← Chapters

#လျှို့ဝှက်ကိစ္စ#

Vol. 58 Ch. 825

#လျှို့ဝှက်ကိစ္စ#

Vol. 58 Ch. 825

ချီရှာဒေါင် ကောင်းစွာပြင်ဆင်ထားသည်။

အသံပို့လွှတ်ခြင်းများကို နှောင့်ယှက်ခြင်းအတွက်ဖြစ်စေ လျှို့ဝှက်အခင်းအကျင်း အစီအရင်တစ်ခုရှိပြီး ယခုတွင်မူ ကောင်းကင်ပြာမြစ်ဝါနန်းတော်က မုဖူရှန်း၏ အဆောင်များကို ပစ်မှတ်ထားကာ ကောင်းစွာ ပြင်ဆင်ထားလေသည်။

ယဲ့ချိုးပိုင်ရှေ့တစ်လှမ်းတိုးကာ ထူးမခြားနားစွာပြောသည်။

"ကျုပ်တို့တကယ်ဂုဏ်ယူမိပါတယ်၊ ငရဲဂိုဏ်းရဲ့ ဂုဏ်သရေရှိဘိုးဘေးက ကျုပ်တို့လို ဂျူနီယာတွေအတွက် ဒီလိုအသေးစိတ် အစီအစဉ်မျိုးကိုတောင် လုပ်ထားတာပဲ"

သူချီရှာဒေါင်၏ ချီပင်းခန္ဓာကို မြင်သောအခါ ယဲ့ချိုးပိုင် မျက်မှောင်ကြုတ်လိုက်မိပြီး သတ်ဖြတ်ခြင်းဆန္ဒက သူ့မျက်လုံးအစုံ၌ ဖြတ်သန်းသွား၏။

ချီရှာဒေါင် ဒီသတ်ဖြတ်ခြင်းဆန္ဒကို ဖမ်းဆုပ်မိသော်လည်း ဂရုမစိုက်ဘဲ ထူးမခြားနားစွာသာ ပြုံးသည်။

"မင်းကအဲဒီသာမန်ဂျူနီယာတွေနဲ့ မတူဘူးလေ"

"မင်းသာ အဲဒီဂျူနီယာတွေနဲ့ အဆင့်တူဖြစ်မယ် ဒါမှမဟုတ် သူတို့ထက်နည်းနည်းလေးသာ သာလွန်မယ်ဆိုရင် မင်းကို အလွယ်တကူ ချေမှုန်းပစ်ဖို့အတွက် ငါဒီလောက် ဒုက္ခခံနေစရာမလိုဘူး"

ဥပမာအားဖြင့် ကုရှီနှင့် ချီပင်းတို့ဖြစ်သည်။

သူတို့အတွက်မူ ချီရှာဒေါင်ဘာမှပင် လုပ်စရာမလိုခဲ့။

ချီရှာဒေါင်ဆက်သည်။

"မင်းရဲ့ဉာဏ်ရည်ဉာဏ်သွေးနဲ့ ပါရမီကို ငါရှင်းရှင်းလင်းလင်း နားလည်ထားတော့ မင်းကိုကိုင်တွယ်တဲ့အချိန် ငါဂရုမစိုက်ဘဲ နေလို့မရဘူးလေ"

"ငါတို့သာဂရုမစိုက်ဘူးဆိုရင် ညံ့ဖျင်းစွာ ကျရှုံးသွားနိုင်တယ်"

"ဒါကြောင့် ပိုပြီးသတိထားတာက ပိုကောင်းတယ်လေ၊ မင်းတို့အားလုံးကို ဒီနေရာမှာ သတ်ပစ်တာက ပိုကောင်းသေးတယ်၊ ဒီလိုဆိုရင် ဒီဘိုးဘေးက ငြိမ်းချမ်းစွာအိပ်လို့ ရသွားတာပေါ့"

ဒါကအမှန်တရားဖြစ်သည်။

ချီရှာဒေါင် ယဲ့ချိူးပိုင်၊ မုဖူရှန်း၊ ရှောင်ဟိုင်၊ သို့မဟုတ် ဟုန်ရင်နှင့် ကျန်သောသူများနှင့် ပတ်သက်၍ တစ်ခုခုမှားယွင်းနေသည်ဟု ခံစားနေရသည်။

ပိုမှန်တာက သူကြောက်နေမိခြင်းပင်။

အကယ်၍ ဒီပါရမီအဆင့်ကသာ ကြီးထွားလာပါက အချိန်တန်သောအခါ သူတို့ကို သူအမှန်တကယ် ကိုင်တွယ်နိုင်မည်မဟုတ်တော့။

ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို သူတွေးပင် မတွေးနိုင်တော့တာလည်း ဖြစ်နိုင်သည်။

ထိုအချိန်တွင် ဇီရှန်းနှာခေါင်းရှုံ့သည်။

"အကြီးအကဲမာ၊ အကြီးအကဲလီ၊ အကြီးအကဲဟီ၊ မျက်နှာကို ထပ်ပြီး ဖုံးထားမနေနဲ့တော့"

တျန်ကျင်းကုန်သည်များအသင်း၏ အထက်အဆင့်ပုဂ္ဂိုလ်သုံးဦးတို့က ထိတ်လန့်သွားကြ၏။

သို့စေကာမူ သူတို့သူမတည်ရှိမှုကို အာရုံခံမိသောအခါ ဇီရှန်းကလည်း သူတို့ကို အာရုံခံမိပြီးဖြစ်သည်။

ထို့ကြောင့် သူတို့ထပ်ပြီးဖုံးကွယ်နေစရာမလိုတော့။

သူတို့ကို‌ရှာတွေ့သွားပြီဖြစ်လေရာ ပုန်းနေတာက ဘာများအသုံး၀င်တော့မည်နည်း။

တစ်ခဏအကြာတွင် အကြီးအကဲမာ၊ အကြီးအကဲလီနှင့် အကြီးအကဲဟီတို့က အနက်ရောင်၀တ်ရုံခေါင်းစွပ်ကိုမကာ အနည်းငယ်အိုမင်းရင့်ရော်နေသည့် မျက်နှာများကို ပြသလိုက်ကြ၏။

ထို့နောက် သုံးယောက်စလုံး ဇီရှန်းကို လက်နှစ်ဖက်ဆုပ်လိုက်ကြ၏။

"မမလေး"

မမလေး!

ချီရှာဒေါင်အနည်းငယ် ကြက်သေသေသွားပြီး ဇီရှန်းရှိရာဘက်သို့ တဖျပ်ဖျပ်လင်း၀င်းနေသည့် မျက်လုံးအစုံဖြင့် ကြည့်လိုက်သည်။

ကြည့်ရသည်မှာ တျန်ကျင်းကုန်သည်များအသင်း၏ ဒီလေလံပွဲဦးစီးချုပ်ဖြစ်သော ဒီအမျိုးသမီးက ရိုးရှင်းပုံမပေါ်ပေ။

သူမက တျန်ကျင်းကုန်သည်များအသင်း၏ အထက်အဆင့်ပုဂ္ဂိုလ်သုံးဦးဖြစ်သည့် အကြီးအကဲမာ၊ အကြီးအကဲလီနှင့် အကြီးအကဲဟီကိုပင် သူမအား ဒီမျှအထိ တန်ဖိုးထားအောင် လုပ်နိုင်ခဲ့သည်။

သူတို့၏အကြည့်များက ဟန်ဆောင်ထားခြင်းမဟုတ်ပေ။

တျန်ကျင်းကုန်သည်များအသင်း၏ အထက်အဆင့်ပုဂ္ဂိုလ်သုံးဦးက ဇီရှန်းကို ကြည့်သောအခါ သူတို့မျက်လုံးများက အနည်းငယ် တုန်ယင်သွားကြ၏။

ဆိုလိုတာက တျန်ကျင်းကုန်သည်များအသင်းတွင် ဇီရှန်း၏ရာထူးက သူတို့ထက်ပင် ပိုမြင့်မားနေခြင်းပင်။

တစ်ချိန်တည်းမှာပင် ဒါက ဇီရှန်းက သူတို့အဖွဲ့နှင့် မသက်ဆိုင်ဟု ဆိုလိုနေသည်။

အကျိုးဆက်အနေနှင့် သူတို့လုပ်နေတာကို ဇီရှန်းသိသွားသောအခါ သူတို့အနည်းငယ် စိတ်ရှုပ်ထွေးသွားကြပြီး ဘာလုပ်ရမှန်း မသိကြတော့ပါ။

ဇီရှန်း နှစ်တစ်သောင်းသက်တမ်းရှိသည့် ရေခဲမြစ်ကဲ့သို့ အေးစက်လှသည့် အကြည့်တစ်ချက်ကို ထုတ်ဖော်သည်။

"ငရဲဂိုဏ်းနဲ့ ရှင်တို့ဘယ်လိုပူးပေါင်းဆောင်ရွက်မှုတွေရှိတာလဲ၊ ကုန်သည်များအသင်းထဲက တခြားဘယ်သူတွေ ဒီကိစ္စထဲ ပါ၀င်နေသေးလဲ"

အကြီးအကဲမာ၊ အကြီးအကဲလီနှင့် အကြီးအကဲဟီတို့က တစ်ခဏကြာသည့်တိုင် အဖြေမပေးပါ။

ဇီရှန်းဆက်မေးသည်။

"ရှင်တို့ ကုန်သည်များအသင်းရဲ့ ရည်ရွယ်ချက်ကို မေ့သွားတာလား"

"ကျွန်မဒါကို ဗဟိုဌာနချုပ်ကို တိုင်ကြားမှာကို မကြောက်ဘူးလား"

အကြီးအကဲမာ၊ အကြီးအကဲလီနှင့် အကြီးအကဲဟီတို့၏ အမူအရာများက ရုတ်တရက် ပြောင်းလဲသွားကြသည်။

ချီရှာဒေါင်၊ ကွေ့ကောရင်နှင့် ကျန်သောသူများ ဒါကိုကြားသောအခါ သူတို့မတူညီစွာ အနက်အဓိပ္ပာယ်ကောက်မိကြသည်။

တစ်နည်းပြောရရင် ဧရာမလုပ်ငန်းကြီးတစ်ခုလို့ ငါတို့ထင်ခဲ့ကြတဲ့ တျန်ကျင်းကုန်သည်များအသင်းက အသင်းခွဲလေးတစ်ခုပဲလား!

ဒါဆို ဗဟိုဌာနချုပ်က ဘယ်လောက်တောင် အားကောင်းတာလဲ!

နှစ်ဘက်စလုံးတွေးနေကြသည်။

တျန်ကျင်းကုန်သည်များအသင်း၏ ရုံးချုပ်က အဆင့်မြင့်ကြယ်နယ်မြေ၏ ဂိုဏ်းတစ်ဂိုဏ်းဖြစ်ရပေမည်။

တျန်ကျင်းကုန်သည်များအသင်း၏ အခြေခံအုတ်မြစ်က အရမ်းအားကောင်းနေသည်မှာ အံ့ဩသင့်စရာမရှိတော့။

တစ်ချိန်တည်းမှာပင် ဇီရှန်းက ယခုလိုရာထူးကို ယူရန်အတွက် တျန်ကျင်းကုန်သည်များအသင်း၏ ရုံးချုပ်ကနေ ပြောင်းရွေ့လာခဲ့တယ်ဆိုတာ သူတို့သိလိုက်ကြသည်။

ထိုအချိန်တွင် သုံးယောက်ကြားက အကျပ်အတည်းကာလကို ဖြေရှင်းရန်အတွက် ချီရှာဒေါင် မျက်လုံးလိမ့်ကာ ပြောသည်။

"မမလေးဇီရှန်း၊ မင်းဒါကိုမသိလောက်ပေမယ့် အကြီးအကဲမာ၊ အကြီးအကဲလီနှင့် အကြီးအကဲဟီတို့နဲ့ ငါက ပုဂ္ဂိုလ်ရေးဆက်ဆံမှုတစ်ခုရှိတယ်၊ တစ်ခါက သူတို့ငါ့ကို ကျေးဇူးကြွေးတစ်ခုတင်ထားတော့ ငါ့ကိုအကူအညီပေးဖို့ သူတို့ကို ခေါ်လိုက်တာပါ"

"ဒါက တျန်ကျင်းကုန်သည်များအသင်းနဲ့ ဘာမှမဆိုင်ပါဘူး"

သို့စေကာမူ ဇီရှန်းက သူ့ကို အတင်းကြားဖြတ်သည်။

"ချီရှာဒေါင်၊ ရှင့်မှာ ဒီနေရာမှာ ပြောပိုင်ခွင့်မရှိဘူး၊ ရှင့်မှာ တျန်ကျင်းကုန်သည်များအသင်းရဲ့ ကိစ္စတွေကို ၀င်ရောက်စွက်ဖက်ဖို့ အခွင့်မရှိဘူးမလား"

ချီရှာဒေါင်၏ အမူအရာက အေးခဲသွားပြီး သူ့မျက်လုံးများက အေးစက်သွားကြ၏။

လူများစွာရှေ့တွင် သူကဂျူနီယာလေးတစ်ယောက်၏ သင်ခန်းစာပေးခြင်းကို ခံရသည်။

ဒါက သူ့မျက်နှာကို ဆုံးရှုံးရခြင်းပင်။

သို့စေကာမူ အပေါ်ယံ၌ သူမပြခဲ့ပေ။

ဇီရှန်း ချီရှာဒေါင်ကို ထပ်မံအာရုံစိုက်မနေတော့ဘဲ ယင်းအစား တျန်ကျင်းကုန်သည်များအသင်း၏ အထက်အဆင့်ပုဂ္ဂိုလ်သုံးဦးကိုကြည့်ကာ လေးနက်သည့်အသံဖြင့် ဆက်ပြောသည်။

"ကိုယ်ရေးကိုယ်တာဆက်ဆံရေးဖြစ်ဖြစ်၊ တခြားတစ်ခုခုကြောင့်ဖြစ်ဖြစ် ရှင့်တို့က တျန်ကျင်းကုန်သည်များအသင်းရဲ့ အထက်အဆင့်ကလူတွေဖြစ်တာကြောင့် ကုန်သည်များအသင်းကို ဦးစားပေးဖို့လိုတယ်"

"ဒါ့အပြင် ဒါကဘာလဲဆိုတာ ရှင်တို့ အသိဆုံးဖြစ်မှာပါ"

"ဒီတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဗဟိုဌာနချုပ်ကို ကျွန်မသတင်းပို့လိုက်မယ်၊ အချိန်ကျလာရင် ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ရှင့်တို့ သိလာပါလိမ့်မယ်"

ဒါကိုကြားသောအခါ အကြီးအကဲမာ၊ အကြီးအကဲလီနှင့် အကြီးအကဲဟီတို့၏ အမူအရာများက အကြီးအကျယ် ပြောင်းလဲသွားခဲ့ကြသည်။

ဒီခြိမ်းခြောက်မှုက သူတို့အပေါ် အတော်လေးအသုံး၀င်တာ သိသာထင်ရှားနေသည်။

ဇီရှန်း အကြောင်းအရာကိုပြောင်းပစ်သည်။

"ဒါပေမယ့်...ရှင်တို့ ကျွန်မကို ဒီကိစ္စမှာ ပါ၀င်တဲ့တခြားသူတွေ ဒါမှမဟုတ် ဒီကိစ္စနောက်ကွယ်က ဉာဏ်ကြီးရှင်ကို ပြောပြနိုင်မယ်ဆိုရင် သတင်းပို့တဲ့အခါ ကျွန်မ သနားညှာတာမှုတစ်ချို့ပြသဖို့ကို စဉ်းစားနိုင်လောက်မှာပေါ့"

"ဘယ်လိုထင်လဲ"

အကြီးအကဲမာ၊ အကြီးအကဲလီနှင့် အကြီးအကဲဟီတို့က တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

သူတို့၏မျက်လုံးများ၌ တွန့်ဆုတ်မှုအနည်းငယ် ရှိနေကြ၏။

သို့သော် ဆွေးနွေးမှုအပြီးတွင် သူတို့ပြောကြသည်။

"မမလေး၊ ဌာနချုပ်ကသာ ဒီအကြောင်းကို သိသွားမယ်ဆိုရင် ငါတို့ မသန်မစွမ်းဖြစ်လိမ့်မယ်၊ မဟုတ်ရင် အသတ်ခံရလိမ့်မယ်"

"ဒီလိုဆိုမှတော့ ဒီသတင်းအချက်အလက်ရဲ့ ဇစ်မြစ်ကို ဖျက်ဆီးမယ်ဆိုရင်ရော၊ ဒါကပိုမကောင်းဘူးလား"

ဇီရှန်းမျက်မှောင်ကြုတ်သည်။

"ရှင့်တို့..... ဌာနချုပ်က ရှာတွေ့သွားမှာကို မကြောက်ဘူးလား"

အကြီးအကဲဟီ ဆိုးယုတ်စွာပြုံးသည်။

"မင်းကိုသတ်ပြီးတဲ့နောက်မှာ ဒါကို အဆုံးမဲ့ပင်လယ်ဒေသက ပင်လယ်သတ္တဝါတွေ လုပ်တာလို့ ငါတို့ပြောလိုက်ရုံပဲလေ"

"ဒါ့အပြင် ငါတို့မှာ ခြေရာတွေနဲ့ အော်ရာကို ဖျက်ဆီးပစ်ဖို့ နည်းလမ်းတစ်ခုလည်းရှိပါတယ်၊ ဘာသက်သေအထောက်အထားမှ မရှိစေရဘူးဆိုတာ ငါတို့အာမခံတယ်"

ဇီရှန်း သူတို့သုံးယောက်၏အမူအရာနှင့် ဖြည်းဖြည်းချင်း ထုတ်လွှတ်နေသည့် ကောင်းကင်အင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်အော်ရာကို ကြည့်ရင်း သူမ၏နှလုံးသားက တုန်ယင်သွားရသည်။

ကြည့်ရသည်မှာ ဒီကိစ္စက သူတို့အပေါ် ကြီးမားသည့် သက်ရောက်မှုတစ်ခုရှိပုံပင်။

မည်မျှထိရှိသည်ဆိုမူ သူတို့က ဘယ်လောက်ပင် ပေးဆပ်ရ၊ ပေးဆပ်ရ၊ သတင်းပေါက်ကြားခြင်းကနေ တားဆီးရန်အတွက် သူမကိုပင် သတ်ပစ်ချင်ကြသည်။

ချီရှာဒေါင် ဒါကိုကြားသောအခါ ပို၍ပင် ပျော်သွားသည်။

ကြည့်ရသည်မှာ ဒီလူငယ်တွေကို သူဖယ်ရှားပစ်နိုင်ရုံတင်မက တျန်ကျင်းကုန်သည်များအသင်းကိုလည်း ထိန်းချုပ်ထားနိုင်ပုံရသည်။

ဒီလိုဆိုပါက ဒါက ငရဲဂိုဏ်းအတွက် နောက်တွင် ဖြစ်ပျက်မည့်အရာများအတွက် စိတ်ကူး၍ပင်မရနိုင်သည့် အကျိုးကျေးဇူးများ ရှိလာပေလိမ့်မည်။

"ဒီလိုဆိုမှတော့ အမှိုက်တွေကို ဖြတ်ပစ်ကြရအောင်၊ ငါတို့စကားပိုပြောလေလေ၊ အမှားပိုလုပ်လေလေပဲ၊ မတော်တဆမှု တစ်ခုခုမဖြစ်ရအောင် သူတို့ကို ရှင်းရှင်းလင်းလင်း သတ်ပစ်ရမယ်"

ချီရှာဒေါင်၏အမိန့်ကိုလိုက်နာရင်း ချက်ချင်းဆိုသလို ကောင်းကင်ထဲက သွေးတိမ်များက ကျောက်ရည်ပူများပမာ စတင် ထိုးတက်လာခဲ့သည်။

All Chapters