ဝေနှစ်ယောက်ရဲ့ ဖိတ်ကြားမှု
Vol. 010 Ch. 967
နောက်တစ်နေ့တွင် မုန့်ဆန်းချွယ်သည် ရှီမာယူယူကို ရုံးခန်းသို့လာရန် ခေါ်လေသည်။
သူမ တံခါးခေါက်ပြီးဝင်လိုက်သည်။ သူမ မုန့်ဆန်းချွယ်ကိုမြင်သောအခါ နှုတ်ဆက်လေသည် “ဒါရိုက်တာမုန့်”
မုန့်ဆန်းချွယ်သည် ပြတင်းပေါက်ကိုကြည့်နေလေသည်။ ရှီမာယူယူ၏ နှုတ်ဆက်သံကိုကြားသောအခါ လှည့်ကြည့်လေသည် “ပြန်လာပြီပဲ ကိုယ့် ကိစ္စရောရှင်းပြီးရဲ့လား”
“ရှင်းပြီးပါပြီ” ရှီမာယူယူ ပြန်ဖြေလေသည် “ကျွန်တော့်ကို ခေါ်တာ ကိစ္စ ရှိလို့ပါလား”
“မင်းကို ကြည့်ခိုင်းစရာတစ်ခုရှိလို့” မုန့်ဆန်းချွယ် ပြောလေသည် “ဒါကို ကြည့်ကြည့်ပါဦး”
သူသည် အံဆွဲထဲမှ သေတ္တာတစ်လုံးကိုထုတ်လိုက်ရာ အထဲတွင် အမည်းရောင်ဆေးပစ္စည်းတစ်ခုရှိနေသည်။
“နဂါးမုတ်ဆိတ်မြက်ပဲ ဘာလို့ဒီအရောင်ဖြစ်နေတာလဲ” ရှီမာယူယူ သည် ဆေးပင်ကိုမှတ်မိသော်လည်း အနက်ရောင်ကိုမြင်သောအခါ အံ့သြမိ လေသည်။
“တိမ်တိုက်ပင်လယ်မြို့မှာ ကိစ္စတချို့ဖြစ်ခဲ့တယ်၊ ဒါက မြို့အပြင်ကနေ တွေ့ခဲ့တဲ့ ဆေးပင်ထဲကတစ်ခုပဲ” မုန့်ဆန်းချွယ် ရှင်းပြလေသည်။
“အဲဒါက နဂါးမုတ်ဆိတ်မြက်ကိုဒီအရောင်ပြောင်းသွားစေတာလား ဘာ တွေဖြစ်ခဲ့တာလဲ” ရှီမာယူယူသည် လက်ကိုဆန့်ထုတ်ကာ ယူပြီး နှာခေါင်းနား ကပ်ကာ အနံ့ခံကြည့်လေသည်။ မနှစ်မြို့စရာကောင်းသောအနံ့သည် သူမကို ဆီးကြိုနေသည်။
“ဘာကဒီလိုဖြစ်စေတာလဲဆိုတာ ငါတို့မသိသေးဘူး အပင်တွေတင် မဟုတ်ဘူး ဝိညာဉ်သားရဲတွေပါရူးသွပ်ကုန်တာ” မုန့်ဆန်းချွယ် ပြောလေ သည်။
“ပြီးခဲ့တဲ့တစ်ခေါက် တစ္ဆေလောကက အကောင်တွေပေါ်လာပြီးတော့ ဝိညာဉ်သားရဲတွေ ရူးသွားခဲ့တာပဲ တစ္ဆေမျိုးနွယ်ကများနောက်တစ်ထပ် ပေါ် လာတာလား” ရှီမာယူယူ မှန်းဆလေသည်။
“ဒီဖြစ်နိုင်ချေကို ငါတို့်လည်းမမှန်းနိုင်ဘူး၊ ဒါပေမဲ့ သေလည်းမသေချာ ဘူး” မုန့်ဆန်းချွယ် ပြောလေသည် “တစ္ဆေနဲ့ နတ်ဆိုးလောက၊ လူသား လောကက အဆိပ်… ဒါတွေအကုန်လုံးဖြစ်နိုင်ချေရှိတယ်”
“ဒါ ဘယ်ကလာတာလဲ၊ တိမ်ပင်လယ်မြို့ ဘယ်လိုမြို့မျိုးလဲ” ရှီမာယူယူမေးလေသည်။
“မင်း တိမ်ပင်လယ်မြို့ကိုမသိဘူးလား”
“ကျွန်တော့်ကို အရင်က ဘယ်သူမှမပြောပြဖူးဘူး”
“တိမ်ပင်လယ်မြို့က ဆေးပြိုင်ပွဲကျင်းပတဲ့မြို့ပဲ” မုန့်ဆန်းချွယ် ပြောလေသည် “အဲနေရာက အဂ္ဂိရတ်ပညာရှင်တွေအတွက် မြို့တော်ဖြစ်လာ ခဲ့တယ်၊ ဒါပေမဲ့ အဲနေရာကိုသွားဖို့ လူတိုင်းက အရည်အချင်းရှိတာမဟုတ်ဘူး”
“အဲနေရာမှာမှ ဘယ်လိုလုပ်ဒီလိုတွေဖြစ်ရတာလဲ မဟုတ်ရင် ပြိုင်ပွဲ မတိုင်ခင်မို့လို့ဖြစ်တာလား” ရှီမာယူယူ မေးလေသည်။
“ငါတို့လည်း ထူးဆန်းတယ်လို့ထင်တယ် ဒါပေမဲ့ အကြောင်းအရင်းကို ဘယ်သူမှရှာမတွေ့ဘူး၊ အချိန်ကလည်း အရေးကြီးနေပြီ၊ ဒီလိုသတင်းထွက် လာတာ တိုက်ဆိုင်မှုတော့မဖြစ်နိုင်ဘူး” မုန့်ဆန်းချွယ် ပြောလေသည် “အဲဒါ ကြောင့် ငါတို့ စီစဉ်ထားတာထက် စောသွားချင်တယ်၊ ငါတို့် ကူညီလို့ရမလား လို့ သွားကြည့်ချင်တယ်”
“ကျွန်တော်တို့ ဂိုဏ်းရဲ့ ကိုင်တွယ်တဲ့ပုံစံအရ အဲလိုကိစ္စတွေကို အရင် သွားမရှင်းဘူးမလား” ရှီမာယူယူ စနောက်လိုက်သည်။
“ဆေးကျမ်းအဖွဲ့ကတောင်းဆိုတာ၊ အခုကိုရက်နည်းနည်းကြာနေပြီ၊ ငါတို့ ဆက်ပြီးအချိန်ဆွဲနေမယ်ဆိုရင် ဆေးပြိုင်ပွဲထိတောင် ရောက်လိုက်မှာ မဟုတ်ဘူး၊ ငါတို့ကိုချက်ချင်းပဲ ကန်ထုတ်လိမ့်မယ်” မုန့်ဆန်းချွယ်သည် မတတ်သာစွာပြောလေသည်။
ရှီမာယူယူသည် သူ၏အပြုအမူကိုကြည့်လိုက်သောအခါ သူသည် ထပ်ပြီးအချိန်မဆွဲချင်တော့သည်ကို သိလိုက်ရသည်။
သူမ ရုတ်တရက် တစ်စုံတစ်ခုကိုတွေးမိပြီး မေးလိုက်သည် “ဒါကို ကျွန်တော့်ကိုဘာလို့ပြောပြတာလဲ”
“အကြောင်းအရင်းတစ်ခုက မင်းကိုစိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားစေချင် လို့” မုန့်ဆန်းချွယ်သည် သူမကိုကြည့်လေသည် “နောက်တစ်ခုက မင်းဆရာ ထွက်သွားတုန်းက အခြေအနေထူးခြားတာတစ်ခုခုဖြစ်ရင် မင်းကိုရှာဖို့ ပြောခဲ့ တယ်”
“ကျွန်တော့်ကိုရှာဖို့ဟုတ်လား” ရှီမာယူယူ၏ မျက်လုံးများသည် ပြူးသွား လေသည်။ ဂိုဏ်းကတောင် ကိုင်တွယ်ဖို့မဖြစ်နိုင်တာ သူမကိုရှာလို့ ဘာအသုံး ဝင်မှာလဲ။
“သူဘာလို့ဒါကိုပြောခဲ့လဲ ငါမသိဘူး၊ ဒါပေမဲ့ လောင်ရှုံနဲ့ လောင်ဟော် တို့က တစ်လေသံတည်းပြောခဲ့တာ” မုန့်ဆန်းချွယ် ပြောလေသည် “အရင်ဆုံး အိမ်ကိုဒါယူသွား တစ်ခုခုစဉ်းစားနိုင်တာရှိရင် လုပ်လိုက်၊ မဟုတ်ရင်လည်း ထားလိုက်၊ အဘိုးကြီးအုပ်စုကတော့ ဒါအတွက် ခေါင်းစားရဦးမယ်”
ရှီမာယူယူသည် သေတ္တာကိုယူပြီးထွက်သွားပြီးနောက် အောက်ထပ်သို့ လာလိုက်သည်။ သူမသည် တိုင်ကိုမှီကာ မိုးပေါ်သို့ ကြောင်စီစွာကြည့်နေမိ သည်။
ဆရာ… ဆရာဟော်…
သူမသည် ဟော်လန်၏ အသက်ကျောက်တုံးထုတ်ကြည့်ရာ နွေးနေ သေးသည်။ ဆိုလိုသည်မှာ သူ အသက်ရှိသေးသည်။ သူသည် ရှုဂျင်းနှင့်ရှိနေ ရာ ရှုဂျင်းလည်း အဆင်ပြေမှာပါနော်။
သူမ သက်ပြင်းချလိုက်သည်။ ရှုဂျင်း၏ အသက်ကျောက်တုံးသည် ကျန်းကျူရှန့်တွင် ရှိနေသဖြင့် သူဘာလုပ်နေသည်ကို သိရန်နည်းလမ်းမရှိပေ။
“စီနီယာအစ်ကိုကြီး ဆရာဘယ်လိုနေလဲ” သူမ ရေရွတ်လိုက်သည်။
ရုတ်တရက်ပင် အပေါ်မှ လေလှိုင်းထသွားရာ တစ်စုံတစ်ယောက် ရောက်လာပြီဟု ရှီမာယူယူ ထင်လိုက်မိသည်။ သို့သော် ဝင်ပေါက်တစ်ခုသာ ပေါ်လာလေသည်။
“ကျောင်းသားယူယူ မင်းလိုက်ချင်လား” ဝေကြီး၏အသံ ထွက်လာ သည်။
ဝေကြီးက သူမကိုရှာတာလား။ ဒီကိုဘာလို့တိုက်ရိုက်လာပြီး ဒီနည်းလမ်းကို ဘာလို့သုံးတာလဲ။
သူတို့သည် သူမကို ထိခိုက်အောင်လုပ်မည်မဟုတ်ဟု သူမယုံသည်။ ထို့ကြောင့် စိတ်ငြိမ်ငြိမ်ထားပြီး လေဟာပြင်ဝင်ပေါက်ဆီသို့ဝင်သွားလိုက် သည်။
သူမသည် ဖြတ်လိမ်းတည်ဆောက်မှုသုံးကာ ဂိုဏ်းအပြင်သို့ရောက် သွားလေသည်။ သူတို့သည် အဆောင်တွင် စစ်တုရင်ကစားမနေပေ။ ထိုအစား သူတို့သည် မတ်မတ်ထိုင်ကာ သူမရောက်လာသည်ကိုစောင့်နေ သည်။
“ဆရာတို့ကိုနှုတ်ဆက်ပါတယ်” ရှီမာယူယူသည် ဦးညွှတ်ပြီး နှုတ်ဆက် လေသည်။
ဝေကြီးသည် လက်ကိုဝေ့ရမ်းပြကာ ပြောလေသည် “ငါတို့ကိုဆရာလို့ မခေါ်ပါနဲ့ ငါတို့က ဒီဂိုဏ်းကဆရာတွေမဟုတ်ဘူး”
“ဒါဆိုရင် ဒီမှာဘာလုပ်ကြတာလဲ” ရှီမာယူယူသည် အံ့သြသွားလေ သည်။ သို့သော် သူတို့ သူမကိုခေါ်သည့် အကြောင်းအရင်းကို သူမ မသိသေး ပေ။
“ငါတို့အရင်တုန်းက လောင်ယွမ်နဲ့ အလောင်းအစားလုပ်တာ ငါတို့ရှုံးခဲ့ တယ်၊ အဲဒါကြောင့် ဂိုဏ်းမှာနှစ်ဆယ်ချီပြီး စောင့်ပေးမယ်လို့ ကတိပေးခဲ့ကြ တယ်” ဝေကြီးရှင်းပြလေသည်။
ရှီမာယူယူသည် နားလည်သွားသလိုခေါင်းညိတ်လေသည်။ ဝေကြီးနှင့် ဝေလေးတို့သည် ဘာကြောင့် တည်ဆောက်မှုတွင် ကျွမ်းကျင်နေသည်ကို သူမ အရင်ကသိချင်ခဲ့သည်။ သို့သော် သူတို့သည် စောင့်ကြပ်ရုံသာဖြစ်သည်။ ပျောက်ဆုံးနေသော အကွက်တစ်နေရာကို သူမ ရှာတွေ့သွားပြီဖြစ်သည်။
“ဒါဆို ကျွန်တော့်ကိုဘာလို့ရှာတာလဲ”
ဝေကြီးနှင့် ဝေလေးတို့ အကြည့်ချင်းဖလှယ်ကာ နောက်ဆုံးတွင် ဝေကြီးသည် မေးလိုက်သည် “မင်း တည်ဆောက်မှုစာအုပ်ရထားလား”
ရှီမာယူယူ တုန်လှုပ်သွားကာ ချက်ချင်းပင် ဝူလင်းယူ သူမကိုပေးခဲ့သည့် စာအုပ်ကို သတိရသွားသည်။ သူမတွင်ရှိသည်ကို သူတို့သိနေခဲ့တာလား။
သူမ စိတ်ထဲတွင်တွေးသမျှသည် သူမ မျက်နှာတွင် အထင်းသားပေါ်နေ သည်။ သူမ ပြုံးုလိုက်သည် “ကျွန်တော့်မှာ တည်ဆောက်မှုစာအုပ်တွေရှိပါ တယ် အများစုကကျောင်းကပဲ ကျွန်တော့် တည်ဆောက်မှုဆရာက ကျွန်တော့်ကိုသင်ပေးတာရှားတယ် ဘာဖြစ်လို့လဲ”
ရှီမာယူယူသည် သူတို့၏မေးခွန်းကို သွယ်ဝိုက်ဖြေသည်ကို ကြားသော အခါ ဝေကြီးခေါင်းရမ်းလိုက်သည် “ငါတို့ဘာကိုပြောနေတယ်ဆိုတာကို မင်း သိပါတယ်”
“ဒါဆို ဘာလဲ” ရှီမာယူယူသည် မေးခွန်းပြန်ထုတ်လေသည်။
“မင်းမှာ တည်ဆောက်မှုအခြေခံစာအုပ်ရှိတယ်မလား” ဝေလေးသည် တိုက်ရိုက်မေးလေသည်။
“တည်ဆောက်မှုအခြေခံလား” ရှီမာယူယူ မျက်တောင်ခတ်ကာ ပြော လေသည် “အဲဒါဘာစာအုပ်လဲ”
“တည်ဆောက်မှုလောကမှာ အထွတ်အထိပ်စာအုပ်ပဲ” ဝေလေးပြော လေသည်။
ရှီမာယူယူသည် ငြင်းမည်အပြုတွင် ဝေကြီးသည် စကားဖြတ်ပြောလေ သည် “မင်း ငြင်းလို့မရဘူး မင်း အမှောင်တောထဲမှာ နဂါးထောင်ချောက် တည်ဆောက်မှုကိုဆောက်နိုင်တယ်ဆိုကတည်းက မင်းမှာ အဲဒီစာအုပ်ရှိနေ လို့ပဲ၊ နဂါးထောင်ချောက်တည်ဆောက်မှုက တိုင်းပြည်မှာပျောက်ကွယ်သွားခဲ့ ပြီ၊ နေရာတစ်ခုတည်းမှာပဲ မှတ်တမ်းတင်ထားတယ် အဲဒါက တည်ဆောက်မှု အခြေခံစာအုပ်ထဲမှာပဲ”
ရှီမာယူူသည် သူတို့တပ်အပ်ပြောနေသည်ကိုမြင်သောအခါ ဘာမှထပ် မပြောတော့ပေ။ သူမသည် တိုက်ရိုက်ဝန်မခံပဲ သွယ်ဝိုက်လေသည် “ကျွန်တော် ဖြတ်လမ်းတည်ဆောက်မှုစာအုပ်တစ်အုပ်ရထားတယ် ဒါပေမဲ့ ဆရာတို့ပြောတဲ့စာအုပ်လားတော့မသိဘူး အဲဒါက စာအုပ်ဟောင်းတစ်အုပ်ပဲ ပြီးတော့ နာမည်တောင်မရှိတော့ဘူး”
“ငါတို့ကြည့်လို့ရနိုင်မလား” ဝေလေးသည် စိတ်လှုပ်ရှားသဖြင့် မျက်လုံး များအရောင်တောက်လာသည်။
“မရဘူး” ရှီမာယူယူ ငြင်းဆန်လိုက်သည် “ကျွန်တော့်စီနီယာက ကျွန်တော့်ကိုလက်ဆောင်ပေးထားတာ၊ တခြားသူကိုဒီအတိုင်းငှားလိုက်လို့ မရဘူး ဆရာတို့က ဂိုဏ်းနယ်မြေထဲက ဘယ်သူ့ကိုမှ ဖိအားမပေးဘူးလို့ ထင်ပါတယ် ဟုတ်တယ်မလား”
ဖန်လိုင်နှင့် မုန့်ဆန်းချွယ်တို့သည် ဂိုဏ်းထဲတွင်ရှိသေးသည်။ ထို့ကြောင့် သူတို့သည် သူမကို အနိုင်ကျင့်မရပေ။
“အေးဆေးပေါ့ ငါတို့ မင်းစာအုပ်ကို ခိုးဖို့အစီအစဉ်မရှိဘူး” ဝေကြီးသည် ရှီမာယူယူ ချက်ချင်းသတိကပ်သွားသည်ကိုကြည့်ပြီး ရှင်းပြလေသည်။
သူသည် အရင်ကစဉ်းစားဖူးသည်။ သို့သော် သူမကို ကောင်းစွာ နားလည်ပြီးနောက်တွင် ထိုအကြံကိုလက်လျော့ခဲ့သည်။
ရှီမာယူယူသည် စကားဆက်မပြောတော့ပေ။ သူတို့ဘာကိုလိုချင်သည် ကို သူမ မေးရန်အစီအစဉ်မရှိသဖြင့် ထိုနေရာတွင်သာ ရပ်ကာ သူတို့ကို ကြည့်နေလိုက်သည်။
**