သူက ဗုဒ္ဓမှိုကိုခိုးတဲ့သူပဲ
Vol. 010 Ch. 972
အခန်းထဲတွင်ပုန်းနေသော အနက်ရောင်အရိပ်သည် ရှီမာယူယူ၏ အသံကိုကြားသောအခါ ထွက်လာလေသည်။
ထွက်လာသောလူကိုကြည့်ပြီး ရှီမာယူယူသည် အံ့အားသင့်သွားလေ သည်။
“မိုဒိဆန်း ဘယ်လိုလုပ်ဒီရောက်နေတာလဲ”
“ကိစ္စရှိလို့” မိုဒိဆန်းသည် ရင်ဘတ်ကိုကိုင်ထားသည်။ သွေးများသည် သူ့လက်ချောင်းများကိုဖြတ်ပြီး စီးကျနေသည်။
“ဒဏ်ရာရထားတာလား” ရှီမာယူယူသည် သွားပြီး သူ့ကိုတွဲပေးလိုက် သည် “ဘာလို့ဒီလောက်သွေးအများကြီးထွက်ထားတာလဲ”
“ဒေါက် ဒေါက် ဒေါက်”
မိုဒိဆန်းသည် စကားမပြောနိုင်သေးခင်မှာပင် အပြင်မှ တံခါးခေါက်သံ ထွက်လာလေသည်။
“ဂျူနီယာမောင်လေး ဘာဖြစ်လို့လဲ” ဟန့်မြောင်ရွှမ်သည် တံခါးအပြင် ဘက်မှမေးလေသည်။
“မဖြစ်ပါဘူး ဘာလို့လဲ” ရှီမာယူယူသည် မိုဒိဆန်းခေါင်းရမ်းသည်ကို တွေ့လိုက်သည်။
“မင်းအော်သံကြားလိုက်တယ်လို့ ရှောင်ရှောင်ပြောလို့ မင်းတစ်ခုခုများ ဖြစ်နေတာလားလို့” ဟန့်မြောင်ရွှမ် ဆက်ပြောလေသည် “အဆင်ပြေတယ်ဆို မှတော့ ငါပြန်ပြီနော်”
ရှီမာယူယူသည် သူတို့နှစ်ယောက်ပြန်သွားသည်ကိုကြားသောအခါ သက်ပြင်းချကာ မိုဒိဆန်းဘက်လှည့်ပြီး မေးလိုက်သည် “ဘာတွေဖြစ်ခဲ့တာ လဲ ဘာလို့ဒီလောက်ဒဏ်ရာအပြင်းအထန်ရထားတာလဲ”
“ဒီမှာစကားပြောလို့မကောင်းဘူး” မိုဒိဆန်း အရိပ်အမြွက်ပြောလေ သည်။
ရှီမာယူယူသည် အခန်းထဲတွင် ဝိညာဉ်အတားအဆီးပြုလုပ်ပြီး သူနှင့် ရှောင်ချီကိုခေါ်ကာ ဝိညာဉ်စေတီအတွင်းဝင်လေသည်။
ဝိညာဉ်စေတီအတွင်းဝင်ပြီးနောက်တွင် မိုဒိဆန်းသည် စိတ်လျော့လိုက် ရာ မြေပေါ်ဒူးထောက်ကျသွားလေသည်။
ရှီမာယူယူနှင့် ရှောင်ချီတို့သည် သူ့ကိုအမြန်သွားတွဲရာ ဒဏ်ရာမှ သွေး များထွက်လာသည်ကို မြင်သဖြင့် သူ၏လက်ကောက်ဝတ်ကိုကိုင်ကာ သွေး ကြောစမ်းလေသည်။
“အဆိပ်မိထားတာပဲ” သူ၏အခြေအနေသည် သူမကို လန့်သွားစေရာ လျင်မြန်စွာပင် သူ့ကိုဖြေပေးပေးပြီး ကုလေသည်။
မိုဒိဆန်းသည် သူမဆေးကိုစားပြီး ရယ်မောကာ ပြောလေသည် “မင်း ဆေးတွေကပဲ သကြားလုံးလိုပဲ အမြဲတမ်းအရသာရှိတယ်”
“ဒီအချိန်မှာတောင် နောက်နိုင်သေးတယ်” ရှီမာယူယူ၏ အမူအရာမှာ တုန်လှုပ်နေကာ မေးလေသည် “ဘာဖြစ်ခဲ့တာလဲ ရယ်ပြီးနောက်မနေနဲ့ စိတ်တိုတော့မှာ”
သူမသည် မိုဒိဆန်းကို ခုံတွင်ထိုင်ရန်ကူရာ သူထိုင်ရင်း ပြောလေသည် “မင်းမြင်တဲ့အတိုင်းပဲ အရိုက်ခံရတာပဲ”
“အားကိုလျော့ထား မင်းဒီလောက်ဒဏ်ရာရအောင်ထိ အရိုက်ခံထားရ တာ ပြီးတော့ အဆိပ်ကမိထားသေးတယ်၊ သူတို့ကအမြင်ကတ်စရာကောင်း တာနဲ့ပဲ သူတို့နဲ့တိုက်ခိုက်ခဲ့တယ်လို့တော့မပြောနဲ့နော်” ရှီမာယူယူသည် သူ့ ကိုစိုက်ကြည့်ပြီး “ဒီအဆိပ်က ပုံမှန်မဟုတ်ဘူး”
“ငါ အဂ္ဂိရတ်ပညာရှင်အသင်းက အဆိပ်မိထားတာ” မိုဒိဆန်းပြောလေ သည်။
“ထင်ထားတဲ့အတိုင်းပဲ” အစကပင် ဒီလိုအဆိပ်မျိုးကို အဂ္ဂိရတ်ပညာရှင် အသင်းကပင်လုပ်နိုင်ရာ ထင်ထားသည့်အတိုင်းပင် သူမ၏ ခန့်မှန်းချက်မှာ မှန်နေသည်။ “ဘာတွေဖြစ်ခဲ့တာလဲ”
“ဒီမှာ” ရှောင်ချီသည် ရုတ်တရက် အော်လေသည် “ဗုဒ္ဓမှိုကိုခိုးတာ အစ်ကိုလို့တော့မပြောနဲ့နော်”
မိုဒိဆန်း ခေါင်းညိတ်လေသည်။
“မင်းဗုဒ္ဓမှိုကိုခိုးခဲ့တာလား” ရှီမာယူယူသည် အံ့အားသင့်စွာ အော်လေ သည်။
“ဘယမှာလဲ” ရှောင်ချီသည် တောက်ပသော မျက်လုံးများဖြင့် သူ့ကို ကြည့်လေသည်။
“ငါမထုတ်လာနိုင်ခဲ့ဘူး” မိုဒိဆန်း ပြောလေသည်။
“မထုတ်လာနိုင်ဘူးဆိုတာ ဘာအဓိပ္ပာယ်လဲ” ရှောင်ချီ မေးလေသည်။
“အဲဒါက အဂ္ဂိရတ်ပညာရှင်အသင်းမှာပဲရှိသေးတယ် ငါဖွက်ခဲ့တာ” မိုဒိဆန်းသည် နတ်ဆိုးဆန်စွာရယ်လိုက်သည် “အဲလူတွေက ငါအပြင်ကိုယူ လာတယ်လို့ထင်ပြီး တစ်မြို့လုံးကိုရှာနေတာ”
“ဒီအချိန်မှာတောင်ရယ်နိုင်သေးတယ်၊ ငါနဲ့သာမတွေ့ရင် မင်းတော့ သွေးထွက်ပြီးသေနိုင်တယ်” ရှီမာယူယူသည် သူ့ခေါင်းကိုပုတ်ကာ မပျော်ရွှင် မှုကိုပြသလေသည်။
“အခုမင်းနဲ့ တွေ့ပြီမလား” မိုဒိဆန်းသည် သေဆုံးခြင်းကိုအာရုံမရပေ။
“ရှောင်ချီတို့ ဒီကိုလာမယ်ဆိုတာ ဘယ်လိုသိတာလဲ” ရှောင်ချီ မေးလေ သည်။
မိုဒိဆန်းသည် ခေါင်းကိုအားမရှိစွာ ရမ်းပြီး “ငါမသိဘူး”
“မသိဘူးလား ဒါဆိုရင် ဘယ်လိုဖြစ်ပြီး….”
“တိုက်ဆိုင်မှုလားပဲ” မိုဒိဆန်း ဆက်ပြောလေသည် “တကယ်ပဲ တိုက်ဆိုင်မှုပဲ ငါအလိုက်ခံရတော့ ဒီမှာလာပုန်းတာပဲ မင်းတို့ဒီကိုရောက်လာ မယ်လို့ ထင်တောင်မထင်မိဘူး၊ ငါလည်းအံ့သြသွားတာပဲ”
ရှီမာယူယူသည် သူပြောသည့်စကားကိုကြားပြီးနောက်တွင် လေးနက် သါားကာ ပြောလေသည် “အသေးစိတ်ကိုနောက်မှပြောတော့ ငါခဏတော့ အပြင်ထွက်ရမယ်”
“ဘာအတွက်လဲ” ရှောင်ချီ မေးလေသည်။
“သူတို့က သူ့ကိုဒီနားမှာတင်မျက်ခြေပြတ်သွားတာ ဒီနေရာကို ရှာတဲ့လူ လာမှာပဲ၊ အခန်းမှာ သွေးအနံ့ရှိသေးတယ် ငါရှင်းရမယ်” ရှီမာယူယူ ပြန်ဖြေ လေသည်။
“နောက်ကျသွားပြီ တည်းခိုဆောင်ကို ရှာနေကြပြီ” ဝိညာဉ်လေး၏ အသံ ထွက်လာသည်။
ဝိညာဉ်စေတီအတွင်းမှ သူတို့သုံးယောက်၏မျက်နှာမှာ တုန်လှုပ်သွား ကြသည်။
အဂ္ဂိရတ်ပညာရှင်အသင်းမှ အစောင့်များဝင်လာကြရာ ဧည့်ခန်းတွင် စကားပြောနေကြသောသူများ တုန်လှုပ်ွားကြလေသည်။ သူတို့သည် တိတ် သွားကြကာ လူအုပ်ထဲလျှောက်လာသော အစောင့်များကို စပ်စုချင်စိတ်ဖြင့် ကြည့်လေသည်။
“ဆိုင်ရှင်ဘယ်မှာလဲ” အစောင့်သည် အမိန့်ပေးလေသည်။
“ဒီမှာ ဒီမှာပါ” လုံးဝန်းပြီးဝသော လူတစ်ယောက်သည် အနောက်မှ ထွက်လာကာ အရိုအသေပေးလေသည် “တပ်မှူးလော့ ဒီနေ့ ကျွန်တော့် ဆိုင် သေးသေးလေးကို ဘာကိစ္စများရှိလို့လဲခင်ဗျာ”
လော့မင်သည် သူ့ကိုကြည့်ရုံသာကြည့်ပြီးပြောလေသည် “ဒီကို ဒဏ်ရာ ရထားတဲ့လူတစ်ယောက်လာသေးလား”
“ဒဏ်ရာတွေနဲ့လူလား” ဆိုင်ရှင်သည် စဉ်းစားပြီးနောက် ပြောလိုက် သည် “ဒီကိုဒဏ်ရာရထားတဲ့လူလာတာတော့မတွေ့မိဘူး စားပွဲထိုး မင်း တွေ့မိသေးလား”
“မတွေ့ဘူး မတွေ့ပါဘူး ဒီနေ့လာတာ ကောင်းကင်ဂိုဏ်းကလူတွေပါ ပဲ တခြားသူမရှိပါဘူး” စားပွဲထိုးပြောလေသည်။
“ကောင်းကင်ဂိုဏ်းကလူတွေ ဒီကိုလာတာလား” လော့မင်သည် မျက်လုံးမှေးကာ ပြောလေသည် “ငါတို့က ဗုဒ္ဓမှိုကိုခိုးတဲ့လူကိုရှာနေတာ သူ ဒီအပိုင်းကိုလာပြီး ပျောက်သွားတာပဲ အခု ငါတို့အခန်းတွေကိုရှာချင်တယ် အထူးသဖြင့် ကောင်းကင်ဂိုဏ်းကလူတွေရဲ့အခန်းတွေ… အထူးသဖြင့် သူတို့ ပတ်သတ်နေမလားဆိုတာ ရှာရမယ် နားလည်လား”
“ဟုတ်ကဲ့ပါ တပ်မှူး”
“သွား ရှာကြ”
လော့မင်အမိန့်ပေးလိုက်သည်နှင့် တခြားသောအစောင့်များသည် အပေါ်ထပ်ရှိ အခန်းများသို့တက်သွားကြလေသည်။
“ဘုန်း…”
အစောင့်များ ဒုတိယအထပ်သို့ရောက်သောအခါ အဝေးဆုံးအခန်းမှ ပေါက်ကွဲသံကိုကြားလိုက်ရလေသည်။ တံခါးသည် ပေါက်ကွဲမှုကြောင့် လွင့် ထွက်လာသည်။
“အဟွတ် အဟွတ် အဟွတ်”
အခန်းထဲမှ အချောင်းဆိုးသံထွက်လာရာ တခြားအခန်းမှလူများသည် အမြန်ထွက်လာပြီး ထိုအခန်းသို့ဝင်လေသည်။
“စီနီယာမောင်လေး ဘာဖြစ်တာလဲ” ဟန့်မြောင်ွှရမ်သည် မီးခိုးများပြည့် နေသောအခန်းကိုကြည့်ပြီး သိချင်စိတ်ဖြင့်မေးလေသည်။
“ဒီမှာဘာလို့ပေါက်ကွဲတာလဲ မင်းတို့်အဆင်ပြေကြရဲ့လား”
“အဟွတ် အဟွတ်”
ရှီမာယူယူသည် အခန်းထဲမှ မီးခိုးများကိုလက်ဖြင့် ဖယ်ရှားရန်ကြိုးစား ကာ ကျန်နေသော မီးခိုးငွေ့များကြောင့် ဆက်တိုက်ချောင်းဆိုးနေလေသည်။
စူးရှောင်ရှောင်သည် ပြတင်းပေါက်များကိုဖွင့်လိုက်ရာ အခန်းထဲမှ အငွေ့များသည် အနည်းငယ်ကျဲသွားလေသည်။
“မင်းဒဏ်ရာရထားတယ်” ဟန့်မြောင်ရွှမ်သည် ရှီမာယူယူ၏ လက်မောင်းတွင် အနီရောင်အစင်းကြောင်းကိုတွေ့သောအခါ အော်လေ သည်။
“ရပါတယ်” ရှီမာယူယူသည် ဆေးတစ်လုံးစားလိုက်ရာ ဒဏ်ရာသည် လျင်မြန်စွာပင် သွေးတိတ်သွားလေသည်။
“ဘာဖြစ်တာလဲ” လော့မင်သည် အစောင့်နှစ်ယောက်ခေါ်လာရာ သွေး အနံ့ခံမိပြီး မျက်ခုံးများမြင့်တက်သွားလေသည်။
ဆိုင်ရှင်သည် သူတို့နောက်မှလိုက်လာရာ အခန်းသည် ပေါက်ကွဲထား သဖြင့် ရှုပ်ပွနေသည်ကိုကြည့်ပြီး မေးလေသည် “မင်းတို့ဘာလုပ်လိုက်တာလဲ အခန်းက ဘယ်လိုလုပ်ဒီလောက်ထိဖြစ်အောင် ပေါက်ကွဲသွားတာလဲ”
ရှီမာယူယူသည် ရှောင်ချီဆီအကြည့်လွှဲပြီး ပြောလိုက်သည် “ဒီကိုလာခဲ့”
ရှောင်ချီသည် ခေါင်းငုံ့ပြီး လာကာ ပြောလေသည် “ယူယူ ရှောင်ချီ မှား သွားပါတယ်”
“မင်းကို ဘယ်နခါပြောရမှာလဲ ငါ့ပစ္စည်းတွေကိုမထိပါနဲ့လို့ အခုတော့ ကြည့်ဦး ဟူး…” ရှီမာယူယူ၏ ဒဏ်ရာပိုဆိုးလာကာ နာကျင်သဖြင့် ဒဏ်ရာ ကိုကိုင်ပြီး ချွေးအေးများပျံလာသည် “မင်းအပုန်းမြန်လို့တော်သေးတာပေါ့ မဟုတ်ရင် ပေါက်ကွဲမှုကြောင့် လွင့်သွားလောက်ပြီ”
စားပွဲနှင့် ကြမ်းပြင်ပေါ်မှ ပေါက်ကွဲထားသော အစအနများကို တွေ့သောအခါ အခန်းထဲမှ အဖြစ်အပျက်ကိုအားလုံးနားလည်သွားကြသည်။
“မင်းတို့က ကောင်းကင်ဂိုဏ်းကလား” လော့မင်သည် အားလုံးကိုကြည့် ပြီး အေးစက်စွာမေးလေသည်။
***