အဆိပ်ကုခြင်း၊ တောင်ကြားသို့ပြန်ခြင်း
Vol. 010 Ch. 964
“ဆရာ ဘာလုပ်နေတာလဲ” ဟူယန်းသည် ရှီမာယူယူထိုပစ္စည်းများဖြင့် လုပ်နေသည်ကို မြင်သောအခါ စပ်စုလေသည်။
“အဆိပ်ကိုကုဖို့” ရှီမာယူယူသည် ပြောပြီးသည်နှင့် ထိုပစ္စည်းများကို ဘေးသို့ထားလိုက်သည်။
“ကျွန်တော်တို့အဆိပ်ကုလို့မလား”
“ခင်ဗျားတို့က သွေးနတ်ဆိုးသစ်ပင်ရဲ့ အဆိပ်မိလို့ အခုကျင့်ကြံလို့မရ ဘူးလို့ ပြောခဲ့တယ်မလား” ရှီမာယူယူ ပြောလေသည် “ဒါက ခင်ဗျားတို့ အတွက် ကျွန်တော့်မိတ်ဆွေစပ်ထားတဲ့ ဖြေဆေးပဲ၊ အခုတော့ အသုံးမဝင်ပါ့ မလားမသိဘူး၊ စမ်းကြည့်ပေါ့ အစမ်းသပ်ခံရတဲ့အတွက် စိတ်တော့မရှိဘူး မလား”
“အသုံးဝင်တယ်ဆိုရင် ဒီလောက်လူအများကြီးနဲ့ကို ကုဖို့မလွယ် လောက်ဘူး” အဘိုးဘိုင် ပြောလေသည်။
“ကိုယ့်လူတွေကိုယ်အရင်ကုရမှာပေါ့” ရှောင်ချီ ပြောလေသည် “ခင်ဗျား တို့က ရှောင်ချီတို့နဲ့အတူထွက်ရမှာ ဂိုဏ်းကိုလည်းသွားရမှာဆိုတော့ ခင်ဗျား တို့ကိုအရင်ကုရမှာပေါ့ မဟုတ်ရင် အပြင်ထွက်ရင် အရည်အချင်းကမရှိဘူး ဆိုရင် အလဟသဖြစ်မှာပေါ့ ဟုတ်တယ်မလား ယူယူ”
ပြောပြီးနောက်တွင် သူမသည် ရှီမာယူယူကို ပြုံးပင်ပြလိုက်သေးသည်။
ရှီမာယူယူသည် သူမဆိုလိုသည်ကို နားလည်သည်။ သူမ ပြောပြီး သဖြင့် ခေါင်းညိတ်ရုံသာတတ်နိုင်သည်။
သည်လိုနှင့် သူတို့သည် ဂိုဏ်းသို့ဝင်သူများကို အရင်ကုသပေးမည်ဟု သတင်းလွှင့်လိုက်သည်။ သတင်းမှာ အဆင့်ဆင့်သွားရင်း မည်သို့လွှဲသွား သည်မသိ၊ ဂိုဏ်းသို့ဝင်မှသာ ကုပေးမည်ဟု ပြောင်းသွားလေသည်။
တခြားသူများသည် နားလည်ကြသည်။ ဘယ်သူမှ အလကားကုမပေး ပေ။
သည်လိုနှင့် လူတစ်စုမှာ သေချာစဉ်းစားကြလေသည်။
တစ်ဖက်တွင် ရှီမာယူယူသည် ဆေးရည်ဖျော်နေသည်။ မီးတောက်လာ ကာ ဖြည်းဖြည်းချင်းလောင်ကျွမ်းလေသည်။ နေ့တစ်ဝက်ကြာပြီးသောအခါ ဆေးရည်တစ်အိုးပြင်ပြီးလေသည်။
ရှီမာယူယူသည် ယောက်မတစ်ခုထုတ်ကာ မူလျန်ရှင်းနှင့် သူ့လူများကို ကြည့်ပြီး မေးလေသည် “ဘယ်သူအရင်ဆုံးသောက်မလဲ”
ရှီမာယူယူ၏ ဆေးဖော်စပ်မှုကျွမ်းကျင်မှုအဆင့်မည်မျှရှိသည်ကို သူတို့ မသိသဖြင့် သူမ၏ ဆေးကိုစမ်းသောက်ရန် ယုံကြည်ချက်မရှိဖြစ်နေသည်။
“ကျွန်တော်သောက်မယ်” ဟူယန်း ရှေ့ထွက်လာကာ ပန်းကန်လုံးယူ ကာ သောက်လိုက်လေသည်။
အားလုံးသည် သူမည်သို့တုန့်ပြန်မည်ကိုကြည့်နေကြသည်။ သို့သော် သူသောက်ပြီးနောက် ဘာအမူအရာမှမပြပေ။ သူသည် ကြောင်ပြီးသာရပ်နေ လေသည်။
“မုတ်ဆိတ်ကြီး ဘာဖြစ်တာလဲ” မူလျန်ရှင်း မေးလေသည်။
ဟူယန်း ခေါင်းကိုအကြောဆန့်ကာ ပြောလေသည် “ဖိနှိပ်လို့ အားနည်း နေတဲ့ ငါ့ရဲ့ဝိညာဉ်စွမ်းအင်ကို ခံစားမိလာသလိုပဲ”
“အဲတော့ အဲဒါက သက်ရောက်မှုရှိတယ်လို့ ပြောလိုက်တာလား”
“ဖြစ်နိုင်တယ်” ဟူယန်းသည် လှည့်ကာ ရှီမာယူယူအားကြည့်ပြီးပြော လေသည် “ဆရာ နောက်တစ်ပန်းကန်သောက်လို့ရမလား”
“တစ်ယောက်ကို တစ်နေ့ ပန်းကန်တစ်လုံးပဲသောက်ရမယ်” ရှီမာယူယူ သည် ခေါင်းရမ်းလိုက်သည် “ဒီနေ့ကို လူ၂၀၀သောက်လို့ရမယ်၊ ဆေးကို ဝေ ပေးလိုက်ပါ၊ ဖန်ခိုင် ရှီချန်း ခင်ဗျားတို့ကိုတာဝန်ပေးလိုက်ပြီ အဘိုးဘိုင် ဒီကို လာခဲ့ပါ၊ ကျွန်တော် အဘိုးရဲ့အဆိပ်ကိုဆက်ကုပေးမယ်”
ရှီမာယူယူသည် အဘိုးဘိုင်ကို အိမ်သေးတစ်ခုဆီခေါ်သွားပြီး သူ၏ အဆိပ်ကို ဆက်ကုပေးရာ လုံးဝကောင်းသွားလေသည်။
သူတို့သည် အိမ်ထဲတွင် နာရီအနည်းငယ်နေပြီးသောအခါ ပြီးစီးသွား လေသည်။ သူတို့ထွက်လာချိန်တွင် ဘိုင်ရှန်း၏ရောင်ဝါသည် လုံးဝပြောင်း သွားလေသည်။
အပြင်တွင် ဆေးရည်သောက်နေသောသူများသည် ဖိအားကိုခံစားမိ လေသည်။ သူတို့သည် စိတ်လှုပ်ရှားကြလေသည်။
သူတို့အားတိုးသည်ဟု မခံစားခဲ့ရသည်မှာ နှစ်ပေါင်းများစွာရှိလေပြီ။ အခု သူတို့တွင် မျှော်လင့်ချက်ရှိလာပြီဖြစ်သဖြင့် ပျော်ရွှင်သည်ထက်ကိုပင် ပိုနေသည်။
ရှီမာယူယူသည် ရလဒ်ကိုမြင်သောအခါ သူတို့အတွက် အိုးအနည်းငယ် ထက်ချက်လိုက်သည်။ သူမသည် နောက်ထပ်လူ၂ထောင်စာ ပြုတ်ရာ မရွေး ချယ်ခံရသူများသည် အားကျမှုများဖြစ်သည်ကိုတွေ့လိုက်ရသည်။
“စိုးရိမ်ဖို့မလိုပါဘူး ခင်ဗျားတို့အကုန်လုံး ဖြေဆေးရမှာပါ” ရှောင်ချီ သူတို့ကိုပြောလိုက်သည် “ဒါပေမဲ့ လုံ့လရှိတဲ့သူက အရင်ရမယ်”
“ငါတို့က လုံ့လရှိကြတာပဲ” လူတစ်ယောက် ပြောလေသည်။
“ဒါပေမဲ့ ယူယူ့မှာအဲလောက် ဖြေဆေးမရှိဘူး” ရှောင်ချီ ပြောလေသည် “ခင်ဗျားတို့ကို တစ်ချိန်တစ်ခုရောက်ရင်တော့ရွေါ်မှာပါ၊ ဘာပဲဖြစ်ဖြစ် ခင်ဗျား တို့ မကျင့်ကြံနိုင်တာ နှစ်တွေဒီလောက်ကြာနေပြီ ရက်နည်းနည်းလောက်ထပ် စောင့်တော့ဘာမှမဖြစ်ဘူးမလား၊ ထပ်ပြီးရှုပ်အောင်လုပ်ရင် ဖြေဆေးမပေး တော့ဘူး”
“….”
ထိုသို့ သတိပေးလိုက်ရာ ဘယ်သူမှ ဘာမှမပြောကြတော့ပေ။ အားလုံး သည် သူမ အဆင့်မှာ သာမန်မဟုတ်သည်ကိုတွေ့ခဲ့သည်။ သူမသည် ရှီချန်းနှင့် တခြားသူများထက် မြင့်သည်။ ဘယ်သူမှ သူမကို မနာခံတာမျိုး မလုပ်ရဲပေ။
ထို့အပြင် သူမ မည်မျှအားကောင်းသည်ကို အားလုံးမြင်ခဲ့ရသည်။ သူတို့ သည် သူမဆီမှ မကောင်းအမြင်မခံနိုင်ပေ။
သူတို့သည် ထိုနေရာတွင် ရက်အနည်းငယ်နေလေသည်။ အဆိပ် အနည်းငယ်သာမိသူများသည် ၄ ၅ ရက်အတွင်းတွင် ကုသပြီးလေသည်။ သူတို့ စုပ်ယူသောဝိညာဉ်စွမ်းအင်များ မပျောက်ကွယ်သွားသည်ကိုတွေ့ သောအခါ သူတို့သည် စိတ်လှုပ်ရှားသဖြင့် ထခုန်မိလေသည်။ သူတို့သည် ရှီမာယူယူအား အလွန်စိတ်လှုပ်ရှားသောပုံစံဖြင့်ကြည့်ကြလေသည်။
“အစတုန်းက ဖြေဆေးကရဖို့မလွယ်ဘူးလို့ ပြောခဲ့ကြတယ်၊ ဒါပေမဲ့ အခုရှိလာတော့ လွယ်နေသလိုပဲ” ဟူယန်း ပြောလေသည်။
“ဒီမှာရှိတဲ့ ပစ္စည်းအကြောင်းကိုသာသိရင် ဘယ်လောက်ခက်တယ်ဆို တာသိလာလိမ့်မယ်၊ အဲပစ္စည်းသာမရှိရင် ဖြေဆေးကိုရှာရမှာတောင်မဟုတ် ဘူး” ရှီမာယူယူ ပြောလိုက်သည်။
ဖြေဆေးက လွယ်လို့လား။ ကမ္ဘာမြေကြီးမျက်လုံးဆိုသည့် အချက်သာ သူတို့မှာမရှိလျှင် ဖြေဆေးကို ဘယ်တော့မှရှာတွေ့မည်မဟုတ်ပေ။
ရှောင်ချီကြောင့်သာမဟုတ်လျှင် သူတို့သည် တစ်ဘဝလုံး အဆိပ်သင့် သွားရမည်။
“ဒါက အသည်းကွဲတောင်ကြားအတွက် ဖြေဆေးပဲ” ရှီမာယူယူ ပြော လေသည် “ဒါစားပြီးရင် ပြန်ဖို့ပြင်ကြမယ်”
သူတို့ဖြေဆေးစားလိုက်သော်လည်း ကွာခြားသည်မျိုးမခံစားရပေ။
ရှီမာယူယူ၊ ရှောင်ချီနှင့် ဝူလင်းယူတို့သည် အသည်းကွဲတောင်ကြားသို့ ပြန်လေသည်။
“ဒုဂိုဏ်းခေါင်းဆောင် ပြန်လာပြီလား”
သူတို့သည် ရှီမာယူယူကိုမြင်သောအခါ အားလုံးနှုတ်ဆက်ကြလေ သည်။
“ယူအာ ပြန်လာပြီလား၊ သွေးမိစ္ဆာမြို့တော်မှာ ကိစ္စတစ်ခုဖြစ်သွားတယ် လို့ကြားတယ် အဆင်ပြေရဲ့လား” အဒေါ်ယိသည် ရှီမာယူယူအား ကြည့်ပြီး စစ်ဆေးလေသည်။
“အဆင်ပြေပါတယ်” ရှီမာယူယူ ပြောလေသည် “ကျွန်တော်တို့ကသာ သွေးမိစ္ဆာမြို့တော်မှာ ပြဿနာရှာလိုက်တာပါ အဲလိုဖြစ်သွားတယ်”
“အဆင်ပြေရင် ကောင်းတယ် ကောင်းတယ်”
“အဒေါ်ယိ ဖန်အာရော”
“သူူက…”
အဒေါ်ယိသည် ဖြေမပြီးခင်တွင် ရှီမန်ဖန် ပျံလာလေသည်။
“အစ်မကြီးပြန်လာပြီလား”
“အင်း မင်းကိုပြောစရာတွေရှိတယ်” ရှီမာယူယူ၏ အမူအရာမှာ တည်နေသဖြင့် ရှီမန်ဖန်နှင့် တခြားသူများ စိတ်ဝင်စားမှုမြင့်လာသည်။
“ဘာဖြစ်လို့လဲ”
ရှီမာယူယူသည် သွေးမိစ္ဆာမြို့တော်မှ အဖြစ်အပျက်များကိုပြောပြရာ သူ ကြားလိုက်သောအခါ မျက်ခုံးပင့်လေသည်။
“အဲဒီသောင်းချီတဲ့လူတွေက ဂိုဏ်းထဲဝင်ချင်တယ်လို့ ပြောလိုက်တာ လား” အဒေါ်ယိသည် အသံထွက်လာရန် အချိန်အတော်ယူရသည်။
“ဟုတ်တယ်” ရှီမာယူယူ ပြောလေသည် “ပြီးတော့ အခုမှတွက်တုန်းပဲ ရှိသေးတယ်”
လောကအသေးမှလူများသိသောအခါ စိတ်ဝင်စားကြသည်။ အစပိုင်း တွင် ထိုနေရာတွင် နေမည့်နေသူများပါ ထွက်လာပြီး ဝင်ချင်ကြလေသည်။
“ဒါပေမဲ့ အဲလူတွေအကုန်လုံးကို ခေါ်ထားလို့မရဘူးလေ” ရှီမန်ချီ ပြော လေသည် “အခုမှဂိုဏ်းကစတုန်းရှိသေးတယ်၊ သခင်လေးရှင်းပေးတဲ့ဆိုင် တွေကလည်း အမြတ်မရသေးဘူး အဲလူတွေအကုန်လုံးကိုတစ်ခါတည်း လက်ခံရန် ရှုပ်ယှက်ခတ်ကုန်မယ်”
“ဟုတ်တယ် လူအရမ်းများလွန်းတယ် ကောင်းကောင်းမထိန်းနိုင်ရင် ရှုပ်သွားလိမ့်မယ်”
“သူတို့ အကုန်တစ်ပြိုင်နက်ထွက်မလာပါဘူး” ရှီမာယူယူ ပြောလေ သည် “သူတို့အဆိပ်ကုဖို့အတွက် အချိန်လိုသေးတယ် ပြီးတော့ ဒီအချိန် အတွင်းကို သူတို့ကိုလည်းခွဲလိုက်ရမယ်၊ အစ်ကိုကြီးရှင်းပေးတဲ့ ပိုင်ဆိုင်မှုတွေ ကိုယူလို့ရတယ် သတ္တုတွင်းတူးလို့ရမယ် ကျွန်တော်မသွားခင်ကို မူဒိဆန်း ပေးခဲ့တဲ့ သတ္တုတွင်းဆီကိုသွားပြီး ဖြတ်လမ်းတည်ဆောက်မှုလုပ်ရမယ်၊ အဲဒီ က အရင်းအမြစ်တွေကိုတူးမယ်၊ သွေးမိစ္ဆာမြို့တော်ကလူတွေက တိုင်းပြည် မှာသွားလို့မရဘူး ဒါပေမဲ့ သတ္တုတွင်းတော့တူးလို့ရတယ်”
“သူတို့က သတ္တုတွင်းတူချင်ပါ့မလား”
“သူတို့က တစ်ချိန်လုံးတူးရမှာမှမဟုတ်တာ၊ အသုတ်၂ခုခွဲမယ်၊ အလှည့်ကျတူးရမယ်၊ ဒီလိုဆိုရင် တူးဖို့အချိန်အများကြီးမပေးရဘူး ကျင့်ကြံ ဖို့လည်းအချိန်ရမယ်” ရှီမာယူယူ ပြောလေသည် “သတ္တုတွင်းနားက ဝိညာဉ် စွမ်းအင်ကလည်းထူတယ်ဆိုတော့ သူတို့သဘောတူကြမှာပါ”
“နင်မသွားခင်ဖြေရှင်းမယ်လို့ပြောနေတာဆိုတော့ ပြန်သွားဖို့ စဉ်းစား နေတာလား” ရှီမန်ဖန် မေးလေသည်။
***