← Chapters

#နဂါးသွေးနတ်ဆိုးချောက်၊ နတ်ဆိုးနဂါးသွေးကန်#

Vol. 58 Ch. 822

#နဂါးသွေးနတ်ဆိုးချောက်၊ နတ်ဆိုးနဂါးသွေးကန်#

Vol. 58 Ch. 822

ငြိမ်သက်နေသည့်ပင်လယ်၌ လှိုင်းများ၊ မုန်တိုင်းများ စုစည်းမနေပေ။

အပြာရောင်ပင်လယ်ပြင်၌ နေရောင်အောက်တွင် ရွှေရောင်အ၀တ်များ မျောလွင့်နေသည့်ပမာ ထင်ရသည်။

ပင်လယ်ရေမျက်နှာပြင်က သဘာ၀အတိုင်း စီးဆင်းနေစဉ် လေတိုက်ခတ်မှုကြောင့် ဂျုံနယ်သည့်ပမာ အနည်းငယ်လှိုင်းထသွားတတ်သည်။

သို့စေကာမူ ဒါက ဆားငန်းပင်လယ်လေလေလေညင်းနှင့်အတူ လှပတည်ငြိမ်သည့် ပင်လယ်ဖြစ်ပြီး ပျံသန်းနေသည့်စင်ရော်များမရှိသလို ခုန်ပေါက်နေသည့် ငါးများလည်းမရှိဘဲ အရာအားလုံးက အတော်လေးကို တိတ်ဆိတ်နေပုံပေါ်သည်။

အရမ်းကို တိတ်ဆိတ်လွန်းသဖြင့် ကြောက်စရာကောင်းနေသည်။

ဒီတဒင်္ဂတည်ငြိမ်မှုက မုန်တိုင်းတစ်စင်း ရုတ်တရက်ထိုးတက်လာတော့မည့် အခိုက်အတန့်အတွက် ဖြစ်ပုံရသည်။

အဆုံးမဲ့ပင်လယ်‌ဒေသ၏ကမ်းခြေတွင် လျှို့ဝှက်ဆန်းကြယ်သည့် လှည့်လည်နေသော ကျင့်ကြံသူများ၏ ၀င်ရောက်မှုက ဂိုဏ်းကြီးအသီးသီးကို တင်းမာသွားစေသည်။

တကယ်တမ်းတွင် မရေမတွက်နိုင်လောက်သော ဂိုဏ်းများ၏ ထိပ်တန်းအဆင့်ကျင့်ကြံသူများစွာက ဒီကိစ္စအတွက် အဆုံးမဲ့ပင်လယ်ဒေသကို ရောက်လာခဲ့ကြသည်။

အက္ခရာလေးလုံးဂိုဏ်း၏ စံချိန်တင်တပည့် ရန်ယင်လုံ၏ သေဆုံးမှု!

ရွှမ်ယွမ်အင်ပါယာဂိုဏ်း ပါရမီရှင်၏ဝိဉာဉ်က အပြင်းအထန် ဒဏ်ရာရသွားခြင်း!

စုမုယောင်ဘေးကင်းပြီး အဆင်ပြေခဲ့ခြင်း!

တစ်ဘက်က အလယ်အလတ်အဆင့်ကြယ်နယ်မြေ၏ ထိပ်တန်းဂိုဏ်းများကိုသာ ပစ်မှတ်ထားနေပုံရသည်။

ဒီထိပ်တန်းဂိုဏ်းတွေက ဒါကို ဘယ်လိုကိုင်တွယ်မလဲ!

ဒါ့အပြင် အက္ခရာလေးလုံးဂိုဏ်းနှင့် ရွှမ်ယွမ်အင်ပါယာဂိုဏ်းတို့က အကြီးမားဆုံး ဆုံးရှုံးမှုများကို ကြုံခဲ့ကြရသည်။

တစ်ချိန်တည်းမှာပင် တခြားဂိုဏ်းများနှင့် ဆွေးနွေးစဉ် ဒီနှစ်ဂိုဏ်းက အဆိုပါဆန်းကြယ်သည့် တစ်ကိုယ်တော်ကျင့်ကြံသူများကို ဆန့်ကျင်သည့်စစ်ဆင်ရေး၌ အကျယ်လောင်ဆုံး ပြောဆိုကြသူများပင်။

သူတို့က ဂိုဏ်းကြီးအသီးသီးကို ထောက်လှမ်းရေးဌာနများကို ဆော်ဩရန်နှင့် အဆုံးမဲ့ပင်လယ်ဒေသကို အသေအချာရှာဖွေရန် ဆက်တိုက်တောင်းဆိုနေကြ၏။

သူတို့ ထိုလူများနောက်ကွယ်က စွမ်းအားကို ရှာဖွေချင်ကြသည်။

တစ်ချိန်တည်းတွင် ဆန်းကြယ်သည့် ပုန်းလျှိုးနေသောကျင့်ကြံသူများစွာ ရှိခဲ့သည်။ သူတို့သာမပူးပေါင်းပါက ဒါက သတို့ဦးနှောက်ထဲက လက်ကျန်ဉာဏ်ရည်ကို ဘောလုံးတစ်လုံးပမာ ကန်ထုတ်ပစ်သည်နှင့် တူနေသည်မဟုတ်ပေလော။

တစ်ခဏအကြာတွင် ဂိုဏ်းကြီးအသီးသီး၏ လုပ်ဆောင်ချက်များက ပရမ်းပတာဖြစ်နေသည်ဟု ဆို၍ရသည်။

သို့စေကာမူ ပါ၀င်ပတ်သက်သူများကမူ အဆုံးမဲ့ပင်လယ်ဒေသတွင် ရှိကြပြီး ဒီကိစ္စကို ပူပန်နေစရာ ဘာမှမရှိခဲ့ပေ။

ထိုဆန်းကြယ်သည့် တစ်ကိုယ်တော်ကျင့်ကြံသူများက သူတို့ခွန်အားကို တိုးမြှင့်ရန်အတွက် အမွေအနှစ်နှင့် သဘာ၀ရတနာများကို အကြီးအကျယ် လုယက်နေကြသည်။

သူတို့ခွန်အားက ကောင်းကင်အင်မော်တယ်နယ်ပယ်ကို မချိုးဖျက်သေးသည့်တိုင် သူတို့တွင် ကောင်းကင်အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူတစ်ယောက်ကို အနိုင်ယူနိုင်သည့် စွမ်းအားရှိသည်။

သို့သော် လက်ရှိအချိန်တွင် မိုချီရွှမ်းအပါအ၀င် ပုန်းလျှိုးနေသည့် ကျင့်ကြံသူတိုင်းက တစ်နေရာတည်းကို ဦးတည်နေကြ၏။

.....

နဂါးသွေးနတ်ဆိုးချောက်!

ဒီနယ်မြေက အဆုံးမဲ့ပင်လယ်ဒေသ၏ အနက်ပိုင်းနှင့် အတော်လေးနီးကပ်နေလေပြီ။

စံအိမ်တော်ကလူများ၊ ဇီရှန်း၊ မြင့်မြတ်အဆောင်ဂိုဏ်းက အကြီးအကဲလေးဦး၊ ကျန်းကျိယွမ်နှင့် လိန်ရှင်းယွန်တို့ ရောက်လာကြပြီး ဒီမြင်ကွင်းကို မြင်သောအခါ သူတို့အတော်လေး ထိတ်လန့်သွားကြ၏။

ဒီနေရာက မြင်ကွင်းက အဆုံးမဲ့ပင်လယ်ဒေသတင်မဟုတ်ဘဲ သူတို့ခံစစ်အနေအထားကိုပင် ရောက်နေပြီဟု မှားယွင်းစွာ ထင်မိနိုင်ပေသည်။

နဂါးသွေးနတ်ဆိုးချောက်၀န်းကျင်ရှိ အဆုံးမဲ့ပင်လယ်ဒေသက အရင်ကကဲ့သို့ ငြိမ်းချမ်းမှုမရှိတော့။

ဒီရေများက ရှေ့သို့သတ္တိရှိရှိ ပြေးရင်း လှိုင်းများကို ထန်သွားစေသည်။

ဒီနေရာက ပင်လယ်မျက်နှာပြင်က အနီရင့်ရောင်သွေးများနှင့် စွန်းထင်းနေလေပြီ။

သွေးပင်လယ်လေဆင်နှာခေါင်းများက ကောင်းကင်သို့ ထိုးတက်နေ၏။

ကောင်းကင်ပေါ်သို့ ထိုးတက်နေသည့် သွေးပင်လယ်လေဆင်နှာမောင်းများ၏ အလယ်ဗဟိုတွင် ကျွန်းဟူ၍မရှိဘဲ အလယ်က ပင်လယ်ရေမျက်နှာပြင်က အမှန်တကယ်ပင် ပြိုကျပျက်စီးနေသည်။

မြင်ကွင်းက သွေးခဲနေသည့်အလားပင် အတော်လေးစေးကပ်နေသည်။

ဇီရှန်း ဒီမြင်ကွင်းကို လေးနက်သည့်အမူအရာနှင့် ကြည့်ကာ ရှင်းပြသည်။

"တျန်ကျင်းကုန်သည်များအသင်းက ရတဲ့သတင်းအချက်အလက်တွေအရဆိုရင် အစစ်အမှန်နဂါးတစ်ကောင်က နဂါးသွေးနတ်ဆိုးချောက်မှာ ပေါက်ကွဲသေဆုံးခဲ့တယ်"

"ကျဆင်းလာတဲ့ သွေးတွေကျတော့ ကီလိုဂရမ်းသောင်းချီလေးပြီး အဆုံးမဲ့ပင်လယ်ဒေသကို ပြိုကျသွားစေပြီး ဒီသွေးကန်ကို ဖန်တီးခဲ့တယ်"

သူတို့မ၀င်ရသေးသော််လည်း လူတိုင်း အလွန်အမင်းဖိစီးနေသည့်ဖိအားကို ခံစားနေရလေပြီ။

ကျန်းကျိယွမ်နှင့် လိန်ရှင်ယွန်တို့ပင် သူတို့ကိုယ်ထဲက ဝိဉာဉ်ချီများ စတင်နှေးကွေးလာသည်ဟု ခံစားနေရသည်။

သူတို့၏နှာခေါင်းများက ဒီစေးကပ်နေသည့်အော်ရာနှင့် စွဲကပ်ငြိနေပုံပင်။

မုတ်ဆိတ်ဖြူအကြီးအကဲက လေးနက်သည့်အမူအရာဖြင့်ပြောသည်။

"အစစ်အမှန်နဂါးတစ်ကောင်ရဲ့သွေးက ဂုဏ်သတင်းနဲ့ တကယ်ထိုက်တန်တယ်လို့ပဲ ငါပြောနိုင်တော့တယ်"

ယဲ့ချိုးပိုင် ဇီရှန်းကိုကြည့်ကာမေးသည်။

"သခင်မလေးဇီရှန်း၊ ချောင်းမြောင်းတိုက်ခိုက်ဖို့အတွက် တစ်ယောက်ယောက်ရှိနေတာကို ခင်ဗျားရှာတွေ့လား"

သို့စေကာမူ ဇီရှန်းခေါင်းခါယမ်းသည်။

"ကျွန်မလမ်းတစ်လျှောက်လုံး ပတ်၀န်းကျင်ကို စူးစမ်းစစ်ဆေးလာခဲ့ပြီး ထူးခြားတာ ဘာတစ်ခုမှ မတွေ့ခဲ့ဘူး"

ဒါကိုကြားသောအခါ လူတိုင်းမျက်မှောင်ကြုတ်လိုက်ကြ၏။

နဂါးသွေးနတ်ဆိုးချောက်မှာလည်း ချောင်းမြောင်းတိုက်ခိုက်တာ မရှိဘူးလား!

ဒါကို တျန်ကျင်းကုန်သည်များအသင်းက ဘာလို့ ဒီသတင်းအချက်အလက်ကို ငါတို့ထံ တမင်တကာ ရောင်းချရတာလဲ!

ဒါ့အပြင် တျန်ကျင်းကုန်သည်များအသင်းအဖို့ မြင့်မြတ်အဆောင်ဂိုဏ်းဆီက မျက်နှာသာပေးမှုကို ရရန်အတွက် တမင်တကာလုပ်နေစရာမလို။

မြင့်မြတ်အဆောင်ဂိုဏ်းက တျန်ကျင်းကုန်သည်များအသင်းရဲ့မျက်နှာသာပေးမှုကို တမင်တကာရယူရန် ကြိုးစားသည်ဆိုပါက ပိုသင့်တော်သည်။

သူတို့က သတင်းအချက်အလက်ကို မြင့်မြတ်အဆောင်ဂိုဏ်းကို ရည်ရွယ်ချက်မဲ့ရောင်းချခဲ့တယ်ဆိုတာက ဒါကရှုံးနိမ့်မည့် သဘောတူညီချက်တစ်ခုပင် မဟုတ်ပေလော။

အလွန်အမင်းပါးနပ်သည့် ကုန်သည်များအသင်းကဲ့သို့ အင်အားစုတစ်ခုအတွက် ဘာပဲဆိုဆို သူတို့အရှုံးခံမည်မဟုတ်။

ဇီရှန်းကလည်း အနည်းငယ်စိတ်ရှုပ်ထွေးနေသည်။

တျန်ကျင်းကုန်သည်များအသင်းရဲ့ အထက်အဆင့်ကလူတွေက တကယ်ပဲ အတိအကျဘာတွေ လုပ်နေကြတာလဲ!

မုဖူရှန်းပြောသည်။

"ပတ်၀န်းကျင်ကို စောင့်ကြည့်ထားတာ ပိုကောင်းတယ်၊ ပြီးတော့ အချိန်မရွေး ကောင်းကင်ဘုံလွတ်မြောက်အဆောင်ကို အသက်သွင်းဖို့ ပြင်ဆင်ထားကြပါ"

လူတိုင်းခေါင်းညိတ်သည်။

ဘာမှမတွေ့တော့သဖြင့် လူတိုင်း၀င်ရန် စီစဉ်လိုက်ကြ၏။

သို့သော် သူတို့ မြင့်မြတ်အဆောင်ဂိုဏ်း အကြီးအကဲများ၊ ကျန်းကျိယွမ်၊ လိန်ရှင်းယွန်တို့၏ အကာအကွယ်များအောက်၌ သွေးပင်လယ်လေဆင်နှာမောင်းကို ဖြတ်သန်းနေသည့် အခိုက်အတန့်၌ လွှမ်းမိုးနေသည့် ဖိအားတစ်ခုက လူတိုင်းကိုယ်ခန္ဓာများအပေါ် ပို၍သိသာထင်ရှားစွာ ဖိနှိပ်ကျဆင်းလာသည်။

အဆုံးမဲ့သွေးဆန္ဒ!

ဒါကလူတိုင်းကိုပင် အညံ့ခံစေနိုင်သည့် လွှမ်းမိုးနေသည့်အော်ရာတစ်ခုပင်။

လူတိုင်း ဝိဉာဉ်ချီအတားအဆီးကို အသက်သွင်းကာ အလွှာလိုက်၊ အလွှာလိုက် ကာရံလိုက်ကြ၏။

ဒါက ခုခံရန်အတွက်ဖြစ်သည်။

ထိုအချိန်တွင် ဓားနတ်ဘုရားဓားဝိဉာဉ်က ယဲ့ချိုးပိုင်ဘေးတွင် ပေါ်လာသည်။

ဒီမြင်ကွင်းကိုမြင်သောအခါ သူပြောသည်။

"အစစ်အမှန်နဂါးသွေးကန်၊ ဒါပေမယ့် မင်းရဲ့လက်ရှိခန္ဓာနဲ့ မင်းက အင်မော်တယ်ဓားနယ်ပယ်ဆိုရင်တောင် ဒီလိုထူထဲကျစ်လျစ်တဲ့ အစစ်အမှန်နဂါးသွေးကန်ရဲ့ အခက်အခဲကို ခံနိုင်မှာမဟုတ်ဘူး"

"ဘာပဲဆိုဆို ဒီအစစ်အမှန်နဂါးသွေးကန်မှာ ကြောက်စရာကောင်းတဲ့ နတ်ဆိုးဆန္ဒတစ်ခုရှိတယ်"

"ကြည့်ရတာ နတ်ဆိုးနဂါးတစ်ကောင် ဒီနေရာမှာ သေသွားခဲ့ပုံပဲ"

မင်းခန္ဒာထဲက အဲဒီဓားကိုမသုံးသရွေ့ပေါ့!

ဓားဝိဉာဉ်က ဒီစကားလုံးတွေကို ကျယ်လောင်စွာ မပြောရဲပေ။

မည်သို့ပင်ဆိုစေကာမူ သူသာ ထိုဓားကိုသုံးမည်ဆိုပါက ဒီနတ်ဆိုးနဂါးသွေးကန်က သေချာပေါက် ဖျက်ဆီးခံရမည်ဖြစ်ကာ လုံး၀စုပ်ယူနိုင်မည်မဟုတ်တော့ပါ။

ယဲ့ချိုးပိုင်ခေါင်းခါယမ်းသည်။

"ဒီနေရာမှာ ကျင့်ကြံချင်တာ ကျွန်တော်မဟုတ်ပါဘူး၊ ကျွန်တော့်ညီလေးပါ"

ထို့နောက် ယဲ့ချိုးပိုင် ရှောင်ဟိုင်ကို လက်ညိုးထိုးပြသည်။

ဓားနတ်ဘုရားဓားဝိဉာဉ် လှမ်းကြည့်လိုက်သောအခါ အနည်းငယ်အံ့ဩသင့်သွားပြီးနောက် ခေါင်းညိတ်သည်။

"သူသာဆိုရင်တော့ နတ်ဆိုးနဂါးသွေးအဆီအနှစ်ရဲ့ အခက်အခဲကို ခံနိုင်ရည်ရှိမှာပါ"

ယဲ့ချိုးပိုင် ရှောင်ဟိုင်ကိုကြည့်လိုက်၏။

"ဒါကသန့်စင်တဲ့သွေးရေကန်တစ်ခုဖြစ်ပုံပဲ၊ သွားပြီးတော့ ကျင့်ကြံတော့"

ရှောင်ဟိုင်ခေါင်းညိတ်ပြီး နတ်ဆိုးနဂါးသွေးကန်ဆီသို့ ပျံသန်းသွား၏။

ဒီလိုနေရာမျိုးက သာမန်လူများ ခံနိုင်ရည်ရှိသည့် အရာတစ်ခုမဟုတ်ပေ။

ထိုနတ်ဆိုးခန္ဓာကျင့်ကြံသူများပင်လျှင် မခုခံနိုင်ကြ။

ပထမက စစ်မှန်သောနဂါးသွေး၏ ဖိအားနှင့်စွမ်းအားက အတော်လေးမြင့်မားသောကြောင့်ပင်။ တိကျသည့်နယ်ပယ်ကို မရောက်သေးသရွေ့ သွေးတစ်စက်ကို စုပ်ယူမည်ဆိုလျှင်ပင် ခံနိုင်ရည်မရှိဘဲ ပေါက်ကွဲကာ သေဆုံးရပေလိမ့်မည်။

ဒါ့အပြင် ဒါက သွေးအဆီအနှစ်ကန်ဖြစ်နေသည်။

ဒုတိယက ဒါက နတ်ဆိုးနဂါးတစ်ကောင်၏ သွေးအဆီအနှစ်ဖြစ်သည်။ အထဲက နတ်ဆိုးဆန္ဒက ခန္ဓာပြုပြင်မွမ်းမံခြင်းကို ခံယူရန် ၀င်သွားသော ကိုယ်ခန္ဓာကျင့်ကြံသူတိုင်းကို တိုက်စားစေလိမ့်မည်။

များမြောက်စွာသော နတ်ဆိုးဆန္ဒများနှင့်အတူ စိတ်ပိုင်းဆိုင်ရာအကာအကွယ်က ပြိုကွဲသွားသည်နှင့် ဒီနတ်ဆိုးဆန္ဒ၏ ဖုံးလွှမ်းခြင်းကိာ ခံရပြီး အသိစိတ်မရှိသည့် လူသတ်စက်ဖြစ်လာပေလိမ့်မည်။

တစ်နည်းအားဖြင့် ဒီနတ်ဆိုးဆန္ဒ၏ ရုပ်သေးတစ်ခုဖြစ်လာခြင်းပင်။

သို့သော် ရှောင်ဟိုင်က ဒါကိုစိုးရိမ်နေစရာမလိုပေ။

အဘယ်ကြောင့်ဆိုသော် အစကတည်းက သူ့တွင် နတ်ဆိုးဘုရင်သွေးကြောရှိနေသောကြောင့်ပေတည်း။

သူ့အတွက်မူ နတ်ဆိုးဆန္ဒက သူ့ခွန်အားကိုသာ တိုးပွားစေနိုင်ပြီး တခြားဘေးထွက်ဆိုးကျိုးများမရှိချေ။

All Chapters