← Chapters

သူမကိုဖိအားပေးခြင်း

Vol. 010 Ch. 968

သူမကိုဖိအားပေးခြင်း

Vol. 010 Ch. 968

“စိတ်လှုပ်ရှားစရာမလိုပါဘူး” ဝေကြီးပြောလေသည် “ငါတို့က လူဆိုး တွေမဟုတ်ဘူး”

ရှီမာယူယူသည် ဝေလေးကိုကြည့်ပြီး ပြောလိုက်သည် “ပြောဖို့ခက် တယ်လေ အဲနှစ်ခုကိုခွဲလို့ရအောင် အမှတ်အသားရှိတာမှမဟုတ်တာ”

ဝေကြီး သက်ပြင်းချကာ ပြောလေသည် “တည်ဆောက်မှုအခြေခံ စာအုပ်ဆိုတာ ဘယ်လိုစာအုပ်မျိုးလဲသိလား”

“နာမည်ကြားပြီးမှတော့ ခန့်မှန်းဖို့လိုသေးလို့လား တည်ဆောက်မှု အကြောင်းတွေပဲပေါ့” ရှီမာယူယူ ပခုံးတွန့်လေသည်။

“သူ့ရဲ့မူလအရင်းအမြစ်ကဘယ်ကလဲဆိုတာသိလား” ဝေကြီးမေးလေ သည်။

“မသိဘူး” သူမ သိလျှင်တောင်မှပြောမည်မဟုတ်ပေ။

“တံခါးပြောင်းလဲခြင်း၁၀၀အကြောင်းကိုသိလား”

“ကြားဖူးပါတယ်”

“သူ့ရဲ့သမိုင်းကြောင်းကိုရော” ဝေကြီး ထပ်မေးပြန်သည်။

“နည်းနည်းပါ” ရှီမာယူယူ ပြောလေသည် “အရင်တုန်းက အပြင်ပိုင်း လောကမှာ အင်အားကြီးတစ်ခုလို့ပြောကြတယ်၊ နောက်တော့ အလယ်ပိုင်း ဒေသကိုပြောင်းသွားတယ် ခဏလေးအတွင်းမှာပဲ အတွင်းပိုင်းဒေသကို ရောက်သွားတယ်”

“အဲဒါပဲလား”

“အဲဒါပဲလေ”

“ငါတို့ဂိုဏ်းက အမြဲတမ်းနိမ့်ကျနေခဲ့တာ အဲတော့ ဂိုဏ်းအကြောင်းကို သိတဲ့လူနည်းတယ်” ဝေကြီး ပြောလေသည်။

“ဆရာတို့က တံခါးပြောင်းလဲခြင်း၁၀၀ကလား” ရှီမာယူယူ၏ မျက်လုံး များ ကျဉ်းမြောင်းသွားသည်။ အဲဒါကြောင့် သူတို့ရဲ့ သရုပ်မှန်က လျှို့ဝှက် နေတာကိုး။

“ဟုတ်တယ်” ဝေကြီး ဝန်ခံလေသည် “တံခါးပြောင်းလဲခြင်း၁၀၀က တည်ဆောက်ခြင်းရဲ့ မူလအရင်းအမြစ်ပဲ အဲတော့ တည်ဆောက်မှုအခြေခံ ကလည်း ငါတို့တည်ထောင်တဲ့ဖခင်ကြီး ထားခဲ့တဲ့စာအုပ်ပဲ၊ အဲအထဲမှာ အချိန်အကြာကြီးပျောက်နေခဲ့တဲ့ တည်ဆောက်မှုနည်းလမ်းတွေအများကြီးပါ တယ်”

ရှီမာယူူယူသည် သူပြောသည့်ဇာတ်လမ်းကိုယုံကြည်သည်။ အဘယ့် ကြောင့်ဆိုသော် ဖန်ကျိရှင်းသည် သူမကို ထိုဇာတ်လမ်းနှင့်ဆင်သည့် အကြောင်းကို အရင်ကပြောခဲ့ဖူးသည်။

“ဒါပေမဲ့ အဲဒါကကျွန်တော်နဲ့မဆိုင်ဘူးလေ” ရှီမာယူယူသည် ပခုံးတွန့် ပြီးပြောလေသည်။

“မဟုတ်ဘူး မင်းမှားနေပြီ” ဝေကြီး ခေါင်းရမ်းလိုက်သည် “တည်ဆောက်မှုအခြေခံက မင်းဆီမှာရှိနေရင် မင်းနဲ့ဆိုင်သွားပြီ”

“ဘာလို့လဲ”

“မင်းက ငါတို့ဘိုးဘေးရဲ့ အမွေဆက်ခံတဲ့ပစ္စည်းကိုရထားတယ် မင်း ငါတို့ကို အဲစာအုပ်မပေးရင် မင်းကငါတို့ဂိုဏ်းဝင်ပဲ” ဝေလေးသည် တည့်တိုး ပြောလေသည်။

ဝူလင်းယူ ထိုစာအုပ်ကိုယူရန်အတွက် ၁နှစ်ကြာပိတ်ခံထားရသည်ကို တွေးလိုက်လျှင် သူမသည် ထိုစာအုပ်ကိုမပေးနိုင်ပေ။

“အဲစာအုပ်က ကျွန်တော့်ကို သူများပေးထားတဲ့လက်ဆောင်ပါ၊ တခြား သူကို ဒီအတိုင်းမပေးနိုင်ဘူး”

ဝေကြီးနှင့် ဝေလေးတို့သည် သူမ၏ အဖြေကိုမအံ့သြတော့ပေ။

“ဒါဆိုရင် ငါတို့ဂိုဏ်းကိုပြန်လိုက်ဖို့အပြင် မင်းမှာရွေးချယ်မှုမရှိတော့ဘူး” ဝေကြီး ပြောလေသည်။

“ကျွန်တော့်မှာ ကိုယ်ပိုင်ဘဝရှိတယ် ကိုယ့်အလုပ်လည်းရှိတယ်၊ ဆရာ တို့နဲ့ ပြန်လိုက်စရာအကြောင်းမရှိဘူး” ရှီမာယူယူသည် သူတို့ကို တိုက်ရိုက် ပင် ငြင်းဆန်လေသည်။

ဝေလေးသည် သူမစကားကြောင့် ဒေါသထွက်ကာ အေးစက်စွာပြော လေသည် “အဲဒါမင်းချရမဲ့ ဆုံးဖြတ်ချက်မဟုတ်ဘူး”

“မဟုတ်ဘူးလား” ရှီမာယူယူသည် ကောင်းကင်ကိုကြည့်ပြီး ပြောလေ သည် “ကျွန်တော်မသွားဘူးဆိုရင် အတင်းဆွဲခေါ်သွားမှာလား”

“မင်းအားကောင်းတယ်ဆိုတာ ငါသိတယ် ပြီးတော့ မင်းကိုလည်း ရန်သူ ဖြစ်အောင်မလုပ်ချင်ဘူး အဲဒါကြောင့် မင်းငါတို့ကိုရန်လိုဖို့မလိုပါဘူး” ဝေကြီး ပြောလေသည်။

“ကျွန်တော်က ဆရာတို့နဲ့ ရန်သူလုပ်နေတာမဟုတ်ဘူး ဒါပေမဲ့ ဆရာ ဝေလေးက အဲလိုစဉ်းစားနေတာလား” ရှီမာယူယူ ပြောလေသည် “ဆရာတို့ က မျက်လုံးထဲက လောဘတက်တာကို မဖုံးကွယ်ထားဘူးလေ”

ဝေကြီးသည် ဝေလေးအား စိုက်ကြည့်ပြီးနောက် ရှီမာယူယူဘက် လှည့်ကာ ပြုံးပြီးရှင်းပြလေသည် “နားလည်မှုလွဲနေပြီ သူကအဲလိုမရည်ရွယ် ပါဘူး၊ သူက မင်းမှာ တည်ဆောက်မှုအခြေခံစာအုပ်ရှိနေတော့ နည်းနည်း စိတ်လှုပ်ရှားသွားတာပါ”

“အခုကျွန်တော်က ဂိုဏ်းထဲမှာဖြစ်နေလို့မလား” ရှီမာယူယူ ခါးသီးစွာ ပြန်ဖြေလေသည် “အပြင်မှာသာဆိုရင် ဆရာတို့က တိုက်ခိုက်ဖို့ လှုပ်ရှား နေလောက်ပြီမလား”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ဝေကြီး ပြောလေသည် “မင်းမှာ ငါတို့ ဘိုးဘေးရဲ့ အမွေရှိနေတယ်၊ ပြီးတော့ ငါတို့်ထက်လည်း ရာထူးမြင့်တယ် ငါတို့ က မင်းကိုမလေးမစားမဆက်ဆံဖူးဘူး တိုက်ခိုက်ဖို့မပြောနဲ့”

ရှီမာယူယူသည် သူတို့စကားများကို မယုံသဖြင့် အေးစက်စွာ မဲ့ပြုံးပြုံးလိုက်သည်။

“ကျွန်တော့်ကိုတခြားပြောစရာမရှိရင် သွားလိုက်ပါဦးမယ်” ပြောပြီး နောက်တွင် သူမ လှည့်ထွက်လေသည်။

“မင်းသွားလို့မရဘူး” ဝေလေးသည် စိုးရိမ်စွာအော်လေသည်။ ရှီမာယူယူ အမှန်တကယ်ထွက်သွားမည်ကို မြင်သောအခါ လက်ဝေ့ရမ်းကာ သူမရှိသည့်နေရာကို အလင်းတန်းဖြင့် ပိတ်လိုက်လေသည်။

“ဒါက ဆရာတို့ပြောတဲ့မတိုက်ခိုက်ဘူးဆိုတာလား” ရှီမာယူယူ လှည့်ပြီး သူတို့ကိုကြည့်လိုက်သည်။

“ဝေလေး မင်းဘာလုပ်တာလဲ” ဝေလေး ရှီမာယူယူကို ရုတ်တရက် တိုက်ခိုက်မည်ဟု ဝေကြီးမထင်ထားသဖြင့် အော်လေသည်။

“ငါလုပ်သင့်တာလုပ်တာပဲ” ဝေလေးသည် ထိုင်ရာမှ ထကာ ရှီမာယူယူ ကိုပြောလေသည် “ငါတို့က အစတုန်းက မင်းကိုစဉ်းစားဖို့ နှစ်နည်းနည်း လောက်အချိန်ပေးမလို့ ဒါပေမဲ့ အခုဒီလိုတွေဖြစ်လာမှတော့ ဒီအတိုင်း ဆက် နေလို့မရတော့ဘူး၊ မင်း ဒီနေ့ပဲငါတို့နဲ့လိုက်ရမယ်၊ မဟုတ်ရင် စာအုပ်ပေး”

ရှီမာယူယူသည် သူ့ကိုကြည့်ပြီး မဲ့ပြုံးပြုံးလိုက်သည် “ကျွန်တော် စာအုပ်ကိုမပေးနိုင်ဘူး ဆရာတို့နဲ့လည်းမလိုက်နိုင်ဘူး”

“အဲဒါက မင်းအပေါ်မူမတည်ဘူး”

“ဟုတ်လား ဒါရိုက်တာမုန့်၊ ကျောင်းအုပ်ဖန်၊ ဒီလောက်ကြာအောင် နားထောင်ပြီးတော့ ကျွန်တော်ခေါ်သွားခံရတာကို ဒီအတိုင်းကြည့်နေတော့ မှာလား” ရှီမာယူယူသည် မိုးပေါ်သို့ကြည့်လိုက်လေသည်။

လေဟာပြင်ဝင်ပေါက်ပွင့်ကာ ဖန်လိုင်နှင့် မုန့်ဆန်းချွယ်တို့ ထွက်လာကြ သည်။

ဝေကြီး၏ မျက်အိမ်များ လှုပ်ခတ်သွားသည်။ မုန့်ဆန်းချွယ်နှင့် ဖန်လိုင် တို့ တစ်ချိန်လုံးရှိနေလိမ့်မည်ဟု သူတို့မသိခဲ့ပေ။ ပိုအံ့သြစရာကောင်းသည် မျာ သူတို့သည် ရှီမာယူယူ ရောက်ကတည်းကပင် သူမကိုတစ်ချိန်လုံး စေင့်ကြည့်နေခဲ့သည်မှာ သေချာသည်။ သို့သော် သူမနောက်ကိုမလိုက်ခဲ့ပေ။ ရှီမာယူယူ ကြိုသိနေခဲ့သည်မှာ မဖြစ်နိုင်ပေ။

ဆိုလိုသည်မှာ ဝေလေးသည် ကောင်းကင်ပေါ်တွင်ဖြစ်နေသည်ကို သတိမထားမိသော်လည်း ရှီမာယူယူ သတိထားမိသည်။

သူမ၏ လေဟာပြင်ကို အာရုံခံနိုင်စွမ်းသည် သူတို့ထက် မြင့်သည်။

ကြောက်ဖို့ကောင်းတဲ့အဆင့်ပဲ။

“ဝေကြီး၊ ဝေလေး၊ လောင်ယွမ်က မင်းတို့ကိုသွားခွင့်ပေးထားပြီလေ အဲဒါကြောင့် မင်းတို့သွားလို့ရပြီ” မုန့်ဆန်းချွယ် ပြောလေသည်။

“မင်းတို့ဒီမှာဘာလို့ရှိနေသေးလဲဆိုတာ သိချင်နေတာ မင်းတို့က ယူယူ့ ကိုစောင့်နေကြတာကိုး” ဖန်လိုင် ပြောလေသည် “မင်းတို့ သူ့ကိုဖိအားပေးလို့ မရဘူးလို့ ငါတို့အရင်ကပြောပြီးပြီလေ ဘာလဲ မင်းတို့က ကတိပျက်ချင်တာ လား”

ရှီမာယူယူသည် ဖန်လိုင်တို့၏ စကားကိုကြားသောအခါ သူတို့သည် ဝေကြီးတို့၏ သူမကို တိုက်ခိုက်မည့်အစီအစဉ်ကို အရင်ကတည်းက သိပြီး သားဖြစ်သည်ကို တွေ့လေသည်။ သူတို့သည် သူမကိုမပြောခဲ့ပေ။ ထို့အပြင် ဝေကြီးနှင့် ဝေလေးတို့သည် ထွက်သွားသင့်သည်မှာ ကြာပြီ၊ သို့သော် သူမ ခွင့်ယူကာ သူမသွားသည့်နေရာကိုလည်းမသိသဖြင့် ထွက်မသွားခဲ့ပေ။ ထို့ကြောင့် သူတို့သည် သူမကို ထိုနေရာတွင်ပင် စောင့်နေခဲ့သည်။

“ကျွန်တော်တို့ ကတိပျက်ချင်တာမဟုတ်ဘူး သူနဲ့ဆွေးနွေးနေတာ” ဝေကြီးပြောလေသည်။

“ဒါဆိုရင် ဒါကဘာအဓိပ္ပာယ်လဲ” မုန့်ဆန်းချွယ်သည် ယူယူကိုပိတ်ထား သော ထောင်ချောက်တည်ဆောက်မှုကို အထင်သေးစွာကြည့်လိုက်သည်။

ဝေကြီးသည် ဝေလေးကိုကြည့်လိုက်သည်။ သူသည် ချက်ချင်းပင် တည်ဆောက်မှုကို ပြန်ဖြုတ်လိုက်သည်။

မုန့်ဆန်းချွယ်နှင့် ဖန်လိုင်တို့ရောက်လာသဖြင့် သူတို့သည် ရှီမာယူယူကို ခေါ်သွားရန် သေချာပေါက်မဖြစ်နိုင်တော့ပေ။

“ယူယူ မင်း ငါတို့နဲ့ဒီနေ့ထွက်မသွားဘူးဆိုရင် နောက်နေ့ကို တခြား တစ်ယောက်ရောက်လာမှာပဲ၊ အချိန်ကျရင် မင်း ဒါကိုသေချာစဉ်းစားပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေလုပ်နိုင်မယ်လို့ ထင်တယ်” ဝေကြီးပြောလေ သည် “မင်း ငါတို့ တံခါး၁၀၀လဲလှယ်ဂိုဏ်းကိုဝင်မယ်ဆိုရင် မင်းရဲ့ အရည်အချင်းတွေ အလဟသဖြစ်မှာမဟုတ်ဘူး”

ရှီမာယူယူသည် ဝေကြီးအပေါ်ကို မကောင်းသည့်ထင်မြင်ချက်မရှိ သဖြင့် သူပြောသည်ကိုကြားသောအခါ ခေါင်းညိတ်လိုက်သည် “ကျွန်တော် စဉ်းစားလိုက်ပါမယ်”

ဝေကြီးသည် ယာယီတည်ဆောက်မှုတစ်ခုကိုထုတ်ကာ လေဟာပြင်ကို ဖွင့်ပြီး ဝေလေးနှင့်အတူ ထွက်သွားလေသည်။

သူတို့ထွက်သွားသည်နှင့် ရှီမာယူယူသည် မုန့်ဆန်းချွယ်နှင့် ဖန်လိုင်တို့ ကို အရိုအသေပေးရင်း ပြောလိုက်သည် “ကယ်ပေးတဲ့အတွက် ကျောင်းအုပ်ဖန်နဲ့ ဒါရိုက်တာမုန့်တို့ကို ကျေးဇူးအများကြီးတင်ပါတယ်”

“တံခါးပြောင်းလဲခြင်း၁၀၀က အခုတလောကို ယောက်ယက်ခတ်နေကြ တာ၊ ပြီးတော့ အဲဒါသူတို့အတွင်းကိစ္စပဲ သူတို့က အဲဒါကိုထိန်းညှိဖို့အတွက် မင်းကို ဆွဲသွင်းချင်တာ” မုန့်ဆန်းချွယ် ပြောလေသည်။

အဲဒါကြောင့် သူတို့က အလောတကြီးပြန်ရမယ်လို့ ပြောတာကိုး။

“ဝေကြီးနဲ့ ဝေလေးတို့က ဂိုဏ်းမှာ အတော်ကြာနေခဲ့ကြတာ၊ ပြီးတော့ အပြန်အလှန်နားလည်မှုရှိကြတယ်၊ ငါတို့သူတို့ကို စကားပြောလို့ရပါတယ် တခြားသူတွေလာရင် ညှိနှိုင်းဖို့မလွယ်ဘူး” ဖန်လိုင် ပြောလေသည် “နောက်ကို ကိုယ့်ဘာသာမလှုပ်ရှားနဲ့ မဟုတ်ရင် အန္တရာယ်ရှိတယ်”

ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ သူတို့သည် သူမကို ပြန်ခေါ်မသွား ပါက သူမ စာအုပ်ကိုလာယူမည်။

သူမသာ သတိလက်လွတ်ဖြစ်သွားပါက အန္တရာယ်ထပ်ကျလာနိုင် သည်။

***

All Chapters