← Chapters

အဖြေ

Vol. 010 Ch. 959

အဖြေ

Vol. 010 Ch. 959

“ဘယ်လိုထင်လဲ”

“သွေးမိစ္ဆာမြို့တော်ရဲ့ ရိုက်ခတ်မှုကကြီးတယ်၊ တခြားသူတွေရဲ့ အာရုံ ကိုသေချာပေါက်ဆွဲဆောင်နိုင်မှာပဲ” ဘိုင်ရှန်း ပြောလိုက်သည် “ဒီမှာဘာဖြစ် ခဲ့တယ်ဆိုတာကို တခြားသူတွေသိပေမဲ့ အလောတကြီးမလှုပ်ရှားကြဘူး ဒါပေမဲ့ ဒီ၂ရက်အတွင်းမှာ ရန်သူတွေ ဒီကိုရောက်လာကြလိမ့်မယ် အဲဒါ ကြောင့် မဟာမိတ်တစ်ခုတော့ မကြာခင်ပေါ်လာမယ်ထင်တယ်”

“ဒါပေမဲ့ ဒီလိုမဟာမိတ်က အရမ်းခက်တယ်လေ” ရှီချန်း ပြောလေ သည် “သွေးမိစ္ဆာမြို့တော်ကို ဒုက္ခသည်အဖြစ်နဲ့လာကြတဲ့သူတွေရဲ့ ရန်သူ တွေကလည်း မရိုးရှင်းကြဘူး အတူပေါင်းတာက သူတို့အားစုသွားပေမဲ့ အဲလို ပဲ စွန့်စားမှုကလည်း မြင့်လာတယ်၊ လူတော်တော်များများကလည်း အဲဒါကို ရှင်းရှင်းလင်းလင်းသိလို့ အတူသွားကြတဲ့သူနည်းတယ်လေ”

“ဒီမြို့ကလူတွေအကုန်လုံးက အတူမလုပ်ရင်ပေါ့” ဖန်ခိုင် ထပ်ဖြည့်လေ သည်။

“အရင်ကတော့ အခက်အခဲဖြစ်လိမ့်မယ် ဒါပေမဲ့အခုတော့ အဲလိုမဖြစ် နိုင်ဘူး” ဘိုင်ရှန်း ပြောလေသည် “အရင်တုန်းက နောက်ဆုတ်စရာ သွေးမိစ္ဆာမြို့ရှိနေတယ်လေ အခုတော့ မရှိတော့ဘူးဆိုတော့ အားလုံးက တခြားနည်းလမ်းကိုစဉ်းစားရမှာပဲ”

“ဒါပေမဲ့ အဲဒါက ရှောင်ချီတို့အတွက် ဘာအသုံးဝင်မှာလဲ” ရှောင်ချီ မေးလေသည်။

“ငါစဉ်းစားတာက အကုန်လုံးကတော့ ငါတို့နောက်မလိုက်ချင်ဘူးရယ် ဒီနေရာကထွက်သွားမဲ့ မဟာမိတ်ထဲမဝင်ချင်တဲ့ ကျန်ခဲ့သူတွေကို ခေါ်လို့ရ တယ်” ဘိုင်ရှန်း ပြောလေသည်။

“တကယ်လို့ လူအများကြီးကျန်ခဲ့မယ်ဆိုရင်ရော” ဖန်ခိုင် မေးလေ သည် “ပြီးတော့ ဒီမှာက လူသိန်းချီရှိတယ်၊ အကုန်လုံးက သခင်လေးကို လေးစားနေကြတာ ကျွန်တော်တို့နောက်လိုက်ချင်တာက သဘာဝပဲလေ”

တခြားသူများသည် ခေါင်းညိတ်ကြလေသည်။

“အဲဒါသာအမှန်ဆိုရင် အဲနောက်ကျန်နေခဲ့မဲ့လူတွေ နေဖို့နေရာရှာရ မယ်” ဘိုင်ရှန်းပြောလေသည် “တည်ငြိမ်တဲ့ဘဝသာဆိုရင် ဘယ်နေရာမဆို သူတို့နေကြမှာပဲ”

“အဘိုးပြောတာက…” ရှီမာယူယူသည် သူ့စိတ်ထဲတွေးနေသည်ကို ခန့်မှန်းမိသည့်ပုံပေါ်သည်။

“ဟုတ်တယ် လောကအသေး” ဘိုင်ရှန်း ပြောလေသည် “သခင်လေး နောက်လိုက်ချင်တဲ့ အဲလူတွေကို လောကအသေးမှာထည့်ထားလို့ရတယ် အဲမှာဆိုရင် သူတို့ရန်သူတွေလိုက်မှာကို စိုးရိမ်ဖို့မလိုတော့ဘူး”

“လောကအသေးအကြောင်း လူပိုသိသွားရင် ပိုပြီးပြဿနာဖြစ်သွားနိုင် တယ်” ဝမ်မုံ့ ပြောလေသည်။

“အရိုးရှင်းဆုံးဖြေရှင်းနည်းရှိတယ်” ဘိုင်ရှန်းသည် မိုးပေါ်သို့ ညွှန်ပြ လေသည်။

“ဘယ်လိုအဖြေလဲ”

“သူတို့ကို သစ္စာဆိုခိုင်းရမယ် ယူယူ့ကိုဆန့်ကျင်ပြီးဘာမှမလုပ်ပါဘူး ဆိုပြီး ဒါဆိုရင် သူတို့ကို တည်ငြိမ်တဲ့ဘဝမျိုးပေးမယ်၊ ငါထင်တာတော့ လူ တော်တော်များများလုပ်ကြလိမ့်မယ်၊ သူတို့သာ မလုပ်ချင်ရင် ဒီအတိုင်းပဲ ထွက်သွားလိုက်ပေါ့” ဘိုင်ရှန်း ပြောလေသည်။

အားလုံး အရောင်တောက်သွားကြသည်။

“အကြံကောင်းတယ်”

“ကောင်းကင်ဥပဒေနဲ့ချုပ်ထားရင် အဲလူတွေ လောကအသေး အကြောင်းပြောဖို့ကို စိုးရိမ်ဖို့မလိုတော့ဘူး”

“ဂိုဏ်းကိုဝင်ချင်တဲ့သူတွေကို တဖြည်းဖြည်းထုတ်ပြီး ဂိုဏ်းရဲ့ အင်အား တစ်စိတ်တစ်ပိုင်းလုပ်လို့ရတယ်၊ မလုပ်ချင်တဲ့သူတွေကိုလည်း လောက အသေးမှာပဲ တိတ်ဆိတ်တဲ့ဘဝမျိုးပေးထားတာက မဆိုးဘူးပဲ” ရှီချန်း ပြော လေသည်။

“စဉ်းစားလို့ရတယ်” ရှီမာယူယူ ပြောလိုက်သည် “အဘိုးဘိုင် အဘိုးက ဒီနေရာနဲ့ ရင်းနှီးတော့ ဒီကိစ္စကိုဖြေရှင်းဖို့ အဘိုးကိုပဲအပ်ထားလိုက်မယ်”

“ဒီအတွက်ကတော့ ပြဿနာမရှိဘူး၊ အဘိုးဘိုင်က အားလုံးရဲ့ ရင်ထဲ မှာ နေရာတစ်ခုရပြီးသားပဲ” ရှီချန်း ထပ်ဖြည့်ပြောလေသည်။

ရှီမာယူယူ ခေါင်းညိတ်လေသည်။ ဘိုင်ရှန်းသည် သွေးလွှမ်းပြိုင်ပွဲတွင် လက်ခံထားခံရသူဖြစ်သဖြင့် သွေးမိစ္ဆာမြို့တော်၏ကိစ္စကို ကိုင်တွယ်ခွင့်ပေး ထားသည်မှာ ကောင်းမွန်သည့် ရွေးချယ်မှုဖြစ်မည်။

ထို့နောက်တွင် သူတို့သည် တိကျသည့်အစီအစဉ်ကို နေ့တစ်ဝက်ဆွဲရာ လုပ်ငန်းစဉ်ပေါ်လာသည်။

ဘိုင်ရှန်း၊ ဝမ်မုံ့နှင့် တခြာသူများသည် ထွက်သွားကာ ရှီမာယူယူသည် ရှောင်ချီကိုခေါ်ကာ ပျက်စီးနေသောမြို့အကြားတွင် အသက်ရှင်သူများရှိလို ရှိငြား ကြည့်ရန်ထွက်လာခဲ့ကြသည်။

နောက်တစ်ပတ်ပတ်ကြည့်သောအခါ လောင်ကျွမ်းသော လူများနှင့် အသက်လုနေရသော လူတချို့ကိုတွေကလေသည်။

ရှီမာယူယူသည် သူတို့ကိုဆေးပေးပြီးနာက် သူတို့အသိပြန်ဝင်လာ သောအခါ ဘိုင်ရှန်းကိုသွားရှာရန် ပြောလိုက်သည်။

သွေးနတ်ဆိုးသစ်ပင် ဒေါသထွက်သောကြောင့် ဒဏ်ရာရခဲ့သော လူ များသည် နောက်ပိုင်းတွင်ဘာဖြစ်ခဲ့သည်ကို မသိကြပေ။ ထို့ကြောင့် သူတို့ သည် ရှီမာယူယူကိုမြင်သောအခါ စိမ်းကြသည်။ သူတို့ကိုကျေးဇူးတင်ပြီး နောက် ဘိုင်ရှန်း၏ တည်းခိုဆောင်သို့သွားရှာကြလေသည်။ ထိုနေရာသို့ ရောက်သောအခါ တခြားသူများနှင့်တွေ့ချိန်တွင် ရှီမာယူယူသူတို့ကို ကယ်ခဲ့ သည်ဆိုသည့် နောက်ပိုင်းအဖြစ်အပျက်ကို သိပြီးနောက် အံ့သြကြလေသည်။

တွေဝေနေသူများသည် ရှီမာယူယူသည် သူတို့ကိုအပျက်အဆီးများ ကြားမှကယ်ခဲ့သည်ကိုကြားသည်နှင့် ချက်ချင်းပင်ဆုံးဖြတ်ချက်ချကြလေ သည်။

ရှီမာယူယူ လှည့်ပတ်ပြီးပြန်လာချိန်တွင် ဘိုင်ရှန်းသည် အားလုံးကိုဖြေ ရှင်းပြီးနေလေပြီ။

“ဘယ်လိုလဲ” ရှီမာယူယူ မေးလိုက်သည်။

“ထွက်သွားချင်တဲ့သူတွေတော့ ထွက်သွားပြီ ဒါပေမဲ့ ဒီမှာနေခဲ့တဲ့သူ တွေက ၂သောင်းကျော်ရှိတယ်” ဘိုင်ရှန်း ပြောလေသည်။

“အဲလောက်လူအများကြီးကျန်သေးတာလား” ရှီမာယူယူ အနည်းငယ် အံ့အားသင့်သွားသည်။ ၂သောင်း ဒီအင်အားကနည်းနည်းတော့ ကြောက် စရာကောင်းတယ်။

“ငါတို့မှန်းထားတာထက် များနေတာတော့ဟုတ်တယ်” ဘိုင်ရှန်းလည်း အနည်းငယ်အံ့သြခဲ့သည်။ သို့သော် နောက်ပိုင်းတွင် လက်ခံလိုက်သည်။ “ဒါပေမဲ့ လူများတာတော့ ကောင်းတာပဲ၊ သခင်လေးက မိသားစုအတွက် လက်စားချေချင်တယ်၊ လူများရင် အင်အားလည်း နှစ်တိုအတွင်းမှာ ပိုကောင်း လာနိုင်တယ် ပြီးတော့ အဲလူတွေက ရန်သူတွေလက်ထဲက လွတ်အောင်ပြေး ပြီး သွေးမိစ္ဆာမြို့တော်ကိုရောက်လာနိုင်တယ်ဆိုကတည်းက သူတို့ရဲ့ စွမ်းရည်ကမဆိုးဆိုတာ သိထားရမယ်”

“ကျွန်တော်အဲဒါကိုနားလည်ပါတယ်” ရှီမာယူယူ ပြန်ဖြေလိုက်သည် “ဒါပေမဲ့ သူတို့ကို သစ္စာဆိုတာနဲ့ပတ်သတ်ပြီး ပြောပြထားရမယ်”

“တခြားခက်တာကို သစ္စာဆိုခိုင်းရင်တော့မသိဘူး၊ သခင်လေးကို ဆွဲချ မဲ့အရာမျိုးမလုပ်ခိုင်းတာကို သစ္စာဆိုခိုင်းတာဆိုရင်တော့ သူတို့လက်ခံမှာပါ” ဘိုင်ရှန်း ပြောလေသည်။

အမှန်ပင် သူတို့ကို တခြားတစ်ယောက်အတွက် သစ္စာဆိုခိုင်းလျှင်တော့ တွေဝေချင်တွေဝေမည်… သူမကို ဆွဲမချရန် သစ္စာဆိုခိုင်းလျှင် ပိုလွယ်ကူ မည်။

“အဲလိုသဘောတူထားမှတော့ အခုဖြေရှင်းပြီးပြီဆိုတော့ သူတို့နဲ့ ထွက်သွားတာပေါ့ အပြင်လူတွေက ဒီကိုအချိန်မရွေးရောက်လာနိုင်တယ်” ရှီမာယူယူ ပြောလိုက်သည်။

“ကောင်းပြီ”

အပျက်အစီးအပုံများအကြားတွင် ရပ်နေသောလူများသည် ရှီမာယူယူ လာသည်ကိုမြင်သောအခါ သူမကို စိတ်လှုပ်ရှားစွာကြည့်လေသည်။

“သခင်လေးရှီယူ”

ရှီမာယူယူသည် ပိုမြင့်သောကျောက်ပုံပေါ်တက်လိုက်ပြီး အောက်မှလူ များကိုကြည့်ကာ ပြောလိုက်သည် “ဒီကိစ္စကိုတော့ အဘိုးဘိုင်နဲ့ ရှီချန်းတို့က ရှင်းပြပြီးပြီလို့ထင်ပါတယ်၊ အခု နည်းနည်းအလောတကြီးဖြစ်သွားတယ်ဆို ပေမဲ့ ခင်ဗျားတို့ရန်သူတွေက လာနေလောက်ပြီ အဲဒါကြောင့် အဓိပ္ပာယ်မရှိ တာတွေမလုပ်တော့ဘူး အခု ကျွန်တော်နဲ့ထွက်သွားချင်တဲ့သူတွေ သစ္စာဆို ပါ၊ ခင်ဗျားတို့ကလည်း လူများတယ် ခင်ဗျားတို့အကြောင်းလည်း ကျွန်တော် မသိဘူး၊ ကျွန်တော့်ရဲ့လုံခြုံမှုကိုလည်း ထည့်စဉ်းစားရမယ်၊ ဒါကတော့ ကိုယ့် သဘောအလျောက်ပါပဲ၊ မလုပ်ချင်တာကို ဘယ်သူ့ကိုမှဖိအားမပေးပါဘူး ဒါကို ဆုံးဖြတ်ဖို့အတွက် ၁၅မိနစ်အချိန်ရပါမယ်”

ထိုသို့ပြောရင်းနှင့် ရှီမာယူယူနှင့် သူတို့ကိုကြည့်ပြီး ဘာမှထပ်မပြော တော့ပေ။

ထိုလူများ စဉ်းစားပြီးနောက် သူမနောက်လိုက်ရန် ဆုံးဖြတ်လိုက်ကြ သည်။ တခြားအရာကြောင့်မဟုတ်ပဲ သူတို့ကို တည်ငြိမ်သောဘဝကိုပေး မည်ဟု ဘိုင်ရှန်းပြောခဲ့သောကြောင့်ပင်။ သူတို့သာဆန္ဒရှိလျှင် လူမသိအောင် နေပြီး ရန်သူတွေရဲ့ လိုက်ခြင်းကိုခံရတော့မည်မဟုတ်ပေ။

အားလုံးသည် ရှီမာယူယူ ဘေးသင့်မှုပေါ်တွင် တက်စီးခဲ့သည်ကို မျက်မြင်တွေ့ခဲ့ရာ သူမ ပြောစကားကိုယုံကြသည်။

၁၅မိနစ်အကြာတွင် ဘယ်သူမှမကျန်ခဲ့သည်ကို သိပြီး ရှီမာယူယူ ဆက် စကားပြောလေသည် “အကုန်လုံးက လိုက်မယ်ဆိုတော့ စကြတာပေါ့ ကျွန်တော်က ရှီမာယူယူပါ ရှီယူက နာမည်လွှဲထားတာပါ၊ ကျန်တာတွေက တော့ ခင်ဗျားတို့အမြင်ပဲ”

သူမ ထိုနေရာသို့လာရသည့်အတွက် နာမည်လွှဲသုံးသည်ကို ဘယ်သူမှ မအံ့သြတော့ပဲ သစ္စာစတင်ဆိုကြလေသည်။

***

All Chapters