ရှောင်ချီက ဖြေဆေး
Vol. 010 Ch. 963
ဒုတိယအကြိမ်နိုးချိန်တွင် ရှောင်ချီသည် အပြင်တွင်ဒေါသထွက်နေလေ ပြီ။ မထွက်ခင်ကို ဝူလင်းယူသည် ရှီမာယူယူကိုဖက်ကာ ရှည်လျားပြီး စိုနွေး သော အနမ်းတစ်ခုကိုပေးခဲ့သေးသည်။
သူတို့ ထွက်လာသည်နှင့်တစ်ပြိုင်နက် ရှောင်ချီ ခုန်ပေါက်ပြေးလာကာ မေးလေသည် “ယူယူ အဆင်ပြေလား”
“ကောင်းသွားပြီ ဒဏ်ရာတွေလည်းပျောက်သွားပြီ” ရှီမာယူယူသည် သူမ၏ သေးငယ်သော မျက်နှာလေးကို ဆိတ်ပြီးပြောလေသည်။
“အစ်ကိုလင်းယူကမုန်းစရာပိုကောင်းတယ် ယူယူ့ကိုပဲခေါ်သွားပြီး ရှောင်ချီတို့ကို အတူခေါ်မသွားဘူး” ရှောင်ချီ တပျစ်တောက်တောက်ပြော လေသည် “ဒါပေမဲ့ ဒီလောက်မြန်မြန်ဘယ်လိုလာခဲ့တာလဲ”
“ဟုတ်သားပဲ စီနီယာအစ်ကို အစ်ကို့အကူအညီလိုတာရှိသေးတယ်” ရှီမာယူယူ ပြောလေသည်။
“ဘာလဲ”
“ပုံစံပြောင်းလိုက် ကျွန်တော့်လောကအသေးကိုခေါ်သွားမယ်”
ဝူလင်းယူသည် သူ၏ထင်ယောင်ထင်မှား တည်ဆောက်မှုကိုလှည့် လိုက်ရာ တခြားလူတစ်ယောက်အသွင်ပြောင်းသွားလေသည်။
ရှီမာယူယူသည် သူတို့ကို ကြာပန်းနက်လောကအသေးဆီသို့ခေါ်သွား ရာ အထဲမှအားလုံးသည် သူမဝင်လာသည်ကို ချက်ချင်းအာရုံခံမိပြီး နှုတ်ဆက်ကြလေသည်။
“ဆရာ”
“သခင်လေး”
“သခင်လေးရှီယူ”
ရှီမာယူယူသည် သူတို့ကိုခေါင်းညိတ်ပြီး ပြောပြလေသည် “ဒါက ကျွန်တော့်မိတ်ဆွေပဲ ခင်ဗျားတို့ခန္ဓာကိုယ်တွေကို စမ်းသပ်ဖို့အတွက် သူ့ကို ခေါ်လာတာ၊ မူချန်ရှင် လာခဲ့လိုက်”
မူလျန်ရှင် လျှောက်လာပြီး ဝူလင်းယူကို စမ်းသပ်စေသည်။
ခဏအကြာတွင် ဝူလင်းယူသည် သူ့ကိုလွှတ်ပြီးပြောလေသည် “သွေးမိုးမခရဲ့ အဆိပ်ပဲ”
“အဲဒီနတ်ဆိုးသစ်ပင်ကို သွေးမိုးမခလို့ခေါ်တာပေါ့” ရှီမာယူယူ ပြော လေသည် “သူ့တို့အတွက် ဖြေဆေးရှိမလား”
ဝူလင်းယူသည် သူတို့ကိုတစ်ချက်ကြည့်ပြီး ရှီမာယူယူအားကြည့်လိုက် ရာ ရှီမာယူယူသည် ချက်ချင်းပင် ရှောင်ချီတစ်ယောက်သာချန်ခဲ့ပြီး လူစုခွဲလိုက်လေသည်။
“နည်းလမ်းမရှိဘူးလား” ရှောင်ချီ မေးလိုက်သည်။
“မင်းရှိရင်တော့ နည်းလမ်းရှိတယ်” ဝူလင်းယူ ပြောလေသည်။
“ရှောင်ချီလား ရှောင်ချီ့ကိုတော့ စားရမှာမဟုတ်ဘူးလား”
“ရှောင်ချီရှိရင် ဘာနည်းလမ်းရှိတာလဲ” ရှီမာယူယူ မေးလိုက်သည်။
“သွေးမိုးမခရဲ့ အဆိပ်က သူတို့ကျင့်ကြံခြင်းကိုဖိနှိပ်တဲ့ နတ်ဆိုးအမြစ်ပဲ မင်းကတော့ ကျင့်ကြံခြင်းအတွက် ရတနာတစ်ပါးပဲ၊ အဲဒါတွေကို ဖိနှိပ်နိုင် တယ်” ဝူလင်းယူ ပြောလေသည်။
“ဘာလဲ သူတို့က ရှောင်ချီ့ကိုစားရမယ်လို့ ဆိုလိုတာမဟုတ်တာရော သေချာရဲ့လား” ရှောင်ချီ အော်လေသည်။
“မင်းကိုစားတာ… ငါက လုပ်ခိုင်းရင်တောင် ယူယူကခွင့်ပြုမှာမဟုတ်ဘူး” ဝူလင်းယူ ပြောလေသည်။
သူပြောသည့်စကားကိုကြားပြီးနောက် ရှောင်ချီ စိတ်အေးသွားကာ “လန့်သွားတာပဲ ရှောင်ချီ့ရဲ့အသက်ကလေး အဆုံးသတ်ပြီထင်နေတာ”
“ဒါဆို ဘာလုပ်ကြမလဲ” ရှီမာယူယူ မေးလေသည်။
“ရှင်းပါတယ်၊ သူမဆီက အသားနည်းနည်းဖြတ်ပြီးတော့ ဆေးဖက်ဝင် ပစ္စည်းတွေထည့် ရေနဲ့ဖျော်ပြီး သူတို့ကိုတိုက်ရင် ဖြစ်တယ်” ဝူလင်းယူ ပြော လေသည်။
“ရေနဲ့ဖျော်မယ်ဟုတ်လား”
“အင်း အိုးကြီးတစ်ခုလုပ်ပြီး သူတို့ကို ပန်းလုံးအသေးတစ်လုံးစီလောက် ရက်နည်းနည်းတိုက်လိုကရင် ကောင်းသွားမှာ”
“ရှောင်ချီ့အသားကိုဖြတ်ပြီး ရေနဲ့ပြုတ်မယ်ဟုတ်လား တခြားနည်းလမ်း ရှိသေးလား” ရှောင်ချီသည် မပျော်ရွှင်ပေ။ ဘာလို့ သူမရဲ့ အသားကိုလိုရတာ လဲ။
ဒီလူကတော့ သူ့ကိုအော်လိုက်လို့ လက်စားချေတာမဟုတ်ဘူးလား။
ရှီမာယူယူ မျက်မှောင်ကြုတ်ပြီး မေးလိုက်သည် “ဘယ်လောက်လိုတာ လဲ များရင်တော့ ရှောင်ချီ့ကိုထိခိုက်မိမလား”
“မစိုးရိမ်ပါနဲ့ အများကြီးမလိုဘူး” ဝူလင်းယူ ပြောလေသည် “အိုးတစ်အိုး စာလောက်ဆိုရပြီ ကီလိုဂရမ်များများလေးဆိုရပြီ”
“ကီလိုဂရမ်များများလေးဟုတ်လား ဘယ်လောက်လဲ”
“ဟုတ်တယ် များလွန်းတယ်” ရှောင်ချီ သံယောင်လိုက်လေသည်။
“မင်းခန္ဓာကိုယ်တစ်ခုတည်းနဲ့တင်ကို အနည်းဆုံး ကီလိုမီတာ ထောင်ချီ ရှိတယ်မလား၊ ကီလိုဂရမ်နည်းနည်းလောက်ကတော့ မင်းအတွက် ပြဿနာ မရှိပါဘူး” ဝူလင်းယူ ပြောလေသည် “ပြောရင်းနဲ့ မင်းရဲ့ အပေါ်ဆုံးအလွှာတွေ က အလဟသဖြစ်တယ်မလား၊ အဲဒါသုံးလည်းဖြစ်တာပဲ မင်းအတွက် ဘာ သက်ရောက်မှုမှရှိမှာမဟုတ်ဘူး”
“အစ်ကိုလင်းယူက တော်တော်သိတာပဲ” ရှောင်ချီ နှုတ်ခမ်းတွန့်လေ သည်။
“တကယ်လား သူမကို သက်ရောက်မှုမရှိဘူးမလား” ရှီမာယူယူသည် စိတ်မအေးသလို မေးလေသည်။
ရှောင်ချီ ခေါင်းညိတ်လေသည်။ အပြင်ပိုင်းအလွှာသည် စွန့်ပစ်သည့် အရာဖြစ်ကာ သူမ၏ အဆီအနှစ်များမရှိပေ။ ကီလိုဂရမ်အနည်းငယ်ပေးရ သည်မှာ ပြဿနာမဟုတ်ပေ။
“ဒါဆိုရင် မင်းကိုဒုက္ခပေးရတော့မှာပဲ” ဝူလင်းယူ ပြုံးပြီးပြောလေသည်။
“ဟင်း” ရှောင်ချီသည် ခေါင်းကိုတစ်ဖက်လှည့်ကာ သူ့ကိုလျစ်လျူရှုလေ သည်။
ဒီလူက ရည်ရွယ်ချက်နဲ့လုပ်တာလို့ သူမ ခံစားနေရတယ်။
ရှီမာယူယူသည် ရှောင်ချီ ထိုအပြုအမူလုပ်သည်ကိုကြည့်ပြီး ပြုံးပြီး ခေါင်းရမ်းကာ ဝူလင်းယူကိုပြောလေသည် “ဒါဆိုရင် ကျွန်တော့်ကို ဆေးနည်း ပဲပေးလိုက်ပါ ကျန်တာ ကျွန်တော်လုပ်လိုက်မယ်”
ဝူလင်းယူသည် ဆေးဖက်ဝင်ပစ္စည်းတချို့ကိုပြောရာ ရှီမာယူယူသည် ပြင်ဆင်ရန်ထွက်သွားလေသည်။
ရှီမာယူယူ ထွက်သွားချိန်ကို ရှောင်ချီစောင့်ပြီး ဝူလင်းယူကိုပြောလေ သည် “အစ်ကိုလင်းယူ တမင်လုပ်တာမလား”
ဝူလင်းယူ၏ မျက်ခုံးများပင့်သွားသည်။ ဒီကောင်မလေးက ထက်တာပဲ။
“ဟင်း ရှောင်ချီ သိနေတယ်၊ တမင်လုပ်တာပဲ ရှောင်ချီနဲ့သွားတိုင်ပြော မယ်” ရှောင်ချီ ကျယ်လောင်စွာပြောလေသည်။
“ငါ တမင်လုပ်တယ်လို့ ဘယ်တုန်းကတွေ့လို့လဲ”
“အစ်ကိုက ရှောင်ချီ့အသားကိုမလိုဘူးမလား” ရှောင်ချီသည် ခါးထောက်ထားကာ သူ့ကိုထိုးတော့မည့်ပုံစံနှင့် ကြည့်လေသည်။
“လိုတယ်လေ”
“လိမ်နေတာ”
“တကယ်”
“အစ်ကို့ အမူအရာကအဲလိုမဟုတ်ဘူး”
“ဖြေဆေးရဖို့ဆို မင်းကိုလိုတယ်” ဝူလင်းယူ ပြောလေသည် “မင်းမရှိရင် ငါလည်းတခြားနည်းလမ်းစဉ်းစားမရဘူး”
“ဘာလို့ အဲလိုပြောတာလဲ”
“သူတို့က သွေးမိုးမခက ထုတ်တဲ့အဆိပ်ငွေ့တွေကို အများကြီးရှုသွင်း ထားလို့ အဆိပ်မိနေတာ၊ မင်းထုတ်တဲ့အနံ့ကလည်း သူတို့ကိုအဆိပ်ဖြေပေး နိုင်တယ်၊ ဒါပေမဲ့ အဲနည်းလမ်းကနှေးလို့ မင်းရဲ့အသားကိုပြုတ်တာက ပိုပြီး သက်ရောက်မှုဖြစ်နိုင်တယ်၊ သူတို့ကိုအဆိပ်ဖြေပေးနိုင်ဖို့ သူတို့နဲ့ အကြာကြီး နေပေးနိုင်လား အဲဒါလည်းဖြစ်နိုင်တယ်ထင်တာပဲ၊ ဒါပေမဲ့ အဲလိုဆိုရင် မင်း ယူယူနဲ့ အပြင်ကိုလိုက်သွားလို့မရတော့ဘူး…”
“အစ်ကို….အစ်ကိုနိုင်တယ် ဟင်း” ရှောင်ချီသည် ခါးသီးသော်လည်း သူ ပြောသည်မှာ မှန်နေသဖြင့် စိတ်ထိခိုက်သွားရာ သူ့ကိုလျစ်လျူရှုပြီး စိတ်ပြေ ရန် ရွှမ်ရှင်မန်တို့ကိုသွားရှာလေသည်။
ရှီမာယူယူသည် ဆေးဖက်ဝင်ပစ္စည်းများယူလာပြီးပြန်လာရာ ဝူလင်းယူ တစ်ယောက်တည်းထိုင်နေသည်ကိုတွေ့သောအခါ မေးလေသည် “ရှောင်ချီ ရော”
“မင်းရဲ့ မွေးစားအမေကိုသွားရှာတယ်” ဝူလင်းယူ ပြောလေသည်။
“သူမကို ဒေါသဖြစ်အောင်လုပ်လိုက်ပြန်ပြီလား”
“မလုပ်ပါဘူး အမှန်တရားကိုပဲပြောလိုက်တာ” ဝူလင်းယူသည် ပြုံးပြီး ပြောလေသည်။
“ဘာအမှန်တရားလဲ”
“သူမကထုတ်လွှတ်တဲ့ အငွေ့က သူတို့ကိုအဆိပ်ဖြေပေးနိုင်တယ် ဒါပေမဲ့ အချိန်ကြာမယ်လို့”
“အစ်ကို…” ရှီမာယူယူသည် ရယ်မောလေသည်။
“သူမအသားကိုဖြတ်ဖို့ ရွေးလိုက်တယ်” ဝူလင်းယူသည် ပခုံးတွန့်လေ သည်။
ရှီမာယူယူသည် သူ၏ ရိုးသားသောမျက်နှာကိုကြည့်ပြီး သူ၏အသွင် ပြောင်းထားသည်ကို ပြေးဆွဲစုတ်ချင်မိသည်။
“မိုရှားရဲ့ တသီးတခြားနေတတ်တဲ့အကျင့်ကဘယ်ရောက်သွားတာလဲ”
“ဝိညာဉ်ထဲမှာ” မိုရှားပြန်ဖြေလေသည် “ဒါပေမဲ့ သူက အခု ဒီတိုင်းပြည် နဲ့ မကိုက်ဘူးမလား”
“ဟုတ်တယ် တိုင်းပြည်ကိုပတ်သွားမယ်ဆိုရင် ဒီသရုပ်မှန်ကိုလိုသေး တယ်” ရှီမာယူယူ ပြောလိုက်သည် “သူတို့ကို အဆိပ်သွားဖြေပေးလိုက်ဦး မယ်”
“ကိုယ်ရောလိုက်ခဲ့မယ်”
ရှီမာယူယူသည် ရွှမ်ရှင်းမန်ဆီသွားရာ သူမသည် ရှောင်ချီ့ကိုရေထဲမှ စကားပြောနေသည်ကိုတွေ့လိုက်ရသည်။
“မွေးစားအမေ ဒီရက်ပိုင်း ဘယ်လိုနေလဲ” သူမ လျှောက်သွားပြီး လက်ကိုဆန့်ထုတ်ကာ ရွှမ်ရှင်းမန်၏ ကြေးခွံများကိုခံစားလေသည်။
“သမီးအရင်တစ်ခေါက်ကဖော်ပေးထားတဲ့ဆေးတွေ စားနေတုန်းလေ” ရွှမ်ရှင်းမန်ပြောလေသည် “သမီးဘာဖြစ်တာလဲ သမီးဒဏ်ရာရထားတယ်လို့ ရှောင်ချီ ပြောတယ်”
“အထဲကရောင်ဝါကထိန်းမရဖြစ်သွားတာပါ ဒါပေမဲ့အခုတော့ ကောင်း သွားပြီ” ရှီမာယူယူ ပြန်ဖြေလေသည် “ကလေးကိုအရင်ကြည့်ဦးမယ်”
“ကောင်းပါပြီ”
ရွှမ်ရှင်းမန်၏ ဝမ်းဗိုက်ကိုရေထဲမှအပေါ်တင်ရာ ရှီမာယူယူသည် သူမ ခန္ဓာကိုယ်ထဲသို့ ဝိညာဉ်စွမ်းအင်ထည့်ပြီးကုသရာ နွေးထွေးသော ရောင်ဝါ ဖြင့် ဖုံးလွှမ်းလိုက်ရာ ထိုနဂါးဥသည် ပုံစံပေါ်လာသည်။
“ကလေးရဲ့အခြေအနေကကောင်းတယ်” ရှီမာယူယူ လက်ကိုပြန်ရုတ် ကာ ရှောင်ချီအား ပြောလိုက်သည် “ငါ မူလျန်ရှင်နဲ့ တခြားသူတွေအတွက် အရင်လုပ်လိုက်မယ် ငါ့ကိုပေးချင်သလောက်ပေးလိုက်”
ရှောင်ချီ ခေါင်းညိတ်လိုက်ရာ ဖြူစွတ်ပြီးကြည်လင်သော အသားကဲ့သို့ အရာသည် သူမလက်ထဲတွင် ပေါ်လာသည်။
“မွေးစားအမေ နားပါဦး သမီး သူတို့အတွက် ဖြေဆေးသွားလုပ်လိုက်ဦး မယ်”
“ကိုယ့်အလုပ်ကိုယ်သွားလုပ်ပါ”
ရှီမာူယူသည် မြေလွတ်တစ်နေရာသို့လာပြီး အိုးကြီးတစ်ခုထုတ်ရာ လူအများသည် စိတ်ဝင်စားလာသည်။
***