#ရှောင်လွှဲ၍မရနိုင်သည့်ကွန်ရက်#
Vol. 58 Ch. 824
ချီရှာဒေါင်၏အတွေးများက အတော်လေးကို အသေးစိတ်ပေသည်။
သူအစီအစဉ်တစ်ခုဆွဲပြီးနောက်တွင်သာ လှုပ်ရှားခဲ့ခြင်းပင်။
သူ့အတွက် ဆိုးကျိုးဖြစ်လာနိုင်သည့် ဖြစ်နိုင်ချေရှိသော အကြောင်းရင်းအားလုံးကို သူထည့်သွင်းစဉ်းစားခဲ့သည်သာမက စံအိမ်တော်ကလူများ၊ မြင့်မြတ်အဆောင်ဂိုဏ်း၏ အကြီးအကဲလေးဦး၊ ဇီရှန်း၊ ကျန်းကျိယွမ်နှင့် လိန်ရှင်းယွန်တို့၏ အတွေးများကိုလည်း မှန်းဆခဲ့သည်။
သူတို့၏ ဉာဏ်ရည်ဉာဏ်သွေးကိုပင် ထည့်တွက်ခဲ့သေးသည်။
ထို့ကြောင့်ပင် ဒီလိုအသေးစိတ်အစီအစဉ်ကို သူစီစဉ်ခဲ့ခြင်းပင်။ ဒါကသံသယဖြစ်စရာကောင်းသော်လည်း တက်လှမ်းရန်ကလွဲ၍ ရွေးချယ်စရာမရှိပေ။
ဒီကွန်ရက်ကြီးက သတင်းလေလံပွဲမတိုင်ခင် တစ်ကိုယ်တော်ကျင့်ကြံသူများမဟာမိတ်ကနေ လေလံပွဲသို့ ဖိတ်စာများ ပို့ပေးခြင်းပင်။
ဒါကစံအိမ်တော်နှင့် ကျန်သောသူများကို ကြားနာမှုကို ပရမ်းပတာဖြစ်စေသလို နှောင့်ယှက်နိုင်ခဲ့ပြီး သူတို့စတင်ချခဲ့ကြသည်။
ထို့နောက် သူတျန်ကျင်းကုန်သည်များအသင်းနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။
၎င်းနောက် စံအိမ်တော်ကလူများကို ပေးရန်အတွက် ဓားနတ်ဘုရားအမွေအနှစ်နှင့် နဂါးသွေးနတ်ဆိုးချောက်နှင့် ပတ်သက်သည့် သတင်းအချက်အလက်ကို မြင့်မြတ်အဆောင်ဂိုဏ်းကို တမင်တကာပေးခဲ့သည်။
သူ စံအိမ်တော်၏ သံသယကို လျှော့ချစေရန်အတွက် ဓားနတ်ဘုရားအမွေအနှစ်သို့သွားပြီး ချိုခုံတိုက်ခိုက်မှုကို တမင်တကာပင် မစီစဉ်ထားခဲ့ပေ။
သို့စေကာမူ နဂါးသွေးနတ်ဆိုးချောက်နှင့် ပတ်သက်လာသောအခါ ချီရှာဒေါင် သူ့အသိကို မလျှော့ချခဲ့ဘဲ နဂါးသွေးနတ်ဆိုးချောက်အဝေး၌ ပြင်းထန်သည့် ချုံခိုတိုက်ခိုက်မှုတစ်ခု ချထားခဲ့သည်။
ဒါကသူတို့ အသိလျှော့ချသွားသည့်အချိန်တွင် နှောင့်ယှက်ရန်ဖြစ်ကာ ကာကွယ်မှုများကိုလည်း ဂရုတစိုက်ချထားခဲ့သေးသည်။
တစ်ခုပြီးတစ်ခုချိတ်ဆက်ပြီးနောက် သူစံအိမ်တော်ကလူများ၏ နှလုံးသားထဲက သံသယများကို ပြီးပြည့်စုံစွာ မှန်းဆနိုင်ခဲ့သည်။
ချီရှာဒေါင်၏ အသေးစိတ်စီမံမှုအောက်တွင် ရှောင်လွှဲ၍မရနိုင်သည့် ကွန်ရက်တစ်ခုက စံအိမ်တော်ကလူတိုင်း၊ မြင့်မြတ်အဆောင်ဂိုဏ်းက အကြီးအကဲလေးဦး၊ ဇီရှန်းနှင့် ကျန်သောသူများကို ဝိုင်းရံပစ်ပြီး မလွတ်မြောက်နိုင် ဖြစ်သွားစေသည်။
ထိုအချိန်တွင် နဂါးသွေးနတ်ဆိုးချောက်၀န်းကျင်က သွေးတိမ်အလွှာများက သူတို့ထံ ငရဲကွင်းများပမာ ကျုံ့လာခဲ့သည်။
သွေးတိမ်ထဲတွင် မကောင်းဆိုးဝါးတစ္ဆေများ၏ အသည်းခိုက်လုနီးပါး ဟစ်ကြွေးသံများက အဆက်မပြတ်အတက်၊ အကျဖြစ်နေသည်။
ဟစ်ကြွေးမြည်တမ်းနေသည့် လှိုင်းများက တစ်ခုပြီးတစ်ခု တောင်တန်းကနေ သူတို့ထံ လှိမ့်၀င်လာပြီး မကြာမီ သွေးတိမ်က သူတို့ကို လုံး၀၀န်းရံပစ်လိုက်သည်။
သွေးတိမ်ထဲတွင် အစွမ်းထက်အော်ရာများနှင့် ပုံရိပ်များရှိသည်။
တစ်ဦးချင်းစီက ကြောက်စရာကောင်းသည့် သတ်ဖြတ်ခြင်းဆန္ဒတစ်ခုစီကို ထုတ်လွှတ်နေသည်။
သူတို့က ရည်ရွယ်ချက်ကောင်းများနှင့် လာကြခြင်းမဟုတ်ပါ။
သွေးတိမ်ထဲတွင် လုံး၀ကိုကွဲပြားသည့်အော်ရာတစ်ခုလည်းရှိသည်။
တစ်ဘက်တွင် ယဲ့ချိုးပိုင်၊ မုဖူရှန်းတို့ သိသော သူများပင်။ သူတို့က မဟာပြိုင်ပွဲတွင် ငရဲနန်းတော်ကို သေမင်းဝိဉာဉ်မြို့၌ ကူညီခဲ့သည့် ကွေ့ကောရင်နှင့် ကောင်းကင်မြေအောက်နန်းတော်က ကျန်သောသူများဖြစ်သည်။
သို့သော်ပုံရိပ်သုံးခုကို မြင်သောအခါ ဇီရှန်း အနည်းငယ်ပို၍ မျက်မှောင်ကြုတ်လိုက်မိပြီး သူမ၏မျက်သူငယ်အိမ်များက အနည်းငယ် တုန်ယင်သွား၏။
ဒါက သူမ၏စိတ်အခြေအနေ တုန်ယင်သွားသည်ဟူသော လက္ခဏာပင်။
ဇီရှန်း အရင်က ရှိခဲ့သည့်သဲလွန်စများကနေတဆင့် သဲလွန်စများကို ရှာတွေ့ခဲ့သော်လည်း ယခု ဒီသုံးယောက်ကို မြင်ရသောအခါတွင်မူ သူမလက်ခံရန် ခက်ခဲနေသေးသည်။
ယနေ့အချိန်ထိ တျန်ကျင်းကုန်သည်များအသင်းက အလယ်အလတ်အဆင့်ကြယ်နယ်မြေတွင် ကြားနေနေခဲ့ပြီး ဒီစည်းမျဉ်းကို ဘယ်သောအခါမှ မချိုးဖျက်ခဲ့ပေ။
နောက်ကွယ်က အကြောင်းရင်းက ဒါက တျန်ကျင်းကုန်သည်များအသင်းက အလယ်အလတ်အဆင့်ကြယ်နယ်မြေတွင် စီးပွားရေးလုပ်နိုင်မလားဆိုတာကို ဆုံးဖြတ်ပေးနိုင်သောကြောင့်ပင်။
တစ်ချိန်တည်းမှာပင် ဒါက တျန်ကျင်းကုန်သည်များအသင်း၏ ရုံးချုပ်က အဆင့်မြင့်ကြယ်နယ်မြေတွင် ထိခိုက်နိုင်သလားဆိုတာကိုလည်း ဆုံးဖြတ်ပေးနိုင်သည်။
ဒီကိစ္စက အရေးကြီးသည်။
မည်သို့ပင်ဆိုစေကာမူ တျန်ကျင်းကုန်သည်များအသင်းက အလွန်အမင်းအရေးကြီးသည့် ကိစ္စတစ်ခုအတွက် အလယ်အလတ်အဆင့်ကြယ်နယ်မြေတွင် ထူထောင်ရန် ဧရာမတန်ဖိုးတစ်ခုကို ပေးဆပ်ခဲ့ရသည်။
ဒါက သူတို့၏ကျင့်ကြံခြင်းကို သံသယမရှိ ဆန့်ကျင်နေသလို ဗဟိုဌာနချုပ်၌ နှစ်ပေါင်းများစွာ စီစဉ်ခဲ့သည်တို့ကိုလည်း လုံး၀ဖျက်ဆီးပစ်နိုင်သည်။
ထိတ်လန့်မှု၊ မယုံနိုင်မှုများနှင့်အတူ သူမဒေါသထွက်လာသည်။
ဘေးတွင် ဒီမြင်ကွင်းကိုမြင်သောအခါ ကျန်းကျိယွမ်နှင့် လိန်ရှင်းယွန်တို့ မျက်မှောင်ကြုတ်လိုက်ကြ၏။
"မိတ်ဆွေလေးယဲ့၊ မင်းမှာ ငရဲဂိုဏ်းနဲ့ တခြားသူတွေနဲ့ ရန်ငြိုးရန်စရှိလို့လား"
ယဲ့ချိူးပိုင်ရယ်မောကာ တည်ငြိမ်နေပုံရပြီး တည်ငြိမ်စွာပင်ပြောသည်။
"အစကတော့ ရန်ငြိုးမရှိပါဘူး၊ ဒါပေမယ့် သူတို့အတင်းလာနေကြတော့ ရန်ငြိုးရန်စတွေဖြစ်လာရတာပေါ့"
ယဲ့ချိုးပိုင်၏စကားလုံးများက ကျန်းကျိယွမ်နှင့် လိန်ရှင်းယွန်တို့ကို မျက်ခုံးပင့်သွားစေသည်။
သူက မြေအင်မော်တယ်နယ်ပယ်ကို ၀င်ခါစဖြစ်သော်လည်း သူ့ဓားတာအိုပါရမီက ကြောက်စရာကောင်းလွန်းသည်။
သို့တိုင် သူက မောက်မာခြင်းမရှိသည်သာမက နှိမ့်ချတတ်သေးသည်။
ကောင်းကင်အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူလေးဦးပါ၀င်သည့် အဆင့်မြင့်လူ၂၇ယောက်ကို ဆော်ဩထားသည့် ငရဲဂိုဏ်းလို ဂိုဏ်းတစ်ဂိုဏ်းကို ရင်ဆိုင်ရသည့်တိုင် သူကလုံး၀ထိတ်လန့်သွားခြင်းမရှိချေ။
ကြီးမားသည့်အရာတစ်ခုခုဖြစ်လာတိုင်း ငြိမ်သက်နေရန် လိုအပ်သည်။
ယဲ့ချိုးပိုင် ဒါကိုရှင်းလင်းစွာ လုပ်ဆောင်ခဲ့သည်။
ဒီကပ်ဘေးကနေ သူလွတ်မြောက်နိုင်သရွေ့ အလယ်အလတ်အဆင့်ကြယ်နယ်မြေ၏ ထိပ်ဆုံးနေရာက ယဲ့ချိုးပိုင်နာမည်ဆိုတာ ကျန်းကျိယွမ်နှင့် လိန်ရှင်းယွန်တို့ သေချာပေါက် ယုံကြည်သည်။
သောက်ရမ်းမိုက်တယ်ဟ!
ယဲ့ချိုးပိုင်ကဲ့သို့ နတ်ဆိုးက သူတို့နယ်မြေများနှင့် လုံး၀မသက်ဆိုင်တာက ဖြစ်နိုင်ချေပိုများသည်။
အလယ်အလတ်အဆင့်ကြယ်နယ်မြေက ယဲ့ချိုးပိုင်အတွက် အရမ်းသေးလွန်းသည်။
မြင့်မြတ်အဆောင်ဂိုဏ်း၏ မုတ်ဆိတ်ဖြူအကြီးအကဲ မျက်မှောင်ကြုတ်သည်။
"တစ်ဘက်မှာ ကောင်းကင်အင်မော်တယ်လေးယောက်နဲ့ မြေအင်မော်တယ်၂၃ယောက်ရှိတယ်၊ ဒါကငရဲဂိုဏ်းရဲ့ လူတွေပဲရှိသေးတယ်၊ အနက်၀တ်လူသုံးယောက်နဲ့ ကောင်းကင်ပြာမြစ်ဝါနန်းတော်က လူတွေကို မထည့်တွက်ရသေးဘူး"
"ဒီလိုလူအတန်းအစားမျိုးအတွက် ငါတို့ပဲ အကူအညီပေးဖို့ဆိုတာက အရမ်းခက်ခဲတယ်"
မဟာအကြီးအကဲက အကြီးအကဲပိုင်ချူ ဘာကိုပြောနေသလဲဆိုတာကို နားလည်သည်။
သူချက်ချင်း ကျောက်စိမ်းဆွဲသီးကို ထုတ်လိုက်ကာ ဝိဉာဉ်ချီနှင့်ဖြည့်ပြီးနောက် အစိမ်းရောင်အလင်းတစ်ချက်နှင့်အတူ သတင်းပို့ရန် ပြင်လိုက်သည်။
ထိုအခိုက်အတန့်တွင် ကွေ့ကောရင်နှင့် ကောင်းကင်ပြာမြစ်ဝါနန်းတော်က သုံးယောက်က တစ်ချိန်တည်းတွင် တိုက်ခိုက်သည်။
သူတို့ သံလိုက်အိမ်မြှောင်ကို ထုတ်ယူလိုက်ကြ၏။
ဒါက အရင်သေမင်းဝိဉာဉ်မြို့က မုဖူရှန်းနှင့် ကျန်သောသူများထံ ထုတ်သုံးခဲ့သည့် သီးခြားအခင်းအကျင်းပေတည်း။
၎င်းက မုဖူရှန်းကို အဆောင်များသုံးခြင်းကနေ တားဆီးနိုင်သည်။
ကောင်းကင်ပြာမြစ်ဝါနန်းတော်က လူလေးယောက် လက်ထဲတွင် သံလိုက်အိမ်မြှောင်များကို ထုတ်လိုက်ကြသည့်အချိန်မှာပင် မမြင်ရသည့် အကာအရံတစ်ခုက နဂါးသွေးနတ်ဆိုးချောက်တစ်ခုလုံးကို လွှမ်းခြုံသွား၏။
ဆန့်ကျင်ဘက်အနေနှင့် ဘက်ပေါင်းစုံတွင် အချိန်အကြာကြီးကတည်းက ပြင်ဆင်ထားသည့် ဝှက်ထားသည့် သံလိုက်အိမ်မြှောက်တစ်ခုရှိနေပြီး ၎င်းကလည်း တစ်ချိန်တည်းတွင် ထွက်လာသည်။
အခင်းအကျင်းအစီအရင် မြှင့်တက်လာသည်နှင့် ကျောက်စိမ်းဆွဲသီးက အစိမ်းရောင်အလင်းက ပြင်းထန်စွာအတက်အကျရှိနေပြီး အနှီမျက်စိနှင့် မြင်နိုင်သည့် အမြန်နှုန်းဖြင့် မှိန်သွားသည်။
အစိမ်းရောင်အလင်းတန်း ပျောက်ကွယ်သွားသည်နှင့် ခရက်ခ်ဟူသော အသံတစ်သံနှင့်အတူ ကျောက်စိမ်းဆွဲသီးအလယ်၌ အက်ကြောင်းတစ်ခုပေါ်လာခဲ့သည်။
မဟာအကြီးအကဲ ဒီမြင်ကွင်းကို ကြည့်ရဆိုးသည့် အမူအရာဖြင့် ကြည့်နေသည်။
တစ်ဘက်လူ၏အစီအရင်က သတင်းအချက်အလက်ကိုပင် ထုတ်လွှတ်၍ မရသည်မှာ သိသာထင်ရှားနေသည်။
ဒါကိုမြင်သောအခါ အကြီးအကဲပိုင်ချူ၏ အမူအရာကလည်း မည်းမှောင်သွားသည်။
ကြည့်ရသည်မှာ သူတို့အကူအညီ၊ အထောက်အပံ့များကို ခံစား၍ရတော့မည်မဟုတ်။
ဒါကိုမြင်ပြီးနောက် မုဖူရှန်း ရုတ်တရက် မကောင်းသည့်ခံစားချက်တစ်ခုရလာသည်။
သူ့ခန့်မှန်းချက်ကို အတည်ပြုရန်အတွက် မုဖူရှန်း ကောင်းကင်ဘုံလွတ်မြောက်အဆောင်ကို တိတ်တဆိတ်ဖျစ်ညှစ်ရင်း အသုံးပြုလိုက်၏။
မိုးကြိုးအလင်းတန်းများက မုဖူရှန်းကို ၀န်းရံပစ်သော်လည်း ယခုတစ်ကြိမ်တွင်မူ ၎င်းက မိုးကြိုးစင်းတစ်ခုအဖြစ် ပြောင်းပြီး တခြားနေရာတစ်ခုကို မပို့ဆောင်ခဲ့ပေ။
ကောင်းကင်ဘုံမိုးကြိုးလွတ်မြောက်အဆောင်၏ စွမ်းအားကလည်း ကန့်သတ်ခံထားရသည်။
သူဒါကိုချက်ချင်း မထုတ်လွှတ်နိုင်ဘဲ ယင်းအစား ၎င်းက အဆက်မပြတ်အားနည်းနေသည်။
သေချာနေလေပြီ။
မုဖူရှန်း၀န်းကျင်၌ မိုးကြိုးအလင်းများ လင်းဝင်းနေတာကို မြင်သောအခါ ကွေ့ကောရင် နှာခေါင်းရှုံ့သည်။
"မင်းစွမ်းအင်တွေကို ဖြုန်းတီးမနေနဲ့၊ မိုးကြိုးစွမ်းအားရှိတဲ့ အဆောင်တစ်ခုနဲ့ မင်းအဝေးကို သွားနိုင်မယ်လို့ ငါတကယ်မထင်ထားခဲ့ဘူး"
"ဒါပေမယ့် ဒီအခင်းအကျင်း အစီအရင်ထဲမှာ မိုးကြိုးနဲ့ အာကာသစွမ်းအားရဲ့ ဆွဲဆောင်ရည်တွေကို သုံးလို့မရတော့ဘူး"
မုဖူရှန်း၏ အမူအရာက မည်းမှောင်သွား၏။
မိုးကြိုးစွမ်းအားရှိသည့်အဆောင်များကို သုံး၍မရတော့ပါ။
ဒီလိုဆိုပါက သူ့လက်ထဲက အဆောင်အများစုက အသုံးမ၀င်တော့ပေ။
မိုးကြိုးဒြပ်စင်အဆောင်များက မုဖူရှန်း၏ အားသာချက်ပင် မဟုတ်ပေလော။