← Chapters

အကုန်လုံးမည်းသွားသည်အထိ မိုးကြိုးပစ်

Vol. 010 Ch. 957

အကုန်လုံးမည်းသွားသည်အထိ မိုးကြိုးပစ်

Vol. 010 Ch. 957

“သေစမ်း သခင်လေးက တအားကိုကျူးကျော်တာပဲ” ဟူယန်းသည် ရှီမာယူယူ ဘေးသင့်မှုတိမ်တိုက်ပေါ်တွင် ထိုင်လိုက်သည်ကို မြင်သောအခါ စိတ်လှုပ်ရှားစွာအော်လိုက်သည်။

“ဘေးသင့်မှုတိမ်တိုက်ပေါ်မှာ လူတစ်ယောက်ထိုင်နေတယ်” လူတစ် ယောက်သည် ကျယ်လောင်စွာအော်လေသည်။

သတိမထားမိသောသူများသည် ကြည့်လိုက်ရာ ရှီမာယူယူသည် ဘေးသင့်မှုတိမ်တိုက်ပေါ်တွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။

“ဘုရားရေ တကယ်ပဲ လူတစ်ယောက်ရှိနေတယ်”

“အဲဒါဘယ်သူလဲ သူက ဘယ်လိုလုပ်အဲဒီမှာထိုင်နေတာလဲ”

“အဲဒါ ရှီယူမလား၊ သွေးလွှမ်းပြိုင်ပွဲမှာ နာမည်ကြီးသွားတဲ့တစ်ယောက် လေ၊ အခုတော့ သူ့ကို သခင်လေးလို့ခေါ်ကြတယ်”

“လူစုတဲ့တစ်ယောက်လေ”

“ဘယ်လောက်တောင် အရှိန်အဝါကြီးတဲ့သူလဲ ငါ့ကိုပါ ခေါ်ချင်ရင် ကောင်းမှာပဲ”

“ငါလဲ သူ့နောက်လိုက်ချင်တယ်”

“ငါသူ့ကိုသဘောကျတယ်”

“အချစ်ရူးလိုလုပ်မနေကြနဲ့ သူပြောတာမကြားဘူးလား သူက ၁၀ချီနဲ့ အထက် ဘုရင်တွေကိုပဲ ခေါ်ချင်တာ”

“အာ… နည်းနည်းလိုက်လျောလို့မရဘူးလား ငါတကယ်ပဲ သူ့နောက် လိုက်ချင်တာ”

“အခုတော့ မစဉ်းစားသေးနဲ့ဦး ဒီအခြေအနေကို ဘယ်လိုကျော်လွှားနိုင် မလဲပဲ စဉ်းစား တကယ်တော့ သွေးမိစ္ဆာမြို့တော်ကို သွေးနတ်ဆိုးသစ်ပင်က စိတ်ချောက်ချားအောင်လုပ်ထားတာ ငါတို့်နောက်ကို ဘာလုပ်ကြမလဲ”

လူအများတိတ်သွားကြသည်။ ဟုတ်တယ် နောက်ကို ဘာဖြစ်လာမလဲ။

“အချိန်ကျလာရင်တော့ စဉ်းစားတာပေါ့၊ ဒီနေ့ညတော့ ဒီမိုးကြိုး ဘေးသင့်မှုကနေ ဘယ်လိုအသက်ရှင်အောင်လုပ်မလဲပဲ စဉ်းစားမယ်”

“ဟုတ်တယ် ကြီးလိုက်တဲ့ မိုးကြိုးဘေးသင့်မှုပဲ မြို့တစ်မြို့လုံးကို ပစ်ချ နိုင်တယ်”

“ဒါပေမဲ့ အဲဒီဝိညာဉ်အတားအဆီးနဲ့ဆိုရင် ငါတို့ထွက်မရဘူး”

“အပြင်ကလူတွေလည်း မဝင်လာနိုင်ဘူး”

“ဒါပေမဲ့ ဒီနေရာကအခြေအနေကို တခြားသူတွေမြင်နိုင်တာပဲ”

“ဒီကအခြေအနေကို သူတို့သိသွားရင် နောက်ဆိုရင် ငါတို့ဒီမှာနေလို့ မရတော့ဘူးပေါ့”

“ဒါဆို ငါတို့နောက်ကိုဘာလုပ်ကြမလဲ”

“ရှေ့ရေးကိုမစဉ်းစားသေးနဲ့ဦးလို့ ပြောပြီးပြီလေ ဒီနေ့ညကို ဘယ်လို ကျော်ဖြတ်မလဲပဲ စဉ်းစား”

“မှန်တယ်”

ရှီမာယူယူသည် ထိုလူများပြောသောစကားကို တိမ်ပေါ်မှ ကြားလေ သည်။ သူမမျက်ခုံးသည် အနည်းငယ်မြင့်တက်သွားလေသည်။

သူတို့ပြောသည်မှာ အဓိပ္ပာယ်ရှိသည်။ ထိုလူများသည် သွေးမိစ္ဆာမြို့ တော်ကို လာရောက်ခိုလှုံကြခြင်းဖြစ်ရာ အခခု သူတို့မူလဖြစ်ခဲ့သည့်အတိုင်း ရန်သူများ၏ လိုက်လံသတ်ဖြတ်ချင်းကနေ ပြေးလွှားရတော့မည်။

လိကျိနှင့် တခြားသူများ၏ မူလရည်ရွယ်ချက်မှာ နတ်ဆိုးသစ်ပင်ကို အာဟာရပေးရန်ဖြစ်သော်လည်း ကောင်းသည့်တစ်ဖက်မှကြည့်လျှင် သူ သည် ထိုလူများ၏ တည်ငြိမ်သောဘဝကိုပေးခဲ့သည်။

ထိုအကြောင်းကြောင့်ပင် သူတို့သည် မကျင့်ကြံနိုင်ခြင်း သို့မဟုတ် အသက်ပေးရလေသည်။

သို့သော် ဒီနေ့ညပြီးသွားပါက ထိုလူတို့၏ ရှေ့ရေးမှာ ဘယ်လမ်းကို လျှောက်ရတော့မလဲ။

ရှောင်ချီသာ ဒီမှာမရှိခဲ့ပါက သွေးမိစ္ဆာမြို့တော်သည် နောက်နှစ်ပေါင်း ရာချီသည်အထိ ထိုပုံစံအတိုင်းပဲဆက်နေထိုင်သွားမည်။ ဒီလိုရက်မျိုး စောစောရောက်မလာပေ။ သူတို့ မည်သို့နေထိုင်ရမည်ကို တွေးပူရမည် မဟုတ်ပေ။

ထိုသို့တွေးလိုက်သောအခါ သူတို့အတွက် အားနာမိသည်။

“သစ်ပင်လေး ငါတို့ဘာလုပ်ကြမလဲ” လိကျိသည် မိုးကြိုးဘေးသင့်မှုကို ကြည့်ရာ သူ့မျက်လုံးများတွင် ကြောက်ရွံ့မှုများပြည့်နေသည်။

သူနှင့်တွဲလာသည်မှာကြာပြီဖြစ်သော နတ်ဆိုးသစ်ပင်သည် ဒီတစ်ခါ တွင် သူ့ကိုတိကျသောအဖြေမပေးနိုင်ပေ။

“သစ်ပင်လေး”

“ကောင်းကင်ဒုက္ခက ငါတို့ကိုပိတ်ထားလိုက်ပြီ ငါတို့ဘယ်ကိုပဲပြေးပြေး အတူတူပဲနေမှာ” သွေးနတ်ဆိုးသစ်ပင် ပြန်ဖြေလေသည် “ငါတို့လုပ်နိုင်တာ က စွမ်းအားတွေအကုန်စုပြီး ကောင်းကင်ဒုက္ခကိုပြန်တိုက်ရမှာပဲ”

အကယ်၍ အောင်မြင်သည်ဆိုဦးတော့ သူအဆင့်တက်ရန် စွမ်းအား ကျန်တော့မည်မဟုတ်ပေ။ ကျရှုံးပါက ဒီနှစ်တွေမှာ သူတို့အားထုတ်ခဲ့သမျှ သည် အလဟသဖြစ်သွားမည်။

ရှီမာယူယူသည် ဝိုင်သောက်ရင်း တိမ်တိုက်များထုတ်နေသော ယစ်ထုတ်တိမ်တိုက်ဝိညာဉ်ကိုကြည့်လိုက်ပြီး ပြောလေသည် “စဖို့ အစီအစဉ် ရှိသေးဘူးလား”

ဝိညာဉ်တိမ်တိုက်သည် ဝိုင်ကရားကိုမကာ ပြောလေသည် “မလောပါနဲ့ သူတို့ရဲ့ အပြစ်ကိုခံစားနေတုန်းပဲရှိသေးတယ် စောပါသေးတယ် ဒီကရား လေး ကုန်အောင်အရင်သောက်ပါရစေဦး”

ရှီမာယူယူ မျက်မှောင်ကြုတ်ကာ ပြောလေသည် “မိုးကြိုးဘေးသင့်မှုရဲ့ သက်ရောက်မှုကို မင်းဘယ်လိုတိုင်းတာတာလဲ”

“ရိုးရှင်းါတယ် သူတို့အပြစ်ကိုခံစားပြီးတော့ သက်ရောက်မှုကို အလိုလို သတ်မှတ်ပိုင်းခြားလိုက်တာ၊ ငါတို့က ထုတ်လွှတ်မဲ့ စွမ်းအင်ကိုစုပေးရုံပဲ တာဝန်ယူရတာ” တိမ်တိုက်လေးသည် ဝိုင်သောက်ရင်း ရှီမာယူယူ၏ မေးမြန်း မှုကို စိတ်ထဲမထားပေ။

“ဒါဆိုရင် ဒီအပြစ်အတွက် မိုးကြိုးဘေးသင့်မှု သက်ရောက်ဖို့ကို ဘယ်သူကဆုံးဖြတ်တာလဲ” ရှီမာယူယူ မေးလေသည်။

“ကောင်းကင်” တိမ်တိုက်ဝိညာဉ်သည် ပါးစပ်ကိုပြင်ဆင်ရင်းပြောလေ သည် “ကောင်းကင်မှာက သဘာဝတွေရဲ့စွမ်းအင်အကုန်ရှိတယ် သူ့မျက်လုံး ကနေ ဘာမှမလွတ်မြောက်နိုင်ဘူး၊ သူသာသိချင်ရင် ဘာကိုမှဖုံးကွယ်ထားလို့ မရဘူး”

“ဒီလိုအခြေအနေဆိုရင် ဘာဖြစ်လာမလဲ” ရှီမာယူယူသည် အောက်မှ သစ်ပင်ကိုညွှန်ပြလိုက်သည်။

“ကြို့မထိုးတတ်တဲ့သူဘယ်သူရှိလို့လဲ” ရှောင်ချီ ပြောလေသည် “သူ သာသိချင်ရင် သိနိုင်တယ်၊ ဒါပေမဲ့ သူကအမှိုက်ပုံးမှမဟုတ်တာ၊ အကုန်လုံး ကိုတော့လိုက်ကြည့်မနေဘူးလေ”

အာ… အမှိုက်ပုံး ကောင်းလိုက်တဲ့နာမည်။

“ဟေ့လူ လုံးဝအမြစ်ပြတ်သွားအောင် စွမ်းအင်ကိုသုံးတာပိုကောင်းမယ်” ရှီမာယူယူ ပြောလိုက်သည်။

“မစိုးရိမ်ပါနဲ့ ဒီလူရဲ့ အပြစ်ကဒီနေ့ညတင်မဟတု်ဘူး အရင်ကဟာတွေ နဲ့ပါပေါင်းရမှာ၊ ဒီနေ့ညတော့ သူတို့ပြေးမလွတ်ဘူး” တိမ်တိုက်ဝိညာဉ်သည် အာမခံလေသည်။

ရှီမာယူယူ ခေါင်းညိတ်လေသည်။ ထိုစကားများကြောင့် စိတ်အေးသွား သည်။

တိမ်တိုက်ဝိညာဉ်သည် သောက်ပြီးနောက်တွင် ရှီမာယူယူဘေးပြေး ကာ အောက်မှသစ်ပင်နှင့်လူကိုကြည့်ပြီးပြောလေသည် “စကြမယ်”

ထိုစကားဆုံးသည်နှင့် သွေးနတ်ဆိုးသစ်ပင်ဆီသို့ မရေတွက်နိုင်သော မိုးကြိုးများပစ်ချလေသည်။ သစ်ပင်၏အမြစ်များသည် တစ်မြို့လုံးအနှံ့ရှိနေ သဖြင့် မိုးကြိုးသည် နေရာတိုင်းကိုပစ်လေသည်။

ထောင်ပေါင်းများစွာသော မိုးကြိုးများသည် အဆက်မပြတ် ထပ်ခါ ထပ်ခါကျလာရာ တစ်မြို့လုံးသည် မိုးကြိုးတင်ဆက်မှုပြနေသလိုပင်။

မြို့ထဲမှလူများသည် မိုးကြိုးကျလာသည်ကိုမြင်သည်နှင့် ဝိညာဉ် စွမ်းအင်ထုတ်ပြီး သူတို့ကိုယ်သူတို့ကာကွယ်လေသည်။ တချို့ကြောက်တတ် သူများသည် မိုးကြိုးကျလာသည်ကိုမြင်သောအခါ အော်ကြလေသည်။ သို့သော် တိမ်တိုက်ဝိညာဉ် ပထမတစ်ကြိမ်မိုးကြိုးပစ်ပြီးသောခါ သူတို့ အပစ် မခံရသည်ကို သတိပြုမိသွားသည်။

“ငါတို့ကဘာမှမဖြစ်ဘူးလား”

“ငါတို့ကဘာလို့ အတူတူအပစ်မခံရတာလဲ”

“ရှီယူက တိမ်တိုက်ကို ပြောတာကိုမှတ်မိသွားပြီ မိုးကြိုးကိုငါတို့်ကို မပစ်အောင်ပြောပေးနေတာ သူက ငါတို့ကိုကယ်လိုက်တာပဲ”

“ငါတို့ သူ့ကိုအကြွေးတင်သွားတဲ့ပုံပဲ”

“အမှန်ပဲ”

မိုးကြိုးသည် သူတို့ကိုမပစ်သည်ကိုကြည့်ပြီး အားလုံးသည် စိတ်အေး သွားကာ ထိုလှပသောမြင်ကွင်းကိုကြည့်ကြလေသည်။

ဒီဘဝမှာ ဒီအခွင့်အရေးသာရှိသည်။

အပြင်ဘက် ကီလိုမီတာထောင်ချီသောနေရာတွင် အားလုံးသည် ရွှေရောင် အလင်းတန်းများကိုမြင်ရလေသည်။ သိချင်စိတ်ပြင်းထန် သော်လည်း ဖျက်ဆီးသည်အားကိုခံစားမိသဖြင့် ဘယ်သူမှအနီးမသွားရဲကြ ပေ။

“ဒါက သွေးမိစ္ဆာမြို့ဘက်ပဲ ဘာဖြစ်လဲဆိုတာ သွားကြည့်ကြမယ်”

“မြန်မြန် အဲမှာဘာဖြစ်လဲသွားကြမည့်မယ် ဘယ်ဟာက အဲလောက် အားကောင်းတဲ့ မိုးကြိုးဘေးသင့်မှုကို ဆွဲဆောင်လိုက်တာလဲ”

“မြန်မြန် ဘာဖြစ်လဲဆိုတာ သွားကြည့်ကြမယ်”

မရေတွက်နိုင်သောလူများသည် ဘေးကင်းလောက်သော အကွာအဝေးနေရာအထိလာရာ ထိုနေရာတွင် အနက်ရောင် မြေကွက်ကိုမြင် သောအခါ အနီးကပ်မကြည့်ရဲကြပေ။

အမှောင်တောတွင်ဖြစ်ခဲ့သော ကျောင်းသားတစ်ယောက်မှ ဧကရာဇ် အဆင့် ကျွမ်းကျင်သူရာချီကို မိုးကြိုးဖြင့်ချေမှုန်းသည့်အဖြစ်အပျက်ပြီးသည့် နောက်တွင် အားလုံး၏ မိုးကြိုးဘေးသင့်မှုကိုကြောက်ရွံ့မှုသည် မြင့်တက်လာ ခဲ့သည်။ အခု သူတို့ မိုးကြိုးဘေးသင့်မှုကိုမြင်သောအခါ ဘယ်လိုမြန်မြန် ရှောင်ထွက်ရမလဲဆိုသည်ကိုပင် တွေးကာ မိုးကြိုးနှင့် မပတ်သတ်လိုကြပေ။

သို့သော် အားကောင်းသောတချို့အင်အားကြီးများသည် ထိုနေရာ၏ အဖြစ်အပျက်ကို သိပြီးသည့်ပုံပင်… သွေးမိစ္ဆာ မြို့တော်အနီးသို့ သွားပင် မသွားပေ။

တစ်ညနှင့်တစ်ရက် မိုးကြိုးပစ်ပြီးနောက်တွင် သွေးမိစ္ဆာမြို့တော်တွင် သွေးနတ်ဆိုးသစ်ပင်၏ လက္ခဏာမရှိတော့သည်ကို တိမ်တိုက်ဝိညာဉ် သေချာသည်နှင့် ကောင်းကင်မှတိမ်တိုက်မည်းများသည် လွင့်သွားလေ သည်။

“ငါသွားပြီ မင်းလူတွေကိုမိုးကြိုးမပစ်တဲ့အတွက် ငါ့ကိုဝိုင်ပေးလိုက်” တိမ်တိုက်ဝိညာဉ်၏ မျက်လုံးများသည် အရောင်တောက်ကာ ရှီမာယူယူကို ကြည့်လေသည်။

ရှီမာယူယူသည် ဝိုင်ကရားအားလုံးကိုထုတ်လိုက်ပြီး တိမ်တိုက်ပေါ်တင် ကာပြောလိုက်သည် “မင်းငါ့ကိုဘယ်မှာရှာရမလဲဆိုတာ မသိတဲ့ပုံမပေါ်ဘူး ကုန်သွားရင် ငါ့ကိုလာရှာလို့ရတယ်၊ ဒါပေမဲ့ ငါ့ကိုတော့ မိုးကြိုးမပစ်နဲ့”

***

All Chapters