← Chapters

သူက သူမရဲ့အထောက်အပံ့

Vol. 010 Ch. 965

သူက သူမရဲ့အထောက်အပံ့

Vol. 010 Ch. 965

“ကျွန်တော်၁နှစ်ခွင့်ယူထားတာ အခု ၁လတောင်မကျန်တော့ဘူး” ရှီမာယူယူ ပြောလေသည် “အဓိကလူတွေကိုကုပြီးရင် အဖွဲ့တွေခွဲပြီး သွားကြ မယ် မသွားခင်ကို ဖြေဆေးထပ်ဖော်ရဦးမယ်”

“အဲလောက်မြန်လား” အဒေါ်ယိနှင့် ရှီမန်ချီတို့သည် အံ့သြနေလေ သည်။

“ဂိုဏ်းကိုပြန်ပြီးလုပ်ရမှာတွေရှိသေးတယ် အဲဒါကြောင့်ပြန်ရဦးမယ်” ရှီမာယူယူ ပြောလိုက်သည် “အဲဒီကကိစ္စတွေရှင်းပြီးရင် ပြန်လာမယ်”

“စိတ်ချပါ အကုန်လုံးကိုငါ့ကိုအပ်ထားလိုက်” ရှီမန်ဖန် ပြောလေသည်။

“အခုလူ၂ထောင်ကို ဖြေဆေးပေးပြီးသွားပြီ သူတို့ကိုခဏနေရင် ထုတ် လိုက်မယ် မင်းစီစဉ်ပေးလိုက်” ရှီမာယူယူ ပြောလေသည် “တကယ်လို့ သူတို့ ကမလိုက်နာရင် အဘိုးဘိုင်ကိုဖြေရှင်းခိုင်းလိုက်”

“သမီးပြောသလိုဆိုရင် အဘိုးဘိုင်က အားကောင်းတဲ့သူဖြစ်ရမယ်၊ သူ က အဒေါ်တို့အမိန့်ကိုနာခံပါ့မလား” အဒေါ်ယိ မေးလေသည်။

“ကျွန်တော် အဘိုးဘိုင်ကိုပြောပြီးပါပြီ ဂိုဏ်းကိစ္စစီစဉ်ဖို့ သူကူညီပါလိမ့် မယ်” ရှီမာယူယူ ပြောလိုက်သည် “စိတ်ချပြီး သူ့ကိုသွားရှာလို့ရပါတယ်”

“ကောင်းပြီ”

“တစ်ခုခုရှိရင် ငါ့ကိုဆက်သွယ်လိုက် အဆက်အသွယ်မရရင် အစ်ကို ကြီးရှင်းမဟုတ်ရင် ရွှမ်းယွမ်ဆိုင်ကို ဆက်သွယ်လို့ရတယ်” ရှီမာယူယူ ပြော လိုက်သည်။

“ကောင်းပါပြီ”

အားလုံးနှင့် ဆွေးနွေးပြီးနောက်တွင် သူမသည် လောကအသေးမှ လူ ၂ထောင်ကိုထုတ်လိုက်သည်။ ထို့နောက်တွင် သူမသည် ဝူလင်းယူနှင့်အတူ ဝိညာဉ်စေတီအတွင်းသွားပြီး ဆေးများကိုဖော်လေသည်။

“ဝိညာဉ်လေး လီအာဘယ်လိုနေလဲ”

ဝိညာဉ်လေးနှင့် လင်းလုံတို့သည် အတူတကွပေါ်လာလေသည်။ အခု အချိန်တွင် သူတို့နှစ်ယောက်သည် အတွဲလိုဖြစ်နေသည်။

“သူမအခြေအနေက တည်ငြိမ်ပါတယ်၊ သူမဆီကိုသွားကြည့်ချင်လား”

“အခြေအနေကောင်းရင် မကြည့်တော့ပါဘူး” ရှီမာယူယူ ပြောလိုက် သည် “ငါနဲ့ စီနီယာအစ်ကိုနဲ့က ဆေးဖော်ဖို့လောနေတယ်၊ သူမအခြေအနေ ကို စောင့်ကြည့်ပေးထားပေး”

“အင်း” ဝိညာဉ်လေးသည် ပြန်ဖြေပြီးနောက် လင်းလုံကိုခေါ်ပြီး ပျောက် သွားလေသည်။

ဝူလင်းယူ၏ အကူအညီနှင့် သည်တစ်ကြိမ်ဆေး၏ သက်ရောက်မှုမှာ မြင့်လာသည်။ သူတို့နှစ်ယောက်ပေါင်းလိုက်သောအခါ ၁၀ရက်တိုင်းတွင် ဆေး၁ထောင်ဖော်ရလေသည်။ သူတို့သည် အထဲတွင် ရက်၁၀၀နေကာ ဆေး ဖော်ကြရာ ဖြေဆေး ၁သောင်းဝန်းကျင်ဖော်ပြီးလေသည်။

ဝူလင်းယူသည် သူမထက် အားကောင်းသည်ကို ရှီမာယူယူ မတတ်သာ ပဲ ဝန်ခံရတော့သည်။ တူညီသောအချိန်တွင်ပင် သူသည် သူမထက်ပင် ဆေး အရေအတွက်ပိုဖော်နိုင်သည်။

သူသည် ဝိညာဉ်ဖြစ်စဉ်ကပင် အလွန်အားကောင်းသည်ကို စဉ်းစား လိုက်ရာ အခု ဝိညာဉ်နှင့် ခန္ဓာကိုယ်ပေါင်းလိုက်သဖြင့် သူ့အတွက် လွယ်ကူ လွန်းသွားသည်။

“ဆေး၁သောင်း ဒီလောက်ဆိုလောက်ပါပြီ” သူမသည် ပြည့်နေသော ဆေးစင်ကို ကြည့်ပြီး ရေရွတ်လိုက်သည်။

“လောက်တယ် တစ်ချိန်တည်းမှာ အကုန်လုံးကိုခေါ်မှာမဟုတ်ဘူး ပြီးတော့ မင်းဖော်သလောက်ဆို အထဲကလူတွေအတွက် လိုအပ်သလောက် ပဲ” ဝူလင်းယူ ပြောလေသည်။

ရှီမာယူယူ ခေါင်းညိတ်ကာ မှော်ဝင်လက်စွပ်ထဲသို့ ဆေးများသိမ်းလိုက် သည်။ သူတို့နှစ်ယောက်လုံးသည် ဝိညာဉ်စေတီမှ ထွက်လာကြသည်။

ဖြေဆေးပမာဏကိုမြင်သောအခါ ရှီမန်ဖန်ပင် အံ့သြလေသည်။ ဒီလောက်အချိန်တိုအတွင်းတွင် ဒီလိုဆေးပမာဏရလာလိမ့်မည်ဟု သူ မထင် ထားပေ။

“ဒါတွေကဖြေဆေးတွေ ဒါကတခြားဆေးတွေ၊ ဒါတွေက ကြယ်ကိုးပွင့် သမုဒ္ဒရာက မွေးစားအဖေနဲ့ တခြားသူတွေပို့လာတဲ့ ရတနာတွေ” ရှီမာယူယူ သည် မှော်ဝင်လက်စွပ်တချို့ကို ရှီမန်ဖန်အား ပေးလိုက်သည် “ငါနဲ့ စီနီယာ အစ်ကိုတို့က ဒီနေရာနဲ့ သတ္တုတွင်းတို့နဲ့ ဆက်ဖို့ကို တည်ဆောက်မှုသွားလုပ် လိုက်ဦးမယ်…”

သူမသည် သူ့ကိုရှင်းပြပြီးနောက် မိုဒိဆန်းပေးခဲ့သော မြေပုံပေါ်မှ သတ္တုတွင်းဆီသို့ ဝူလင်းယူအားခေါ်သွားလေသည်။

“ဒီကိုပထမဆုံးလာတာကို နည်းနည်းတော့လွဲနေပြီ” ဝူလင်းယူသည် သူတို့သွားမည့်နေရာမဟုတ်သည်ကို သိပြီးနောက် ရှီမာယူယူကို နေရာစိမ်း တစ်ခုသို့ခေါ်သွားပြီး ရှင်းပြလေသည်။

“ဒါဆိုရင် ဒီနားမှာဖြစ်လောက်တယ်” ရှီမာယူယူသည် လှည့်ပတ်ကြည့် ပြီးပြောလေသည်။

“ဒီနေရာက အသည်းကွဲတောင်ကြားနဲ့ နည်းနည်းဝေးတယ်၊ တည်ငြိမ် တဲ့ ဖြတ်လမ်းတစ်ခုဆောက်ချင်ရင် အဆင့်မြင့်တဲ့တည်ဆောက်မှုဖြစ်မှရမယ်”

“အချိန်တော့လိုလိမ့်မယ်” ရှီမာယူယူ ပြောလိုက်သည် “သတ္တုတွင်းကို ရှာတွေ့ပြီးမှ ထပ်ဆွေးနွေးကြတာပေါ့”

ဝူလင်းယူသည် စိတ်ထဲမှပုံဖော်ပြီး လေထဲသို့ပျံသွားပြီး လှည့်ပတ်ကြည့် လိုက်သည်။ သူသည် နေရာတစ်ခုကိုညွှန်ပြပြီး ပြောလေသည် “ဒီကနေ ကီလိုမီတာ ၁သောင်းလောက်ဝေးတယ်”

“ဒါဆိုရင် အဲဒီကိုသွားကြမယ်လေ” ရှီမာယူယူ ပြောလေသည်။

“မင်းက ကိုယ်အကဲဖြတ်တာကို တော်တော်ရုံတာပဲ” ဝူလင်းယူသည် မျက်ခုံးများပင့်လိုက်သည်။

“ဒါပေါ့” ရှီမာယူယူ ပြောလိုက်သည် “အစ်ကို့ကိုမှီခိုလိုက်ရင် မမှားဘူး”

သူမသည် အမှီခိုကင်းသည်။ ဆိုလိုသည်မှာ သူမသည် တခြားသူများ အပေါ် မမှီခိုတတ်သည်တော့မဟုတ်။ သူမ ပင်ပန်းလာချိန်တွင် တစ်စုံ တစ်ယောက်အပေါ်ကို မှီခိုရသည်ကို နှစ်သက်သည်။ သူမ ဘာမှစဉ်းစားရန် မလိုအပ်သည့်အချိန်တွင် တခြားသူတစ်ယောက်ကို ပုံအပ်ထားရသည်ကို နှစ်သက်သည်။

ဒီလူ… သူကတော့ သူမလိုချင်သည့်အရာကို ထောက်ပံ့ပေးနိုင်သည်။

သူတို့သည် ဝူလင်းယူ ပြောသောဦးတည်ရာဘက်သို့ ကီလိုမီတာ ၁သောင်းအကွာအဝေးထိ ပျံသွားလေသည်။ ထို့နောက်တွင် မိုဒိဆန်း ညွှန်ပြ ခဲ့သည့် သတ္တုကြောကိုတွေ့လေသည်။

“ဒီသတ္တုကြောကမကြီးဘူး ဒါပေမဲ့ ဂိုဏ်းတစ်ခုအတွက် နှစ်ပေါင်းများ စွာတော့ ထောက်ပံ့နိုင်တယ်” ရှီမာယူယူသည် ချီးမွမ်းပြီး အသက်ရှုထုတ်လေ သည်။

ဒီလောက်ကြီးတဲ့သတ္တုကြောကို ဒီလူက တစ်ခါတည်းပေးပစ်တယ်။ ဒါ က သူမကို ဖိအားနည်းနည်းပေးလိုက်သလိုပဲ။

“ရင်ထဲထိသွားတာလား” ဝူလင်းယူသည် သဝန်တိုစွာပြောလေသည်။

“ဟုတ်တယ် အရမ်းထိသွားတယ်” ရှီမာယူယူသည် သူ၏ မျက်နှာထား တည်တည်ကြီးကိုမြင်သောအခါ ထပ်ပြောလိုက်သည် “ဒါပေမဲ့ ဒါက သူငယ်ချင်းလိုပါပဲ”

“ဒါဆိုရင် ကိုယ်ကကျရော”

“အစ်ကိုကရော”

“ကိုယ့်ကိုပြောတာလား”

“သူနဲ့ ကိုယ့်ကိုယ်ကိုနှိုင်းယှဉ်ချင်တာရော သေချာရဲ့လား” ရှီမာယူယူ ပြန်ချေပလေသည်။

ဝူလင်းယူသည် သူမကို မျက်လုံးမှေးကြည့်ရာ သူမ မျက်လုံးထဲတွင် နိုင်ထက်စီးနင်းပြုမှုတတ်သော အကြည့်တို့လင်းလက်သည်ကို တွေ့လိုက်ရ သည်။ သူ သူမ ခေါင်းကို ကိုင်ပြီး နက်ရှိုင်းစွာနမ်းရှိုက်လေသည်။

သူ သူမကိုကြည့်သည့်အကြည့်ကိုစဉ်းစားလိုက်ရာ သူ သူမကို နမ်း လိုက်သည့်အချိန်တွင် မိုရှားနှင့်တူလေသည်။ သူမသည် အနည်းငယ် မှင်တက်သွားပြီးနောက် ချက်ချင်းပင် သူ့လည်ပင်းကိုသိုင်းဖက်ပြီး သူ့အနမ်း များကို တုန့်ပြန်လေသည်။

အချိန်အတန်ကြာပြီးနောက်တွင် သူ သူမကို လွှတ်လိုက်သည်။ သူတို့ ၏ နှုတ်ခမ်းများသည် ချည်မျှင်တစ်မျှင်စာလောက်သာ ကွာဝေးလေသည်။

“တကယ်ကိုဖြားယောင်းတဲ့ နတ်ဆိုးလေးပဲ” ဝူလင်းယူ ပြောလေသည် “ဒီလိုလုပ်ရင်ရော ကိုယ်တို့လက်ထပ်ကြမယ်လေ”

“လက်ထပ်ဖို့လား” ဒီအချိန်တွင် သူဘာကြောင့်ပြောသည်ကို ရှီမာယူယူ နားမလည်နိုင်ဖြစ်နေသည်။

“မင်းကို ကိုယ့်ဇနီးဖြစ်စေချင်တယ် ဒီအတိုင်း လုပ်ဖော်ကိုင်ဖက်မဟုတ် ပဲနဲ့” ဝူလင်းယူ ပြောလေသည်။

သူ သူမကိုလိုချင်သည်။ သူ သူမကို အရာအားလုံး ပေးချင်သည်။

“အခုမှစပြီးတွဲတာကို လက်ထပ်ဖို့ကိုဘာလို့စဉ်းစားနေတာလဲ” ရှီမာယူယူ ပြောလေသည် “ဒီကောင်လေးက ကိုယ်နဲ့ကိုက်မကိုက်ကို သေချာ လေ့လာရဦးမယ်၊ မကိုက်ဘူးဆိုရင် ပြန်အမ်းဦးမှာ ဟုတ်ပြီလား”

“ဒါဆိုရင် မင်းအဲလိုလုပ်ဖို့ အခွင့်အရေးကိုရှိမှာမဟုတ်ဘူး”

“အဲလောက် ယုံကြည်ချက်ရှိတာလား တကယ်လို့ တစ်နေ့မှာ ကျွန်တော်က မကြိုက်တော့ဘူးဆိုရင်ရော”

“မင်း တခြားသူနဲ့ရှိရဲရှိကြည့် သူ့ကိုသတ်ပစ်မှာ နောက်တစ်ယောက် ထပ်ရှာရင်လည်း အဲလူကိုသတ်မှာ၊ အဲလိုဆိုရင် မင်း ငါနဲ့တခြားသူနဲ့လဲလို့မရ တော့ဘူး” ဝူလင်းယူသည် ချုပ်ချယ်စွာ ကြေညာလေသည်။

“တကယ်ကိုနတ်ဆိုးဘုရင်ပဲ ချုပ်ချယ်လိုက်တာ” သူမ စကားလုံးများ သည် အပြစ်တင်သောစကားများဖြစ်သော်လည်း စိတ်မဆိုးပေ။

“ကိုယ်ကအမြဲချုပ်ချယ်တာပဲလေ ၁၀နှစ်တောင်ကျော်နေပြီ အခုထိ ကိုယ့်ကို နားမလည်သေးဘူးလား” ဝူလင်းယူသည် သူမ၏ ဆံနွယ်များနှင့် ကစားနေလေသည်။

“အစ်ကိုတို့ ဝိညာဉ်ပေါင်းစပ်ပြီးတော့ နည်းနည်းပြောင်းလဲသွားပြီထင် တာ၊ အရင်အတိုင်းပဲ” သူမ သက်ပြင်းချလေသည်။

“ပေါင်းစပ်တာက နှစ်ယောက်လုံးပျောက်ကွယ်သွားတာမှမဟုတ်တာ ပေါင်းစပ်လိုက်တာပဲကို” ဝူလင်းယူ ပြောလေသည် “ကိုယ်တို့ အကျင့်တွေ ပျောက်သွားတာမဟုတ်ဘူး ပေါင်းစပ်လိုက်တာ”

“ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်အတွက်က အတူတူပဲ” ရှီမာယူယူ ပြော လေသည် “တော်ပြီ တည်ဆောက်မှုပြင်ရဦးမယ်”

“ဒီမှာစောင့်နေ ကိုယ်မင်းကိုကူညီမယ်” ဝူလင်းယူ ပြောလေသည်။

“အစ်ကိုက တည်ဆောက်မှုကိုဘယ်လိုဆောက်ရလဲဆိုတာသိလား” ရှီမာယူယူ အံ့သြသွားသည်။ ဒီလူက ဆေးဖော်တာ၊ လက်နက်လုပ်တာ၊ သားရဲထိန်းကျောင်းတာရယ်လုပ်တတ်တာကို တည်ဆောက်မှုပါ ဆောက် တတ်တယ်လား။ စွယ်စုံရပဲ။

***

All Chapters