ယုံကြည်သက်ဝင်မှု၏ နိယာမ
Vol. 010 Ch. 961
ရှီမာယူယူ၏ ခန္ဓာကိုယ်သည် စတင်ပေါက်ပြဲလာသည့်အချိန်တွင် အခြေအနေမှာ အကောင်းဘက်တွင်မရှိတော့ပေ။ သူမသည် ဓားတစ်ချောင်း နှင့် အမွှန်းခံရသလိုပင်။ အဝတ်ပေါ်မှ သွေးများသည် မြေပေါ်သို့ကျလေ သည်။
“ဟာစွန် ယူယူဘာဖြစ်တာလဲ” ရှောင်ချီသည် ရှီမာယူယူ၏အခြေအနေ ကိုကြည့်ပြီး တုန်လှုပ်ကာ စိုးရိမ်တကြီးမေးလေသည်။
“အလင်းနဲ့အမှောင်ရောင်ဝါတွေက တစ်ခုနဲ့တစ်ခုတိုက်နေကြတော့ အတွင်းပိုင်း အသက်ရှုတာက ပုံမမှန်တော့ဘူး၊ သူမ အချိန်မမှီဘူးဆိုရင် ငါ ကြောက်တာက…”
“ပေါက်ကွဲပြီးသေသွားမှာ” ရှောင်ချီသည် မျက်ရည်များဖြင့် အော်ကာ မယုံကြည်နိုင်မှုများ မျက်လုံးတွင်ပြည့်နေသည် “ဘယ်လိုဖြစ်ပြီး ယူယူရဲ့ ရောင်ဝါက ရုတ်တရက်ကြီး အကြောင်းအရင်းမရှိပဲနဲ့ ထိန်းချုပ်မရတော့တာ လဲ၊ ရှောင်ချီတို့ဘာလုပ်ကြမလဲ ဟာစွန် ဒါကိုထိန်းချုပ်နိုင်ဖို့ နည်းလမ်းရှိလား”
ဟာစွန်သည် ခေါင်းရမ်းပြီး ပြောလိုက်သည် “ငါတို့နည်းလမ်းစဉ်းစားရ မယ်၊ ဒီအတိုင်းဆက်သွားမယ်ဆိုရင် ပေါက်ကွဲဖို့အချိန် တစ်နာရီတောင်မကြာ တော့ဘူး”
“ဒီလိုအခြေအနေမှာ ဘာလုပ်ရမလဲဆိုတာတောင် ရှောင်ချီတို့ကမသိ တာ၊ အဘိုးဘိုင်နဲ့ တခြားသူတွေကလည်း လောကအသေးထဲမှာ ယူယူမရှိပဲ ရှောင်ချီတို့က တံခါးမှမဖွင့်နိုင်တာ” ရှောင်ချီ ပြောလေသည်။
“နည်းလမ်းမရှိရင်တောင် ငါတို့်နည်းလမ်းတစ်ခုကိုတော့စဉ်းစားရမယ်” ဟာစွန် ကျယ်လောင်စွာရေရွတ်လေသည် “သူမကို ဘာမှအဖြစ်မခံနိုင်ဘူး ဘာမှအဖြစ်မခံနိုင်…”
သူသည် ရှီမာယူယူကိုချီကာ ခြောက်ကပ်နေသော တောင်များကိုကြည့် ပြီး အကူအညီမဲ့နေသည့် ခံစားချက်များ လှိမ့်တက်လာသည်။
ဘာလုပ်ရမလဲ။ ဘာလုပ်ရမလဲ။
ထိုအချိန်တွင် လေဟာပြင်တွင်လှုပ်ရှားမှုဖြစ်လာရာ သူတို့နှစ်ယောက် သည် သတိကြီးစွာဖြင့် ကြည့်လိုက်ကြသည်။
နောက်မှလိုက်လာသူများဖြစ်လျှင် သူမ လုံခြုံမှုအတွက် ဘေးမကင်းနိုင် ပေ။
လေဟာပြင်ဝင်ပေါက်ပွင့်လာပြီး ထိုအထဲမှ ရင်းနှီးသောပုံရိပ်သည် အလောတကြီးထွက်လာသည်။
ရှီမာယူယူ သွေးများဖြင့် စွန်းနေသည်ကိုတွေ့သောအခါ ဝူလင်းယူ၏ မျက်နှာတွင် ထိတ်လန့်မှုဖြတ်သွားကာ မေးလိုက်သည် “သူမဘာဖြစ်တာလဲ”
ဝူလင်းယူကိုတွေ့လိုက်သောအခါ ရှောင်ချနှင့် ဟာစွန်တို့၏ စိတ်ထဲ တွင် အားကိုးကြီးတစ်ခုပေါ်လာသလိုပင်။
“အစ်ကိုလင်းယူ မြန်မြန်ကြည့်ပါဦး ယူယူရဲ့ခန္ဓာကိုယ်က ပေါက်ထွက် တော့မယ်” ရှောင်ချီ အော်လေသည်။
ဝူလင်းယူသည် ရှီမာယူယူဘေးသို့ အမြန်လာပြီး သူမလက်ကောက် ဝတ်ကို စမ်းသပ်ပြီးနောက် သူ၏ အမူအရာသည် ပြောင်းလဲသွားလေသည် “သူမ ခန္ဓာကိုယ်ကဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီးအထိန်းအကွပ်မဲ့သွားတာ လဲ၊ ငါတို့ကိုကာပေးထား၊ ငါ သူမခန္ဓာကိုယ်ထဲက အတိုက်အခံဖြစ်နေတဲ့ ရောင်ဝါနှစ်ခုကို ဖိနှိပ်မယ်”
ဟာစွန်နှင့် ရှောင်ချီတို့သည် ဘေးတွင်ရပ်ကာ သူတို့ကိုအနှောင့် အယှက် မဖြစ်စေရန် စောင့်ပေးနေလေသည်။
ဟာစွန်သည် ရှီမာယူယူနှင့် မျက်နှာချင်းဆိုင်ထိုင်ကာ သူမ လဲမကျရန် သူမလက်ကိုကိုင် ထားလေသည်။ သူ့လက်ဖဝါးမှတစ်ဆင့် ပေါက်ကွဲတော့ မည့် ဝိညာဉ်စွမ်းအင်နှစ်ခုကို ခဲစေရာ အလင်းနှင့် အမှောင်သည် ဖြည်းညင်း စွာဖြင့် သူမလက်ဖဝါးမှတစ်ဆင့် ခန္ဓကိုယ်သို့သွားလေသည်။
ရှီမာယူယူသည် သတိမေ့နေသဖြင့် စကားမပြောနိုင်သော်လည်း သူမ ၏ အံ့ဖွယ်အသိစိတ်သည် နိုးနေသည်။ သူမသည် ခန္ဓာကိုယ်ထဲမှ ယောက်ယက်ခတ်နေသော ရောင်ဝါကိုထိန်းချုပ်ရန် ကြိုးစားသော်လည်း သူမ မည်မျှပင်လုပ်သော်လည်း အသုံးမဝင်ပေ။ ဘယ်အရာက သူတို့ကို ပြန်းထန်စွာလှုံ့ဆော်လိုက်သည်ကို သူမ မသိတော့ပေ။ သူတို့သည် သူမ စကားကို လုံးဝနားမထောင်တော့ပေ။
သူမ ပူလောင်နေချိန်တွင် အင်အားနှစ်ခုသည် အပြင်မှဝင်လာကာ သူတို့ ဝင်လာသည်နှင့် သူမခန္ဓာကိုယ်မှ အလင်းနှင့်အမှောင်တို့ကို ဖိနှိပ်ရာ သူတို့သည် ခုခံနိုင်ခြင်းမရှိတော့ပေ။
လွှမ်းမိုးနိုင်တဲ့ ဖိနှိပ်မှုပဲ။
ရှီမာယူယူသည် ထိုပေါက်ကွဲနေသည့် ဝူလင်းယူနှင့် မိုရှားတို့၏ စွမ်းအင်ကိုခံစားမိကာ နှုတ်ခမ်းတွန့်မိသည်။ ဒီနောက်လိုက်တွေက သူမထက် ကို ယုံကြည်နိုင်စရာမရှိပါလား။
သူမ ရောင်ဝါငြိမ်ကျသွားသည်နှင့် အသိစိတ်ပြန်ဝင်လာကာ နောက်ဆုံး တွင်သတိရလာသည်။
“ဘယ်လိုဖြစ်ပြီး ဒီလောက်သတိမဲ့ရတာလဲ ခုနက အခြေအနေက ဘယ်လောက်ပြင်းထန်လဲဆိုတာ သိရဲ့လား၊ မင်း တစ်ခုခုဖြစ်နေလို့ ခံစားမိပြီး အချိန်မှီပြေးလာနိုင်လို့သာပေါ့၊ မဟုတ်ရင် မင်း တစ္ဆေလောကကို သတင်းပို့ နေရလောက်ပြီ” ဝူလင်းယူသည် သူမ စကားပြောသည်ကို မစောင့်ပဲ စတင် ကြိမ်းမောင်းလေသည်။
ဒီတစ်ကြိမ်တွင် သူသည် အမှန်တကယ် ကြောက်ရွံ့ခဲ့သည်။ သူမ အခြေအနေသည် အရင်ကအကြိမ်များစွာဖြစ်ခဲ့သည်ထက် အန္တရာယ်ရှိသည်။ သူသာ အချိန်မှီမပြေးလာနိုင်ပါက သူ့ခန္ဓာကိုယ်ထဲတွင် အလင်းအမှောင်နှစ်ခု လုံး ရှိမနေပါက သူမ ခန္ဓာကိုယ်သည် ပေါက်ကွဲပြီး သေသွားလောက်ပြီ။
ထိုသည်မှာ ဝူလင်းယူ သူမအပေါ်သို့ ဒေါသထွက်သည်မှာ ပထမဆုံး အကြိမ်ဖြစ်သည်။ အရင်က မိုရှားဆိုလျှင်တောင် ဒီလိုမျိုး ဒေါသမထွက်ခဲ့ဖူး ပေ။ ဒီတစ်ခေါက်တော့ သူအမှန်တကယ် ကြောက်သွားသည့်ပုံပင်။
“စီနီယာအစ်ကို….”
သူမသည် တိုးညင်းစွာခေါ်လိုက်ရာ ခန္ဓာကိုယ်မှ နာကျင်မှုကို သတိရ သွားကာ မျက်ခုံးကိုတင်းကြပ်စွာပင့်တင်လိုက်သည်။
ဝူလင်းယူသည် သူမ နာကျင်နေသည်ကိုမြင်သောအခါ ရင်ထဲမှဒေါသ မီးသည် လျင်မြန်စွာငြိမ်းသွားလေသည်။ သူသည် သူမကို တယုတယပွေ့ ကာ သူ၏ လောကအသေးကိုဖွင့်ပြီး ခေါ်သွားလိုက်သည်။
“ဘာလဲဟ သူက ရှောင်ချီတို့ကို ဒီအတိုင်းထားသွားတာလား” ရှောင်ချီ သည် သူတို့နှစ်ယောက်ပျောက်သွားသည်ကိုကြည့်ပြီး ကျိန်ဆဲလေသည်။
“ဒီမှာခဏစောင့်ကြတာပေါ့၊ သူတို့ သိပ်မကြာလောက်ပါဘူး” ဝူလင်းယူ သူတို့ကိုထားသွားခြင်းကို မတတ်သာပဲ ဟာစွန်သည် ရယ်လိုက်သည်။
“ဟင်း အဲလိုဆိုရင်တောင် သူ့ကိုခွင့်မလွှတ်ဘူး” ရှောင်ချီ ဆူပုပ်လေ သည်။ သူသည် သူမကို မတွေးတတ်လောက်အောင် ဖြစ်နိုင်သည့် ခံစားချက် မျိုးမပေးလျှင် သူမသည် သူ့ကို တစ်ချက်လောက်ကောင်းကောင်းထိုးလိုက် မည်။
ရှီမာယူယူသည် သူ၏လောကအသေးသို့ဝင်လိုက်ချိန်တွင် ပြီးခဲ့သည့် ခံစားချက်နှင့် မတူညီသည်ကိုတွေ့လိုက်ရသည်။
“ဒီမှာ နည်းနည်းပြောင်းလဲသွားတယ်” သူမသည် သူ၏ လက်မောင်း များကို အားနည်းစွာမှီလိုက်သည်။
“ဝိညာဉ်တွေပေါင်းပြီးတော့ ဒါလည်း တခြားလောကအသေးနဲ့ ပေါင်း သွားတယ်” ဝူလင်းယူ ရှင်းပြလေသည်။
“ဝိညာဉ်နှစ်ခုလုံးမှာ ကိုယ်ပိုင်လောကအသေးတွေရှိတာလား” ထို အကြောင်းကို မိုရှားမပြောဖူးသဖြင့် ရှီမာယူယူသည် အနည်းငယ်အံ့အား သင့်သွားသည်။
“အာ..”
ဝူလင်းယူသည် အိပ်ရာအကြီးကိုယူပြီး သူမကိုတင်လိုက်သည်။ ထို့နောက် သူမ စားရန်ဆေးတချို့ထုတ်ကာ သူသည် အိပ်ရာဘေးတွင်ထိုင် လိုက်သည်။
“ဘယ်လိုဖြစ်တာလဲ ဘယ်လိုလုပ်ထိန်းချုပ်လို့မရတော့တာလဲ”
ရှီမာယူယူသည် စက္ကန့်အနည်းငယ်စဉ်းစားပြီးနောက် ပြန်ဖြေလိုက် သည် “သစ္စာဆိုတာနဲ့များ ပတ်သတ်မှုရှိမလား”
“သစ္စာဆိုတာလား”
ရှီမာယူယူသည် ခေါင်းညိတ်ကာ သွေးမိစ္ဆာမြို့မှအဖြစ်အပျက်များကို ပြောပြလိုက်သည်။
အကြောင်းစုံပြီးသောအခါ ဝူလင်းယူ နဖူးတွန့်ပြီး ပြောလိုက်သည် “မင်း ကို စမ်းသပ်ပေးမယ်”
ရှီမာယူယူသည် လက်ဆန့်ထုတ်လိုက်ရာ ဝူလင်းယူ၏ အံ့ဖွယ်အသိ သည် သူမခန္ဓာကိုယ်ထဲဝင်ကာ သူမ၏ သွေးကြောမှတစ်ဆင့် ပင်မအကြော များအထိသွားလိုက်သည်။ သူမ ပင်မအကြောပေါ်တွင် စက်ဝန်းတစ်ခုရှိနေ သည်ကိုတွေ့သောအခါ သူအံ့သြသွားသည်။
“ဘယ်လိုလုပ်ဒါက…”
သူသည် ရှီမာယူယူ၏ ခန္ဓာကိုယ်မှပြန်ထွက်ကာ သူမကိုကြည့်ပြီး ပြော လေသည် “မင်းခန္ဓာကိုယ်ထဲမှာ ရောင်ခြည်တော်စက်ဝန်းတစ်ခုအပိုရှိနေ တယ်”
“အဲဒါဘာလဲ” ရှီမာယူယူ၏ မျက်လုံးများပြူးလာသည်။
သူမမှာ ဘယ်လိုခန္ဓာကိုယ်မျိုးရှိနေတာလဲ။ အရင်က ခရမ်းရောင်ထိပ် တန်းလျှပ်စီး အခု စက်ဝန်းအပိုတစ်ခုတဲ့လား။
“ကိုယ်မမှားဘူးဆိုရင် အဲဒါ… နိယာမတစ်ခုဖြစ်နိုင်တယ်” ဝူလင်းယူ သည် သူ့အမြင်ကိုပြောလေသည်။
“နိယာမဟုတ်လား စက်ဝန်းကနိယာမလား” ရှီမာယူယူသည် ဆွံ့အ သွားသည်။ သူမ ခန္ဓာကိုယ်ကဘယ်လိုလုပ် ကောင်းကင်ဥပဒေကို ထုတ်နိုင် မှာလဲ။
“ကောင်းကင်ဥပဒေမဟုတ်ဘူး နိယာမပဲ” ဝူလင်းယူ ရှင်းပြလေသည်။
“နိယာမက ဘာကြီးလဲ”
“နိယာမက အမျိုးမျိုးရှိတယ်၊ ကောင်းကင်ဥပဒေက စည်းမျဉ်းတွေ အားလုံးထဲမှာ အားအကြီးဆုံးပဲ ပြီးတော့ တစ်ကမ္ဘာလုံးကိုထိန်းချုပ်နိုင်တယ် ဒါပေမဲ့ ကောင်းကင်ဥပဒေသ နိယာမတစ်ခုတည်းမဟုတ်ဘူး” ဝူလင်းယူ ရှင်း ပြလေသည်။
“ဒါဆို ကျွန်တော့်ရဲ့ နိယာမကဘာအမျိုးအစားလဲ”
“အားတစ်ခုပဲ ၊ ဒီတစ်ခေါက်ကို မင်းက သစ္စာဆိုစွမ်းအင်တွေကို အများကြီးစုပ်ယူလိုက်တော့ မင်းဟာက ယုံကြည်မှုနိယာမဖြစ်နိုင်တယ်” ဝူလင်းယူ ဆက်ပြောလေသည်။
“ယုံကြည်မှုနိယာမဟုတ်လား” ရှီမာယူယူသည် နားမလည်နိုင်သေးပေ။
“ဒီလိုပဲသတ်မှတ်ရမှာပေါ့ ပညာရှိစံအိမ်တော်ရဲ့ ကျင့်ကြံခြင်းနည်းလမ်း တွေနဲ့ တူတယ်၊ လူတွေက ယုံကြည်မှုကိုပေးလို့ ပညာရှိစံအိမ်တော်က သူတို့ ရဲ့ လွှမ်းမိုးမှုကို ချဲ့ထွင်နိုင်တယ်၊ တိုင်းပြည်တစ်ခုလုံးကို ဖြန့်ကျက်နိုင်တယ်၊ ကိုယ်တို့တွေက အားအင်တွေကို အဲလူတွေရဲ့ ယုံကြည်မှုကနေရတယ်”
“ကျွန်တော့်ဟာနဲ့တူတာလား”
“လုံးဝတူတာတော့မဟုတ်ဘူး” ဝူလင်းယူ ပြောလိုက်သည် “မင်းဟာနဲ့ ကိုယ်တို့ဟာနဲ့မတူဘူး”
***