ဒေါသနှင့်ပြန်လာခြင်း
Vol. 010 Ch. 975
“သြော် ဟုတ်သားပဲ ဗုဒ္ဓမှိုကဘယ်မှာလဲ ဘယ်လိုပုံလဲဆိုတာကြည့်ခိုင်း ပေး” ရှီမာယူယူ ပြောလိုက်သည်။
“အခု ငါဆီမှာ ဗုဒ္ဓမှိုမရှိဘူး” မိုဒိဆန်း ပြောလေသည်။
“မင်းမှာမရှိဘူးလား မင်းခိုးလိုက်တာမဟုတ်ဘူးလား”
“မယူလာခဲ့ဘူးလေ ဆေးဥယျာဉ်မှာထားခဲ့တယ်”
“အဂ္ဂိရတ်ပညာရှင်အသင်းရဲ့ ဥယျာဉ်မှာပဲရှိသေးတာလား”
မိုဒိဆန်း ခေါင်းညိတ်ပြီး ပြောလိုက်သည် “မင်းသိတဲ့အတိုင်းပဲ ဗုဒ္ဓမှိုရဲ့ အနံ့ကဖုံးလို့မရဘူး၊ နောက်ဆုံးအချိန်မှာ အဲကနေထွက်ဖို့ဆုံးဖြတ်ခဲ့တယ် ဘာမှကိုမပြင်ဆင်လိုက်နိုင်ဘူး၊ အဲဒါကိုသာယူပြီးထွက်ခဲ့ရင် ငါ့နောက်ကို လိုက်ဖို့ တခြားသူတွေကိုအခွင့်အရေးပေးသလိုဖြစ်မှာပေါ့၊ တကယ်လို့ အဲဒီ မှာ ဗုဒ္ဓမှိုကိုထားခဲ့မယ်ဆိုရင် အနံ့ကြောင့် သူတို့ရှုပ်ထွေးပြီး သူတို့အတွေးလွဲ သွားစေမယ်၊ အရင်ကလည်းအနံ့ကရှိနေတော့ ဗုဒ္ဓမှိုကအဲမှာရှိနေသေးတယ် ဆိုတာ သူတို့တွေးမိမှာမဟုတ်ဘူး”
“အဲဒါမရှိပဲနဲ့တောင် အမိခံတယ်” ရှီမာယူယူ ဆက်ပြောလေသည် “အခု ဘာလုပ်ဖို့ ရည်ရွယ်ထားလဲ”
“ငါလည်းမသိဘူး” မိုဒိဆန်း ဆက်ပြောလေသည် “ငါ့ဒဏ်ရာတွေ ပြန် ကောင်းမှ စီစဉ်မယ်”
“အခုတစ်ခေါက်က မင်းကံကောင်းလို့ပေါ်မသွားတာ အဲလူတွေလည်း သတိလက်လွတ်ဖြစ်သွားတာ၊ သူတို့က လုံခြုံရေးကိုတင်းကြပ်ထားပြီ အထဲ ကိုဝင်ဖို့မလွယ်လောက်တော့ဘူး”
“နောက်ကို ကာကွယ်ရေးလုပ်လိမ့်မယ် ပြီးခဲ့တဲ့နှစ်ရက်ကကြားခဲ့တာ တော့ သူတို့က အဲဒီဥယျာဉ်အပြင်ဘက်မှာ ဝိညာဉ်အတားအဆီးလုပ်လိမ့် မယ်”
ဝိညာဉ်အတားအဆီး လုပ်ပြီးသည်နှင့် အပြင်လူများသည် ဖြတ်သွား လျှင်တောင် အဖမ်းခံရမည်။ လျှို့ဝှက်ဝင်ပြီး ခိုးရန်မှာ မဖြစ်နိုင်ပေ။
မိုဒိဆန်းသည် ထိုအချက်ကိုတွေးလိုက်ရာ စိတ်များလေးလံသွားသည်။ သူသည် နောက်တစ်ကြိမ်ဝင်သွားပြီး ခိုးရန် ပိုအားထုတ်ရန်လိုအပ်သည်။
ဝိညာဉ်အတားအဆီးဟု ရှီမာယူယူကြားလိုက်သည်နှင့် သူမမျက်လုံး များ တောက်ပသွားကာ မေးလေသည် “ဒီဥယျာဉ်ထဲမှာ တခြားရတနာတွေ လည်းရှိသေးလား”
“အရင်က အဂ္ဂိရတ်ပညာရှင်အသင်း ဘာကိုမှ ဘယ်သူမှမခိုးရဲကြဘူး၊ အဲဒါကြောင့် အဲဒီမှာ သူတို့လုံခြုံရေးမတင်းကြပ်ဘူး ဥယျာဉ်မှာတော့ ရတနာ တွေ များတာသေချာတယ် မဟုတ်ရင် သူတို့စိတ်ပူပန်ပြီး ဝိညာဉ်အတား အဆီးကို ချက်ချင်းလုပ်စရာအကြောင်းမရှိဘူး”
“အဲအထဲမှာ ရတနာတွေအများကြီးရှိတယ်ဆိုတာသိရင်တောင် အသုံး မဝင်ဘူး သူတို့ကအတားအဆီးလုပ်ပြီးသွားပြီ ဝင်သွားဖို့မဖြစ်နိုင်ဘူး” မိုဒိဆန်း သူမကို သတိပေးလေသည် “ရူးမိုက်တာတွေမလုပ်နဲ့”
“မင်းပစ္စည်းကိုမထုတ်လာတော့ဘူးလား”
“အဲဒါအတွက် နည်းလမ်းကိုငါစဉ်းစားပါမယ် ဝင်မပါနဲ့” မိုဒိဆန်း ဆက် ပြောလေသည် “မင်းသာ အဂ္ဂိရတ်ပညာရှင်အသင်းရဲ့ ရန်သူဖြစ်လာရင်အဲဒါ အတွက် ငါ့မှာနည်းလမ်းမရှိဘူး၊ သူတို့အင်အားကကြီးတယ် သူတို့မင်းကို မိ သွားရင် တိုင်းပြည်မှာ သွားလာလို့ရတော့မှာမဟုတ်ဘူး”
“မစိုးရိမ်ပါနဲ့ ငါရူးမိုက်တာတွေမလုပ်ဘူး” သူမအတွက် သူစိုးရိမ်ပေးနေ သည်ကို ရှီမာယူယူတွေ့သောအခါ ပြောလိုက်သည် “ဒါပေမဲ့ အဂ္ဂိရတ်ပညာ ရှင်အသင်းရဲ့လူတွေက ငါ့ကိုရန်စပြီးသွားပြီ သူတို့ဖြေရှင်းချက်ကောင်း ကောင်းမပေးရင် ငါ့အတွက်မျှတမှုကို ငါကိုယ်တိုင်ပြန်ယူရုံအပြင်ရွေးချယ် စရာမရှိတော့ဘူး”
“အဲဒီလော့မင်ကတော့ တကယ်အကျင့်မကောင်းဘူး အဂ္ဂိရတ်ပညာရှင် အသင်းကလူတွေကလည်း ထောင်လွှားကြတယ်၊ ဒါပေမဲ့ ကောင်းတဲ့သူတွေ လည်းရှိကြပါတယ်”
“ငါနားလည်ပါတယ်၊ မင်း ပြန်နလန်ထူဖို့ ဒီမှာရက်နည်းနည်းလောက် နားလိုက်ဦး၊ အပြင်ကိုမထွက်နဲ့၊ မင်းရဲ့ ဗုဒ္ဓမှိုရဖို့အတွက် နည်းလမ်းစဉ်းစား လိုက်မယ်၊ အဲအချိန်ကျမှ တခြားပစ္စည်းတွေအကြောင်းလည်းစဉ်းစားမယ်”
“ဗုဒ္ဓမှိုအတွက် နည်းလမ်းကိုငါစဉ်းစားမယ် မင်း….”
“မင်းမှာ ဝိညာဉ်အတားအဆီးကိုဖွင့်ဖို့အတွက် နည်းလမ်းရှိလား” ရှီမာယူယူ မေးခွန်းထုတ်လေသည်။
“ငါနည်းလမ်းစဉ်းစားပါ့မယ်”
“ငါက တခြားသူတွေ သတိမထားမိအောင် ဝိညာဉ်အတားအဆီးကို ဖြတ်နိုင်တယ်” ရှီမာယူယူ ဆက်ပြောလေသည် “အဲတော့ ဒီကိစ္စကို ငါ့ကိုသာ အပ်ထားလိုက်”
“မင်းက ဝိညာဉ်အတားအဆီးကိုဖြတ်နိုင်တယ် ဟုတ်လား” မိုဒိဆန်း သည် သူမကို တအံ့တသြကြည့်လေသည်။
ရှီမာယူယူ ခေါင်းညိတ်ကာ ပြောလေသည် “ဖြတ်နိုင်တယ်၊ ဝိညာဉ် အတားအဆီးဖြစ်သရွေ့ပေါ့၊ အဲတော့ ဒီမှာပဲစောင့်နေ ငါမင်းဆီကိုယူလာ မယ်၊ ဗုဒ္ဓမှိုရဲ့နေရာကိုသာပြောလိုက်”
မိုဒိဆန်းသည် သူမပြောသည့်စကားကိုမဆန့်ကျင်ပေ။ သူသည် အရင် က အဂ္ဂိရတ်ပညာရှင်အသင်းကလူများနှင့် တိုက်ခိုက်ဖူးသည်။ သူတို့သည် သူ၏ မျက်နှာကိုမမြင်လိုက်သော်လည်း သူ၏ ခန္ဓာကိုယ်ကိုမြင်လိုက်သည်။ အခုချိန်တွင် သူထွက်သွားပါက လွယ်ကူစွာမှတ်မိနိုင်သည်။
သို့သော် ထိုကိစ္စကိုရှီမာယူယူကို ကိုင်တွယ်ခိုင်းပါက သူမကိုပါ ဆွဲသွင်း သလိုဖြစ်မည်ကို သူစိုးရိမ်သည်။
ရှီမာူယူသည် ထိုကဲ့သို့မတွေးပေ။ မိုဒိဆန်းသည် သူလုပ်ချင်သည့်အရာ များကို လုပ်တတ်သော်လည်း ဒီနှစ်များတွင် ဆေးပစ္စည်းများကိုရှာဖွေရန် အတွက် စွန့်စားမှုများစွာလုပ်ခဲ့သည်မှာ ထိုအရာသည် သူ့အတွက် အရေးကြီး သည်ဟု ဆိုလိုသည်။ သူ၏ သူငယ်ချင်းတစ်ယောက်အနေနှင့် သူမ ကူညီနိုင် မည်ဆိုပါက သူမလုပ်ပေးမည်။
“အရင်ဆုံး နလန်ထူအောင်လုပ်ပါ၊ ရင်ဝိညာဉ်ဆေးရဲ့ အဆိပ်ကို ဖယ် ပြီးသွားပေမဲ့ မင်းကျန်းမာရေးကို ထိထားတုန်းပဲ၊ ငါဗုဒ္ဓမှိုရဲ့ နေရာကိုအရင်ရှာ ပြီးမှ ဆက်ပြောကြတာပေါ့”
“အင်း”
ရှီမာယူယူနှင့် မိုဒိဆန်းတို့သည် သဘောတူလိုက်ကြသည်။ သူမသည် သူ့ကို တခြားသောကိစ္စများကိုပါ မေးမြန်းခဲ့သည်။ ထို့ကြောင့် သူမသည် သူ၏ အခြေအနေကိုရှင်းလင်းစွာ သဘောပေါက်သွားသည်။ သူ့ကို ကောင်းကောင်း အနားယူခိုင်းပြီးနောက် သူမသည် ရှောင်ချီနှင့် တခြားသူများကို သွားရှာလေ သည်။
ဟန့်မြောင်ရွှမ်နှင့် စူးရှောင်ရှောင်တို့သည် ဝိညာဉ်စေတီအတွင်း လှည့် ပတ်ကြည့်ရာ ထိုနေရာမှ ပစ္စည်းများကိုတွေ့သောအခါ အံ့သြသဖြင့် အော် ကြလေသည်။ ရှီမာယူယူ သူတို့ကိုတွေ့ချိန်တွင် သူတို့နှစ်ယောက်လုံးသည် အံ့အားသင့်ကြလေသည်။
“ဂျူနီယာညီလေး ဒီမှာအရမ်းမိုက်တာပဲ ကျင့်ကြံဖို့အတွက် ဖြူစင်တဲ့ နေရာတစ်ခုပဲ ဒီမှာရတနာတွေလည်းအများကြီးပဲ မင်းက ချမ်းသာတဲ့ မိန်းကလေးပဲ” ဟန့်မြောင်ရွှမ်သည် ရှီမာယူယူ၏ ပခုံးကိုဖက်လိုက်သည်။
“ချမ်းသာတဲ့ မိန်းကလေးလား” စူးရှောင်ရှောင်သည် မျက်ခုံးများပင့်ပြီး ဟန့်မြောင်ရွှမ်ကို သံသယဖြင့်ကြည့်လေသည်။
“အာ…”
ဟန့်မြောင်ရွှမ်သည် လန့်သွားကာ အသံမထွက်နိုင်တော့ပေ။ သူမသည် ရှီမာယူယူအားကြည့်ရာ သူမ ဘာမှမပြောသည်ကိုတွေ့သောအခါ ရှင်းပြလေ သည် “တကယ်တော့ ဂျူနီယာမောင်လေးက ဂျူနီယာညီမလေးပဲ”
“ဂျူနီယာညီမလေးလား” စူးရှောင်ရှောင်သည် ရှီမာယူယူအား တအံ့တသြဖြင့်ကြည့်ကာ မယုံနိုင်ဖြစ်နေလေသည် “ဂျူနီယာညီလေးက မိန်းကလေးလား”
“အမှန်ပဲ” ရှီမာယူယူ ပြုံးလိုက်သည်။
“တကယ်ကြီးလား” စူးရှောင်ရှောင်သည် ရှီမာယူယူကိုကြည့်လိုက်ပြီး နောက် ဟန့်မြောင်ရွှမ်ကိုကြည့်လိုက်သည်။ သူသည် ထိုအကြောင်းကြောင့် အံ့သြသွားသည်မှာ သေချာသည်။
ရှီမာယူယူသည် ထင်ယောင်ထင်မှားလက်စွပ်ကိုချွတ်လိုက်ရာ သူမ၏ ယောက်ျားလေးကိုယ်ရောင်ကိုယ်ဝါသည် လုံးဝပျောက်ကွယ်သွားကာ မိန်းကလေးပုံစံပေါ်လာသည်။
“ဂျူနီယာ ဂျူနီယာညီမလေးလား” စူးရှောင်ရှောင်သည် သူမ၏ ပုံစံကို ကြည့်ပြီး မယုံနိုင်သော်လည်း ယုံလိုက်ရလေသည်။
ဟန့်မြောင်ရွှမ်သည်လည်း ရှီမာယူယူကို ပထမဆုံးသိစဉ်က ထိုအတိုင်း ပင်။
“မင်းက တကယ်ပဲ ပုံမှန်ထက်အများကြီးကွာသွားတယ် အရမ်းကို နားလည်ဖို့ခက်တယ်”
“အကုန်လုံးက ဒါကြောင့်ပါပဲ” ရှီမာယူယူသည် လက်ထဲမှ ထင်ယောင် ထင်မှားလက်စွပ်ကိုဝေ့ပြလေသည်။
ဝိညာဉ်လေးသည် တစ်နေရာမှထွက်လာပြီး သူတို့ကိုကြည့်ကာ ပြော လိုက်သည် “မုန့်ဆန်းချွယ်ပြန်လာပြီ”
“ဒါဆို အရင်ဆုံးထွက်ရအောင်”
“ကောင်းပြီ”
သူမသည် လက်စွပ်ကိုပြန်ဝတ်ကာ သူတို့ကိုခေါ်ကာ ဝိညာဉ်စေတီမှ ထွက်ခဲ့လိုက်သည်။
မုန့်ဆန်းချွယ်သည် ရှီမာယူယူတွင် တစ်စုံတစ်ရာဖြစ်ခဲ့သည်ဟု ကြား သဖြင့် ပြန်လာကာ သူမကိုလာကြည့်ခြင်းဖြစ်သည်။
ရှီမာယူယူ ထွက်လိုက်သည်နှင့် တံခါးခေါက်သံကြားလိုက်ရာ ဝိညာဉ် အတားအဆီးကိုဖြုတ်လိုက်ပြီး တံခါးသွားဖွင့်လေသည်။
“ဒါရိုက်တာမုန့် ဆရာဝေ့”
“မင်းဒဏ်ရာရသွားတယ်လို့ ပြောတယ်” မုန့်ဆန်းချွယ် မေးလေသည်။
“ဒဏ်ရာအသေးလေးပါ” ရှီမာယူယူသည် သူတို့ကိုအခန်းထဲဝင်ခိုင်းရာ သူတို့နှစ်ယောက်လုံး မျက်နှာမကောင်းကြသဖြင့် သူမ မေးလိုက်သည် “တစ်ခုခုများဖြစ်ခဲ့လို့လား”
ရှီမာယူယူသည် မျက်စိလျင်လိမ့်မည်ဟု မုန့်ဆန်းချွယ်မထင်ထားပေ။ သူ ဒေါသဖြင့်ပြောလေသည် “အဂ္ဂိရတ်ပညာရှင်အသင်းနဲ့ ဆေးအဖွဲ့ခွဲကလူ တွေက အနိုင်ကျင့်ကြတယ်”
ရှီမာယူယူနှင့် ဟန့်မြောင်ရွှမ်တို့သည် အကြည့်ချင်းဖလှယ်လိုက်ကြ သည်။ သူတို့အရင်က ဒီလောက်ဒေါသထွက်သည်ကို မမြင်ဖူးပေ။ အဂ္ဂိရတ် ပညာရှင်အသင်းက ဘာလုပ်လိုက်တာလဲ။
***