အငြင်းခံရခြင်း
Vol. 010 Ch. 969
“ဘာ အဲနှစ်ယောက်ကယူယူ့ကို ခေါ်ဖို့ကြိုးစားခဲ့တာလား။ ပြီးတော့ ဖိအားပေးသေးတယ် ဘာလို့ ရှောင်ချီ့ကိုမခေါ်တာလဲ ရှောင်ချီ သူတို့ မိဘတွေမမှတ်မိလောက်အောင်ထိ သူတို့ကို ရိုက်မယ် ယူယူ့ကိုဘယ်လို ဖိအားပေးမလဲကြည့်ကြတာပေါ့”
ရှောင်ချီ၏ အသံသည်ခြံဝန်းမှထွက်လာကာ သူမ၏ မျက်နှာလေးသည် ဒေါသဖြင့်ပြည့်နေသည်။
“စိတ်တိုမနေနဲ့တော့” ရှီမာယူယူသည် ခုံမှထပြီး သူမကိုဆွဲလိုက်သည်။ သူမကို ပြောပြမိသည်ကိုပင် နောင်တရချင်သည်။
သူမ ပြန်လာပြီးနောက်တွင် သူမဘာကြောင့်ကြာနေသည်ကို မေးရာ ဝေကြီးနှင့် ဝေလေးတို့ သူမကိုခေါ်သည့်အကြောင်းကိုပြောပြခဲ့သည်။ ထို အကြောင်းကြားပြီးနောက်တွင် ရှောင်ချီ ဒေါသထွက်လိမ့်မည်ဟု မထင်ထား ခဲ့ပေ။
“အဲလူနှစ်ယောက်က အမြဲတမ်း ကောက်ကျစ်တဲ့ရုပ်နဲ့ ဘာမှမကောင်း ဘူး” ရှောင်ချီ အော်လေသည် “ယူယူ နောက်တစ်ခါ ဘယ်သွားသွား ရှောင်ချီ လိုက်မှာ၊ ဒီနေ့ရှောင်ချီသာရှိရင် အဲလူနှစ်ယောက် ယူယူ့ကိုထိရဲမလား”
“ဟုတ်ပြီ ဟုတ်ပါပြီ နောက်တစ်ခါ ရှောင်ချီ့ကိုခေါ်သွားမယ်နော် အခု တော့စိတ်မတိုနဲ့တော့ စိတ်ငြိမ်သွားအောင် သစ်သီးလေးစားလိုက်” ရှီမာယူယူသည် ဘေးမှ သစ်သီးတစ်လုံးကို သူမပါးစပ်ထဲထည့်ပေးရင်း သူမ ကို အောင်မြင်စွာတားလိုက်နိုင်သည်။
“ကျောင်းအုပ်ဖန်နဲ့ တခြားသူတွေပြောတာမှန်တယ် နောက်ဆိုရင် ယူယူ တစ်ယောက်တည်းမသွားတာကောင်းမယ်” စူးရှောင်ရှောင်သည် မျက်မှောင်ကြုတ်ရင်း ပြောလေသည် “တံခါးပြောင်းလဲခြင်း၁၀၀အကြောင်း ကို ဒီလောကမှာလူသိနည်းတယ်ဆိုပေမဲ့ သူတို့အင်အားကြီးတယ်ဆိုတာကို လူတိုင်းသိကြတယ်၊ သူတို့က မင်းကိုမျက်စိကျသွားရင် လက်လျော့မှာ မဟုတ်ဘူး”
“ကျွန်တော်လည်း အဲဒါသိပါတယ်” ရှီမာယူယူ အကူအညီမဲ့စွာပြောလေ သည် “ဒါပေမဲ့ အဲစာအုပ်က စီနီယာအစ်ကိုလက်ဆောင်ပေးထားတာ၊ အဲ စာအုပ်ရဖို့အတွက် သူအသက်တောင်ဆုံးရှုံးတော့မလိုဖြစ်ခဲ့တာ ကျွန်တော် အန္တရာယ်များမှာကိုကြောက်တာနဲ့ ဘယ်လိုလုပ်ပေးပစ်ရမှာလဲ”
“ဒါဆိုရင် သူတို့ထဲဝင်ရင်ရော” ဟန့်မြောင်ရွှမ် အကြံပေးလေသည် “သူတို့က မင်းကိုခေါ်သွားမယ်လို့လည်းပြောတယ်မလား”
“ဟုတ်တယ် သွားလိုက်တာနဲ့ ပြန်ပြီးထွက်မလာတာလည်းဖြစ်နိုင်တယ်” ရှီမာယူယူ ဆက်ပြောလေသည် “တံခါးပြောင်းလဲခြင်း၁၀၀က သိတဲ့သူရှား တယ်၊ သူတို့အဖွဲ့ဝင်တွေက တိုင်းပြည်တွေမှာလျှောက်မသွားတာလည်း အကြောင်းအရင်းတစ်ခုအပါအဝင်ပဲ၊ ဒါပေမဲ့ ကျွန်တော့်မှာက လုပ်စရာတွေရှိ သေးတယ် သူတို့နဲ့လိုက်သွားဖို့ကမဖြစ်နိုင်ဘူး”
“မှန်တယ်” ဟန့်မြောင်ရွှမ် သဘောတူလေသည် “ဒါဆိုရင် မင်းလိုအပ် တာကိုပဲလုပ်ရုံပဲ ပြောရင်းနဲ့ မင်းရဲ့ ဂိုဏ်းထောင်တာဘယ်လိုလဲ မင်း အဲအကြောင်းပြောတာမကြားမိဘူး ငါတို့ ဝင်ဖို့သဘောတူပြီးပြီကို”
“ဂိုဏ်းကထောင်ပြီးပြီ အကုန်လုံးကတော့ လမ်းမှန်ရောက်နေပြီ” ရှီမာ ယူယူ ပြန်ဖြေလေသည်။
“ရှောင်ချီ ပြောပြမယ် ရှောင်ချီတို့ အကြီးကြီးလုပ်ခဲ့ကြတယ်” ရှောင်ချီ သည် ဂုဏ်ယူစွာပြောပြလေသည်။
ရှီမာယူယူသည် နှုတ်ခမ်းတွန့်လိုက်သည်။ အကြီးကြီးလုပ်ခဲ့တယ်ဆို တာက ဘာအဓိပ္ပာယ်လဲ။ သူတို့က လူသတ်တာ ဓားပြတိုက်တာလည်း မဟုတ်ပဲနဲ့။
“ဘာတွေလုပ်ခဲ့တာလဲ ငါတို့ကိုတောင်မခေါ်ပဲနဲ့” ဟန့်မြောင်ရွှမ် သူတို့ ကို စိုက်ကြည့်လေသည်။
“နောက်ဆုံးသတင်းကဘာလဲသိလိုက်လား” ရှောင်ချီသည် သူတို့ကို ပဟေဠိဆန်စွာမေးလေသည်။
“နောက်ဆုံးသတင်းလား” ဟန့်မြောင်ရွှမ်သည် မျက်လုံးကျဉ်းပြီး စဉ်းစားကြည့်ပြီးနောက် ရှောင်ချီ၏ ပခုံးများကိုဆုပ်ကိုင်ကာ ပြောလေသည် “သေစမ်း သွေးမိစ္ဆာမြို့တော်က ကိစ္စက မင်းတို့လုပ်လိုက်တာလား”
သူမပြောသည်ကိုကြားပြီးနောက် စူးရှောင်ရှောင်သည် အံ့အားသင့်စွာ ကြည့်လေသည်။
“စိတ်မလှုပ်ရှားနဲ့ဦး အဲဒါ ရှောင်ချီတို့ကြောင့်ချည်းတော့မဟုတ်ဘူး” ရှောင်ချီသည် ဟန့်မြောင်ရွှမ်၏ လန့်သွားသော မျက်နှာအမူအရာကြောင့် အော်လေသည်။
“မင်းတို့ကြောင့်ချည်းမဟုတ်ဘူးဆိုတော့ မင်းတို့လည်းပါခဲ့တာပေါ့” ဟန့်မြောင်ရွှမ်သည် စိတ်လှုပ်ရှားစွာ ပြောလေသည်။
“ဟုတ်တယ် ရှောင်ချီတို့ တပ်သားစုဖို့သွားခဲ့တာ” ရှောင်ချီ ရှင်းပြလေ သည်။
“ပြောပြ ဘာတွေလုပ်ခဲ့တာလဲ”
ရှောင်ချီသည် သွေးမိစ္ဆာမြို့တော်မှအဖြစ်အပျက်ကိုပြောပြရာ စူးရှောင်ရှောင်နှင့် ဟန့်မြောင်ရွှမ်တို့သည် ပါးစပ်အဟောင်းသားဖြင့် နားထောင်လေသည်။
“သေစမ်း မင်းကိုပြောသားပဲ မင်းနောက်လိုက်ရင် ပျော်စရာကောင်းမှာ ပါလို့ ဒီလောက်ပွဲအကြီးကြီးကို ငါတို့ကိုခေါ်မသွားဘူး” ဟန့်မြောင်ရွှမ် အသံ ထွက်လာသည်။
“ဟီးဟီး အစ်မတို့အခုမှသိတာလား” ရှောင်ချီသည် သူမပခုံးကိုပုတ်ပြီး ပြောလေသည် “စိတ်မညစ်ပါနဲ့ နောက်တစ်ခါ တစ်ခုခုဆိုရင် အစ်မတို့ကိုပါ ခေါ်သွားပါမယ်”
“ဒါပေမဲ့ ငါတို့က အဲလိုမျိုးအတွေ့အကြုံမရတော့ဘူးလေ” ဟန့်မြောင်ရွှမ် မရွှင်သာစွာပြောလေသည်။
“ပြီးခဲ့တာကပြီးပြီ စဉ်းစားမနေနဲ့တော့ အနာဂါတ်ကိုကြည့်တာပိုကောင်း တယ်” ရှောင်ချီသည် သူမပခုံးကိုပုတ်ကာ စိတ်ရင်းဖြင့်ပြောလေသည်။
“…..” ဟန့်မြောင်ရွှမ်သည် ဆွံ့အသွားလေသည်။ ဒီကောင်မလေးတော့ အရိုက်ခံရမှမှတ်မယ်။
“အစ်မတို့အတွေ့အကြုံလိုချင်ရင် စိတ်ဝင်စားစရာဖြစ်လာတော့မှာပါ” သူမ အကူအညီမဲ့စွာ ခံစားလိုက်ရသည်ကို ရှီမာယူယူသိသောအခါ ပြုံးပြီး ပြောလိုက်သည်။
“ဖြစ်လာမဲ့ဟာလား ဘာလဲ”
“ဒါရိုက်တာမုန့်က တစ်ခုခုပြောလိုက်တာလား” စူးရှောင်ရှောင်သည် တစ်စုံတစ်ခုကို အာရုံခံမိသည်။
“ဟုတ်တယ်” ရှီမာယူယူ ဆက်ပြောလေသည် “ဒါကိုကြည့်”
သူမသည် နဂါးမုတ်ဆိတ်မြက်ပင်ကိုထုတ်ပြီး စူးရှောင်ရှောင်ကိုပေး လိုက်သည်။
“နဂါးမုတ်ဆိတ်မြက်ပင်က ဘယ်လိုလုပ်ဒီလိုဖြစ်သွားတာလဲ ရွံစရာ ကောင်းလိုက်တာ” ဟန့်မြောင်ရွှမ်သည် နှာခေါင်းကိုအုပ်ရင်း လက်ကိုဝေ့ရမ်း လေသည်။ သူမသည် သေတ္တာထဲမှ နဂါးမုတ်ဆိတ်မြက်ပင်ကို မနှစ်မြို့စွာ ကြည့်လေသည်။
“ဒါက ဒါရိုက်တာမုန့်ပေးလိုက်တာပဲ” ရှီမာယူယူ ရှင်းပြလေသည် “အစ်မတို့ ပြောနိုင်လား အဲဒီမှာဘာတွေဖြစ်နေတာလဲ”
ဟန့်မြောင်ရွှမ်နှင့် စူးရှောင်ရှောင်တို့ကြည့်လိုက်ရာ ခေါင်းရမ်းပြီး ပြော လိုက်သည် “အရင်ကတစ်ခါမှမမြင်ဖူးဘူး၊ လေ့လာကြည့်မှရမယ်၊ ဒါဘယ်က လာတာလဲ”
“ဒါရိုက်တာမုန့်ပြောတာတော့ တိမ်တိုက်ပင်လယ်မြို့နားက ဆေးလို့ ပြောတယ်” ရှီမာယူယူ ပြောလေသည် “ဆေးပင်တွေတင်မကဘူး ဝိညာဉ် သားရဲတွေကိုလည်း သက်ရောက်တယ်တဲ့”
“တိမ်တိုက်ပင်လယ်မြို့လား အဂ္ဂိရတ်ပြိုင်ပွဲကျင်းပတဲ့နေရာလေ” စူးရှောင်ရှောင် ခန့်မှန်းလေသည်။
“ကျွန်တော်လည်းမသိဘူး အဂ္ဂိရန်ပညာရှင်အသင်းနဲ့ ဆေးအဖွဲ့ခွဲက အကူအညီမဲ့နေတယ်လို့ကြားတယ်၊ ပြီးတော့ ဒီအခြေအနေကိုရှင်းဖို့အတွက် အင်အားကြီးတွေ စုပြီးဆွေးနွေးနေကြတယ်၊ ဒါကြောင့်ပဲ ကျွန်တော်တို့ကို ကြိုပြီးသွားစေချင်နေကြတာ”
“ဒါကို တကယ်ပဲတိမ်တိုက်ပင်လယ်မြို့နားမှာတွေ့တယ်ဆိုရင် အဂ္ဂိရတ်ပြိုင်ပွဲကို အနှောင့်အယှက်ဖြစ်နိုင်တယ်” ဟန့်မြောင်ရွှမ် ပြောလေ သည်။
“ဂျူနီယာညီလေး မင်းဘာတွေ့ထားလဲ” စူးရှောင်ရှောင်မေးလေသည်။
ရှီမာယူယူသည် ပခုံးတွန့်ကာ ပြောလေသည် “မသိဘူး၊ နတ်ဆိုးလောကနဲ့ တစ္ဆေလောကကလူတွေက ဒီလိုမျိုးဖြစ်အောင်လုပ်နိုင် တယ် အဆိပ်ရောပဲ”
စူးရှောင်ရှောင်သည် အရွက်ကိုဆိတ်ကြည့်ရာ အထဲတွင်လည်း အနက်ရောင်ဖြစ်နေသည်ကိုတွေ့လိုက်သဖြင့် ပြောလေသည် “ကြည့်ရတာ အပြင်ပိုင်းတင်မဟုတ်ဘူး အထဲလည်းအနက်ဖြစ်နေတယ်၊ ဆိုလိုတာက ဒါက ကူးစက်တတ်တာပဲ”
“ဒါဆိုရင် ဒါဘာလဲဆိုတာလေ့လာရမယ်” ဟန့်မြောင်ရွှမ် ဆက်ပြော လေသည် “ဂျူနီယာမောင်လေး ငါတို့နဲ့ပါမလား”
“ကျွန်တော် လွတ်တော့မယ်ထင်တယ် ကျွန်တော် မနက်ဖြန်စောစော သွားရမယ် ရှင်းစရာလေးတွေရှိလို့” ရှီမာယူယူ ဆင်ခြေပေးလိုက်သည်။
“ကောင်းပြီ ရှောင်ရှောင် သွားမယ် လေ့လာကြမယ်” ဟန့်မြောင်ရွှမ် သည် ဆေးဖော်သည့်အခန်းသို့သွားရင်း စူးရှောင်ရှောင်ကို ပြောလိုက်သည်။
“ယူယူ ရှောင်ချီတို့ ဘယ်သွားကြမှာလဲ” ရှောင်ချီ မေးလိုက်သည်။
“ဝိညာဉ်စေတီ…”
ဝိညာဉ်လေးသည် ရှီမာယူယူကိုင်ထားသည့်အရာကိုကြည့်ပြီး မှင်တက် နေလေသည်။ ခဏကြာမှပင် သူအသံထွက်လာသည် “သခင် ဒါကတကယ် ပဲ… အံ့ဖွယ်အရွတ်လား”
“ဟုတ်တယ်” ရှီမာယူယူ ပြန်ဖြေလေသည် “စီနီယာအစ်ကိုငါ့ကို အရင်တစ်ခေါက်က လက်ဆောင်ပေးခဲ့တာ၊ ငါအလုပ်များပြီးမေ့နေတာ အခု သွားစိုက်ရအောင်”
ပြောပြီးသည်နှင့် သူမသည် ထိုအနီရောင်ကျောက်ကိုခွဲမည်ပြုသည်။
“မလုပ်နဲ့” ဝိညာဉ်လေး အော်လေသည်။
“ဘာလို့မလုပ်ခိုင်းတာလဲ” ရှီမာယူယူသည် သိချင်စိတ်ဖြင့် သူ့ကို ကြည့်လိုက်သည်။
“မလှုပ်နဲ့ အဲဒါကို ငါ့ကိုပေး မထိနဲ့” ဝိညာဉ်လေး အော်ရင်းနှင့် ပြေးလာ ပြီး ကျောက်ကိုလုယူကာ ရှီမာယူယူ သူ့ဆီမှလုယူသွားမည်ကို စိုးရိမ်ကာ သတိနှင့်ကြည့်လေသည်။
“အာ.. ဘာလုပ်မလုပ်လို့ အဲလောက်တုန့်ပြန်မှုကြီးတာ” ရှီမာယူယူ သည် သူ့ကို သိချင်စိတ်ဖြင့်ကြည့်လိုက်သည်။
ဝိညာဉ်လေးသည် အံ့ဖွယ်အရွတ်ကိုကာကွယ်ရင်း သူမကို ဝေ့ပြရင်း ပြောလေသည် “ဒါငါ့ကိုပေး ယူယူကကြမ်းတယ် ဖျက်ဆီးမိလိမ့်မယ် ဒါကို နောက်တစ်ခါ စိတ်ပူစရာမလိုတော့ဘူး”
***