တိမ်ပင်လယ်မြို့သို့ထွက်ခွာခြင်း
Vol. 010 Ch. 970
ရှီမာယူယူ ဆွံ့အသွားသည်။ ဒီကောင်လေး လုပ်လိုက်တာ ဘယ်လို တုန့်ပြန်ချက်လဲ။
သူမကိုယ်တိုင်ကကိုယ် ဆေးပစ္စည်းနဲ့ပတ်သတ်ရင် တက်ကြွနေတာကို သူမကို ကြမ်းတမ်းတယ်လို့ပြောတယ်ပေါ့။
သူ့မျက်နှာမှစိုးရိမ်မှုကိုကြည့်ပြီးနောက် သူမ ပြန်မလုတော့ပေ။
“ဒါကိုဘယ်လိုစိုက်ရမလဲဆိုတာသိလား”
“သခင်သိတာထက်ပိုသိတာပေါ့” ဝိညာဉ်လေး သေချာပြောလေသည် “ဒါကို စိတ်ပူဖို့မလိုပါဘူး ငါ့ကိုသာအပ်ထားလိုက်”
“ဒါဘယ်မှာသုံးမလဲဆိုတာ သိလား”
“သိတယ် သခင့်အဒေါ်ကိုကုဖို့အတွက်လေ” ဝိညာဉ်လေးဆက်ပြော လေသည် “စိတ်ချပါ ငါ့ကိုသာအပ်ထားလိုက် ဘာပြဿနာမှမဖြစ်စေရဘူး သခင့်ရဲ့ကိစ္စနဲ့ မနောက်ဘူး”
သူ နောက်နေသည့်ပုံမပေါက်သဖြင့် ရှီမာယူယူခေါင်းညိတ်ကာ ပြော လေသည် “ဒါဆိုရင် မင်းကိုပဲအပ်ထားလိုက်မယ် သေချာလေးစိုက်”
“သိပြီ” ဝိညာဉ်လေးဖြေပြီးနောက်တွင် လက်စွပ်ကိုယူကာထွက်သွား လေသည်။
“ဟေး ငါ့လက်စွပ်” ထိုအခါမှပင် ဝိညာဉ်လေးသည် လက်စွပ်ကိုပါ တစ်ပါတည်းယူသွားသည်ကို ရှီမာယူယူ အမှတ်ရလိုက်သည်။
“နောက်တစ်ခါမှပြန်ပေးမယ်” ဝိညာဉ်လေးသည် မျက်နှာမပြပဲ အသံပဲ ပဲ့တင်ထွက်လာသည်။
ထွက်သွားရန်စောနေသဖြင့် သူမသည် ဆေးဖော်သည့်အခန်းသို့လာ ကာ ၂ရက်ကြာဆေးဖော်နေလိုက်သည်။
သူမသည် ပြီးခဲ့သည့်၂နှစ်အတွင်းတွင် အလုပ်များနေခဲ့သဖြင့် လိုအပ် သည့်ဆေးမှလွဲပြီး တခြားဆေးများကိုလေ့ကျင့်ရန်အချိန်မရှိခဲ့ပေ။ ထို့ကြောင့် အဆင့်၈ဆေးကို မတိုးတက်ခဲ့ပေ။ ကောင်းသည်မှာ သူမသည် အခြေခံ ကောင်းသဖြင့် ပြီးခဲ့သည့်၂နှစ်တွင် လစ်ဟာသည့်နေရာမရှိခဲ့ပေ။
နောက်နေ့မနက်တွင် သူမသည် ဝိညာဉ်စေတီမှထွက်လာချိန်တွင် စူးရှောင်ရှောင်နှင့် ဟန့်မြောင်ရွှမ်တို့ ဆေးဖော်သည့်အခန်းမှထွက်လာသည် နှင့်တွေ့လေသည်။
“စီနီယာအစ်ကို စီနီယာအစ်မ လေ့လာတာဘယ်လိုနေလဲ”
“ပင်မအကြောင်းအရင်းကိုရှာမတွေ့ဘူး” ဟန့်မြောင်ရွှမ် ဆက်ပြော လေသည် “ဘာလဲဆိုတာ တကယ်ပဲရှာမရဘူး”
“အဂ္ဂိရတ်ပညာရှင်အသင်းနဲ့ ဆေးအဖွဲ့ခွဲကလူတွေတောင် ဘာလဲဆို တာ ရှာမတွေ့ဘူး၊ အစ်မတို့က တစ်ညတည်းနဲ့ကို ဘာမှရှာမတွေ့တာ သဘာဝပါပဲ၊ စိတ်ဓာတ်မကျပါနဲ့” ရှီမာယူယူ သူတို့ကို နှစ်သိမ့်လေသည်။
“ဘာအဖြေမှထွက်မလာဘူးဆိုတာသိလို့ မလိုက်ခဲ့တာလား” ဟန့်မြောင်ရွှမ်သည် စဉ်းစားပြီးနောက် မေးလိုက်သည်။
ရှီမာယူယူသည် ဘာမှမပြောပဲ ဝန်ခံသည့်အနေနှင့် ပြုံးလိုက်သည်။
“ဝါး ကောင်းလိုက်တာ ဘာအဖြေမှမထွက်ဘူးဆိုတာသိရဲ့သားနဲ့ တောင် ငါတို့ကို သွားခိုင်းသေးတယ်” ဟန့်မြောင်ရွှမ်သည် သူမကို မကျေနပ် စွာကြည့်လေသည်။
“အဲတုန်းက အစ်မတို့နှစ်ယောက်လုံး စိတ်လှုပ်ရှားနေကြတာလေ ကျွန်တော်ပြောရင်တောင် ကျွန်တော့်စကားကိုနားထောင်မှာမဟုတ်ဘူး” ရှီမာယူယူ ဆက်ပြောလေသည် “ကျွန်တော့်လေကိုဘာလို့အကုန်ခံမှာလဲ”
“…..”
“မင်းအလုပ်တွေရောဘယ်လိုနေလဲ” စူးရှောင်ရှောင်သည် နဂါးမုတ်ဆိတ်မြက်ပင်ထည့်ထားသော သေတ္တာကို သူမကိုပေးရင်း မေးလေ သည်။
“ကိစ္စသေးလေးတစ်ခုပါ ဖြေရှင်းပြီးသွားပြီ” ရှီမာယူယူ ပြန်ဖြေလေ သည် “ရှင်းပြီးတော့ ဒါရိုက်တာမုန့်ကိုသွားရှာကြမယ်လေ”
“အင်း”
သူတို့ ခြံဝန်းကနေထွက်ပြီးနောက် ရှီမာယူယူသည် ခြံဝန်းကို ကာကွယ် ရန် ဝိညာဉ်အတားအဆီးကို လုပ်ခဲ့လေသည်။ အပြင်လူများထိုနေရာသို့ ရောက်မလာနိုင်တော့ပေ။
သူတို့သည် မုန့်ဆန်းချွယ်၏ ရုံးခန်းသို့လာလိုက်သည်။ မုန့်ဆန်းချွယ်နှင့် ဖန်လိုင်အပြင် တခြားဆရာများနှင့် ကျောင်းသားတချို့လည်းရှိနေကြသည်။
သူတို့ဝင်ပြီးနောက်တွင် မုန့်ဆန်းချွယ် ပြောလိုက်သည် “အခုအားလုံး ရောက်ပြီဆိုတော့ သွားကြမယ် လောင်ဖန် ဂိုဏ်းကို မင်းကိုအပ်ခဲ့မယ်”
ဖန်လိုင် ခေါင်းညိတ်လေသည်။
မုန့်ဆန်းချွယ်သည် လေဟာပြင်ဝင်ပေါက်ဖွင့်ရာ ကျောင်းသားအားလုံး ကိုအရင်ဝင်ခိုင်းလေသည်။ ရှီမာယူယူနှင့် တခြားသူများသည် နောက်ကျနေ သဖြင့် နောက်မှလိုက်ကြလေသည်။
ဖန်လိုင်သည် အရှေ့သို့လျှောက်လာပြီး အမိန့်ပေးလေသည် “မင်းတို့ သုံးယောက် တိမ်တိုက်ကောင်းကင်မြို့က ကိစ္စတွေအတွက် စိတ်ကိုပြင်ဆင် ထားရမယ်၊ တကယ်လို့ အန္တရာယ်ရှိလာရင် အလောတကြီးမလုပ်နဲ့ အကုန် လုံးရဲ့ နောက်ကနေပဲလိုက်၊ အဲဒီက အဘိုးကြီးတွေအကုန်လုပ်လိမ့်မယ်၊ ရှောင်ချီ မင်းလည်း ဂရုစိုက်ရမယ် မင်းရဲ့သရုပ်မှန်ကို တခြားသူတွေကို မသိ စေနဲ့”
“ဟုတ်ကဲ့ပါ ကျောင်းအုပ်ဖန် ကျွန်တော်တို့မှတ်ထားပါ့မယ်” ရှီမာယူယူ မှတ်သားလေသည်။ တစ်စုံတစ်ရာဖြစ်လာပါက သူတို့ အလောတကြီး လုပ် မည်မဟုတ်ပေ။
“သွားတော့”
တခြားသူများသည် သွားနှင့်နေပြီ။ မုန့်ဆန်းချွယ်တို့သွားပြီးနောက်တွင် ရှီမာယူယူနှင့် တခြားသူများတို့သည် လေဟာပြင်ဝင်ပေါက်သို့ဝင်သွားလေ သည်။
“ကျောင်းသားတွေကို သေချာဂရုစိုက် သူတို့က အဂ္ဂိရတ်ပညာရဲ့ လက်ရွေးစင်ပဲ” ဖန်လိုင်သည် မုန့်ဆန်းချွယ်ကို ပြောလေသည်။
“သိပြီ” မုန့်ဆန်းချွယ် တုန့်ပြန်ပြိးနောက် လှည့်ထွက်ကာ လေဟာပြင် ဝင်ပေါက်သို့သွားလေသည်။ သူတို့ဝင်ပြီးနောက်တွင် ဝင်ပေါက်သည် တဖြည်းဖြည်းပိတ်လေသည်။
မုန့်ဆန်းချွယ်၏ စိတ်နှင့် တစ်ခုခုဖြစ်မည်ကို ဖန်လိုင် စိတ်ပူနေလေ သည်။ သို့သော် ဂိုဏ်းကိစ္စများကိုစီစဉ်ရန် သူနေခဲ့ရန်လိုအပ်သည်။ ယွမ်ရှောင်ဂျီနှင့် တခြားသူများပြန်မရောက်သေးသဖြင့် သူ့ကိုဦးဆောင်ခိုင်း ရန်သာရှိလေသည်။
“လောင်မုန့် စစ်တဲ့နေရာမှာ စိတ်ကိုထိန်းမှဖြစ်မယ်” သူ သက်ပြင်းချ ကာ တံခါးဆီသို့လျှောက်ထွက်ခဲ့သည်။
ရှီမာယူယူတို့ လေဟာပြင်မှထွက်လိုက်ချိန်တွင် အေးစက်သော ကွင်းပြင်သို့ရောက်လေသည်။
“ဒါကတိမ်ပင်လယ်မြို့လား” လူတစ်ယောက်မေးလေသည်။
“မဟုတ်ဘူး” ဆရာတစ်ယောက်သည် ခေါင်းရမ်းပြီးပြောလေသည် “ဒီ ရေခဲကွင်ပြင်က တိမ်ပင်လယ်မြို့ရဲ့ တောင်ပိုင်းမှာပဲ”
“ဒါဆိုရင် တိမ်ပင်လယ်မြို့ကို ဘယ်နေရာကဝင်ရမှာလဲ အခုက အကြာကြီး လည်နေသလိုပဲ”
“ဟုတ်တယ် တိမ်ပင်လယ်မြို့မှာ မြေပုံမရှိဘူး ဘယ်နေရာလဲဆို တာ မသိရဘူး”
“သိလည်းဘာအရေးလဲ” ဆရာတစ်ယောက် အပြစ်တင်လေသည် “အချိန်ရောက်လာရင်သိလာလိမ့်မယ်”
ထိုကျောင်းသားနှစ်ယောက်သည် စကားပြောရင်းနှင့် အပြစ်တင်ခံ လိုက်ရသဖြင့် ရှက်သွားကာ ခေါင်းငုံ့သွားလေသည်။
ရှီမာယူယူ စဉ်းစားကြည့်ရာ သူတို့သွားနေသည့်အချိန်အရ ထိုနေရာနှင့် ဂိုဏ်း၏အကွာအဝေးမှာ အနည်းဆုံး ကီလိုမီတာသန်းချီရှိသည်။ ထိုနေရာ သည် မည်သည့်နေရာဖြစ်သည်ကိုပင် သူတို့မသိကြပေ။
“ဒါရိုက်တာမုန့် ဒီ်နေရာက အခင်းဖြစ်တဲ့နေရာလား” ဆရာတစ်ယောက် မေးလေသည်။
“မဟုတ်ဘူး ငါတို့ တိမ်ပင်လယ်မြို့ကိုအရင်သွားရမယ်” မုန့်ဆန်းချွယ် သည် သားရဲပျံတစ်ကောင်ကိုဆင့်ခေါ်ရာ အားလုံးတက်လိုက် ကြသည်။
လိုက်လာကြသော ထိုကျောင်းသားများသည် အဖြစ်အပျက်ကိုမသိ သေ်ာလည်း ဆရာများ လေးနက်နေသည်ကိုကြည့်ပြီး မတတ်သာပဲ မေးကြ လေသည် “ဆရာဝေ့ ခုနကပြောတဲ့အခင်းဆိုတာ ဘာလဲ၊ အဲဒါကြောင့် ကျွန်တော်တို့က ကြိုလာရတာလား”
ဆရာဝေ့ဆိုသည်မှာ ဝေ့ကျန်းဖြစ်ပြီး အဂ္ဂိရတ်ပညာရှင်အသင်းတွင် ဂုဏ်သတင်းမြင့်သော သူတစ်ယောက်ဖြစ်သည်။ သူ၏ရာထူးနှင့် စွမ်းအား သည် ရှုဂျင်းထက် အနည်းငယ်ပင်နိမ့်သည်။
သူသည် မုန့်ဆန်းချွယ်ကိုကြည့်လိုက်သည်။ သူဘာမှ အချက်မပြသဖြင့် သူသည် ကျောင်းသားတချို့ကိုပြောပြလိုက်သည် “တိမ်ပင်လယ်မြို့မှာ တစ်ခုခုတော့ဖြစ်နေပြီ၊ အဲနားမှာပေါက်တဲ့အပင်တွေက အနက်တွေဖြစ်နေပြီး ဝိညာဉ်သားရဲတွေက စိတ်ဖောက်လာကြတယ်၊ အဂ္ဂိရတ်ပြိုင်ပွဲကို ပစ်မှတ် ထားတာလားဆိုတာ မသိသေးဘူး၊ ဒါပေမဲ့ အဂ္ဂိရတ်ပညာရှင်အဆင်းက ဒီ ပြဿနာကိုရှင်းဖို့ ငါတို့ကို ကြိုလာခိုင်းတာ….”
အားလုံးသည် တိတ်ကာ ဝေ့ကျန်းပြောသည်ကို နားထောင်နေကြ သည်။ ထို့နောက်တွင် အားလုံးသည် ခေါင်းငုံ့ကာ စဉ်းစားကြလေသည်။
အဂ္ဂိရတ်ပညာရှင်အသင်းတောင်မှ ရှာမတွေ့ဘူးလား။ သူတို့ကို ဒီကို ခေါ်လာတာ ဘာအသုံးဝင်မှာလဲ။
“ဒါရိုက်တာမုန့် တစ်ခုခုရှိနေသလိုခံစားရတယ်” ကျောင်းသားတစ် ယောက်မှတ်ချက်ပေးလေသည် “အဂ္ဂိရတ်ပညာရှင်အသင်းနဲ့ ဆေးအဖွဲ့ခွဲတို့ တောင် မဖြေရှင်းနိုင်တာကို ကျွန်တော်တို့က ဘာလို့ဒီကိုရောက်လာရတာလဲ”
“သံသယဝင်စရာတော့ရှိတယ် ဒါပေမဲ့ ငါတို့ဒီကိုမလာရင် တကယ့် အခြေအနေကို မသိနိုင်ဘူးလေ” မုန့်ဆန်းချွယ် ပြောလေသည်။
“ဒါဆိုရင် တစ်ယောက်ယောက်ကများ အဂ္ဂိရတ်ပညာရှင်အသင်း ယောင်ဆောင်ပြီး ကျွန်မတို့ကို စကားပါးလိုက်တာများဖြစ်နိုင်မလား” ဟန့်မြောင်ရွှမ် မေးလိုက်သည်။
“ငါတို့ကို သတင်းလာပေးတဲ့သူကိုငါသိတယ် သူက အဂ္ဂိရတ်ပညာရှင် အသင်းကပဲ” မုန့်ဆန်းချွယ် ဆက်ပြောလေသည် “သူက အဆောင်တော် ခေါင်းဆောင်လက်ထောက်ဆီက တိုက်ရိုက်အမိန့်ရတာ တခြားသူဆီက လာဘ်စားမှာလည်းမဟုတ်ဘူး”
“သူက တခြားသူဆီကလာဘ်စားမှာမဟုတ်ပေမဲ့လည်း အဆောင်တော် ခေါင်းဆောင်လက်ထောက်ကလာဘ်စားမယ်ဆိုတာ ဘယ်သူသိနိုင်မလဲ” ရှောင်ချီ မှတ်ချက်ပေးလေသည်။ အားလုံး သူမကိုကြည့်သည်ကိုမြင်သော အခါ ပါးမို့တက်အောင်ရယ်ပြီး ပြောလိုက်သည် “ဒီအတိုင်းပဲမှန်းလိုက်တာပါ”
“ဘယ်လိုအခြေအနေလဲဆိုတာ ကြည့်ပြီးရင်သိလိမ့်မယ်” ဝေ့ကျန်း ပြောလေသည်။
“တိမ်ပင်လယ်မြို့ကိုရောက်ဖို့ ဘယ်လောက်ကြာဦးမှာလဲ”
“ဒီရေခဲပြင်ကိုဖြတ်ပြီးရင်”
၃ရက်ကြာပြီးနောက်တွင် သူတို့သည် ရေခဲပြင်မှထွက်ကာ တိမ်တိုက် များပေါ်တွင်ရှိနေသော မြို့ကိုမြင်ရလေသည်။
***