သူမနောက်လိုက်လိုခြင်း
Vol. 010 Ch. 958
ရှီမာယူယူသည် သွေးနတ်ဆိုးသစ်ပင်၏ ကျန်နေသောအမြစ်များကို မစိုးရိမ်တော့ပေ။ တိမ်တိုက်ဝိညာဉ်မှ ဘာမှမကျန်တော့ဘူးဟုပြောသဖြင့် အမှန်တကယ်ပင် မကျန်တော့သည့်အဓိပ္ပာယ်ဖြစ်သည်။
တိမ်တိုက်ဝိညာဉ်သည် ဝိုင်ကရားကိုအသုတ်လိုက်ယူကာ ထွက်သွား လေသည်။ ဘေးသင့်မှုတိမ်တိုက်ပျောက်ကွယ်သွားသည်နှင့် လရောင်ထွက် လာကာ ရှုပ်ပွနေသော သွေးမိစ္ဆာမြို့တော်ကို အလင်းကျလေသည်။
“ဘေးသင့်မှုတိမ်တိုက်ထွက်သွားပြီ ပြီးသွားပြီ” လူတစ်ယောက်သည် ကြောင်ကြည့်ရင်း ပြောလေသည်။
“မိုးကြိုးအကြာကြီးပစ်ပြီးတဲ့နောက်တော့ ပြီးဆုံးသွားပြီ”
“ဟုတ်တယ် နောက်ဆုံးတော့ပြီးသွားပြီ နောက်ကိုငါတို့ဘာလုပ်ကြမလဲ”
“ဘယ်သူတွေသေလဲဆိုတာ ကြည့်ရအောင် ပြီးမှ အဲအကြောင်းပြောကြ တာပေါ့”
“ကိုယ့်လူတွေကြည့်ဦး ရှီယူ”
အားလုံးသည် ကောင်းကင်ကိုကြည့်လိုက်ရာ ရှီမာယူယူသည် မိုးပေါ်မှ ဆင်းလာပြီး သူမ ဘေးကင်းသည်ကိုတွေ့သောအခါ အားလုံးသည် ချက်ချင်း ပင် လေးစားသွားလေသည်။
ဘေးသင့်မှုတိမ်တိုက်ပေါ်တွင် ကြာရှည်စွာထိုင်ပြီးနောက် ဘေးကင်းနေ သည့်လူတစ်ယောက်ကို ဘယ်သူကများ ရန်သူဖြစ်ရဲမှာလဲ။ ပုံမှန်ဆိုလျှင် လာ ဆက်သွယ်သူတိုင်းသည် ချက်ချင်းပင် သေခြင်းကိုရင်ဆိုင်ရသည်။
ရှီမာယူယူသည် ထိုလူများဆီလာကာ ပြောလေသည် “နတ်ဆိုးသစ်ပင် နဲ့ လိကျိကတော့ ရှင်းသွားပြီ”
“ဒီလောက်ကြောက်စရာကောင်းတဲ့ မိုးကြိုးဘေးသင့်မှုက ဘယ်လိုလုပ် သူတို့ ကျော်ဖြတ်နိုင်မှာလဲ” ဖန်ခိုင် ပြောလေသည်။
ဒီတစ်ခေါက်မိုးကြိုးဘေးသင့်မှုသည် အရင်တစ်ခေါက် အမှောင်တော တွင်ဖြစ်ခဲ့စဉ်ကထက် ပိုကြီးမားသည်။ ထိုစဉ်က ဧကရာဇ်အဆင့် ကျွမ်းကျင် သူများပင် မလွတ်မြောက်နိုင်ခဲ့ရာ ဒီတစ်ခေါက်လည်း နတ်ဆိုးသစ်ပင်က ဘယ်လိုလုပ်လွတ်မြောက်နိုင်မှာလဲ။
“ဒီလိုမျိုးဟာကို ဒီမှာဖြစ်လိမ့်မယ်လို့မထင်ထားဘူး” ရှီချန်း သက်ပြင်းချ လေသည်။
“ဟုတ်တယ် အမှန်ပဲ” ရှီမာယူယူ ဆက်ပြောလေသည် “ကျွန်တော်တို့ ရောက်တာနဲ့ ဒီမှာမြန်မြန်ဖြစ်သွားမယ်လို့ မထင်ထားဘူး”
“သခင်လေး ရှောင်ချီရဲ့သရုပ်မှန်ကဘာလဲ သူမကြောင့် ဒီလို ကိစ္စ အကြီးကြီးဖြစ်သွားတာ” ဟူယန်း မေးခွန်းထုတ်လေသည်။
“ရှောင်ချီရဲ့ သရုပ်မှန်က ပိုပြီးရှုပ်ထွေးတယ် ခင်ဗျားတို့အချိန်တစ်ခု လောက်မသိပဲနေတာကောင်းမယ်၊ နောက်တစ်ခါ အခွင့်အရေးရရင် ကျွန်တော် ပြောပြပါမယ်” ရှီမာယူယူ ပြန်ဖြေလေသည်။
ဟူယန်းနှင့် တခြားသူများသည် ရှီချန်းကိုကြည့်လိုက်ရာ သူတို့လည်း မသိဆိုသည့်သဘောနှင့် ခေါင်းရမ်းပြလေသည်။
“ဒီမိုးကြိုးဘေးသင့်မှုက မညှာမတာကို ပစ်ချတာပဲ” ဘိုင်ရှန်း ဆက်ပြော လေသည် “နောက်တစ်ဆင့်ဘာလုပ်ကြမလဲ”
ရှီမာယူယူသည် တချို့မှာမျက်နှာမသာမယာဖြစ်နေကြကာ တချို့မှာ စိတ်ဖိစီးမှုကြောင့် နဖူးကိုပွတ်နေကြသည်များကိုကြည့်ပြီး မေးလိုက်သည် “လူ ဘယ်နယောက်ကျန်လဲ”
“တစ်ရာထက်နည်းတယ်” ရှီချန်းပြန်ဖြေလေသည်။
“သွေးနတ်ဆိုးသစ်ပင်က လူတွေဒီလောက်သတ်ထားတာ၊ မိုးကြိုး ဘေးသင့်မှုကြောင့်သာမဟုတ်ရင် အင်အားကြီးတစ်ခုကတောင် သူနဲ့ တိုက် ခိုက်လို့ရမှာမဟုတ်ဘူး” ရှီမာယူယူ ဆက်ပြောလေသည် “မြို့မှာ အားလုံး ပေါင်းလူဘယ်နယောက်ရှိလဲဆိုတာသိလား”
“အရင်က သိန်းဂဏန်းတော်တော်ရှိတယ်၊ အခုတစ်ဝက်လောက်သေ သွားတယ်ဆိုတော့ ခန့်မှန်းခြေ ၃သိန်းကနေ ၄သိန်းရှိတယ်” ဖန်ခိုင်သည် ရှီမာယူယူ၏အတွေးကို သိသဖြင့်ပြောလိုက်သည် “အဲလောက်လူအများကြီး ကို လက်ခံလို့မဖြစ်ဘူးလေ”
ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ လူသိန်းဂဏန်းနည်းနည်း၊ အားလုံး ကို ခေါ်သွားရန်မဖြစ်နိုင်ပေ။ ဒီတစ်ခေါက်တွင် ၂သောင်း ၃သောင်းလောက် သာခေါ်သွားလျှင် အသည်းကွဲတောင်ကြားမှလူများ လန့်သွားပေတော့မည်။ အသည်းကွဲတောင်ကြားအတွက် ဖြေဆေးသိန်းဂဏန်းလုပ်ရမည်ကို မပြော နှင့် တွေးလိုက်ရုံနှင့် ကြောက်စရာပင်။
သို့သော် ထိုလူများ၏ ပုန်းကွယ်ရာဖြစ်သော သွေးမိစ္ဆာမြို့တော်သည် သူတို့ကြောင့် ရှောင်ချီကြောင့် ပျောက်ဆုံးခဲ့သည်။ သူမသည် ထိုအရာကို မသိချင်ယောင်ဆောင်ပြီး ထွက်မသွားနိုင်ပေ။
“သခင်လေးရှီယူ” လူတစ်စုသည် ထွက်လာကာ ရှီမာယူယူအား စိတ်လှုပ်ရှားစွာကြည့်လေသည်။
ရှီမာယူယူ ထိုလူများကိုကြည့်လိုက်ရာ သူတို့၏ လေးစားစွာကြည့်နေ သော မျက်နှာမှ ကြောက်ရွံ့မှုကိုတွေ့ရလေသည်။
“ဘာဖြစ်လို့လဲ” သူ ပြုံးလိုက်သည်။
“သခင်လေးရှီယူ သခင်လေးက လူစုနေတယ်ကြားတယ် ကျွန်တော်တို့ သခင်လေးနောက်လိုက်ချင်ပါတယ်” လူတစ်ယောက် မှတ်ချက်ပေးလေ သည်။
“ကျွန်တော့်နောက်လိုက်မယ်ဟုတ်လား”
“ဟုတ်တယ် လိုက်လို့ရလား”
“ဒါက…” ရှီမာယူယူသည် ထိုလူအုပ်ကြီးကိုမြင်သောအခါ တွေဝေသွား လေသည် “တောင်းပန်ပါတယ် ဒါကိုကျွန်တော်တို့ဆွေးနွေးဖို့လိုမယ်”
“သခင်လေးတို့ မြန်မြန်ဆွေးနွေးပြီး ဆုံးဖြတ်ချက်မြန်မြန်ချတာကောင်း တယ် မခေါ်ချင်ဘူးဆိုရင် ကျွန်တော်တို့ ရန်သူတွေရောက်မလာခင်ကို ထွက် ပြေးရမယ်” ပိန်ပိန်ပါးပါးလူက ပြောလေသည်။
ရှီမာယူယူသည် သူ့ကိုကြည့်ပြီး ခေါင်းညိတ်ကာ အားလုံးကို ဘိုင်ရှန်း၏ တည်းခိုဆောင်သို့ခေါ်သွားလေသည်။
ဘိုင်ရှန်း၏ တည်းခိုဆောင်မှာ မမှတ်မိလောက်အောင် ပျက်စီးနေကာ အစကပင် ပျက်စီးလုနီးပါဖြစ်နေသော အိမ်နှင့်ခြံဝန်းသည် စတိုခန်းနှင့် အိမ် တစ်ဝက်သာကျန်ခဲ့လေသည်။
“အဘိုးဘိုင် ခြံဝန်းကတော့ နောက်ဆုံး ပျက်စီးသွားပြီပဲ” ဖန်ခိုင်းသည် ထိုမြင်ကွင်းကိုမြင်သောအခါ စနောက်လေသည်။
“သွေးနတ်ဆိုးသစ်ပင်ရဲ့ အမြစ်တွေဆွဲထုတ်လာတော့ မြို့တစ်ဝက်ရဲ့ အိမ်တွေ ပျက်စီးနေပြီ ဘယ်ဟာမှအထိမခံဘူး” ဝမ်မုံ့ပြောလေသည်။
“ငါတို့လည်း ထွက်သွားမှာပဲကို” ဘိုင်ရှန်းသည် ဂရုမစိုက်သလို ပခုံးတွန့်လေသည် “ကောင်းတာက ငါတို့ထိုင်ဖို့ အိမ်တစ်ဝက်တော့ကျန်သေး တယ်”
ခြံဝန်းတစ်ခုလုံးကိုကြည့်လိုက်ရာ ကျိုးပဲ့နေသောခြံဝန်းနှင့် ပျက်စီးနေ သောနံရံများသည် နေရာအနှံ့ဖြစ်နေကာ ခြံဝန်းဟုဆိုရုံသာရှိသည်။
အားလုံးသည် ခုံယူပြီးထိုင်လိုက်ကြသည်။
“အခု ခင်ဗျားတို့အတွေးကိုပြောပါဦး” ရှီမာယူယူ ပြောလိုက်သည်။
“သွေးမိစ္ဆာမြို့တော်ရဲ့ ဖုံးကွယ်နိုင်မှုသာမရှိရင် မြို့ထဲက တည်ငြိမ်နေ တဲ့လူတွေရဲ့ဘဝကလည်း သေချာပေါက်ပျောက်သွားမှာပဲ” မူလျန်ရှင် ဆက် ပြောလေသည် “ကျွန်တော်က တခြားသူတွေနဲ့ အဆက်အဆံမရှိပေမဲ့ သူငယ်ချင်းတချို့ကိုအကဲခတ်ကြည့်ရသလောက်တော့ အားလုံးက တည်ငြိမ် တဲ့ဘဝကိုလိုချင်ကြတာပဲ”
“ဟုတ်တယ်” ဝမ်မုံ့ ခေါင်းညိတ်လေသည် “ဒီလိုပြောဖို့ မကောင်းဘူး ဆိုပေမဲ့ အကုန်လုံးရဲ့ ဘဝကို သခင်လေးတို့ဖျက်ဆီးလိုက်တာပဲလေ၊ အဲဒါ အတွက် သခင်လေးတို့ တာဝန်ယူရမယ်”
ရှောင်ချီသည် ဝိညာဉ်စေတီမှ ထွက်လာပြီးဖြစ်ရာ ထိုစကားများကို ကြားသောအခါ မပျော်မရွှင် စုပ်သပ်လိုက်သည်။
“သခင်လေးတို့က တပ်သားစုဆောင်းမှတော့ တစ်ယောက်စုမိလည်း စုမိတာပဲလေ လူ၁သိန်းစုတာလည်း စုမိတာပဲ သူတို့က သခင်လေးနောက် လိုက်ချင်ရင် ခေါ်ခဲ့လိုက်ပါ” ဟူယန်း အကြံပေးလေသည်။
ရှီမာယူယူ ခေါင်းရမ်းပြီး ပြောလိုက်သည် “ကျွန်တော်တို့ လုပ်ချင်ချင် မလုပ်ချင်ချင် အခုအခြေအနေက အဲလိုခွင့်မပြုဘူး”
“ဘာအခြေအနေလဲ”
“ကျွန်တော်တို့မှာ အဲလောက်ဖြေဆေးမရှိဘူး” ရှီမာယူယူ ဆက်ပြော လေသည် “အဲဒါကြောင့် ကျွန်တော်တို့်စုချင်ရင်တောင် အဲနေရာကို ခြေချလို့ မရဘူး”
“ဖြေဆေးဟုတ်လား ဘာဖြေဆေးလဲ” မူလျန်ရှင်နှင့် လူတချို့သည် ကြည့်လေသည်။
“အစတုန်းက တပ်သားစုပြီးမှ အားလုံးကိုပြောပြမလို့ပဲ၊ ခင်ဗျားတို့ကို အခြေအနေအမှန်ကိုမပြောပြရသေးဘူး” ရှီချန်း ရှင်းပြလေသည် “ကျွန်တော် တို့ အင်အားတစ်ခုတည်ထောင်ထားတယ်၊ အခုက တပ်သားစုနေတာပေါ့ နော် ကျွန်တော်တို့ အခြေချတဲ့နေရာကလျှို့ဝှက်တယ် လူတိုင်းသွားလို့မရဘူး”
“အခြေချတဲ့နေရာလား” ဟူယန်း၏ မျက်လုံးများပြူးသွားသည်။
“အခုပြောသလိုဆို ကျွန်တော်တို့ကဂိုဏ်းထဲဝင်သွားပြီပေါ့” ဝမ်မုံ့ ပြော လေသည်။
“ကျွန်တော်တို့ ပုံမှန်ဆိုသွားလို့မရတဲ့အဲနေရာက ဘယ်မှာလဲ” မူလျန်ရှင် မေးလေသည်။
“အသည်းကွဲတောင်ကြား” ရှီမာယူယူ ပြန်ဖြေလေသည်။
ဒီတစ်ကြိမ်တွင် ဝမ်မုံ့နှင့် မူလျန်ရှင်တို့ အံ့အားသင့်သွားသည်။
“အသည်းကွဲတောင်ကြားလား၊ အဆိပ်မြေ၃ခုထဲက တစ်ခုလေ၊ ကျွန်တော်တို့ကို နောက်နေတာလား အဲမှာဘယ်လိုလုပ်လူနေနိုင်မှာလဲ” ဟူယန်း အော်လေသည်။
“အမှန်ပဲ ကျွန်တော်တို့က အဲဒီကနေဒီကိုလာခဲ့တာပဲ” ဖန်ခိုင် မေးလေ သည်။
“ဘယ်လိုလုပ်ကြတာလဲ” ဝမ်မုံ့ မေးလေသည်။
“သခင်လေးက ဖြေဆေးဖော်စပ်ခဲ့တယ်” ရှီချန်း ရှင်းပြလေသည် “အဲ ဖြေဆေးစားပြီးရင် အသည်းကွဲတောင်ကြားမှာ လွတ်လွတ်လပ်လပ် သွားလို့ရ ပြီ”
“သခင်လေးပြောတဲ့ ဖြေဆေးကအဲဒါလား” မူလျန်ရှင်သည် ရှီမာယူယူ အားကြည့်လေသည်။
“ဟုတ်တယ်” ရှီမာယူယူ ဆက်ပြောလေသည် “ကျွန်တော်တို့ မူလ အစီအစဉ်က လူတစ်ထောင်စုဖို့ပဲ လူအရမ်းများရင် ဖြေဆေးလောက်အောင် မလုပ်နိုင်ဘူး”
“အသည်းကွဲတောင်ကြားပဲ… အဲဒါကြောင့် သခင်လေးနောက်လိုက်ရင် ရန်သူတွေလိုက်သတ်မှာမကြောက်ရဘူးလို့ ပြောတာကိုး အဲနေရာ အသည်း ကွဲတောင်ကြားကို ဘယ်သူကဝင်ရဲမှာလဲ”
“ဟုတ်တယ်” ဘိုင်ရှန်း ဆက်ပြောလေသည် “အဲဒါက သဘာဝ ကာကွယ်ရေးပဲ”
“ဒါပေမဲ့ အဲလောက်ဖြေဆေးမရှိပဲနဲ့ အဲလူတွေအကုန်လုံးကို ခေါ်သွား လို့မရဘူး” ဝမ်မုံ့ ပြောလေသည်။
“အဲလူတွေမလိုက်ချင်ရင်တော့ ဖြစ်နိုင်တာပေါ့” ရှောင်ချီပြောလေ သည်။
“အဲဒါတော့မဖြစ်နိုင်ဘူး” ဟူယန်း ဆက်ပြောလေသည် “အဲလူတွေရဲ့ မျက်လုံးကိုမမြင်ဘူးလား သူတို့က သခင်လေးကိုလေးစားနေကြတာ”
“အဲဒါအလုပ်မဖြစ်ဘူးဆိုရင် ငါ့မှာအကြံရှိတယ်” ဘိုင်ရှန်း ပြောလေ သည်။
***