှားအယွင်းတစ်ခုမှ မရှိရအောင် ငါတို့သေချာအောင်လုပ်ရမယ်"
"ဒီတော့ သူတို့ ဓားနတ်ဘုရားအမွေအနှစ်မြေမှာ ချောင်းမြောင်းတိုက်ခိုက်မှုရှိမယ်လို့ သံသယရှိနေတဲ့အခါ ငါတို့အမွေအနှစ်မြေမှာ ချောင်းမြောင်းတိုက်ခိုက်တာတစ်ခု မချထားခဲ့ဘူး၊ ဒါကသေချာပေါက် သူတို့ရဲ့ သတိရှိမှုကို လျော့သွားစေလိမ့်မယ်"
"ဒီလိုဆိုရင် သူတို့နဂါးသွေးနတ်ဆိုးချောက်ကိုသွားတဲ့အခါ ငါခွန်အားအပြည့်ကို သုံးရမယ်၊ ငါ့ရဲ့အခွင့်အရေးတွေကလည်း မြင့်မားလာလိမ့်မယ်"
အနက်ရောင်၀တ်ရုံနှင့်လူက စိတ်ရှုပ်နေသည့်အသံနှင့်ပြောသည်။
"သူတို့က ဂျူနီယာလေးတွေပဲလေ၊ သူတို့ဘယ်လောက်ပဲ ကြောက်စရာကောင်းနေပါစေ ကြီးပြင်းလာသေးတာမှမဟုတ်တာ"
"ဒီလောက် သတိထားစရာလိုလို့လား"
ချီရှာဒေါင် သွေးရောင်၀တ်စုံကို ၀တ်ဆင်ကာပြောသည်။
"ဒီဘိုးဘေးက ဘာပဲလုပ်လုပ် အောင်မြင်နှုန်းပိုမြင့်တဲ့နည်းလမ်းကိုပဲ ရွေးချယ်မှာ"
ကွေ့ကောရင်ရယ်မောသည်။
"သတိထားတာက ဘာမှမမှားပါဘူး"
"ကျုပ်တို့လူတွေကလည်း ချောင်းမြောင်းတိုက်ခိုက်ဖို့ ပြင်ဆင်ထားကြပြီ၊ သူတို့ သေမင်းဝိဉာဉ်မြို့မှာ သုံးခဲ့တဲ့ လွတ်မြောက်အဆောင်ကလည်း အသုံးမ၀င်တော့ဘူး"
သူက ကောင်းကင်ဘုံမိုးကြိုးလွတ်မြောက်အဆောင်ကို ရည်ညွှန်းနေခြင်းပင်။
ချီရှာဒေါင်ခေါင်းညိတ်သည်။
"ဒီကိစ္စပြီးသွားရင် ငါတို့အတွက် စည်းမျဉ်းအစီအစဉ်ကို စတင်အကောင်အထည်ဖော်ဖို့ အချိန်ကျပြီ"
"အဲဒီအချိန်ကျရင် ဒီအလယ်အလတ်အဆင့်ကြယ်နယ်မြေက နောက်ဆုံးမှာ သူတို့သခင်ကို ကြိုဆိုကြလိမ့်မယ်...."