အပြစ်တင်ခြင်း
Vol. 010 Ch. 973
လော့မင်စကားပြောပုံကို သူမမြင်သောအခါ သူသည် ဖော်ရွေသောသူ မဟုတ်သည်ကို ရှီမာယူယူ သိလိုက်သည်။ အမှန်ပင် သူသည် ကောင်းကင် ဂိုဏ်းကို ရန်လိုသည့်ပုံနှင့် တူသည်။
“ဟုတ်ပါတယ် ကျွန်တော်တို့ ကောင်းကင်ဂိုဏ်းကပါ” ကျောင်းသား တစ်ယောက် ပြန်ဖြေလေသည်။
လော့မင်သည် အခန်းကိုပတ်ကြည့်ပြီး ရှီမာယူယူဆီလာကာ ပြောလေ သည် “တခြားအချိန်တွေမှာ ဒဏ်ရာရလို့ရတယ် ဒီတစ်ခါဒဏ်ရာရတာတော့ သံသယဝင်စရာပဲ”
ရှီမာယူယူသည် မျက်တောင်ခတ်ပြီး သူ့ကို နားမလည်သော မျက်နှာဖြင့် ကြည့်ကာ ပြောလေသည် “ဘာကိုဆိုလိုတာလဲ ကျွန်တော်ဒဏ်ရာရတာ ဘာ ပြဿနာများဖြစ်လို့လဲ”
“မင်းဒဏ်ရာရတာပြဿနာမရှိပါဘူး ဒါပေမဲ့ ဒီနေရာနဲ့ ဒီအချိန်မှာ ဒဏ်ရာရသွားတယ်၊ အဲဒါကြောင့် ပြဿနာရှိတယ်” လော့မင်သည် တစ်စုံ တစ်ရာကိုရည်ရွယ်ပြောလေသည်။
“လော့မင် ဘာကိုဆိုလိုတာလဲ” ဟန့်မြောင်ရွှမ်သည် လော့မင်ကိုစိုက် ကြည့်ပြီး သူ၏ ထူးဆန်းသော အကျင့်ကိုမကြိုက်ပေ။
“သခင်မလေးဟန့် ထပ်တွေ့ပြန်ပြီနော်” လော့မင်သည် ဟန့်မြောင်ရွှမ် ကို မှတ်မိသည့်ပုံပင် “မဟုတ်သေးဘူး သခင်မလေးဟန့်ဆိုတာမရှိတော့ဘူး နော် ဟုတ်တယ်မလား ဟန့်မြောင်ရွှမ်”
“ငါက သခင်မလေးဟန့်မဟုတ်တော့ပေမဲ့ မင်းလိုတပ်မှူးလေး တစ်ယောက်လောက်က ငါ့နာမည်ကိုခေါ်ဖို့ အခွင့်မရှိဘူး” ဟန့်မြောင်ရွှမ် ဆက်ပြောလေသည် “ဘာမှမဟုတ်တဲ့ကောင်လေးတစ်ယောက်က ငါ့နာမည် ခေါ်ဖို့ အခွင့်မရှိဘူး”
“မင်းပါးစပ်ကတော့ အရင်လိုပဲထက်တုန်းပဲ” လော့မင်သည် ဟန့်မြောင်ရွှမ်ကိုကြည့်လိုက်သည်။ သူမ ရှီမာယူယူကိုကာကွယ်ပုံကိုကြည့်ပြီး သူ ပြောလိုက်သည် “အခု မင်းတို့ဂိုဏ်းကလူတွေက ဗုဒ္ဓမှိုခိုးတဲ့လူနဲ့ပတ်သတ် တယ်ဆိုတာ သံသယရှိတယ် မင်းတို့ငါတို့နဲ့လိုက်ခဲ့ကြ”
“ပတ်သတ်တယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ” ဟန့်မြောင်ရွှမ် ဆက်ပြော လေသည် “လော့မင် မင်းရဲ့ လူတွေကို စွဲချက်တင်တဲ့အရည်အချင်းကတော့ ကောင်းတုန်းပဲ”
“ဗုဒ္ဓမှိုကိုခိုးတဲ့သူကဒီမှာရှိနေတာလား” ရှီမာယူယူသည် အခန်းကို လှည့်ကြည့်ပြီး ခေါင်းရမ်းကာ ပြောလေသည် “တပ်မှူးလော့ ကျွန်တော်က ဗုဒ္ဓမှိုခိုးတဲ့လူနဲ့ ပတ်သတ်တယ်လို့ ခင်ဗျားပြောလိုက်တာနော် ဟုတ်တယ် မလား”
“ဟုတ်တယ်” လော့မင် ပြောလေသည် “အခု မင်း ငါနဲ့လိုက်ခဲ့ပြီး ငါတို့ စစ်ဆေးတာကို ပူးပေါင်းပါ”
“ကျွန်တော်မပြောချင်ပေမဲ့ တပ်မှူးလော့ ခင်ဗျားက ကျွန်တော့်ကို စွဲချက်တင်နေတယ် ဒါလည်းမှန်တယ်” ရှီမာယူယူ ဆက်ပြောလေသည် “ခင်ဗျားပြောတဲ့သူကိုမှ ကျွန်တော်မှမသိတာ ဘယ်လိုလုပ်သူနဲ့သွား ပတ်သတ်မလဲ ပြီးတော့ ကျွန်တော်တို့က အခုမှတိမ်ပင်လယ်မြို့ရောက်တာ တည်းခိုဆောင်ကိုအခုမှခြေချတာ… ဗုဒ္ဓမှိုအခိုးခံရတဲ့သတင်းကိုတော့ကြား တယ် အဲလူနဲ့ပတ်သတ်တယ်ဆိုတာကဘယ်လိုဖြစ်နိုင်မှာလဲ”
“ငါပြောမှတော့ အဲလိုပဲဖြစ်ရမယ်” လော့မင်သည် စိတ်မရှည်စွာပြော လေသည်။
“ခင်ဗျားက ဘယ်ဟာကိုကြည့်ပြီး သံသယဝင်တာလဲ” ရှီမာယူယူသည် ဒေါသဖြစ်စွာ ပြောလေသည် “ကျွန်တော်လည်း အဂ္ဂိရတ်ပညာရှင်တစ် ယောက်ပဲ ဒီကိုအဂ္ဂိရတ်ပြိုင်ပွဲပြိုင်ဖို့လာတာပဲ ခင်ဗျားတို့ မှားစွပ်စွဲဖို့လာတာ မဟုတ်ဘူး”
“ဘာကိုကြည့်တာလဲဟုတ်လား ဟား ဒီမှာလူပျောက်သွားတယ် ဒီအခန်းက သွေးအနံ့ကိုကြည့်တာပဲ၊ အဲဒါက မင်းသူနဲ့ပတ်သတ်တယ်ဆိုတာ ကို ပြနေတာပဲ” လော့မင် အေးစက်စွာရယ်မောလေသည်။
“အဲဒါတွေကိုကြည့်တာလား” ရှီမာယူယူသည် အေးစက်စွာ ရယ်လိုက် သည် “ခင်ဗျား လူကြီးဆန်ဆန်ပြုမူပါ သူခိုးကိုဖမ်းတယ်ဆိုရင် ခိုးရာပါပစ္စည်း ကိုရှာရမယ်၊ တကယ်လို့ ကျွန်တော်ကအဲလူနဲ့ပတ်သတ်တယ်ဆိုရင် ကျွန်တော့်ကို သက်သေပြလေ၊ သွေးအနံ့ကိုအခြေခံပြီးတော့ ကျွန်တော့်ကို လာမထိနဲ့ သူက ကျွန်တော့်အခန်းထဲမှာလို့ပြောတယ်မလား ဒါဆို သူ့ကိုရှာ လိုက်လေ”
“ငါတို့လာတယ်ဆိုတာသိနေတာကို ဒီမှာအရူးလိုထိုင်စောင့်နေမလား” လော့မင် ဆက်ပြောလေသည် “သူထွက်ပြေးလောက်ပြီ”
“တည်းခိုဆောင်တစ်ခုလုံးမှာ ခင်ဗျားတို့လူတွေနဲ့ပြည့်နေပြီမလား ဒါဆိုရင် ကျွန်တော့်အခန်းထဲကထွက်လာတဲ့သူရှိလားလို့ မေးလိုက်ပါ၊ မရှိဘူး ဆိုရင် ခင်ဗျားက အဂ္ဂိရတ်ပြိုင်ပွဲဝင်တစ်ယောက်ကို စွပ်စွဲလိုက်တာဆိုတော့ အကျိုးဆက်ကနေပြေးမလွတ်ဘူးနော်” ရှီမာယူယူ ပြောလိုက်သည်။
“လော့မင် မင်းကငါတို့ဂိုဏ်းနဲ့ ပဋိပက္ခဖြစ်ထားတယ်ဆိုတာ သိပါတယ် ဒါပေမဲ့ မင်းငါတို့ကို စွပ်စွဲချင်တယ်ဆိုရင် သက်သေရှာတာကောင်းလိမ့်မယ် အသင်းက မင်းကိုဘက်လိုက်မှာမဟုတ်ဘူးလို့ ငါယုံတယ်၊ အခွင့်အရေးမယူနဲ့ အဆုံးသတ်မလှပဲနေလိမ့်မယ်၊ ငါတို့ဂိုဏ်းက လုပ်ချင် တိုင်းလုပ်လို့ရတာ မဟုတ်ဘူး” ဟန့်မြောင်ရွှမ် ပြောလေသည်။
သူတို့တွင် သေချာသည့် သက်သေမရှိကာ အခန်းထဲတွင် ထိုလူကို လည်းမတွေ့မိပေ။ ထို့အပြင် သူတို့သည် အခုမှ တိမ်ပင်လယ်မြို့ကိုရောက် သည်။ သူနှင့် ပတ်သတ်သည်ဟု ပြောရသည်မှာ မဖြစ်နိုင်ပေ။ သူတို့ကို ခေါ် သွားပြီး နှိပ်စက်ပါက သူတို့ကို ပြန်တိုက်ရန် အခွင့်အရေးပေးသလိုဖြစ်သွား မည်။
လော့မင်သည် ဂိုဏ်းမှလူများကိုမုန်းသော်လည်း သူ့ကိုယ်သူဆွဲချ လောက်အောင်ထိ မတုံးပေ။
ထပ်ခါ ထပ်ခါစဉ်းစားပြီးနောက်တွင် သူသည် သူနှင့်ပါလာသော အစောင့်များကိုပြောလိုက်သည် “တခြားနေရာကိုသွားရှာကြမယ်”
ပြောပြီးနောက်တွင် သူ့လူများကိုခေါ်ပြီးထွက်သွားလေသည်။
“ဂရုစိုက်ပါ တပ်မှူးလော့” ဆိုင်ရှင်သည် လော့မင်၏ ကျောကို အရိုအသေပေးလေသည်။ သူတို့ထွက်သွားပြီးနောက် လှည့်ပြီး ရှုပ်ပွနေသော အခန်းကိုကြည့်ပြီး အကူအညီမဲ့စွာပြောလေသည် “အခုမှရောက်လာတာကို အခု…”
“ဆိုရင် ဒါကိုပြန်လျော်ပေးမှာပါ ပြီးတော့ ကျွန်မရဲ့ဂျူနီယာမောင်လေး အခန်းကိုတခြားအခန်းနဲ့လဲပေးပါ” ဟန့်မြောင်ရွှမ်သည် ကျောက်တစ်အိတ် ထုတ်ကာ ဆိုင်ရှင်ဘက်သို့ပေးလိုက်သည်။
ဆိုင်ရှင်သည် ကျောက်များစွာကိုရလိုက်ပြီးနောက်တွင် ချက်ချင်း မျက်နှာထားပြောင်းသွားလေသည်။ သူပြုံးပြီး ပြောလေသည် “ကောင်းပါပြီ ကောင်းပါပြီ အခုပဲ အခန်းလဲပေးပါမယ်”
သူသည် ကျောက်များကိုယူပြီး အောက်သို့ဆင်းသွားလေသည်။
ရှီမာယူယူ အခန်းသစ်သို့လဲပြီးနောက်တွင် ကူညီရန်ရောက်လာကြ သော တခြား ကျောင်းသားများသည် သူတို့အခန်းသို့သူတို့ပြန်သွားကြလေ သည်။ ဟန့်မြောင်ရွှမ်၊ စူးရှောင်ရှောင်နှင့် ရှောင်ချီတို့သာ ကျန်ခဲ့လေသည်။
ဟန့်မြောင်ရွှမ်သည် တံခါးပိတ်ပြီးနောက်တွင် ဝိညာဉ်အတားအဆီးလုပ် ကာ ရှီမာယူယူဘေးလာပြီး မေးလေသည် “ဂျူနီယာမောင်လေး အခု ဘာဖြစ် သွားတာလဲ မတော်တဆပေါက်ကွဲတာလို့တော့မပြောနဲ့ ဒီဆင်ခြေက တခြား သူတွေအတွက်ပဲ အသုံးဝင်မယ်”
သူတို့ကိုဖုံးကွယ်မရမှန်း ရှီမာယူယူသိသည်။ သူတို့ကို လက်ရှိအခြေ အနေကို ဆွဲထည့်ရုံတင်ပင်လုံလောက်နေလေပြီ။
“ကျွန်တော် စီနီယာတို့ကိုဖုံးကွယ်ဖို့ မရည်ရွယ်ပါဘူး” သူမ ပြောလေ သည် “ဗုဒ္ဓမှိုကိုခိုးတဲ့သူက အခုကျွန်တော့်အခန်းမှာရှိနေတယ်”
“ဘာ လော့မင်ပြောတာအမှန်ပဲလား မင်းက ဗုဒ္ဓမှိုကိုခိုးတဲ့သူနဲ့ ပတ်သတ်နေတာလား” ဟန့်မြောင်ရွှမ်၏ မျက်လုံးများ ပြူးသွားသည်။
“ကျွန်တော်ရောက်ခါစပဲရှိသေးတာ ဘယ်လိုလုပ်တခြားသူနဲ့ ပတ်သတ် ရမှာလဲ” ရှီမာယူယူ ဆက်ပြောလေသည် “ဒါပေမဲ့ ဗုဒ္ဓမှိုကိုခိုးတဲ့သူက ကျွန်တော့်သူငယ်ချင်းပဲ သူငယ်ချင်းကောင်းတစ်ယောက်ပဲ”
“ဒါဆို သူအခုဘယ်မှာလဲ” စူးရှောင်ရှောင်ပြောလေသည်။
ရှီမာယူယူ တွေးလိုက်ပြီး သူတို့ကိုဝိညာဉ်စေတီသို့ခေါ်သွားလိုက်သည်။
သူမတွင် ကိုယ်ပိုင်လောကအသေးရှိသည်ကို ဟန့်မြောင်ရွှမ်နှင့် စူးရှောင်ရှောင်တို့သိကြသည်။ သို့သော် ဒီလိုနေရာမျိုးရှိလိမ့်မည်ဟု မသိကြ ပေ။
“မိုဒိဆန်းက အဆိပ်မိထားတယ် သူပြန်သက်သာဖို့ ဖြေဆေးနဲ့ သောက်ဆေးပေးထားတယ် ဒါပမေဲ့ သူ့ထဲက အဆိပ်က လုံးဝဖယ်ရမှာ မဟုတ်ဘူးလို့ ဝိညာဉ်လေးပြောတယ်” ရှီမာယူယူသည် သူတို့နှစ်ယောက်ကို ပြောနေရာ သူတို့နှစ်ယောက်လုံးသည် သိချင်စိတ်ဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေလေသည် “စီနီယာတို့က အဂ္ဂိရတ်ပညာရှင်အသင်းကို ပို နားလည်မှာပဲ သူဘာအဆိပ်မိထားလဲဆိုတာ ကြည့်ပေးလို့ရလား”
“ဂျူနီယာမောင်လေး မင်းမှာဒီလိုတန်ဖိုးရှိတဲ့နေရာရှိနေတာပဲ လောက အသေးထက်တောင်ကောင်းသေးတယ်” ဟန့်မြောင်ရွှမ် အော်လေသည်။
“ဒါကို နောက်မှကျွန်တော်ပြောပြပါမယ်၊ ကျွန်တော့်သူငယ်ချင်းအခြေ အနေကိုကူပြီးကြည့်ပေးပါ” ရှီမာယူယူ ပြောလေသည်။
သူမသည် ခဏထွက်သွားသော်လည်း အထဲတွင် မိုဒိဆန်းအတွက် တစ်ရက်ကုန်သွားပြီဖြစ်သည်။ ပုံမှန်ဆိုလျှင် သူ့ဒဏ်ရာများသည် ပြန်ကောင်း လာနုငိသည်။ သို့သော် မိုဒိဆန်းသည် အရေးကြီးသောအခြေအနေဖြစ်နေ သည်။ ထို့ကြောင့်ပင် သူတို့ကိုခေါ်ကာ ကြည့်ခိုင်းခြင်းဖြစ်သည်။
ရှောင်ချီသည် ဟိန်းသံလေးနှင့်ကစားရန်ထွက်သွားသည်။ သူမသည် ဟန့်မြောင်ရွှမ်နှင့် စူးရှောင်ရှောင်တိုပကို မိုဒိဆန်းနေထိုင်သောခြံဝန်းသို့ ခေါ် သွားလိုက်သည်။
သူ့အခန်းကိုသွားရာ တံခါးဖွင့်လိုက်သည်နှင့် အိပ်ရာပေါ်တွင် ဖြူဖျော့ပြီး သတိမေ့လဲလျောင်းနေသော လူတစ်ယောက်ကိုတွေ့လေသည်။
“တကယ်ပဲအန္တရာယ်ရှိတယ် ကြည့်ကြည့်မယ်”
ဟန့်မြောင်ရွှမ်နှင့် စူးရှောင်ရှောင်တို့သည် မိုဒိဆန်းကိုအတူစစ်ကြည့်ကြ လေသည်။ သူတို့မျက်လုံးများမှတစ်ဆင့် သူတို့သည် အလွန်တုန်လှုပ်နေ သည်ကို မြင်နိုင်သည်။
***