ခိုးနမ်းတုန်းလူမိ
Vol. 010 Ch. 962
“ဘာကွာလို့လဲ”
“ကိုယ်တို့ဟာက လူလုပ်ထားတာ” ဝူလင်းယူ ရှင်းပြလေသည် “ကိုယ် တို့က ယုံကြည်မှုစွမ်းအားရဖို့အတွက် ကျင့်ကြံမှုနည်းလမ်းအပေါ်မူတည်ပြီး ယုံကြည်သူတွေကို ချဲ့ထွင်တယ်၊ ပြီးတော့ အဲဒါကို နိယာမလို့ခေါ်လို့မရဘူး နိယာမကို တုပထားတယ်လို့ပဲပြောရမှာပေါ့၊ မင်းဟာကကျ သဘာဝအတိုင်း ဖြစ်လာတဲ့ နိယာမပဲ၊ ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအားစည်းမျဉ်းပဲ”
“အခုတော့ နည်းနည်းနားလည်လာပြီ” ရှီမာယူယူ ပြောလိုက်သည် “နားထောင်ရတာတော့ မိုက်တဲ့ပုံပဲ”
“ဟုတ်တယ် တခြားသူတွေအတွက်တော့ မင်းရဲ့ပတ်ပတ်လည်က ရန်သူတွေကို သတ်နိုင်တဲ့ အလိုလိုလူသတ်စွမ်းအားပဲ မင်းအတွက်ကတော့ ဒီစွမ်းအင်က မင်းခန္ဓာကိုယ်ပေါက်ကွဲဖို့ အရှိန်မြင့်မှုကိုဖြစ်စေနိုင်တဲ့စွမ်းအင်ပဲ” ဝူလင်းယူသည် သူမကို မျက်လုံးလှန်ပြလေသည်။
“သုံးလို့မရဘူးပေါ့”
“နိယာမက အလင်းစွမ်းအင်အမျိုးအစားပဲပြီးတော့ အဲဒါကပဲ မင်းခန္ဓာ ကိုယ်ထဲက စွမ်းအားနှစ်ခုကို အစီအစဉ်မကျပဲပေါက်ကွဲစေတာ၊ ဆက်ပြီးသုံး မယ်ဆိုရင် မင်းခန္ဓာကိုယ်က ချက်ချင်းပေါက်ကွဲမှာပဲ” ဝူလင်းယူ ပြောလိုက် သည်။
“ဒါဆိုရင် ကျွန်တော်က ရတနာတစ်ခုကိုရလိုက်ပေမဲ့ သုံးလို့မရဘူးဆို ပြီး ရှင်းပြသင့်တာပေါ့” ရှီမာယူယူ ချေမှုန်းလေသည်။
“အဲထက်ပိုလည်းမပို လျော့လည်းမလျော့ဘူး” ဝူလင်းယူ ပြောလေ သည် “သုံးလို့မရရုံတင်မကဘူး မင်းကိုဒုက္ခမပေးအောင်လို့လည်း ကြိုးစားပြီး ထိန်းချုပ်ရမယ်”
“သူက ကြီးလာမှာလား” ရှီမာယူယူ၏ နှုတ်ခမ်းများတွန့်သွားသည်။ ဒီလောက်ကောင်းတဲ့စွမ်းအင်ကို သူမက သုံးမရရုံတင်မကဘူး မကြီးအောင် လည်း တားရဦးမယ်။
ဒီလိုခက်တဲ့စမ်းသပ်မှုကရှိသေးတာလား။
“ကြီးမှာ တကယ်လို့ တခြားသူတွေက မင်းကိုလေးစားလို့ သစ္စာအလင်း တန်းက မင်းကိုယ်ထဲဝင်ရင် အဲစွမ်းအားကလည်းကြီးလာမှာပဲ” ဝူလင်းယူ သည် သူလည်းထိုအရာကို စိုးရိမ်နေသောကြောင့် ခေါင်းညိတ်လိုက်သည်။
“…” ရှီမာယူယူသည် သူ့ကိုကြည့်ပြီး စိတ်ညစ်သွားကာ ဘာစကားမှ ထွက်မလာတော့ပေ။
တခြားသူတွေက သူမကိုလေးစားရင် ဒီစွမ်းအားက ကြီးလာပြီး သူမက အခြေအနေကို ထိန်းရဦးမယ်။ တခြားသူတွေကို သူမကို မလေးစားဖို့ပြောဖို့ ဖြစ်နိုင်မလား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
သူမ တွေးလေ သွေးအန်ချင်လေဖြစ်လေသည်။
“စိုးရိမ်ဖို့မလိုပါဘူး မင်းရဲ့ စွမ်းအားကိုမျှမျှတတပျိုးထောင်ရင် ရပါတယ်” ဝူလင်းယူ ပြောလေသည် “မင်းရဲ့ အမှောင်စွမ်းအင်ကျင့်ကြံမှုနှုန်းက နှေးသေး တယ် အဲဒါကြောင့် မင်းခံနိုင်ရည်ရှိဖို့ အမှောင်စွမ်းအင်တချို့ကို ကိုယ်ထည့် ပေးမယ်၊ ပြီးတော့ မင်းကို တစ္ဆေလောကကို ချက်ချင်းသတင်းပို့ဖို့ ခွင့်မပြုဘူး”
“ဟူး” ရှီမာယူယူသည် သက်ပြင်းရှည်ချကာ ပြောလေသည် “ကျွန်တော့် ခန္ဓာကိုယ်ထဲမှာ အချိန်ကိုက်ဗုံးရှိနေတာကိုတွေးလိုက်ရင် မပျော်တော့ဘူး”
ဝူလင်းယူသည် သူမခေါင်းကိုကိုင်ပြီး ပြောလေသည် “မင်းကိုအဲလိုဖြစ် ခွင့်မပြုပါဘူး”
“ဟုတ်သားပဲ စီနီယာအစ်ကို အံ့ဖွယ်နတ်ဆိုးခန္ဓာကိုယ် ပြဿနာကို ဘယ်လိုရှင်းလိုက်တာလဲ” သူ့စွမ်းအားသည် သူကိုယ်သူ မှန်းဆရန်ပင် မလုံလောက်ကြောင်း သူပြောခဲ့သည်ကို ရှီမာယူယူသည် ရုတ်တရက်မှတ်မိ သွားသည်။
“အဲတုန်းက ကိုယ့်ခန္ဓာကိုယ်က အလင်းစွမ်းအင်ကို အတင်းဆွဲထုတ်ခဲ့ တယ် နတ်ဆိုးစွမ်းအင်တစ်ခုပဲကျန်ခဲ့တယ်” ဝူလင်းယူ ပြောလိုက်သ်ည။
“အဲဒါလုပ်ရတာ တော်တော်နာမှာပဲ ဟုတ်တယ်မလား”
“အဆင်ပြေနေသေးတာပဲ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ဆွဲထုတ်ခဲ့တယ်လေ” ဝူလင်းယူ ပြောလိုက်သည် “မင်းကတော့ အဲနည်းလမ်းကိုမစဉ်းစားရဘူး၊ မင်း ရဲ့လက်ရှိစွမ်းအင်က မလုံလောက်သေးဘူး”
ရှီမာယူယူ နှုတ်ခမ်းတွန့်သွားသည်။ ဒီလူက သူမရဲ့ အားကိုအထင်သေး နေတုန်းပဲ။
ဝူလင်းယူသည် သူမကိုကြည့်ပြီး ရယ်ကာ သူမဘေးတွင်ဝင်လှဲပြီး သူမကို ရင်ခွင်ထဲဆွဲသွင်းရင်း ပြောလေသည် “အများကြီးစိုးရိမ်ဖို့မလိုဘူး ကိုယ်ရှိနေတာပဲ”
“ကျွန်တော်လာတဲ့ဆီမှာ နှစ်မျိုးပြောကြာတာရှိတယ် အဲဒါကြားဖူးမလား မသိဘူး” ရှီမာယူယူ ပြောလိုက်သည်။
“ဘာလဲ”
“ပြေးတဲ့သူဖြစ်ဖြစ် ကိုယ့်ဘာသာရပ်တည်တဲ့သူဖြစ်ဖြစ် နံရံကိုမှီတာ အကောင်းဆုံးပဲ”
“နောက်တစ်မျိုးကရော”
“ယောက်ျားတစ်ယောက်ကယုံရရင် ဝက်တောင်မှ သစ်ပင်တက်နိုင် တယ်တဲ့”
“ဟားဟား ကိုယ်က မှီခိုလို့ရတယ်လို့ ပြောတာလား” ဝူလင်းယူသည် သူမ နဖူးကို နမ်းရင်း မေးလေသည်။
“မသိဘူးလေ ကြည့်ရမှာပဲ” ရှီမာယူယူ ပြန်ဖြေလေသည်။
“အန် မင်းဖြည်းဖြည်းချင်း စောင့်ကြည့်ဖို့ တစ်ဘဝလုံးအချိန်ရှိပါတယ် ကိုယ် နည်းနည်းပင်ပန်းနေတယ် ခဏလောက်နားလိုက်ဦးမယ်”
ဝူလင်းယူ ပြောပြီး သူမကိုဖက်ရင်းနှင့် အိပ်ပျော်သွားလေသည်။
ရှီမာယူယူသည် သူ၏ အသက်ရှုသံကို သူမနားရွက်ဘေးတွင် ကြားနေ ရကာ နှုတ်ခမ်းများသည် ပြုံးယောင်သန်းသွားသည်။
သူမတွင် တစ်ခုခုဖြစ်သည်ကို အာရုံခံမိသည်နှင့် အားအကုန်သုံးကာ သူ အပြေးလာခဲ့သည်ကို သူမ သိသည်။ နောက်ပိုင်း သူမ ရောင်ဝါကိုဖိနှိပ်ရန် အတွက် ဝိညာဉ်စွမ်းအင်များစွာကို သုံးခဲ့သည်မှန်း တစ်ချက်တည်းကြည့်ရုံနှင့် သိသည်။
သူမ ခေါင်းမော့ကြည့်ရာ သူ၏ ဖျော့တော့သော အသားအရေကို မြင် လိုက်ရသောအခါ သူ့မျက်နှာပေါ်ဖွဖွလေး အနမ်းပေးပြီး ညင်သာစွာပြောလေ သည် “ကျေးဇူးတင်ပါတယ်”
“ခိုးနမ်းနေတယ်” တစ်စုံတစ်ယောက်၏ မျက်တောင်မွေးများသည် လှုပ် သွားသော်လည်း မျက်လုံးပွင့်မလာပေ။
“အိပ်ပျော်သွားပြီမဟုတ်ဘူးလား” ရှီမာယူယူ မေးလိုက်သည်။
“ကိုယ့်ရင်ခွင်ထဲမှာ အလှလေးရှိနေတာ ဘယ်လိုလုပ်အိပ်ပျော်…”
ဝူလင်းယူ၏ စကားများသည် ပိုပိုပြီးတိုးသွားကာ အမှန်တကယ်ပင် အိပ်ပျော်သွားလေသည်။
ရှီမာယူယူသည် သူ၏ အိပ်မောကျနေသော မျက်နှာကိုကြည့်ပြီး သူမ လည်း မျက်လုံးမှိတ်ကာ အိမ်မက်ကမ္ဘာထဲသို့ မျောသွားလေသည်။
သူမ အိပ်နေသော်လည်း သူမခန္ဓာကိုယ်သည် ဆေး၏သက်ရောက်မှု ဖြင့် အားဖြည့်နေသည်။ သူမ မျက်လုံးဖွင့်လာချိန်တွင် ပြန်ကောင်းနေပြီဖြစ် သည်။
“အု…” သူမ ခန္ဓာကိုယ်လှုပ်ကြည့်ရာ လှုပ်နိုင်သည်ကိုတွေ့လိုက်ရ သည်။
“ဘယ်လိုနေလဲ” ဝူလင်းယူသည် သူမ နဖူးကိုနမ်းလိုက်ပြီး ပျင်းရိသော အသံဖြင့် အိပ်ချင်မူးတူးပြောလေသည်။
“လုံးဝပြန်ကောင်းလုနီးပါးပဲ အခုလှုပ်နိုင်နေပြီ” ရှီမာယူယူ ပြောလေ သည် “အစ်ကိုရော”
“တော်တော်ကိုပြန်ကောင်းနေပြီ” ဝူလင်းယူသည် သူမနားရွက်ထဲသို့ လေသံဖြင့်ပြောလေသည် “မင်းကိုဖက်ရတဲ့ခံစားချက်ကတော်တော်ကောင်း တာပဲ”
“အဲစကားလုံးတွေက အစ်ကိုကပြောတာထင်တယ်၊ မိုရှားက အဲလို ပြောမယ်မထင်ဘူး” ရှီမာယူယူ ပြုံးလိုက်သည်။
“သူက ကိုယ်… ကိုယ်က သူပဲလေ” ဝူလင်းယူ ပြောလေသည်။
“ဟုတ်တယ်” ရှီမာယူယူသည် ဘယ်သူကဘယ်သူဆိုသည့် မေးခွန်းကို မငြင်းတော့ပဲ မေးလိုက်သည် “ပေါင်းစပ်ပြီးတော့ အစ်ကို့မှာ ဘယ်လိုဖြစ်လို့ အလင်းရောအမှောင်စွမ်းအင်ရောရှိနေတာလဲ၊ အစ်ကိုရော ကျွန်တော့်လိုမျိုး ခန္ဓာကိုယ်ပေါက်ကွဲမဲ့ အန္တရာယ်နဲ့တွေ့နေတာလား”
ဝူလင်းယူ ခေါင်းရမ်းပြီးပြောလိုက်သည် “ကိုယ့်အခြေအနေက မင်းနဲ့ မတူဘူး”
“ဘာလို့လဲ”
“ကိုယ့်ရဲ့အမှောင်စွမ်းအင်က ဝိညာဉ်ကနေလာတာ အလင်းစွမ်းအင်က ခန္ဓာကိုယ်ကလာတယ်၊ တစ်ယောက်တည်းက နှစ်ခုပိုင်တာမဟုတ်ဘူး” ဝူလင်းယူ ရှင်းပြလေသည် “ဥပမာနဲ့ ရှင်းအောင်ပြောရမယ်ဆိုရင် ကိုယ့်ထဲက စွမ်းအင်နှစ်ခုက မတူညီတဲ့နေရာနှစ်ခုကလာတာ မင်းကကျ တစ်ခုတည်းမှာ ရှိနေတာလေ”
“ဒါဆိုရင် သူတို့ကိုနှစ်ခုခွဲလိုက်လို့ရမလား ခွဲလို့မရဘူးလား”
“မရဘူး” ဝူလင်းယူ ပြောလေသည် “သူတို့က အစကတည်းကရှိနေတာ လေ၊ မင်းမှာ အသွေးနဲ့အသားနဲပဆိုတော့ သူတို့ကိုနှစ်ခုခွဲလို့ဘယ်ရမလဲ၊ သူတို့ကိုခွဲလိုက်ရင် တစ်ခုကိုပဲပစ်လို့ရတယ်၊ လုံးဝကို ထုတ်ပစ်ရမယ်”
“ကောင်းပြီ အခုနားလည်သွားပြီ ဒီနည်းလမ်းကိုသုံးမယ်ဆိုရင် ကျွန်တော့်အားကမလောက်သေးတော့ အစ်ကိုကသဘောတူမှာမဟုတ်ဘူး” ရှီမာယူယူ အကူအညီမဲ့စွာပြောလေသည် “ဒီလိုဆိုရင် ကျွန်တော့်ရဲ့ အချိန် ကိုက်ဗုံးက တကယ်ကိုအန္တရာယ်များတာပဲ”
“မင်းလုပ်ရမှာက သေချာကျင့်ကြံရမယ်၊ မင်းရဲ့အားကိုဖြစ်နိုင် သလောက်မြန်မြန်မြှင့်ရမယ်” ဝူလင်းယူ ပြောလေသည် “တခြားကိစ္စတွေကို အများကြီးစဉ်းစားစရာမလိုဘူး”
“ကျွန်တော်ကြိုးစားပါ့မယ်” ရှီမာယူယူ တုန့်ပြန်လိုက်သော်လည်း သူမ စကားကိုယ်သူမ မယုံကြည်ပေ။
“ကိုယ်မင်းကို ဒီလိုပုံအတိုင်းဆက်ဖက်ထားချင်ပေမဲ့ ရှောင်ချီကတော့ ဒေါသဖြစ်ပြီး ပျံနေလောက်ပြီ” ဝူလင်းယူ ပြောလိုက်သည်။
“သူမက ကျွန်တော့်ကိုစိတ်ပူနေတာ” ရှီမာယူယူ ထထိုင်ကာ ပြောလေ သည် “ထွက်ရအောင်”
ဝူလင်းယူသည် သူမလက်ကိုကိုင်ကာ အိပ်ရာထဲသို့ပြန်ဆွဲလိုက်သည်။
“လိမ္မာတယ်၊ နည်းနည်းလောက်ပဲ အိပ်ကြမယ်၊ သူမ တောင်တစ်ခုလုံး ကို ဆွဲမခွဲခင်တော့ စိုးရိမ်ဖို့မလိုသေးပါဘူး”
“…”
ရှီမာယူယူသည် ဆွံ့အသွားသော်လည်း ဝူလင်းယူသည် ပြန်မကောင်း သေးသည်ကို သူမလည်းစိုးရိမ်သဖြင့် သူ့စကားကိုနားထောင်ကာ မျက်လုံး မှိတ်ပြီး ဆက်နားနေလိုက်သည်။
ရှောင်ချီကတော့ ငါတို့ကိုအပြင်မှာစောင့်နေတော့မှာပဲ။ ခဏလောက်ပဲ အိပ်ပြီးတော့ အပြင်ထွက်ပြီးလာရှာပါ့မယ် ကိုယ့်လူတို့…
***