ရင်ဝိညာဉ်ဆေး
Vol. 010 Ch. 974
ရှီမာယူယူသည် သူတို့၏မျက်နှာအမူအရာကိုကြည့်ပြီး စိတ်အားလျော့ သွားသည်။
“ဘာလို့လဲ ဒီအမူအရာကဘာလဲ သူအခြေအနေဆိုးတာလား”
စူးရှောင်ရှောင်နှင့် ဟန့်မြောင်ရွှမ်တို့ မတ်တပ်ရပ်ကာ ပြောလေသည် “ဂျူနီယာညီလေး သူ့အခြေအနေဆိုးတာကို အစပိုင်းကမတွေ့တာက သဘာဝပါပဲ၊ ဒါကအဂ္ဂိရတ်ပညာရှင်အသင်းရဲ့ အပြင်းဆုံးအဆိပ် ရင်ဝိညာဉ် ဆေးပဲ”
“ရင်ဝိညာဉ်ဆေးလား”
“ဒဏ်ရာကိုကုနိုင်တဲ့ဆေးပေါ်လာတဲ့အချိန်မှာ အဲဆေးက ဝိညာဉ် စွမ်းအင်ကိုဝါးမျိုလိုက်တယ်” စူးရှောင်ရှောင် ရှင်းပြလိုက်သည်။ “ပုံမှန် ဖြေဆေးဆိုရင် အသုံးဝင်ပေမဲ့ ရင်ဝိညာဉ်ဆေးအဆိပ်ကို ဓာတ်ပြောင်းသွား စေတယ် သူက သွေးလည်ပတ်မှုကိုပိတ်ပြီး ဝိညာဉ်စွမ်းအင်ကို ဝါးမျိုလိုက် တာ”
“ကျွန်တော်သူ့ကိုကြည့်ကြည့်မယ်” ရှီမာယူယူသည် မိုဒိဆန်းကိုစစ် ကြည့်ရာ သူတို့ဆိုလိုသည်ကိုနားလည်သွားသည်။ မိုဒိဆန်းသည် အန္တရာယ် များသော အခြေအနေဖြစ်နေသည်။
“ဂျူနီယာမောင်လေး မစိုးရိမ်ပါနဲ့ ဒီအဆိပ်အတွက်ဖြေဆေးအကြောင်း ကို ဆရာငါတို့ကိုတစ်ခါပြောဖူးတယ်၊ ဆေးနည်းကိုလည်းပြောပြခဲ့တယ်” ဟန့်မြောင်ရွှမ် နှစ်သိမ့်လေသည်။
“ဒုက္ခပေးမိတဲ့အတွက် တောင်းပန်ပါတယ် စီနီယာအစ်မ” ရှီမာယူယူ သည် သူမကို မျှော်လင့်တကြီးကြည့်မိလေသည်။
သူမ ဆေးကိုလေ့လာရှာဖွေရန်မှာဖြစ်နိုင်သည်။ သို့သော် ထိုသို့ပြုလုပ် ပါက အချိန်ကြာမည်။ ဆေးနည်းရှိထားပါက ဆေးဖော်ရာတွင် ပိုလွယ်ကူ မည်။
ဟန့်မြောင်ရွှမ် ခေါင်းညိတ်ကာ ဆေးဖိုနှင့် ဆေးပစ္စည်းများထုတ်ပြီး အခန်းထဲတွင် ဆေးစတင်ဖော်တော့သည်။
သူမ ဆေးဖော်ချိန်တွင် ရှီမာယူယူသည် စူးရှောင်ရှောင်ကိုမေးလိုက် သည် “စီနီယာအစ်ကို အဂ္ဂိရတ်ပညာရှင်အသင်းမှာ ဘယ်လိုလုပ် အဲလို အန္တရာယ်ရှိတဲ့အဆိပ်ရှိနေတာလဲ”
“အဂ္ဂိရတ်ပညာရှင်အသင်းကလူတွေအကုန်လုံးက ရိုးသားပြီး ဖြောင့်မတ်နေတာမဟုတ်ဘူး အထူးသဖြင့် အာဏာရှိတဲ့သူတွေက ဆိုးယုတ် ကြတယ်၊ သူတို့က အမိန့်တွေကိုလိုက်နာကြတဲ့သူတွေမဟုတ်ဘူး သူတို့စိတ် နဲ့သူတို့လုပ်ကြတာ၊ အဲဒါတွေက ပြဿနာတွေကိုဖြစ်စေတာပဲ ဒါပေမဲ့ အပြင် လူတွေက အဲဒါတွေကိုမသိကြဘူး” စူးရှောင်ရှောင်ရှင်းပြလေသည်။
“ဒါဆို စီနီယာကဘယ်လိုသိတာလဲ”
“ဆရာပြောပြတာ” စူးရှောင်ရှောင် ဆက်ပြောလေသည် “ဆရာလည်း သူတို့ကိုသဘောမကျဘူး အဲဒါကြောင့် သူတို့နဲ့ ဆက်ဆံရေးက မကောင်းကြ ဘူး၊ အတိအကျပြောရရင် သူတို့က ငါတို့ကို ဆန့်ကျင်ကြတယ်”
“သိပြီ” ရှီမာယူယူသည် မေးစေ့ကိုပွတ်ကာ ပြောလေသည် “သြော် ဟုတ်သားပဲ လော့မင်က စီနီယာအစ်မကိုသိပြီးတာကြာတဲ့ပုံပဲ”
“သူမ ဆရာနောက်ကိုမလိုက်ခင်ကို ဟန့်မျိုးနွယ်မှာ လော့မင်အနိုင်ကျင့် တာခံခဲ့ရတယ်” စူးရှောင်ရှောင်သည် လော့မင်အကြောင်းပြောရာတွင် ဒေါသ ထွက်နေလေသည်။
“သူက ဟန့်မျိုးနွယ်က မဟုတ်တာတောင် စီနီယာအစ်မကိုအနိုင်ကျင့် လို့ရတာလား”
“လော့မျိုးနွယ်နဲ့ ဟန့်မျိုးနွယ်နှစ်ခုလုံးက အဂ္ဂိရတ်ပညာရှင်တွေပဲ၊ မျိုးနွယ်နှစ်ခုလုံးက ရင်းနှီးပြီး အဆက်အသွယ်ရှိကြတယ်၊ လော့မင်ရဲ့ အဂ္ဂိရတ်ပညာက အရမ်းမကောင်းဘူး၊ လော့မျိုးနွယ်မှာ သူ့ရာထူးကလည်း မမြင့်ဘူး ဒါပေမဲ့ သူက သူတို့ရဲ့အရည်အချင်းရှိတဲ့ဆရာနောက်ကို တစ်နေ့ လုံးလိုက်နေတာ၊ သူက ဟန့်မျိုးနွယ်မှာ အမြဲတမ်းရှိခဲ့တယ်၊ သူအဲဒီကိုသွားတဲ့ အချိန်တိုင်း စီနီယာအစ်မကိုအနိုင်ကျင့်တာပဲ ပြီးတော့ လော့မင်က တစ် ယောက်ယောက်ကိုလာဘ်ထိုးပြီး ဒီမှာ တပ်မှူးဖြစ်လာတာပဲ”
“ဒီလော့မင်ကို ပြင်ပေးဖို့လိုနေတဲ့ပုံပဲ” ရှီမာယူယူ ဆက်ပြောလေသည် “စီနီယာအစ်မကိုအနိုင်ကျင့်ရဲတဲ့အပြင် ကျွန်တော့်ကိုပါ ဒီနေ့ စွပ်စွဲလိုက်တယ် ဒါကို စိတ်ထဲမှာ မကျေနပ်ဘူး”
သူတို့ တောင်အနောက်တွင် အသားကင်စားခဲ့စဉ်အချိန်က သူမသည် အရင်က အဆာခံခဲ့ရသဖြင့် စားရခြင်းကိုနှစ်သက်သည်ဟု ဟန့်မြောင်ရွှမ် ပြောခဲ့ဖူးသည်။ ဘယ်လိုအရိပ်မည်းမျိုးက လူတစ်ယောက်ကို အခုထိ လိုက် နိုင်ရတာလဲ။
ဟန့်မျိုးနွယ် ဟန့်မြောင်ရွှမ်ကို အပြင်လူကိုခေါ်ပြီး သူမကို အနိုင်ကျင့် လောက်အောင် ဘယ်လောက်ထိ ဆိုးဆိုးဝါးဝါးဆက်ဆံခဲ့သည်ကို သူမ မစဉ်းစားပဲနှင့်သိသည်။
ဟန့်မြောင်ရွှမ်သည် ဖြေဆေးကိုလျင်မြန်စွာဖော်ကာ မိုဒိဆန်းကိုတိုက် လေသည်။ သူ၏ အသားအရေသည် မြန်ဆန်စွာပင် ပုံမှန်အသားအရေပြန် ဖြစ်ကာ သိပ်မကြာခင်တွင်ပင် နိုးလာသည်။
“မိုဒိဆန်း ဘယ်လိုနေလဲ” ရှီမာယူယူသည် အိပ်ရာဘေးတွင်ထိုင်ရင်း မေးလေသည်။
မိုဒိဆန်း မျက်တောင်ခတ်လိုက်သည်။ ရှီမာယူယူနှင့်တွေ့ပြီးနောက် တွင် သူသတိမေ့သွားသည်ကို ပြန်မှတ်မိလိုက်သည်။ သူသည် အားနည်းမှုကို ခံစားရပြီး မေးလေသည် “ငါအဆိပ်မိသွားတာလား”
“ဟုတ်တယ် စီနီယာအစ်မက မင်းကိုဖြေဆေးပေးတာ” ရှီမာယူယူ ဆက်ပြောလေသည် “မင်းအခုအားနည်းနေသေးတယ် နားပြီးရင် အဆင်ပြေ သွားမှာပါ”
“အင်း” မိုဒိဆန်းသည် ညင်သာစွာခေါင်းညိတ်ပြီး ပြန်ဖြေလေသည်။
“အကုန်လုံးကိုမိတ်ဆက်ပေးရဦးမယ်၊ ဒါကမိုဒိဆန်း၊ ဒါက ငါ့စီနီယာ အစ်မဟန့်မြောင်ရွှမ်၊ စီနီယာအစ်ကို စူးရှောင်ရှောင်” ရှီမာယူယူသည် သူတို့ ကိုမိတ်ဆက်ပေးလေသည်။
“မိုဒိဆန်းလား သခင်၃လေ” ဟန့်မြောင်ရွှမ်သည် မိုဒိဆန်းကို တအံ့တသြကြည့်ပြီးနောက် ရှီမာယူယူဘက်ကြည့်ကာ “သူက အဲဒီသခင်မို ဒိဆန်းလား”
မိုဒိဆန်း… ထိုသူ၏ လှုပ်ရှားမှုနှင့် ခြေရာခံမှုတို့မှာ လျှို့ဝှက်သည်။ သူတို့ သည် သူ၏နာမည်ကိုတောင်သိထားကြသည်။ သေချာသည်မှာ သူ၏ ဂုဏ် သတင်းသည် မွှေးနေသည်။
“ဒါကသခင်မိုဒိဆန်းပဲ” ရှီမာယူယူ အတည်ပြုလေသည်။
“တကယ်ပဲသူလား” ဟန့်မြောင်ရွှမ် လာပြီးပြောလေသည် “ဆိုတော့ သခင်မိုဒိဆန်းကဒီလိုပုံကိုး ငါမှတ်ထားလိုက်ပြီ”
“ဂျူနီယာညီလေး သခင်မိုဒိဆန်းကိုဘယ်လိုသိတာလဲ” စူးရှောင်ရှောင် သည် မိုဒိဆန်း၏ လျှို့ဝှက်မှုကိုသိထားသဖြင့် သူသည် မိတ်ဆွေနည်းပါး သည်ကိုပါ ကြားထားသည်။
“အခွင့်အရေးတစ်ခုကြောင့် သိသွားကြတာပါ” ရှီမာယူယူ ဆက်ပြော လေသည် “အဲတုန်းက ကျွန်တော်တို့ အရိုအသေပေးပြီးတော့ သူငယ်ချင်း ဖြစ်ခဲ့ကြတယ်၊ နောက်တော့ ပိုရင်းနှီးလာပြီး သူငယ်ချင်းကောင်းဖြစ်သွားကြ တယ်”
“ငါ သူ့ကိုတကယ်ပဲတွေ့ချင်ပေမဲ့ မင်းရဲ့နေရာကို ပိုစိတ်ဝင်စားတယ် ငါ လှည့်ပတ်ကြည့်လို့ရလား” ဟန့်မြောင်ရွှမ် မေးလေသည်။
သူတို့ဝင်လာကတည်းကပင် မြင်ကွင်းကိုဆက်တိုက်ကြည့်နေခဲ့ကြ သည်။
“သွားလို့ရပါတယ်” ရှီမာယူယူ ဆက်ပြောလေသည် “ကျွန်တော် မိုဒိဆန်းနဲ့ ပြောစရာလေးတွေရှိတယ် စီနီယာတို့ကို ရှောင်ချီ့ကိုလိုက်ပို့ခိုင်း လိုက်မယ်”
ရှောင်ချီသည် ရှီမာယူယူခေါ်သည်ကိုကြားသောအခါ ဟိန်းသံလေးနှင့် ကစားနေရာမှ ဟိန်းသံလေးကိုပစ်ထားခဲ့ပြီး လက်ခုတ်ပြီးကာ ပြောလေသည် “ယူယူငါ့ကိုခေါ်နေပြီ သွားတော့မယ်”
“ငါလည်းလိုက်မယ်လေ တိုက်ပွဲရလဒ်ကိုအခုထိ မသိသေးဘူးလေ” ဟိန်းသံလေးသည် သူမကိုတွယ်ကပ်လေသည်။
ရှောင်ချီလည်း အလုံအလောက်မပျော်ရသေးသဖြင့် ခေါင်းညိတ်ကာ ပြောလေသည် “ကောင်းပြီလေ”
သူမနှင့် ဟိန်းသံလေးတို့သည် ဧည့်လမ်းညွှန်သွယ် ဟန့်မြောင်ရွှမ်နှင့် စူးရှောင်ရှောင်တို့ကို ဝိညာဉ်စေတီအတွင်း လိုက်လံပြသပေးလေသည်။ ရှီမာယူယူသည် မိုဒိဆန်းအား ကြည့်ပြီး ပြောလိုက်သည် “ဗုဒ္ဓမှိုကိုဘာလို့ ခိုး ရတာလဲ”
“လူတစ်ယောက်ကိုကယ်ဖို့” မိုဒိဆန်း ရိုးသားစွာပြန်ဖြေလေသည်။
“အစ်ကိုကြီးရှင်းဆီကကြားတာ အခုတလော မင်း တစ်ခုခုကိုအမြဲရှာ နေတာဆို၊ ပြီးခဲ့တဲ့တစ်ခေါက်က ကြယ်ကိုးပွင့်သမုဒ္ဒရာမှာရှာနေခဲ့တာ အခု ဒါကိုလာခိုးတယ်ဆိုတာ အကုန်လုံးက အဲအကြောင်းပြချက်တစ်ခုတည်း အတွက်လား”
မိုဒိဆန်းသည် စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။
“ဗုဒ္ဓမှိုကိုသုံးဖို့လိုရလောက်အောင် ဘယ်သူ့ကိုကယ်ချင်နေတာလဲ” ရှီမာယူယူ ဆက်ပြောလေသည် “ဒီပစ္စည်းကတန်ဖိုးရှိပေမဲ့ အခြေအနေတိုင်း မှာအသုံးဝင်မယ်လို့ မဆိုလိုဘူးလေ”
“ငါသိပါတယ် ဒါပေမဲ့ ဒါကပဲ သူမကိုကယ်နိုင်မှာ” မိုဒိဆန်း ပြောလေ သည်။
“သူမ…မိန်းကလေးလား”
“ဟုတ်တယ်”
“မင်းသဘောကျတဲ့သူလား” ရှီမာယူယူသည် စိတ်ဝင်စားလာသည်။
“မဟုတ်ဘူး ငါ့ကြောင့် ဒီလိုဖြစ်သွားတာ အဲဒါကြောင့် ငါ သူမကို ကယ် ရမယ်”
ရှီမာယူယူ စဉ်းစားကြည့်ရာ မရိုးရှင်းလောက်ဟုထင်သဖြင့် စနောက် လေသည် “မင်းကိုအမြဲတမ်း အနှောင့်အယှက်ပေးတဲ့သူဖြစ်ရမယ်၊ အဲဒါက နေမှ မင်းကြောင့်ဒဏ်ရာရသွားပြီး မလှုပ်နိုင်တဲ့ အသက်တစ်ဝက်သေသွား တာဖြစ်ရမယ် မဟုတ်ရင် အဲထက်လည်းဆိုးနိုင်တယ် အဲဒါကြောင့် ဒီလောက် အန္တရာယ်များတာကိုလာခိုးတာ”
မိုဒိဆန်းသည် မငြင်းဆန်ပေ။ သူမ ပြောသည်မှာ အမှန်ချည်းသာဖြစ် သည်။
“တိမ်ပင်လယ်မြို့အစောင့်တွေက တင်းကြပ်တာကို ဒီကိုတစ်ယောက် တည်းလာရဲသေးတယ် မင်းကိုဘာပြောရမှန်းတောင်မသိတော့ဘူး” ရှီမာယူယူ ဆက်ပြောလေသည်။ သူမ တစ်စုံတစ်ခုကို ရုတ်တရက် သတိရ သွားရာ “တိမ်ပင်လယ်မြို့မှာ ထူးဆန်းတာတွေဖြစ်တာက မင်းလုပ်တာလား”
“ဘာထူးဆန်းတာတွေဖြစ်တာလဲ” မိုဒိဆန်းသည် သူမဆိုလိုသည်ကို နားမလည်ပေ။
ရှီမာယူယူသည် သူမတို့ကြိုလာရသည့်အကြောင်းအရင်းကို ရှင်းပြရာ မိုဒိဆန်းသည် မှင်တက်သွားလေသည်။
အဲလောက်တိုက်ဆိုင်လား။ အဲဒါကြောင့် သူဒီကိုလာတော့ အဂ္ဂိရတ် ပညာရှင်အသင်းက တင်းကြပ်တယ်လို့ ခံစားရတာကိုး။ အပြင်မှာ တစ်စုံတစ်ခုဖြစ်နေတော့ သူက အရှုပ်အထွေးကြားက အမြတ်ရလိုက်တာ ကိုး။
***