ယူယူ ဒုက္ခရောက်ခြင်း
Vol. 010 Ch. 960
တစ်ယောက်ပြီးတစ်ယောက် သစ္စာဆိုကြရာ သစ္စာဆိုသည်နှင့် ကောင်းကင်မှ အလင်းတန်းပေါ်လာပြီး သစ္စာဆိုသူနှင့် ရှီမာယူယူ၏ ခန္ဓာ ကိုယ်ထဲသို့ ဝင်လေသည်။
အရင်အလင်းတန်းတောင်မပျောက်သေးပဲနှင့် နောက်အလင်းတန်း ဆက်ထွက်ပေါ်လာသည်။ အစမှအဆုံးထိ ရှီမာယူယူသည် ငွေရောင်အလင်း တန်းကြားထဲတွင် မြုပ်နေသည်။
“ဒီမြင်ကွင်းက တကယ်ပိုထူးခြားတာပဲ” ဖန်ခိုင်သည် စိတ်လှုပ်ရှားပြီး သက်ပြင်းချလေသည်။
“ယူယူက တကယ့်ကိုသူတော်စင်ကျနေတာပဲ” ရှောင်ချီသည် စိတ်လှုပ် ရှားစွာပြောလေသည်။
“ကောင်းကင်ရဲ့ဥပဒေတွေအများကြီးရှိတာ တစ်ခုခုအပြောင်းအလဲများ ဖြစ်သွားမလားမသိဘူး” ရှီချန်းသည် ငွေရောင်အလင်းတန်းများကြောင့် မျက်လုံးများကိုတင်းကြပ်စွာပိတ်ထားသော ရှီမာယူယူကိုကြည့်ပြီး အမှန် တကယ်ပင် သူတော်စင်မျိုးခံစားချက်ရလေသည်။
ဒီလိုမျိုးရောင်ဝါကို ပညာရှိစံအိမ်တော်၏ အခေါ်အရ မြင့်မြတ်သော သားတော်တို့ မြင့်မြတ်သောသမီးတော်တို့ ခေါ်တယ်ထင်မိ။
“ငါစဉ်းစာေးနတာ မဟုတ်မှလွဲရော…” ဘိုင်ရှန်းသည် မရှင်းလင်းစွာ ပြောလေသည်။
လူ၂သောင်း သစ္စာအဆက်မပြတ်ဆိုပြီးနောက် အကုန်ပြီးဆုံးသွား သော်လည်း ရှီမာယူယူ၏ ငွေရောင်အလင်းတန်းသည် အချိန်အတော်ကြာ သည်အထိ ပျောက်ကွယ်မသွားပေ။
“သူဘာဖြစ်သွားတာလဲ” ဟူယန်းသည် လှည့်ကာ အားလုံးကိုမေးလိုက် သည်။
“ငွေရောင်အလင်းတန်းက ပျောက်မသွားဘူး၊ သေချာပေါက်တော့ မူမမှန်တာဖြစ်တော့မယ်” ဝမ်မုံ့ ပြောလေသည်။
“ဖြစ်နိုင်တယ်” မူလျန်ရှင် ထပ်ဖြည့်ပြောလေသည် “ဘာလဲဆိုတာသာ မသိရတာ”
“စောင့်ကြည့်ကြတာပေါ့” ဝမ်မုံ့ ပြောလေသည် “သူက ငါတို့မြင်ရတဲ့ အတိုင်းမဟုတ်သလို ခံစားရတယ်၊ သူ့မှာ ငါတို့်မသိတဲ့ လျှို့ဝှက်ချက်အများ ကြီးရှိတယ်၊ ပြီးတော့ သူက အချိန်မတိုင်ပဲမသေဘူး၊ သူ့အနာဂတ်က အဆုံးမဲ့ ပဲ”
ရှီမာယူယူသည် သူမခန္ဓာကိုယ်မှ နွေဦးအလင်းကိုစုပ်ယူသလိုခံစားရပြီး ခန္ဓာကိုယ်မှ ပင်ပန်းမှုများသည် အားလုံးပျောက်ကွယ်သလို သက်တောင့် သက်သာ ခံစားရလေသည်။ သူမ၏ ဝိညာဉ်ပင်လျှင် ဆေးကြောပစ်သလို သန့်ရှင်းသွားသလိုပင်။
ထိုခံစားချက်ကို အတန်ကြာခံစားပြီးနောက် တဖြည်းဖြည်းပျောက်ကွယ် သွားကာ ငွေရောင်အလင်းတန်းသည် သူမခန္ဓာကိုယ်နေရာမကျန်သို့ တဖြည်းဖြည်းဝင်သွားသည်။
“ဟူး…”
သူမသည် သူမခန္ဓာကိုယ်ထဲသို့ဝင်သွားသော စွမ်းအင်များသည် စိုးရိမ်မှု များမှလွတ်လပ်သွားသလိုခံစားရပြီး ပင့်သက်ရှုထုတ်လိုက်သည်။
“သခင်လေး လူတွေလာနေတယ်” ဖန်ခိုင်သည် ကျယ်လောင်စွာ အော်လေသည်။
ရှီမာယူယူသည် ချက်ချင်းပင် အာရုံခံကြည့်ရာ ထိုနေရာသို့ လူများစွာ ဦးတည်လာနေသည်ကို ခံစားရလေသည်။ သူတို့သည် ထိုနေရာ၏ အဖြစ် အပျက်ကို သိပြီးဖြစ်လိမ့်မည်။
“ကျွန်တော် နေရာတစ်ခုကိုခေါ်သွားမယ် ရှီချန်း၊ အဘိုးဘိုင် အားလုံးကို ရှင်းပြလိုက်ပါ” ရှီမာယူယူသည် ဘိုင်ရှန်းနှင့် တခြားသူများကို ခေါင်းညိတ်ပြ ပြီး ကြာပန်းနက်လောကအသေးတံခါးကိုထုတ်လိုက်သည်။ တံခါးဖွင့်ပြီး အားလုံးကို အထဲသို့ခေါ်သွားပြီး ယာယီတည်ဆောက်မှုလုပ်ကာ ထိုနေရာမှ ထွက်သွားလေသည်။
အပြင်လူများ ထိုနေရာသို့ရောက်သောအခါ ဘယ်သူမှမရှိပဲ ခြောက်သွေ့နေသည်ကို တွေ့လိုက်ရသည်။
“ဒီမှာဘာတွေဖြစ်သွားခဲ့တာလဲ ဒီလောက်လူအများကြီးက ဘာလို့ ပျောက်သွားရတာလဲ”
“ဒီအိမ်တွေပျက်စီးတာက အကြီးအကျယ်ပဲ လူလုပ်ထားတာနဲ့မတူဘူး”
“ဒါပေါ့ လူလုပ်ထားတာမဟုတ်ဘူး၊ အစောပိုင်းက မိုးကြိုးဘေးသင့်မှု ကြီးဖြစ်ခဲ့တာ သတိမထားမိဘူးလား”
“ဒါက မိုးကြိုးဘေးသင့်မှုကြောင့်ဖြစ်တာမဟုတ်ဘူး” အဖြူရောင်ဝတ် ထားသော လူတစ်ယောက်သည် အပျက်အဆီးများပေါ်တွင် တွဲလောင်းကျ နေသော သစ်ပင်အမြစ်ကိုဆွဲယူကာ ထပ်ပြောလေသည် “မိုးကြိုးဘေးသင့်မှု က ဒီဟာကိုပစ်တာပဲ၊ အဲအိမ်တော်က ဒီဟာကြောင့်ပျက်စီးသွားတာပဲ”
“ဒါဘာလဲ သစ်ပင်အမြစ်လား”
“သစ်ပင်အမြစ်ဖြစ်မယ်” ထိုအဖြူဝတ်လူသည် သစ်ပင်အမြစ်ကို မြေ ပေါ်သို့ပစ်လိုက်ပြီး လက်ကို ညင်သာစွာခါလိုက်သည်။
“သစ်ပင်အမြစ်လား မိုးကြိုးဘေးသင့်မှုက ဒီသစ်ပင်အမြစ်တွေကို ပစ်ခဲ့ တာလား”
“ဖြစ်နိုင်တယ်”
“ဒါ ဘယ်လိုအမြစ်မျိုးမို့လို့ မိုးကြိုးဘေးသင့်မှုကိုတောင် ဆွဲဆောင်နိုင် တာလဲ”
“ဒါဘာပဲဖြစ်ဖြစ် အခုအရေးမကြီးတော့ဘူး၊ အခုအာရုံစိုက်ထားရမှာက ဒီကလူအကုန်လုံး ဘယ်ရောက်ကုန်တာလဲ”
“ဟုတ်တယ် ခုနက ဒီနားကိုလာတုန်းက သေချာပေါက် တစ်ယောက် ယောက်ရှိနေတယ်၊ ဒီမှာရှိခဲ့တဲ့ ရောင်ဝါက ဒီမှာ လူအများကြီးရှိခဲ့တယ်ဆို တာကိုပြနေတယ်၊ ဒါပေမဲ့အခု တစ်ယောက်မှမရှိတော့ဘူး ထူးဆန်းလွန်း တယ်”
“တကယ်တော့ ထူးဆန်းစရာမရှိပါဘူး သူတို့အားလုံး ပျောက်သွား တယ် ဖြစ်နိုင်ချေအရှိဆုံးက ဖြတ်လမ်းတည်ဆောက်မှုကိုသုံးပြီး ဒီကနေ ထွက်သွားတာပဲ” လူတစ်ယောက် ပြောလေသည်။
“မဖြစ်နိုင်တာ”
“ဘာလို့လဲ”
“ကျန်ခဲ့တဲ့ရောင်ဝါအရ အနည်းဆုံးတော့ ဒီမှာ လူသောင်းဂဏန်းရှိခဲ့ တယ် ဘယ်လောက်ကြီးတဲ့ ဖြတ်လမ်းတည်ဆောက်မှုမို့လို့ အဲလောက်လူ အများကြီးကို တစ်ခါတည်းပြောင်းလို့ရမှာလဲ၊ အရင်ကမြင်ဖူူူးလို့လား”
“အရင်ကမြင်ဖူးတယ် အဲလို ဖြတ်လမ်းတည်ဆောက်မှုအမျိုးအစားက ရှားတယ် ပြီးတော့အရမ်းလည်းတန်ဖိုးကြီးတယ် အတွင်းပိုင်းဒေသက အင်အားကြီးနည်းနည်းပဲ ဒါမျိုးရှိတယ်၊ ပြီးတော့ သူတို့က မကြာခဏထုတ် မသုံးရဲဘူး သွေးမိစ္ဆာမြို့မှာက ဒါမျိုးမရှိတာသေချာတယ်”
“ဒါဆိုရင် အဲလူတွေဘယ်လိုပျောက်သွားတာလဲ”
လူအုပ်သည် တိတ်သွားကြသည်။ ဘာဖြစ်သွားသလဲကို ဘယ်သူမှ မသိကြပေ။
“အကြီးအကဲ ဒီတစ်မြို့လုံးမှာ လူတစ်ယောက်မှမရှိဘူး ဆိုင်တွေက ပစ္စည်းတွေလည်း ပြောင်နေပြီ ဒါက တစ်ခါတည်းလမ်းလွှဲခြင်းမျိုးများဖြစ် မလား…”
သွေးမိစ္ဆာမြို့၏ မိုင်ထောင်ချီအဝေးတွင် ရှီမာယူယူနှင့် ရှောင်ချီတို့သည် ဟာစွန်၏ ကျောတွင်ထိုင်ကာ ဆန့်ကျင်ဘက်အရပ်သို့သွားကြလေသည်။
“ယူယူ အထဲမှာရှိတုန်းက သူတို့ ရှောင်ချီ့ကိုပြောကြတယ် သူတို့ ထွက်မလာခင်ကို သွေးမိစ္ဆာမြို့ရဲ့ ပစ္စည်းတွေမရှိတော့ဘူးတဲ့” ရှောင်ချီသည် ပြောရင်းနှင့် ရယ်လေသည်။
“ပစ္စည်းတွေပြောင်သွားတယ်ဟုတ်လား” ရှီမာယူယူသည် အနည်းငယ် အံ့အားသင့်လေသည် “ဆိုင်တွေက ပစ္စည်းတွေလား”
“ဟုတ်တယ်”
ရှီမာယူယူသည် အနည်းငယ်ဆွံ့အသွားသည်။ ဒီလိုအခြေအနေ အောက်မှာ အဲလူတွေက ပစ္စည်းတွေကအကုန်းလုံးကိုရွေ့လာတာလား။ ဖက်တီးကျူသာဆိုရင် ဖြစ်နိုင်ချေမြင့်သေးတယ်။
ဖက်တီးကျူကို စဉ်းစားမိရာ သူတို့ လောကအသေးဝင်ပြီးနောက်တွင် သူတို့၏ အခြေအနေကို သိချင်မိသည်။
“အခု အထဲကလူတွေဘယ်လိုလဲ”
“အစကတော့ အံ့သြသွားကြပေမဲ့ သူတို့ အထဲမှာနေချင်တယ်ဆိုပြီး စိတ်လှုပ်ရှားပြီး ပြောကြတယ်၊ ဒါပေမဲ့ သူတို့ မကြာခဏ လေကောင်းလေ သန့်ရှုချင်တယ်လို့လည်း ပြောကြတယ်” ရှောင်ချီ ပြောလေသည် “ရှောင်ချီတို့ ဂိုဏ်းထောင်မဲ့ အကြောင်းကို အဘိုးဘိုင်နဲ့ အစ်ကိုရှီချန်းတို့ပြောကြတော့ သူတို့ဝင်ချင်ကြတယ်၊ အင်း တော်တော်များများကတော့ ဆန္ဒရှိကြတယ် တချို့ကလည်းမလုပ်ချင်ကြဘူး အထဲမှာပဲ အေးအေးချမ်းချမ်းနေချင်တယ်တဲ့ အဲလူတွေကတော့ နည်းတာပေါ့”
“အဲလိုတွေကတော့ဖြစ်တတ်တာပဲ” ရှီမာယူယူ ပြောလေသည် “သူတို့ မလုပ်ချင်တာကို အတင်းလုပ်ခိုင်းလို့မရဘူးလေ”
“အဲဒါလည်းဟုတ်တယ် ဒါပေမဲ့ သူတို့အဆင်ပြေနေတာကို အနည်းဆုံး တော့ သူတို့ထွက်လာချင်တယ်ဆိုပြီး ဖိအားမပေးဘူး” ရှောင်ချီ ပြောလိုက် သည်။
“အရင်တုန်းက သွေးမိစ္ဆာမြို့လိုမျိုး သေးတဲ့နေရာတစ်ခုမှာ ပုန်းနေခဲ့ကြ တယ်၊ အခု သူတို့က လိုက်တဲ့သူမရှိပဲ စိုးရိမ်စရာမလိုတော့ပဲ လောကအသေး မှာ လွတ်လွတ်လပ်လပ်နေလို့ရသွားပြီ၊ ဒီလိုအခြေအနေကပဲ သူတို့အတွက် ကောင်းလွန်းနေပြီ၊ သူတို့သာထွက်လာရင် ရန်သူတွေနဲ့ရင်ဆိုင်ရမယ်၊ သွေး မိစ္ဆာမြို့မှာ ပုန်းဖို့လူတွေရဲ့ ရန်သူတွေက အရမ်း…”
ရှီမာယူယူ၏ အသံသည် ပိုပိုတိုးသွားကာ ရှောင်ချီ့အပေါ်သို့ လဲကျလေ သည်။
ရှီမာယူယူသည် ပုံမှန်အတိုင်း သူမအပေါ်မှီသည်ဟု ရှောင်ချီထင်လိုက် သည်။ သို့သော် သူမ၏ အားမရှိသောပုံစံကို အာရုံခံမိပြီး ရှီမာယူယူ၏ မျက်လုံးမှာ တင်းကြပ်စွာပိတ်ထားပြီး သူမ၏ မျက်နှာမှာလည်း အလွန်ဖြူဖျော့ နေသည်ကိုတွေ့လိုက်ချိန်တွင် သူမသည် သတိမေ့မြောနေလေပြီ။
“ယူယူ ယူယူ ဘာဖြစ်တာလဲ” သူမသည် ရှီမာယူယူကို ဟာစွန် ကျောပေါ်ချလိုက်ပြီး စိုးရိမ်တကြီးမေးလေသည်။
“ရှောင်ချီ သခင်မလေးဘယ်လိုနေလဲ၊ သူမ အခြေအနေက မတည်ငြိမ် တာကိုခံစားမိတယ် အသက်ရှုတာလည်းပုံမမှန်ဘူး” ဟာစွန်သည် စိုးရိမ်စွာ မေးလေသည်။
“မသိဘူး သူမ ရုတ်တရက် မေ့လဲသွားတာပဲ” ရှောင်ချီသည် ရှီမာယူယူ ကို ထိုအခြေအနေတွင် ကြည့်ပြီး ဘာလုပ်ရမည်ကို မသိတော့ပေ။
“ဘာလုပ်ရမလဲဆိုတာ မြန်မြန်စဉ်းစားရမယ်၊ သူမ အခြေအနေပိုဆိုး လာလိမ့်မယ်” ဟာစွန်အော်လေသည်။
“မကောင်းဘူး ယူယူရဲ့ ခန္ဓာကိုယ်ပေါက်ထွက်နေပြီ သူမ သွေးတွေ ဆုံးရှုံးနေပြီ” ရှောင်ချီ အော်လေသည် “ပေါက်ထွက်နှုန်းက အရမ်းမြန်တယ် ယူယူရဲ့ ခန္ဓာကိုယ်က ပေါက်ထွက်တော့မယ် ဟာစွန် ယူယူ သူမ…”
“ငါတို့ဘာလုပ်ကြမလဲ” ဟာစွန်သည် အလွန်စိုးရိမ်နေကာ အောက်မှ ကျောက်ဆောင်များကိုကြည့်ပြီး နိမ့်ဆင်းကာ တောင်ပေါ်သို့ ရပ်လိုက်ပြီး ချက်ချင်းပင် လူအသွင်ပြောင်းကာ ရှီမာယူယူကို ပွေ့ဖမ်းလိုက်သည်။
***