← Chapters

#သေမျိုးကျေးရွာမှ သတင်းစကား၊ အစွယ်များကို ဖော်ပြခြင်း#

Vol. 58 Ch. 823

#သေမျိုးကျေးရွာမှ သတင်းစကား၊ အစွယ်များကို ဖော်ပြခြင်း#

Vol. 58 Ch. 823

လေပြေလေညင်းတိုက်ခတ်နေပြီး နေရောင်ခြည်က တောက်ပနေသည်။

နွေဦးလေက အလွန်အမင်းညင်သာလှပြီး နွေးထွေးသည့်နေရောင်ခြည်က ထာ၀ရသက်တမ်းကမ္ဘာပေါ်သို့ လင်း၀င်းနေသည်။

ပြီးပြည့်စုံသည့်ရာသီဥတု၏ အကောင်းဆုံးအောင်ပွဲခံခြင်းဟူသည် နေရောင်အောက်တွင် လဲလျောင်းကာ ကောင်းကောင်းအိပ်စက်ခြင်းဟု လုချန်ရှန်းခံစားနေရသည်။

ယခုလိုအချိန်မျိုးတွင် လုချန်ရှန်းကဲ့သို့သော် လူများက အလုပ်မလုပ်ချင်ကြပေ။

သူစားပွဲအသေးတစ်လုံးကို ထိုင်ခုံဘေးတွင်ထားပြီး လက်ဖက်ရည်အိုးတစ်လုံးနှင့် ဝိဉာဉ်သစ်သီးတစ်ချို့ကို လက်လှမ်းမီနိုင်သည့် နေရာတွင် ချထားလိုက်၏။

ထို့နောက် သူသက်တောင့်သက်သာပင် လှဲချရင်း ဒါကို ဘယ်လိုပြုပြင်ရမလဲဆိုတာ တွေးနေစဉ် ရုတ်တရက် သတင်းစကားတစ်ခုရောက်လာသည်။

လုချန်ရှန်းတစ်ယောက် ပြပွဲတစ်ခု၏ အလယ်တွင် ရောက်နေသလိုခံစားနေရသည်။ သူကိုယ်တိုင်ပျော်ပါးတော့မည့်အချိန်တွင် ကုမ္ပဏီဘောစ့်က သူ့ကိုခေါ်ပြီး အချိန်ပိုအလုပ်လုပ်ခိုင်းနေသည့်အလားပင်။

ဒါကအတော်လေး မသက်မသာဖြစ်စေသည်။

ထိုသတင်းစကားက သေမျိုးကျေးရွာက ဆရာသခင်ထံမှဖြစ်သည်။

လုချန်ရှန်း စာကိုဖတ်ပြီးနောက် မသွားချင်တော့ပါ။

သို့သော် နောက်ကျောတွင် သတင်းစကားတစ်ခုကို သူတွေ့လိုက်ရသည်။ သေမျိုးကျေးရွာဆရာက အာကာသနှလုံးသား မွေးဖွားမှုဖြစ်သည့် မူမမှန်မှုတစ်ခုကို ခံစားမိခဲ့သည်။

အာကာသနှလုံးသားဆိုတာကဘာလဲ!

လုချန်ရှန်းပြောသည်။

"ဟူးးး၊ ငါလည်းမသိဘူး"

သို့စေကာမူ ဆရာက သူ့ကို အာကာသနှလုံးသားဆိုတာ ဘာလဲရှင်းပြသည်အထိ လုံလောက်သည့် လေးစားမှုရှိခဲ့သည်။

အာကာသနှလုံးသားက ကြယ်နယ်မြေနှလုံးသား၊ နယ်မြေနှလုံးသားနှင့်မတူပေ။ ၎င်းတို့က နယ်မြေတစ်ခု၏ နှလုံးသားဖြစ်ပြီး နယ်မြေမရှိပါက မလုပ်မဖြစ်ပေ။

ဒါကမူ အာကာသထဲက အာကာသအရှုပ်အထွေးများနှင့် အာကာသမုန်တိုင်းများ၏ စွမ်းအားပင်။ နှစ်သန်းပေါင်းများစွာ သို့မဟုတ် နှစ်သန်းရာပေါင်းများစွာ စုဆောင်းမှုအပြီးတွင် ၎င်းတို့က အာကာသစွမ်းအင်ကို သိပ်သည်းစေသည်။

အထဲက အာကာသစွမ်းအားက အတော်လေးကြီးမားသဖြင့် ဒါကို အာကာသနှလုံးသားဟုခေါ်သည်။

တစ်နည်းအားဖြင့် ဒီအရာက ကျောက်တုံးလေးအတွက် အင်မတန်အသုံး၀င်သည်။

နှစ်ပေါင်းများစွာလက်ဆင့်ကမ်းလာခဲ့ကြပြီး မြင့်မားသည့်ကျင့်ကြံခြင်းရှိသူများကသာလျှင် ရှေးဟောင်းစာအုပ်များမှတဆင့် ဒီလိုအရာများကို လေ့လာရန် အခွင့်အရေးရှိကြသည်။

အာကာသတာအိုကို ကျင့်ကြံကြသည့် ကျင့်ကြံသူများက အတော်လေးနည်းပါးကာ လိုအပ်ချက်များက အရမ်းမြင့်လွန်းသည်။

(အာကာသတာအိုက လေဟာနယ်တာအိုနဲ့ အတူတူပါ)

အာကာသတာအိုကို မကျင့်ကြံသည့် ကျင့်ကြံသူတစ်ယောက်ဆိုပါက တခြားရှုထောင့်များတွင် အာကာသအခင်းအကျင်းများ သို့မဟုတ် ကြယ်နယ်မြေကို ဖြတ်သန်းနိုင်သည့် တယ်လီပို့အခင်းအကျင်းများသာမက အာကာသနှလုံးသားနှင့် မည်သည့်အာကာသလေဟာနယ်တွင်မဆို လွတ်လပ်စွာ သွားလာနိုင်သည်။

မည်သို့ပင်ဆိုစေကာမူ အာကာသထဲတွင် မရေမတွက်နိုင်လောက်သည့် မစူးစမ်း၊ မဖော်ထုတ်ရသေးသည့် တားမြစ်နေရာများစွာ ရှိနေဆဲပင်။

အာကာသနှလုံးသားနှင့်ဆိုပါက အတားအဆီးဟူ၍ ရှိလာမည်မဟုတ်တော့။

ထို့ကြောင့် အာကာသနှလုံးသားဖွေးမွားမှာက အဆင့်မြင့်ကြယ်နယ်မြေက ကျွမ်းကျင်သူများစွာကို လုယက်စေသည်။

ထိုအချိန်တွင် သွေးများက မြစ်တစ်စင်းပမာ စီးဆင်းသွားလောက်ပေသည်။

သို့စေကာမူ သူ့တွင်ရွေးချယ်စရာမရှိပါ။

ဒါက ကျောက်တုံးလေးအတွက် အရမ်းအသုံး၀င်လွန်းသည်။

လုချန်ရှန်း ထိုင်ခုံကနေထရပ်ကာ အခန်းထဲသို့ လျှောက်သွားပြီး ကျင့်ကြံနေသည့် ကျောက်တုံးလေးကို ကောက်ချီလိုက်၏။

ကျောက်တုံးလေး လုချန်ရှန်းကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။

လုချန်ရှန်းလေးနက်စွာပြောသည်။

"ငါမင်းကို သေမျိုးကျေးရွာကို ခေါ်သွားမယ်"

"ဟမ်"

ကျောက်တုံးလေးမေးသည်။

"ဘာလို့ ကျွန်တော်တို့ သေမျိုးကျေးရွာကို သွားကြမှာလဲ"

"ငါမင်းကိုလမ်းမှာရှင်းပြမယ်"

လုချန်ရှန်းသိပ်ပျော်နေပုံမရသော်လည်း ဒါက သူ့တပည့်ဖြစ်နေပေသည်။

နောက်ဆုံးတော့ လုချန်ရှန်း သူ့မိဘများကို နားလည်လာရသည်။

တစ်ခါတစ်ရံ မိဘများက တစ်စုံတစ်ရာကို လုပ်ဖို့ဆန္ဒမရှိလျှင်ပင် သူတို့ကလေး၏ အနာဂတ်အတွက် လုပ်ဆောင်ကြမည်သာ။

ဒါက လုချန်ရှန်း၏ လက်ရှိအခြေအနေပင် မဟုတ်ပေလော။

ဒါ့အပြင် သတင်းစကားက သေမျိုးကျေးရွာက ဆရာဆီကဖြစ်သည်။

ကြည့်ရသည်မှာ အာကာသနှလုံးသားပေါ်ပေါက်လာရခြင်း၏ တည်နေရာနှင့် အချိန်က မှန်ကန်ပုံမရပေ။

လုချန်ရှန်း ထွက်သွားတော့မှာကို မြင်သောအခါ ဟွမ်ချင်း သိချင်စိတ်ဖြင့် မေးသည်။

"ဘယ်ကိုသွားမလို့လဲ"

လုချန်ရှန်း အားကိုးရာမဲ့စွာပြောသည်။

"သေမျိုးကျေးရွာ"

ဟွမ်ချင်းပြောသည်။

"ကျွန်မမှာလည်း ဘာမှလုပ်စရာမရှိပါဘူး၊ အတူလိုက်ခဲ့လို့ရမလား"

လုချန်ရှန်းတစ်ခဏမျှ တွေးလိုက်ပြီးနောက် သူ့မျက်လုံးအစုံက လင်း၀င်းသွား၏။

ဒါက သူ့တံခါးကို လာခေါက်နေသည့် ရာဇ၀တ်သားတစ်ယောက်ပေတည်း။

ထိုအချိန်တွင် သူ့ကိုယ်သူမဖော်ပြမိစေရန်အတွက် တိုက်ခိုက်မည့်ကိစ္စကို ဟွမ်ချင်းအား လက်လွှဲပေးခဲ့၍ရသည်။

ထို့ကြောင့် လုချန်ရှန်းအလျင်စလိုပင် ခေါင်းညိတ်သည်။

"ကောင်းပြီ၊ ကောင်းပြီ၊ ကောင်းပြီ၊ ဒီမှာပဲ တစ်ချိန်လုံးနေရတာ အရမ်းပျင်းစရာကောင်းတယ်၊ ငါနဲ့အတူ လေကောင်းလေသန့်ရှုဖို့ လိုက်ခဲ့"

ဟွမ်ချင်းခေါင်းငဲ့လိုက်မိသည်။

ကြည့်ရတာ....ကြည့်ရတာ.... ငါလှည့်စားခံလိုက်ရပုံပဲ!

ငါဘာလို့တစ်ခုခုမှားနေတယ်လို့ ခံစားနေရတာလဲ!

ဒီနေရာမှာ ရာဇ၀တ်သားတွေ မလုံလောက်သေးလို့လား!

တစ်ချိန်တည်းမှာပင် လုချန်ရှန်း လျိုကျိယုကိုပါ ဆွဲထုတ်လိုက်၏။

လျိုကျိယု တစ်ချိန်လုံး စကားတစ်ခွန်းမှ မဟခဲ့ပေ။

လုချန်ရှန်း သူ့ကိုဆွဲထုတ်လိုက်သည့် အခိုက်အတန့်၌ သူ့အမူအရာက အနည်းငယ် ထုံထိုင်းနေသည်။

သူအနည်းငယ်အကူအညီမဲ့နေပုံပင်။

တစ်ချိန်တည်းမှာပင် သူ့ကံကြမ္မာကို အနည်းငယ် လက်ခံနေသည်ဟုလည်း ခံစားနေရသည်။

လုချန်ရှန်းနှင့်ပတ်သက်၍ ဆိုပါက သူကထွက်သွားရန်ပြင်နေဆဲဖြစ်သည်။

လေကောင်းလေသန့်ရှူချင်တာလား!

သူသေသည်အထိ အရိုက်ခံရမည်ဆိုလျှင်ပင် လျိုကျိယုမယုံပေ။

လုချန်ရှန်း၏အမူအရာကနေ သူဒါကိုမြင်နိုင်သည်။

ခင်ဗျားက လေကောင်းလေသန့်ရှုဖို့ပဲ သွားချင်တာရောဟုတ်လို့လား!

ဒါ့အပြင် ခင်ဗျားသွားရင်တောင် ဘာလို့ကျုပ်ကိုပါ အတူခေါ်သွားနေရသေးတာလဲ!

ပြန်တွေးစရာတောင်မလိုတော့ဘူးလေ၊ ဒါကကျုပ်ကို ကိရိယာတန်ဆာပလာတစ်ခုအဖြစ် အသုံးချဖို့အတွက်ပဲမလား!

သို့စေကာမူ လျိုကျိယု ခုခံခြင်းကို အရှုံးပေးလက်လျှော့ထားပြီးဖြစ်သည်။

မခုခံနိုင်မှတော့ သာယာခံစားကြတာပေါ့!

.....

တခြားတစ်ဘက်တွင် နဂါးသွေးနတ်ဆိုးချောက်ထဲသို့ ရှောင်ဟိုင်၀င်သွားခဲ့သည်။

ရှောင်ဟိုင် သွေးကန်ထဲ၀င်လိုက်သည့် အခိုက်အတန့်၌ သွေးကန်ရှိ အလွန်အမင်းစေးကပ်သည့်သွေးက ရုတ်ချည်းဆိုသလို စတင်‌ဆူပွက်လာသည်။

ဗလုံ....ဗလုံ....ဗလုံ!

ရှောင်ဟိုင်ပတ်လည်က သွေးကန်ကနေ သွေးပူဖောင်းများ ဖောင်းထွက်လာပြီး ဘန်းခနဲ့ မြည်သံနှင့်အတူ ပေါက်ကွဲသွားကြ၏။

သွေးနီရောင်ချီအမျှင်စများက လွင့်မြောလာကာ ရှောင်ဟိုင်ကိုယ်ကို ရစ်ပတ်ထားသည်။

သို့စေကာမူ နတ်ဆိုးဆန္ဒအမျှင်စများက ရှောင်ဟိုင်၏ အသိစိတ်ပင်လယ်နှင့် ခြေလက်အင်္ဂါများကို တိုက်စားနိုင်သော်လည်း အရမ်းကြီး သက်ရောက်မှုမရှိပေ။

ယင်းအစား ရှောင်ဟိုင်ကိုယ်ထဲက နတ်ဆိုးဘုရင်သွေးကြောကိုပါ အသက်၀င်လာစေခဲ့သည်။

တစ်ချိန်တည်းမှာပင် နတ်ဆိုးနဂါးသွေးကန် ဆူပွက်လာသည်နှင့် ရှောင်ဟိုင်၏ကိုယ်ကို ဆက်လက်လောင်ကျွမ်းနေသည်။

ရှောင်ဟိုင်၀င်သွားသည့် အခိုက်အတန့်၌ သူ့ခန္ဓာက နီရဲသွားပြီး သူ့အသားအရေက စတင်အက်ကွဲလာခဲ့သည်။

ဒါကဧရာမနာကျင်မှုတစ်ခုပေတည်း။

မကြာမီ ဒါက သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွား၏။

ဒီနတ်ဆိုးနဂါးသွေးကန်ကို ရင်ဆိုင်ရသောအခါ ရှောင်ဟိုင်ပင်လျှင် ညည်းတွားနေမိသည်။

ရှောင်ဟိုင်၏ စိတ်စွမ်းအားက ယှဉ်၍မရနိုင်လောက်အောင် အားကောင်းသည်။

ဘယ်လောက်ပက်နာကျင်ပါစေ သူထိန်းချုပ်နိုင်ပြီး အသံတစ်သံမှ မထွက်အောင် လုပ်နိုင်ခဲ့သည်။

သို့စေကာမူ ယခုနဂါးသွေးနတ်ဆိုးချောက်ထဲသို့ သူ၀င်လိုက်သည်နှင့် နာကျင်လွန်းတဲ့ ညည်းတွားသံကို ထုတ်လွှတ်လာသည်။

ဒါက ဘယ်လောက်ပင် နာကျင်ရမလဲဆိုတာ ဒီကနေတဆင့် မြင်နိုင်သည်။

အကယ်၍ တခြားကိုယ်ခန္ဓာကျင့်ကြံသူဆိုပါက ဒါကိုခံနိုင်ရည်ရှိမည်မဟုတ်ပေ။

သွေးအဆီအနှစ်က အလွန်အမင်း လေးလံသည်။

နတ်ဆိုးနဂါး၏ သွေးအဆီအနှစ်က သာမန်လူသားများ ခံနိုင်ရည်ရှိသည့် အရာတစ်ခုမဟုတ်ပါ။

ဒါကလည်း နဂါးမျိုးနွယ်စုက အစွမ်းထက်ရသည့် အကြောင်းရင်းပင်။

လူသားမျိုးနွယ်၏ ထိပ်တန်းသွေးကြောများ၏ အမွေခံများမှလွဲ၍ တခြားမည်သူမှ ၎င်းတို့၏ သွေးကြောနှင့် သွေးအဆီအနှစ်ကို မယှဥ်နိုင်ပေ။

သို့သော် နှိုင်းယှဉ်ကြည့်ပါက သူသာ နတ်ဆိုးနဂါးသွေး၏ ပြုပြင်မွမ်းမံမှုကို အောင်မြင်စွာ ခံနိုင်ရည်ရှိလာပါက ဒါက ရှောင်ဟိုင်၏ ရုပ်ခွန်အား၌ အရည်အသွေးပိုင်ဆိုင်ရာ ခုန်ပျံကျော်လွှားမှုတစ်ခုကို ဖြစ်လာစေလိမ့်မည်။

သို့သော်ငြားလည်း ရှောင်ဟိုင် ကျင့်ကြံခြင်းထဲ ၀င်သွားသည့်အခိုက်အတန့်၌ ဇီရှန်း၏ အမူအရာက ရုတ်တရက် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

မုတ်ဆိတ်ဖြူအကြီးအကဲ၊ ကျန်းကျိယွမ်နှင့် လိန်ရှင်းယွန်တို့၏ အမူအရာများကလည်း မည်း‌မှောင်သွားကြ၏။

ဇီရှန်းအသံနိမ့်ကာပြောသည်။

"နဂါးသွေးနတ်ဆိုးချောက်ကို ၀န်းရံနေတဲ့ အော်ရာတစ်ဒါဇင်ကျော်ရှိတယ်...."

ဒါကိုကြားပြီးနောက် လူတိုင်းထိတ်လန့်သွားကြသည်။

ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ၏ နှလုံးများက တဒိန်းဒိန်းခုန်ပေါက်သွားကြ၏။

ကြည့်ရသည်မှာ သူတို့ခန့်မှန်းချက်က မမှားခဲ့ပေ။

သို့သော် သူတို့ချီရှာဒေါင်ကို အလွန်အမင်း လျှော့တွက်မိခဲ့ကြသည်။

တစ်ဘက်လူက ဒီလောက်ထိ သတိထားလိမ့်မည်ဟု သူတို့မမျှော်လင့်ထားခဲ့ကြပါ။

အကြောင်းရင်းနှင့်အကျိုးဆက်များအပါအ၀င် ဒီနေ့ရက်များအတွင်း ဖြစ်ပျက်ခဲ့တာများကနေတဆင့် စံအိမ်တော်က လူများက တစ်ဘက်လူ၏ ရည်ရွယ်ချက်များကို အလျင်အမြန် နားလည်သွားကြ၏။

ဓားနတ်ဘုရားအမွေအနှစ်က ငါးစာတစ်ခုသာဖြစ်သည်။

နဂါးသွေးနတ်ဆိုးချောက်၌ အဝေးတစ်နေရာတွင် ရှာဖွေခံရမည့်အရေးကနေ တားဆီးရန်အတွက် ချောင်းမြောင်းတိုက်ခိုက်မှုတစ်ခုကို ချထားသည်။

တစ်ယောက်ယောက် ကျင့်ကြံရန်သွားပြီး အချိန်မီမလွတ်မြောက်နိုင်သော အခါမှသာ သူတို့က အလွန်အမင်းမြန်ဆန်သည့်နှုန်းနှင့် ၀န်းရံပစ်ကြပေလိမ့်မည်။

ငရဲဂိုဏ်းက ပိုက်ကွန်ထဲ စတင်စိမ့်၀င်လာသည်။

All Chapters