← Chapters

အချစ်နာကျ

Vol. 010 Ch. 966

အချစ်နာကျ

Vol. 010 Ch. 966

“အစ်ကိုမသိတာရောရှိသေးရဲ့လား” ဝူလင်းယူ တည်ဆောက်မှုကို လေ့ကျင့်နေသည်ကို တွေ့သောအခါ ရှီမာယူယူ မေးလိုက်သည်။

“ ဒီလောက်နေလာတာကြာပြီ အဲလောက်တော့သိရမှာပေါ့” ဝူလင်းယူ သည် တည်ဆောက်မှုကျောက်တုံးကိုချပြီး သူမကိုမော့ကြည့်လေသည် “မင်း လည်းအဲလိုမဟုတ်ဘူးလား”

ရှီမာယူယူ နှုတ်ခမ်းတွန့်လိုက်သည် “အစ်ကိုက အကုန်လုံးမှာ အားကောင်းနေတာလေ”

“ကိုယ်မသိတာတွေရှိပါသေးတယ်” ဝူလင်းယူ ပြောလေသည်။

“ဘာလဲ”

“ရှာဖွေသူဝိညာဉ်သခင်”

“အဲဒါလည်းဟုတ်တာပဲ” ရှီမာယူယူသည် တစ်စုံတစ်ရာကို တွေ့သွား သလို သက်တောင့်သက်သာဖြစ်သွားလေသည်။

သူမ မျက်နှာမှအမူအရာကို ဝူလင်းယူမြင်သောအခါ လှည့်ပြီး ပြုံးလိုက် သည်။

သူတို့နှစ်ယောက်သည် နေ့တစ်ဝက်လောက် ဟိုဟိုဒီဒီလုပ်ပြီးနောက် တွင် ပြင်ဆင်ပြီးလေသည်။

“ဒီတည်ဆောက်မှုက အသည်းကွဲတောင်ကြားကိုတိုက်ရိုက်ရောက်ပြီး ပြန်တဲ့အခါလည်း အဆင်ပြေလိမ့်မယ်” ရှီမာယူယူ ပြုံးပြီးပြောလိုက်သည်။

“စမ်းကြည့်ချင်လား” ဝူလင်းယူသည် ကြိုဆိုသည့်အမူအရာဖြင့် လက်ကိုဆန့်ထုတ်လေသည်။

“ကောင်းပြီလေ”

သူတို့နှစ်ယောက်သည် တည်ဆောက်မှုပေါ်ရပ်လိုက်ရာ ဝူလင်းယူ သည် ဝိညာဉ်စွမ်းအင်ထည့်ြ့ပီး တည်ဆောက်မှုကို အသက်သွင်းလိုက်သည်။ လျင်မြန်စွာပင် သူတို့သည် အသည်းကွဲတောင်ကြားသို့ရောက်လေသည်။

အသည်းကွဲတောင်ကြား၏ တည်ဆောက်မှုသည် တောင်တစ်ဝက်တွင် ရှိနေသဖြင့် တည်ဆောက်မှုမှအလင်းတန်းသည် တောင်ခြေမှလူများ၏ အာရုံ စိုက်မှုကိုရလေသည်။ ရှီမာယူယူနှင့် ဝူလင်းယူတို့ပေါ်လာသည်ကိုတွေ့သော အခါ သူတို့အောင်မြင်သည်ကို သိလိုက်ကြသည်။

ရှီမန်ချီနှင့် တခြားသူများသည် တောင်အောက်တွင်ရှိနေရာ သူတို့ ပြန် လာသည်ကိုတွေ့သောအခါ ပျံလာလေသည်။

“အောင်မြင်သွားပြီလား” ရှီမန်ချီ၏ မျက်နှာတွင် ပျော်ရွှင်မှုကို မထိန်းနိုင် ပေ။

“အင်း” ရှီမာယူယူ ခေါင်းညိတ်လေသည် “လူတွေစီစဉ်ပြီး ပို့လို့ရပြီ”

“အခုပဲလုပ်လိုက်မယ်” ရှီမန်ချီသည် ပြောပြီးသည်နှင့် လူများကို စီစဉ် လေသည်။

“ဦးလေးချီ ဒီသတ္တုတွင်းကိုစီစဉ်ဖို့ အတွေ့အကြုံရှိတဲ့သူကိုရှာရမယ်”

“ငါသိပါတယ်”

“သမီးလုပ်စရာသာသွားလုပ်လိုက် ဦးလေး ဖန်အာကိုသွားရှာလိုက်မယ်”

ရှီမန်ဖန်သည် ဖန်ခိုင်နှင့် တခြားသူများနှင့် ဆွေးနွေးနေလေသည်။ သူ ရှီမာယူယူ ဝင်လာသည်ကိုမြင်သောအခါ လက်ရမ်းပြလေသည်။

ရှီမာယူယူ လျှောက်လာပြီး ပြောလေသည် “ဘာတွေဆွေးနွေးနေတာ လဲ”

“ဆိုင်တွေရဲ့ လက်ခံတဲ့အကြောင်းကိုဆွေးနွေးနေတာ” ရှီမန်ဖန် ပြော လေသည် “တည်ဆောက်မှုလုပ်ပြီးပြီလား”

“အင်း ဦးလေးချီက သွားစီစဉ်နေတယ်” ရှီမာယူယူ ပြောလေသည် “အခု တည်ဆောက်မှုကိစ္စရှင်းပြီးသွားပြီ်ဆိုတော့ ငါပြန်သွားသင့်ပြီ”

“အပြင်မှာ ဂရုစိုက်ဦး” ရှီမန်ဖန်သည် ဝူလင်းယူအားကြည့်ပြီး ပြော လိုက်သည် “ကျွန်တော့်အစ်မကြီးကို ဂရုစိုက်ပေးပါ”

“သေချာတာပေါ့” ဝူလင်းယူသည် ပေါ့ပါးစွာပြောလေသည်။

“ဟုတ်သားပဲ နောက်ထပ် လူထောင်ချီကို ကုတာအောင်မြင်သွားပြီ၊ သူတို့လည်းထွက်လာချင်တယ်လို့ပြောတယ်၊ အဘိုးဘိုင် သူတို့ရဲ့ အကျင့် လေးတွေက နည်းနည်းစည်းမရှိသေးဘူး သူတို့ကို နည်းနည်းလောက် တင်းကြပ်ရမယ်” ရှီမာယူယူ ပြောလိုက်သည် “ကျွန်တော်တို့က အခု အား မလောက်သေးဘူး အာရုံအစိုက်ခံရရင် မကောင်းဘူး”

“ငါသိပြီ” ဘိုင်ရှန်း ပြောလေသည် “မနာခံတဲ့သူတွေကို ရှင်းလိုက်မယ်”

ရှီမာယူယူ ပြုံးပြီး ပြောလိုက်သည် “ဒါဆို ကျွန်တော်သွားပြီ”

“အစ်မကြီး လီအာလည်း လိုက်မှာလား” ရှီမန်ဖန် မေးလေသည်။

“အင်း ငါ သူမကို ဝိညာဉ်စေတီထဲမှာ ဆက်ကျင့်ကြံခိုင်းထားမလို့၊ ငါ သူမကို ဂရုစိုက်လိုက်ပါမယ်” ရှီမာယူယူ ပြောလိုက်သည်။

ရှီမန်ဖန် ခေါင်းညိတ်လိုက်သည်။ သူမနှင့် လီအာလိုက်မည်မှာ ကောင်း သည်။

သူတို့သည် နေရာလွတ်တစ်ခုသို့လာလိုက်ပြီး ရှီမာယူယူသည် လောက အသေးမှလူများကို ခေါ်ထုတ်လိုက်သည်။ ထို့နောက်တွင် သူမသည် ဝူလင်းယူနှင့်အတူ အသည်းကွဲတောင်ကြားမှ ထွက်ခဲ့လိုက်သည်။

သူမသည် အခြေခံအုတ်မြစ်ချထားပေးပြီးဖြစ်သဖြင့် ကျန်ကိစ္စများကို စီစဉ်ရန်သူတို့ကို အပ်ထားခဲ့လေသည်။

ဝူလင်းယူသည် သူမကို ကောင်းကင်မြို့တော်သို့ပို့ပြီးနောက် ထွက်လာ ခဲ့သည်။ သူသည် သူ့ကိစ္စများဖြေရှင်းရာတွင် မပြီးသေးပဲ ရှီမာယူယူတွင် တစ်စုံတစ်ရာဖြစ်သဖြင့် အမြန်ပြေးထွက်ခဲ့ခြင်းဖြစ်သည်။

“မင်း အရင်ဆုံးပြန်နှင့်လေ၊ ကိုယ် ကိစ္စတွေရှင်းပြီးတာနဲ့ ထွက်လာလို့ရ တယ်” ဝူလင်းယူ ပြောလေသည်။

ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ သူသည် အမြဲတမ်းအလုပ်များနေခဲ့ သည်။ ပညာရှိစံအိမ်တော်၏ မြင့်မြတ်သောသားတော်တစ်ယောက်အနေနှင့် သူမ လိုအပ်ချိန်တွင် သူရောက်လာသည်ကိုပင် သူမ ကျေနပ်နေလေပြီ။

“ဆေးပြိုင်ပွဲကျရင်သွားမှာလား”

“သွားမှာ အဲအချိန်ကျရင် ကိုယ့်ကိစ္စတွေပြီးလောက်ပြီ မင်းဆီပြန်လာ လို့ရလောက်ပြီ” ဝူလင်းယူ ပြောလေသည်။

ရှီမာယူယူသည် သူပြောသည့်စကားကိုကြားသောအခါ ပြုံးလိုက်သည် “အစ်ကိုပြောတာကို သေချာပေါက်မှတ်ထားရမယ်နော်”

“သေချာတာပေါ့”

ယူလင်းယူသည် သူမကို ဖက်ပြီး ကြာရှည်စွာအနမ်းခြွှေပြီးနောက် ထွက်သွားလေသည်။

ရှီမာယူယူသည် သူကျန်ထားခဲ့သော လေဟာပြင်ပေါက်ပိတ်သွားသည် ကိုကြည့်ရင်း စိတ်ထဲတွင် လေးကျန်နေခဲ့လေသည်။

“ငါ့ဘဝမှာ အချစ်နာဘယ်တုန်းကမှမကျဖူးဘူး အဲဒါကြောင့်ပဲ ပိုပြီး ကြာ သွားသလိုပဲ”

ခေတ္တမျှစဉ်းစားပြီးနောက် ပြုံးလိုက်သည်။

အရင်ကဆိုလျှင် သူမသည် ထိုအကြောင်းကိုမသိခဲ့ပေ။ အခုတော့ ရှေးခေတ်မှလူများကို သူမ နားလည်သွားလေပြီ။

သူမ အိမ်မှထွက်လာပြီး အိမ်ကိုကာကွယ်ရေးတည်ဆောက်မှုဖြင့် ဖုံးလွှမ်းခဲ့ကာ အံ့ဖွယ်နတ်ဆိုးတောင်ကြားဆိုင်သို့ လျှောက်လာခဲ့လိုက်သည်။ အံ့ဖွယ်နတ်ဆိုးတောင်ကြားမှ သတင်းများကိုယူပြီးနောက် သူမ ဂိုဏ်းသို့ပြန် လာလေသည်။

၁နှစ်လောက်ကြာသွားသော်လည်း ထိုနေရာသည် လုံးဝပြောင်းလဲသွား ခြင်းမရှိပေ။

“ဒါက ရှီမာယူယူမလား ဒီလောက်ကြာပြီ နောက်ဆုံးတော့ပြန်လာပြီပဲ”

“သူဘာလို့ ခွင့်ယူသွားတာလဲ”

“သူက ပြိုင်ပွဲပြီးတာနဲ့ ခွင့်ယူသွားတယ်လို့ကြားတယ်၊ အခု ၁နှစ် လောက်ရှိပြီပဲ၊ နောက်ဆုံးတော့ ပြန်ပေါ်လာပြီ”

“သူ ပြိုင်ပွဲတုန်းကဘယ်လိုလဲဆိုတာ အခုထိမှတ်မိနေတုန်းပဲ သူ အရမ်း ချောတာပဲ”

“ငါ့ရဲ့ စံပြပဲ”

“…”

ရှီမာယူယူသည် ထိုစကားများကိုကြားသောအခါ လေအေးတိုက်သလို ခံစားရပြီး ပုန်းရန်အတွက် ခွဲခွာခြင်းဥယျာဉ်သို့ အမြန်ပြန်လေသည်။

သူမကိုမြင်ပြီး လိုက်လာသူများသည် သူမ ခွဲခွာခြင်းဥယျာဉ်သို့သွား သည်ကိုမြင်သောအခါ ချက်ချင်းထွက်သွားကြလေသည်။

“ဖူး”

သူမသည် ရင်ဘတ်ကိုပုတ်လိုက်သည်။ အဲလူတွေက ကြောက်ဖို့ ကောင်းလိုက်တာ။

ဟန့်မြောင်ရွှမ်သည် အိမ်ထဲသို့လူတစ်ယောက်ဝင်လာသံကိုကြားလိုက် သည်။ သူမသည် ရှီမာယူယူကိုမြင်သောအခါ ချက်ချင်းပင်ပြေးလာလေ သည်။ သူမသည် ဖက်ပြီး ပြောလေသည် “ဂျူနီယာမောင်လေး နောက်ဆုံး တော့ပြန်လာပြီလား မင်းကိုအရမ်းလွမ်းနေတာ၊ မင်းဒီထက်ကြာနေရင် ငါ လာရှာတော့မလို့”

ရှီမာယူယူသည် သူမ ကျောကိုပုတ်ကာ ပြောလေသည် “ကျွန်တော့်ကို လွမ်းတာလား မဟုတ်ရင် ကျွန်တော့်လက်ရာကိုလွမ်းတာလား”

“နှစ်ခုလုံး” ဟန့်မြောင်ရွှမ်သည် ရိုးသားစွာပင် ပြန်ဖြေလေသည်။

“ကျွန်တော့်လက်ရာကိုလွမ်းတာပဲနေမှာပါ” ရှီမာယူယူသည် သူမလက် များကိုတွန်းထုတ်ရင်း မေးလေသည် “စီနီယာအစ်ကိုရော”

“မသိဘူးလေ ခြံထဲမှာသန့်ရှင်းရေးလုပ်နေမှာပေါ့”

“….”

သူမသည် သူ့ကိုအရှေ့ခြံဝန်းတွင်မတွေ့ခဲ့ပေ။ သူမ ခြံဝန်းကိုလှည့်ပတ် ကြည့်သော်လည်း မတွေ့ခဲ့ပေ။

“သူရော” ဟန့်မြောင်ရွှမ်သည် နားမလည်နိုင်ဖြစ်နေသည်။

ရှီမာယူယူ ပခုံးတွန့်လိုက်သည် “အစ်မတောင်မသိမှတော့ ကျွန်တော် ကဘယ်လိုလုပ်သိမှာလဲ”

ထိုအချိန်တွင် အရှေ့မှလှုပ်ရှားသံထွက်လာသည်။ သူတို့နှစ်ယောက် သည် ခြံအရှေ့သို့သွားရာ စူးရှောင်ရှောင်သည် အပြင်ဘက်တွင် လမ်းလျှောက်နေသည်ကိုတွေ့လိုက်ရသည်။

“ဂျူနီယာညီလေး ပြန်လာပြီလား” စူးရှောင်ရှောင်သည် ရှီမာယူယူကို မြင်သောအခါ အံ့သြသွားပြီး သွားဖြဲလေသည်။

“စီနီယာအစ်ကို ဘယ်သွားနေတာလဲ”

“မင်းပြန်လာပြီလားလို့ ဒါရိုက်တာမုန့်က ငါ့ကိုခေါ်မေးတာ၊ မင်းကို ဆက်သွယ်လို့ရလား မရလား သူ သိချင်နေတာ၊ ငါတို့ မင်းအကြောင်းကို ပြောခါရှိသေးတယ် မင်းကပြန်လာနေပြီ မင်း ဒါရိုက်တာမုန့်ကို သွားပြော လိုက်ပါဦး” စူးရှောင်ရှောင် ပြောလိုက်သည်။

“ကျွန်တော့်ခွင့်ကုန်ဖို့က နည်းနည်းလိုသေးတယ် ဘာလို့ အလော တကြီးရှာတာပါလိမ့်” ရှီမာယူယူသည် အနည်းငယ်အံ့သြသွားလေသည်။

“မင်းရောက်တာနဲ့လာခဲ့ပါတဲ့” စူးရှောင်ရှောင်ပြောလေသည် “မင်းပြန် လာပြီဆိုမှတော့ သန့်ရှင်းရေးလုပ်ကြ ငါတို့မကြာခင်ခရီးသွားရလိမ့်မယ်”

ပြောပြီးနောက်တွင် သူလှည့်ထွက်သွားလေသည်။

ဟန့်မြောင်ရွှမ်သည် နှုတ်ခမ်းတွန့်ကာ ပြောလေသည် “မင်းပြန်လာ ကတည်းက မနားရသေးဘူးမလား၊ အဲဒါတွေကို ဂရုစိုက်မနေနဲ့ သွားမယ် မင်း ပြန်လာတဲ့အတွက် ဂုဏ်ပြုဖို့ ကောင်းတာလေးတစ်ခုခုသွားစားကြမယ်”

ပြောပြီးနောက်တွင် သူမသည် ယူယူကို ခြံအနောက်သို့ဆွဲခေါ်သွား လေသည်။

“….”

ဒီမိန်းကလေးကတော့ သူမ ပြန်လာတဲ့အတွက်ကြိုဆိုတာလား မဟုတ် ရင် သူမကို ချက်ခိုင်းမလို့လား။

မည်သို့ပင်ဖြစ်စေကာမူ သူတို့မတွေ့သည်မှာ ကြာလှပြီဖြစ်သဖြင့် စကားပြောရဦးမည်။

စူးရှောင်ရှောင်သည် နောက်တစ်ခေါက်ပြန်လာပြီး ဒါရိုက်တာမုန့်သည် နောက်နှစ်ရက်နေရင် သွားမည်ဟုပြောလိုက်လေသည်။ ထိုအချိန်အတွင်း တွင် သူတို့ အနားယူပြီး ပြင်ဆင်ရမည်။

ရှီမာယူယူသည် အကူအညီမဲ့သွားသည်။ ဟူး… သူမ အခုလေးတင်ပြန် ရောက်တာ ပြန်သွားရဦးမယ်။

“…..”

***

All Chapters