တိမ်ပင်လယ်မြို့မှ မငြိမ်သက်မှု
Vol. 010 Ch. 971
“တိမ်တွေပေါ်ကမြို့….” ကျောင်းသားများသည် အံ့အားသင့်ကြလေ သည်။
“အဲဒါ တိမ်တွေပေါ်ကမြို့မဟုတ်ဘူး” ရှောင်ချီပြောလေသည် “တောင် ပေါ်ကမြို့ပဲ ဘယ်လိုလုပ်တိမ်တွေပေါ်မှာဖြစ်ရမှာလဲ”
“တောင်တွေပေါ်လား တောင်ပေါ်မှာမြို့ဆောက်လို့ရလို့လား အဲဒါ မြို့ နော် အိမ်မဟုတ်ဘူး၊ မျိုးနွယ်တစ်ခုရဲ့ ခြံလည်းမဟုတ်ဘူး” လူတစ်ယောက် က ငြင်းဆန်လေသည်။
“ဟင်း ယုံတာ မယုံတာ သဘောပဲ” ရှောင်ချီသည် သူတို့နှင့် ငြင်းခုံလို ခြင်းမရှိတော့ပေ။
သူမ မျက်လုံးထဲတွင် ထိုလူများသည် ပုရွက်ဆိတ်သာသာရှိသည်။ သူတို့နှင့် ဟောင်ရန်မလိုပေ။
ထိုသူများသည် ရှောင်ချီ၏ သဘောထားကိုမြင်သောအခါ ဘာမှထပ် မပြောရဲတော့ပေ။ ထို့အပြင် သူတို့သည် သူမ၏ တိုက်ပွဲစွမ်းရည်ကို ပြိုင်ပွဲတွင် တွေ့ပြီးဖြစ်သဖြင့် သူမကို ရန်မစချင်ကြပေ။ သူတို့ကို ထိုးရန် သူမကို တောင်းဆိုသလိုဖြစ်နေလိမ့်မည်။
“တိမ်ပင်လယ်မြို့ကတကယ်ပဲ တောင်ပေါ်မှာရှိတာပဲ” ဝေ့ကျန်း ဆက်ပြောလေသည် “တကယ်တော့ တောင်လို့ခေါ်မရပါဘူး ကုန်းမြင့်တစ်ခု ပဲ ပင်လယ်ရေပြင်အထက်မှာရှိပြီး တိမ်တွေနဲ့ပတ်လည်ဝိုင်းနေတော့ တိမ်ပေါ် မှာဆောက်ထားတယ်လို့ထင်ရတာ အဲဒါကြောင့် တိမ်ပင်လယ်မြို့လို့ခေါ်တာ”
“သြော်”
“ဒီက အလယ်ပိုင်းဒေသကပိုင်တာမဟုတ်ဘူးမလား” ရှီမာယူယူ မေးခွန်းထုတ်လေသည်။
တခြားတစ်ယောက်သာဆိုလျှင် မုန့်ဆန်းချွယ်သည် မျက်လုံးလှန်မိမည် ဖြစ်သည်။ သို့သော် သူမ မေးလာသည်ဖြစ်သဖြင့် သူ တိုးညင်းစွာဖြေလေ သည် “အင်း”
“ဒါပေမဲ့ ဒါကိုအတွင်းပိုင်းဒေသထဲသွင်းလို့လည်းမရဘူး” ရှောင်ချီ ပြော လေသည်။
“မင်းအတွင်းပိုင်းဒေသတွေကိုရောက်ဖူးလား” ရှီမာယူယူသည် ရယ်မောရင်း မေးလေသည်။
“အရင်ကတော့ ရောက်ဖူးရင်ရောက်ဖူးမှာ မမှတ်မိတော့ဘူး” ရှောင်ချီ ပြန်ဖြေလေသည်။
တခြားကျောင်းသားများသည် ရှောင်ချီကိုကြည့်ရုံသာတတ်နိုင်ကြကာ သူမ၏ သရုပ်မှန်ကိုသိချင်နေကြသည်။ သူမသည် သွေးသားမြင့်မြတ်သည့် အံ့ဖွယ်အဆင့်ဝိညာဉ်သားရဲမျိုးနွယ်မှဖြစ်ရမည်ဟု အားလုံးခန့်မှန်းကြသည်။
“အတွင်းပိုင်းဒေသရော အပြင်ပိုင်းဒေသမှာရော မပါဘူး၊ တိမ်ပင်လယ် မြို့က လွတ်လပ်တဲ့မြို့တစ်မြို့ပဲ” ရှီမာယူယူ ခန့်မှန်းလေသည် “အဲဒီမှာ ဘယ်လိုကျွမ်းကျင်သူကိုများတွေ့မလဲမသိဘူး”
“အဲဒီမှာ အတွင်းပိုင်းဒေသကလူတွေလည်းလာမယ်လို့ ကြားတယ်” ဟန့်မြောင်ရွှမ် ဆက်ပြောလေသည် “မင်းကို အံ့သြသွားစေလောက်မဲ့ လူနဲ့ တွေ့ရင်တွေ့နိုင်တယ်”
“ကျွန်တော့်ကိုအံ့သြစေလောက်မဲ့သူလား” ရှီမာယူယူသည် သူမကို အံ့သြစေလောက်မည့်သူကို သိချင်သဖြင့် မှင်တက်လေသည်။
“ငါမှန်းမိတာပါ” ဟန့်မြောင်ရွှမ် ဆက်ပြောလေသည် “အတွင်းပိုင်း ဒေသကကျွမ်းကျင်သူတွေလည်းလာမယ်လို့ ကြားတယ်၊ ကျွမ်းကျင်သူနဲ့ ကျွမ်းကျင်သူ… ဘယ်လိုခံစားရမလဲသိချင်လိုက်တာ”
“စီနီယာအစ်ကိုကြည့်သလို ခံစားချက်မျိုးပဲ”
“ဟင်း သူ့ကိုကြည့်တာဘယ်လိုခံစားချက်လဲ၊ ငါကတော့ မင်းနဲ့ တိုက်မဲ့ အဲဒီကျွမ်းကျင်သူတွေကို ကြည့်ဖို့ပဲမျှော်နေတယ်” ဟန့်မြောင်ရွှမ် ငြင်းဆန် လေသည်။
ဘယ်သူသိမလဲ… အဲဒီကျွမ်းကျင်သူတချို့က ရှီမာယူယူကိုမြင်ရင် လာ ရင်လာနိုင်တာပဲ။ ဘယ်လိုမြင်ကွင်းဖြစ်မလဲဆိုတာကို သူမ သိချင်နေပြီ။
“ပြိုင်ပွဲမတိုင်ခင်က အဖြစ်အပျက်တွေကိုစဉ်းစားတာကောင်းမယ်ထင် တယ်” စူးရှောင်ရှောင်ပြောလေသည်။
“ကျောင်းအုပ်ဖန် ပြောတာမှန်တယ်၊ ဘာပဲဖြစ်ဖြစ် ထိပ်ပိုင်းကလူကြီး တွေစီစဉ်လိမ့်မယ် ကျွန်တော်တို့စိတ်ပူစရာမလိုဘူး” ရှီမာယူယူ ဆက်ပြော လေသည် “ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုကာကွယ်ရုံပဲ”
“ဟုတ်တယ်” ဟန့်မြောင်ရွှမ် ထပ်ပေါင်းပြောလေသည် “ဆေးအဖွဲ့ခွဲက လူတွေက ဘယ်လိုလဲဆိုတာ ငါတို့အကုန်သိနေကြတာပဲ အဲဒါကို ဂရုစိုက်ဖို့ မလိုပါဘူး”
“မြို့အဝင်ဂိတ်ကိုရောက်ပြီ စကားမများကြနဲ့တော့” ဝေ့ကျန်း သတိပေး လေသည်။
ရှီမာယူယူသည် ဝေ့ကျန်းသတိကပ်ထားသည်ကို တွေ့လိုက်ရသည်။ ကြည့်ရသည်မှာ ဆေးအဖွဲ့ခွဲတွင် ဂိုဏ်း၏ရာထူးမှာ မမြင့်သည့်ပုံပင်။
ဖြစ်နိုင်သည်မှာ ဆေးအဖွဲ့ခွဲနှင့် အဂ္ဂိရတ်ပညာရှင်အသင်းတို့သည် ဆေးဖော်သည့်ရလဒ်ကိုပဲ လိုချင်သည့်ပုံပင်။ တိုင်းပြည်တွင် သူတို့၏ အင်ပါယာကျောင်းတော်သည် မြင့်သော်လည်း ထိုနေရာတွင် သူတို့ရာထူးမှာ မြင့်သည်ဟု မဆိုနိုင်ပေ။
တိမ်များကိုဖြတ်ပျံပြီးနောက် သူတို့သည် မြို့တံတိုင်းသို့လာရာ မြို့တံတိုင်းမှ အစောင့်များသည် သူတို့ကိုမြင်သောအခါ အေးစက်စွာပြော လေသည် “ဖိတ်စာကတ်”
မုန့်ဆန်းချွယ်သည် ဖိတ်စာကတ်ပေးလိုက်ရာ ဖွင့်ကြည့်လေသည်။ အထဲမှ အနီရောင်အလင်းတန်းထွက်လာပြီး ကောင်းကင်တွင် မီးပုံပုံသဏ္ဍာန် ပေါ်လေသည်။
“ဖိတ်စာကအစစ်ပဲ မြို့တံခါးကိုဖွင့်လိုက်”
ထိုလူပြောပြီးသည်နှင့် အောက်မှ မြို့တံခါးပွင့်လေသည်။
မုန့်ဆန်းချွယ်သည် ဖိတ်စာကိုသိမ်းပြီး အားလုံးကို ခေါ်ကာဝင်သွား လိုက်သည်။
မြို့တံခါးမှဝင်ပြီးနောက်တွင် ရှီမာယူယူသည် ဟန့်မြောင်ရွှမ်အား တီးတိုးမေးလေသည် “စီနီယာအစ်မ ဒီကိုလာဖို့ ဘာလို့ဖိတ်စာလိုတာလဲ”
“ဒီပြိုင်ပွဲက အရေးကြီးလို့ လာချင်တဲ့သူတိုင်းလာလို့မရဘူး၊ ဒီကိုလာဖို့ အတွက် အဂ္ဂိရတ်ပညာရှင်အသင်းက ဖိတ်စာရှိမှလာလို့ရမှာ” ဟန့်မြောင်ရွှမ် ရှင်းပြလေသည်။
“အဲလိုရှိမှန်းမသိဘူးပဲ” ကျောင်းသားတစ်ယောက်သည် ကြားလိုက်ရာ ညင်သာစွာ ပြောလေသည်။
“အမြဲတမ်းဒီလို သက်သေပြရမှာလား”
“အရင်တစ်ခေါက်ကတော့ ဒီလိုမဟုတ်ဘူး တစ်ခုခုဖြစ်လို့နေမှာ” ဟန့်မြောင်ရွှမ် ရှင်းပြလေသည်။
မကြာခင်တွင် သူတို့အကြောင်းအရင်းကိုသိလာလိမ့်မည်။
သူတို့ နေထိုင်ရမည့်နေရာရောက်သောအခါ ဧည့်ခန်းမတွင် တိမ်ပင်လယ်မြို့မှ လူများ မှတစ်ဆင့် အဖြစ်အပျက်များကိုကြားရလေသည်။
“မင်းတို့က မှန်းထားတာပဲရှိတယ် အဂ္ဂိရတ်ပညာရှင်အသင်းကနေ ထိပ်တန်းအဆင့်ဗုဒ္ဓမှိုကိုခိုးတဲ့တစ်ယောက်က မြို့ထဲမှာပဲရှိသေးတာလား”
“မရှိတော့ဘူးထင်တယ်၊ အဲဒီရတနာကိုငါသာရရင် ထွက်ပြေးတာကြာ ပေါ့”
“ဒါပေမဲ့ အဲဒီမှိုမရှိတော့ဘူးဆိုတာသိသိချင်း မြို့တံခါးကိုပိတ်လိုက်တာ မဟုတ်ဘူးလား၊ ဒီကိစ္စကိုဖြေရှင်းဖို့သွားတဲ့သူကလွဲရင် ဘယ်သူမှ မြို့ထဲက ထွက်လို့မရဘူး”
“အဲလူက ဝင်ဖို့ကိုဖိတ်စာအတုသုံးလာတာ၊ သူအဖွဲ့ထဲမှာရောဝင်ပြီး ထွက်သွားလောက်ပြီ”
“မင်းအဲဒါကိုတောင်သိတာလား”
“ဒါပေါ့ မမေ့နဲ့လေ၊ ငါ့ညီလေးက မြို့ရဲ့အစောင့်ပဲလေ၊ သူကဒီရက်ပိုင်း မှာ တာဝန်ကျတာ သူပြန်လာတော့ ငါ့ကိုပြောသွားတာ”
“ဆိုလိုတာက အဲလူက တိမ်ပင်လယ်မြို့မှာပဲရှိသေးတယ်ပေါ့၊ ငါတို့သာ သူ့ကိုဖမ်းနိုင်ရင် အဂ္ဂိရတ်ပညာရှင်အသင်းက ဆုရနိုင်တယ်”
“ဟီးဟီး ဘယ်သူလဲဆိုတာတောင် မသိပဲနဲ့ မင်းကရဲလိုက်တာ”
“မင်းတို့ကတုံးတာ ဘယ်သူခိုးတာလဲဆိုတာသိရင် သူ့ကိုသေချာပေါက် သတ်ပစ်ပြီးတော့ ဗုဒ္ဓမှိုကိုလုယူမှာပဲ”
“ဟီးဟီး မင်းသာလုယူရဲရင် အဂ္ဂိရတ်ပညာရှင်အသင်းကိုမင်းကို တစ်စစီ ဆွဲဖြဲပစ်မှာပဲ”
“အသင်းကမသိအောင် ခိုးမှာပေါ့”
“မင်းမသိသေးလို့ ဗုဒ္ဓမှိုရဲ့ အနံ့ကဖုံးလို့မလွယ်ဘူး ထူးခြားတဲ့နည်းလမ်း နဲ့ဖုံးမှရမယ်၊ မဟုတ်ရင် မှော်ဝင်လက်စွပ်ထဲထည့်ထားရင်တောင် အနံ့က ထွက်တယ်၊ အဲအချိန်ကျရင် ဖုံးကွယ်ဖို့နည်းလမ်းမရှိတော့ဘူး”
ရှီမာယူယူသည် ဗုဒ္ဓမှိုအကြောင်းကြားသောအခါ အမူအရာပြောင်းသွား လေသည်။ ထိုအရာသည် ကောင်းမွန်သောပစ္စည်းဖြစ်သည်။ ဆေးပစ္စည်း လောကတွင် တန်ဖိုးအကြီးဆုံးရတနာတစ်ပါးဖြစ်ကာ သေရာမှပြန်ရှင်နိုင် သော ရွှေမြွှေအသီးထက်ပိုကောင်းသော ဆေးဖက်ဝင်ပစ္စည်းတစ်ခုဖြစ်သည်။
သူမ လက်ထဲသာရောက်လာလို့ကတော့ ဟီးဟီး…
“အခု အဂ္ဂိရတ်ပညာရှင်အသင်းကပြဿနာတက်နေတယ်၊ တောင်ပိုင်း က ပြဿနာတောင်မရှင်းနိုင်သေးဘူး အခုဒါဖြစ်လာတယ်၊ ဒီနှစ်ကတော့ အဂ္ဂိရတ်ပြိုင်ပွဲနောက်ဆုတ်ပြီလားမသိဘူး”
“စောင့်ကြည့်ရမှာပေါ့”
မုန့်ဆန်းချွယ်သည် အခန်းယူပြီးသဖြင့် သူတို့ဆီလျှောက်လာကာ ပြော လေသည် “မင်းတို့ကိုယ့်အခန်းကိုယ်သွားပြီး နားလိုက်၊ ငါတို့ခဏလောက် အပြင်သွားမယ်”
ရှီမာယူယူနှင့် တခြားသူများသည် သော့ယူကာ တည်းခိုဆောင်ဝန်ထမ်း နောက်လိုက်ပြီး အပေါ်တက်လာလိုက်သည်။ မုန့်ဆန်းချွယ်နှင့် ဝေ့ကျန်းတို့ ထွက်သွားကြလေသည်။
“ဗုဒ္ဓမှို…. အဂ္ဂိရတ်ပညာရှင်အသင်းကနေ ဘယ်သူကများ ခိုးရဲတဲ့ အရည်အချင်းရှိတာလဲ”
“ရှောင်ချီသာဆိုရင် စားလိုက်ပြီ ဘယ်သူမှရှာမတွေ့တော့ဘူး” ရှောင်ချီ သည် ပါးမို့များတက်အောင်ရယ်ရင်း ပြောလေသည်။
ရှီမာယူယူ ရယ်မောလိုက်သည်။ ရှောင်ချီသည် ထိုကဲ့သို့ ဆေးပစ္စည်း များကို စားရသည်ကို နှစ်သက်သည်။ သူမကို ပထမဆုံးတွေ့ခဲ့သည့်အချိန်က လည်း ထိုပုံစံအတိုင်းပင်။ သူမသည် ဆင့်ကဲဖြစ်စဉ်နောက်ပိုင်းတွင် ပိုစားလာ သည်။ စဉ်းစားကြည့်ရာ ထိုအချိန်က သူမပြောင်းလဲဖြစ်စဉ်မဖြစ်ရသေးသဖြင့် ဆေးပစ္စည်းများမှ စွမ်းအင်စုပ်ယူရန်လိုခြင်းလည်းဖြစ်နိုင်သည်။
ရှီမာယူယူသည် အဝေးဆုံးအိမ်ကိုရွေးလိုက်သည်။ ရှောင်ချီသည် အစ ပိုင်းတွင် ဟန့်မြောင်ရွှမ်၏ အိမ်တွင်နေရန်စီစဉ်ထားသော်လည်း ရှီမာယူယူနှင့် နေမည်ဖြစ်သဖြင့် အားလုံး ပြန်စီစဉ်ရလေသည်။
ရှီမာယူယူ တံခါးဖွင့်ပြီးဝင်သောအခါ ချက်ချင်းပင် ပုံမှန်မဟုတ်သည်ကို ခံစားရသဖြင့် အေးစက်စွာ အော်လေသည် “ဘယ်သူလဲ”
***