ရှင်းပစ်လိုခြင်း
Vol. 010 Ch. 976
“ဆရာတို့က အဂ္ဂိရတ်ပညာရှင်အသင်းကိုသွားခဲ့တာလား” ဟန့်မြောင်ရွှမ် မေးလေသည်။
“ဆေးအဖွဲ့ခွဲကိုသွားတာ အသင်းကလူတွေလည်း အဲဒီကိုရောက်နေ တယ်” ဝေ့ကျန်း ပြောလေသည်။
“သူတို့က ဆရာတို့ဒေါသထွက်အောင်ဘာလုပ်လိုက်တာလဲ” ရှီမာယူယူ မေးလေသည်။
“အဲအရူးတွေက မနက်ဖြန်ကို ငါတို့ကိုမြို့ကနေထွက်သွားစေချင်နေ တယ်” မုန့်ဆန်းချွယ် ပြောလေသည် “သူတို့ကအကြောင်းပြချက်ကောင်း ကောင်းမပေးပဲနဲ့ ငါတို့ကိုထွက်သွားစေချင်နေတာ၊ တကယ့်ကို မုန်းစရာ ကောင်းလိုက်တာ”
“အပြင်မှာ အန္တရာယ်များလား”
“အပြင်ထွက်သွားတဲ့လူတွေ ဒီနှစ်ကြိမ်လုံးမှာ တစ်ယောက်မှ ပြန်မလာ ခဲ့ကြဘူး ဒါကို အန္တရာယ်များတယ်လို့ ပြောလို့ရလား မရဘူးလား” မုန့်ဆန်းချွယ် နှာမှုတ်လေသည်။
“ဒါပေမဲ့ သိပ်မကြာခင်ကထွက်သွားတဲ့အဖွဲ့က အကုန်လုံးပြန်လာနိုင် တယ်ဆိုပြီး သတင်းထွက်ထားတယ်လေ” စူးရှောင်ရှောင်သည် သူပထမဆုံး လာချိန်က ကြားခဲ့သည်ကို မှတ်မိကာ တအံ့တသြပြောလေသည်။
“အဲဒါက မြို့ထဲကလူတွေ စိတ်အေးအောင်လို့ပြောကြတာ” မု့န်ဆန်းချွယ် ပြောလေသည် “အခုအခြေအနေက ပြင်းထန်နေတယ်ဆိုတာ ကို သူတို့သိသွားမယ်ဆိုရင် ဘယ်လိုဖြစ်မလဲ မသိနိုင်ဘူး”
“အဲဒါတွေက သတင်းအမှားတွေလား” ဟန့်မြောင်ရွှမ်တို့သည် ထိုအခါ မှပင် ကိစ္စများပြင်းထန်နေသည်ကိုသိလိုက်ရသည်။ သူတို့ထိုအခြေအနေထိ ရောက်လာသည်မှာ လက်ရှိအခြေအနေသည် အလွန်ပြင်းထန်သည်ဟု ဆိုလို ခြင်းဖြစ်သည်။
ထိုကဲ့သို့ အမြီးခေါင်းမသိနိုင်သည့် အခြေအနေအောက်တွင် ကျောင်း ကို သွားစုံစမ်းခိုင်းသည်မှာ သူတို့ိကို သေတွင်းကိုပို့လိုက်တာမဟုတ်ဘူးလား။
“ဒါရိုက်တာမုန့် အရင်က တစ်စုံတစ်ယောက်ရဲ့ အမွေအုတ်ဂူကိုများ တူး မိသလား” ရှောင်ချီမေးလိုက်သည်။
“ဘာအမွေအုတ်ဂူလဲ”
“ဆရာက တခြားသူရဲ့ အမွေအုတ်ဂူကိုမတူးမိရင် သူတို့က ဘယ်လိုလုပ် ကျောင်းကိုပစ်မှတ်ထားမှာလဲ”
“ဟင်း အဲလူတွေက စိတ်မဖြောင့်မတ်တာလေ၊ သူတို့က ထောင်လွှား လွန်းတယ် ငါတို့က သူတို့ကို ခယပြီးမနေလို့ ငါတို့ကိုပစ်မှတ်ထားတာ” မုန့်ဆန်းချွယ်သည် အထင်သေးစွာပြောလေသည်။
“ဒီဆေးအဖွဲ့ခွဲ့ကလည်း ဘာမှကောင်းတာမရှိဘူး ဘာလို့ ဆရာတို့က ဒီမှာ နေသေးတာလဲ” ရှီမာယူယူ နားမလည်ပေ။
“ဆေးအဖွဲ့ခွဲက အမြဲတမ်းဒီလိုမဟုတ်ဘူး သူတို့ခေါင်းဆောင်က ဖြောင့်မတ်တယ် ဒါပေမဲ့အခုအချိန်မှာ သူနဲ့ အသင်းဥက္ကဌတို့က မရှိကြဘူး အဲဒါကြောင့် အဲလူတွေလွှမ်းမိုးနေကြတာ” ဝေ့ကျန်းရှင်းပြလေသည်။
“ဥက္ကဌနဲ့ ခေါင်းဆောင်တို့က ဒီအချိန်မှာမရှိကြဘူးလား”
“ဒီမှာတင်မရှိတာမဟုတ်ဘူး သူတို့လည်း ဘေးဒုက္ခရောက်နေလောက် တယ်” မုန့်ဆန်းချွယ်သည် စိုးရိမ်ရင်း ပြောလေသည်။
“ဘယ်လိုဖြစ်ပြီးတော့လဲ”
မုန့်ဆန်းချွယ် သက်ပြင်းချကာ ပြောလေသည် “အရင်တစ်ခေါက်က သူတို့အပြင်ထွက်ပြီး စစ်ဆေးကြတယ်၊ သူတို့ပြန်မလာကြသလို သူတို့ကို ဆက်သွယ်လို့လည်းမရဘူး၊ အခြေအနေကိုနားလည်တဲ့သူတွေက သူတို့ သေသွားကြပြီလို့ ထင်နေကြပြီ၊ သတ္တိရှိတဲ့တခြားသူတွေက စပြီးလှုပ်ရှားနေ ကြပြီ”
“အဲဒါကြောင့် ဥက္ကဌနဲ့ သူ့မဟာမိတ်ဘေးမှာရှိတဲ့ ဆရာတို့က သူတို့ အတွက် ဆူးငြောင့်ဖြစ်လာတာပဲ… သူတို့အတွက်က ဆရာတို့ကိုမြန်မြန် ရှင်းထုတ်ဖို့က အကောင်းဆုံးပဲလေ” ရှီမာယူယူ ပြောလေသည်။
မုန့်ဆန်းချွယ်သည် သူမကိုကြည့်ပြီး ခေါင်းညိတ်လေသည်။
“အဲဒါကြောင့် သူတို့ကကျွန်တော်တို့ကို အပြင်ထွက်ပြီး စုံစမ်းခိုင်းတာ ကိုး” ရှီမာယူယူ ပြောလေသည် “အဲဒါက ဆရာတို့ကိုရှင်းပစ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းပဲ”
“စစ်ဆေးတာက စစ်ဆေးတာပဲလေ အဲရှင်သန်သူအဘိုးကြီးတွေက ကျွန်မတို့ကိုသတ်ချင်နေတာလား” ဟန့်မြောင်ရွှမ်သည် အားစိုက်ကာ ကျိန်ဆဲလိုက်သဖြင့် မုန့်ဆန်းချွယ်နှင့် ဝေ့ကျန်းတို့၏အကြည့်သည် သူမ အပေါ်ကျရောက်လာသည်။
သူတို့အကြည့်ကပြောသည်မှာ ရိုးရှင်းကာရဲတင်းသည်။ မင်းက မိန်းကလေးတစ်ယောက်ကို ပိုပြီးနူးညံ့ပြီး အနေအထိုင်ပိရိရမှာပေါ့။
“ဒါဆိုရင် ကျွန်တော်တို့ မနက်ဖြန်သွားရမှာလား” စူးရှောင်ရှောင် မေး လေသည်။
“သွားမယ် ငါတို့မသွားရင် အဂ္ဂိရတ်ပညာရှင်အသင်းနဲ့ ဆေးအဖွဲ့ခွဲက နေ ဖယ်ရှားခံရလိမ့်မယ်” မုန့်ဆန်းချွယ် ပြောလေသည် “အဲဒါကို အဲလူတွေ ပိုမျှော်လင့်နေမှာပဲ ဒါပေမဲ့ ငါ ဆရာနည်းနည်းနဲ့ပဲသွားမယ် မင်းတို့အားလုံး ဒီမှာပဲ ငါတို့ပြန်လာတာစောင့်နေ”
“ကျွန်မတို့လည်းသွားမယ်” ဟန့်မြောင်ရွှမ် ပြောလေသည် “ကျွန်မတို့ အားက အရမ်းမကောင်းပေမဲ့ ဆရာနဲ့ ပုံမှန်မဟုတ်တဲ့အရာတွေကို အများကြီး လေ့လာဖူးပါတယ်၊ သူတို့က အဲဒီကအကြောင်းအရင်းကိုမရှာနိုင်တာက လူ အများစုမသိနိုင်တဲ့အကြောင်းအရင်းကြောင့်ပဲ ကျွန်မတို့လိုက်မယ်ဆိုရင် အသုံးဝင်လောက်မှာပါ”
ရှုဂျင်း၏ တစ်ခါတလေ ထူးဆန်းသောအရာများကို ဖန်တီးလေ့ရှိသည့် အကျင့်ကို စဉ်းစားမိပြီး မုန့်ဆန်းချွယ် သဘောတူလိုက်သည် “ဒါဆိုရင် အဲဒါ ပိုကောင်းလိမ့်မယ် သွားပြီးပြင်ဆင်လိုက်တော့ ပြီးတော့ မနက်ဖြန်မနက်ကို ထွက်မယ် တခြားကျောင်းသားတွေကိုမပြောနဲ့ သူတို့စိုးရိမ်နေလိမ့်မယ်”
“ဟုတ်ကဲ့ပါ”
“မင်းတို့အားလုံး ကောင်းကောင်းနားထားကြ ငါတို့သွားတော့မယ်” မုန့်ဆန်းချွယ်သည် ထပြီးထွက်သွားလေသည် “မင်းတို့သုံးယောက်က အသက်ကယ်တဲ့အရည်အချင်းတွေရှိကြတယ်၊ မနက်ဖြန်ကိုဂရုစိုက်ကြပါ အရမ်းဖရိုဖရဲဖြစ်နိုင်တယ် ငါတို့လည်း မင်းတို့ကိုကာကွယ်နိုင်မှာမဟုတ်ဘူး”
“ကျွန်တော်တို့နားလည်ပါတယ်”
မုန့်ဆန်းချွယ်နှင် တခြားသူများထွက်သွားရာ ဟန့်မြောင်ရွှမ်နှင့် စူးရှောင်ရှောင်တို့လည်းပြန်လာလိုက်လေသည်။ ထို့နောက်တွင် ရှီမာယူယူ သည် ခေတ္တမျှစဉ်းစားပြီးနောက် နီရဲပျားတချို့ကိုခေါ်ကာ လွှတ်လိုက်လေ သည်။
“အဲအဘိုးကြီးတွေကို ရှောင်ချီမတွေ့စေနဲ့ မဟုတ်ရင်တော့… ဟင်း”
ရှောင်ချီသည် အစတွင် သူမနှင့် သူတို့မတွေ့စေနှင့် မဟုတ်လျှင် သူတို့ ကို ဖျက်ဆီးပစ်မည်ဟု ပြောဟန်ပြင်လေသည်။ သို့သော် ရှီမာယူယူသည် သူမကိုကြည့်နေသည်ကို မြင်သောအခါ ပြောမည့်စကားတို့ကို မျိုသိပ်လိုက်ရ လေသည်။
အဂ္ဂိရတ်ပညာရှင်အသင်းနှင့် ဆက်ဆံရေးမှာ မကောင်းလှပေ။ လော့မင်နှင့်တစ်ခါ၊ သူတို့ကို စွန့်စားရန်ဖိအားပေးသော ဒုဥက္ကဌနှင့်တစ်ခါ … အသင်းတစ်ခုလုံးသည် ကောင်းသည့်နေရာမရှိပေ။
“ပျားတွေတော့သွားပြီ အဂ္ဂိရတ်ပညာရှင်အသင်းနဲ့ ဆေးအဖွဲ့ခွဲတို့ကြား မှာ တကယ်ပဲ တစ်ခုခုရှိတယ်ဆိုရင် ဖြစ်လာမဲ့အခြေအနေကိုနားလည်သွား မှာပါ” ရှီမာယူယူ ပြောလိုက်သည်။
ထိုသို့စဉ်းစားလိုက်ပြီးနောက် သူမသည် နီရဲပျားများကို မြို့အပြင်ရှိ အခြေအနေကို စုံစမ်းရန်လွှတ်လိုက်လေသည်။
ထိုလူများသည် သူတို့ကို ဘာသတင်းမှမပေးပဲ စုံစမ်းရန်သာအပြင်သွား ခိုင်းသောကြောင့် သူတို့သည် အခြေအနေကို အရင်စုံစမ်းရုံသာလုပ်ရမည်။
နောက်နေ့မနက်တွင် မုန့်ဆန်းချွယ်သည် သူတို့ကို မြို့တံခါးသို့ခေါ်သွား လေသည်။ သူတို့လူအနည်းငယ်သာ မြို့အပြင်ထွက်ရမည်ဟု ထင်ထား သော်လည်း မထင်မှတ်ထားပဲနှင့် သူတို့အဖွဲ့မြို့တံခါးသို့ရောက်ချိန်တွင် လူ အများသည် စောင့်နေပြီဖြစ်သည်။
ထိုလူများသည် သူတို့၏ ခရီးကိုလိုက်ပါကြမည့်သူများဖြစ်ကြသည်။
နှုတ်ခမ်းမွှေးတွဲလောင်းကျနေသော လူကြီးသည် မုန့်ဆန်းချွယ်ကိုမြင် သောအခါ ချက်ချင်းပင် မျက်နှာထားပြင်ကာ ပြောလေသည် “ဘာလို့ နောက်ကျနေတာလဲ၊ အကုန်လုံးရောက်နေပြီဆိုတာ မမြင်ဘူးလား၊ ဒါ ဘာ အဓိပ္ပာယ်လဲ မင်းတို့ကမသွားချင်တာလား မဟုတ်ရင် အကုန်လုံးကို ဆွဲချချင် တာလား”
မုန့်ဆန်းချွယ်သည် သူ့ကို ကြည့်ရုံသာကြည့်ပြီး ပြောလိုက်သည် “ငါတို့ ကမနေ့က အချိန်ကိုက်ပဲရောက်တယ် တကယ်ဆိုရင် သဘောတူထားတဲ့ အချိန်ထက် ၁၀မိနစ်လိုသေးတယ်လေ ဘာတွေဇွတ်ကန့်လန့်တိုက်နေတာ လဲ”
“ဖူး” ရှီမာယူယူနှင့် ဟန့်မြောင်ရွှမ်တို့သည် မုန့်ဆန်းချွယ်ကို ထိုပုံစံ အတိုင်းမြင်လိုက်ရသောအခါ ရယ်ကြလေသည်။
“ဘာရယ်စရာပါလို့လဲ၊ မင်းတို့ပြန်လာတဲ့အချိန်မှ ရယ်နိုင်ဦးမလား ကြည့်ကြသေးတာပေါ့” နှုတ်ခမ်းမွှေးတွဲလောင်းနှင့်လူကြီးသည် ရှီမာယူယူတို့ သူ့ကိုလှောင်နေကြသဖြင့် ဒေါသဖြင့်ကြိမ်းမောင်းလေသည်။
“မစိုးရိမ်ပါနဲ့ ပြန်လာလည်း အပြုံးနဲ့ပဲပြန်လာမှာပါ” ဟန့်မြောင်ရွှမ်သည် ပြုံးပြီး ပြောလေသည် “အဲဒါကို ခင်ဗျားမြင်ရပါ့မလားတော့ ကျွန်မမသိဘူး”
“ဟင်း လျှာစောင်းထက်တဲ့ မိန်းကလေးပါလား” နှုတ်ခမ်းမွေးတွဲလောင်း နှင့်လူကြီး ကြေညာလေသည်။ ကောင်းကင်ဂိုဏ်းမှ နောက်ထပ်တစ်ချီ ထိုးနှက်လိုက်ပြန်ပြီ။ သူတို့ပန်းတိုင်နေရာရောက်လို့ကတော့ ကောင်းကင် ဂိုဏ်းကလူတွေကို အန္တရာယ်အများဆုံးနေရာကို ပို့ကိုပို့မယ်။ “အကုန်လုံး ရောက်မှတော့ သွားကြတာပေါ့”
သူတို့သည် သားရဲပျံများ၏ ကျောပေါ်တက်လိုက်ကြသည်။ ထိုသားရဲ ပျံများသည် အသင်းတွင် အဆင့်အနိမ့်ဆုံးဖြစ်ကာ နှေးပြီးအားနည်းလှသည်။ တခြားသူများလည်း သူတို့လိုပင် ရွေးချယ်စရာမရှိပဲ လိုက်စီးရသည့်ပုံပေါ် သည်။
သားရဲပျံများသည် သူတို့ကိုတင်ကာ တစ်ရက်နီးပါးပျံပြီးနောက် တောင်ထိပ်သို့ ရောက်လေသည်။
“ဒီတောင်တွေကိုကျော်ပြီးရင် အဲနေရာကိုရောက်လိမ့်မယ်” နှုတ်ခမ်းမွေးလူကြီးပြောလေသည် “မင်းတို့အကုန်လုံးက ရောက်တာမကြာ သေးတော့ ဒီနေရာနဲ့ မရင်းနှီးသေးဘူး၊ အတိုချုန်းပြောပြမယ်”
“ထားလိုက်တော့ မင်းပြောတာလည်း အဓိပ္ပာယ်မရှိတာတွေချည်းပဲ မပြောတာကောင်းတယ်” မုန့်ဆန်းချွယ် ပြန်ချေပလေသည် “ငါတို့ဘာသာ စုံစမ်းတာပိုကောင်းတယ်”
“အဲလိုပြောမှတော့ ကိုယ့်ဘာသာသွားကြတော့ မင်းတို့ကို မနှောင့်ယှက်တော့ဘူး၊ မင်းတို့အားလုံး အသက်ရှင်လျက်ပြန်လာနိုင်ပါစေလို့ မျှော်လင့်ပါတယ်” နှုတ်ခမ်းမွေးလူကြီးသည် စကားဆုံးသည်နှင့် သားရဲပျံစီး ကာ အသင်းသို့ပြန်သွားလေသည်။
***