အဆင့်၁၁ အဂ္ဂိရတ်သခင်
Vol. 010 Ch. 977
“သူ ဒီအတိုင်းတကယ်ပဲ ကျွန်မတို့ကိုထားသွားတာလား” ဟန့်မြောင်ရွှမ်သည် ဝေးဝေးသွားသော သားရဲပျံကိုကြည့်ပြီး သူမမြင်ရသည် ကို မယုံနိုင်ဖြစ်နေသည်။
ဒီလူက သူတို့ကိုဒီနေရာခေါ်လာတာမဟုတ်ဘူးလား။ ဘယ်လိုဖြစ်လို့ ဒီအတိုင်းကြီးသွားလိုက်တာလဲ။
“အသားကျသွားမှာပါ” သတ်လတ်ပိုင်းအရွယ်လူကြီးက ပြောလေ သည်။
“အဂ္ဂိရတ်ပညာရှင်အသင်းက အမြဲတမ်းဒီလိုပဲ၊ ဒီကိုလာတဲ့လူတွေက တစ်ခါမှပြန်မလာခဲ့ကြဘူး၊ ဒီလောက်ထိခေါ်လာပေးတဲ့ အဲလူကပဲ အံ့သြစရာ ကောင်းနေပြီ” နောက်အမျိုးသမီးတစ်ယောက်က ပြောလေသည်။
“သူတို့က အဲလောက်တောင် တာဝန်ယူမှုမရှိဘူးလား” ရှီမာယူယူသည် ပြည်မ၏ အဂ္ဂိရတ်ပညာရှင်အသင်းမှာ ထောင်လွှားလှသည်ဟု ခံစားရပြီး မျက်မှောင်ကြုတ်လေသည်။
“အာ.. အကုန်လုံးတော့ဒီလိုမဟုတ်ဘူး ကောင်းတဲ့လူတွေလည်းရှိ တယ် ဒါပေမဲ့ အဲလူတွေရဲ့ဖိနှိပ်တာကိုခံနေရတယ်၊ အာဏာရှိတဲ့သူတွေက တော့ဒီအတိုင်းချည်းပဲ၊ အချိန်တွေကြာသွားရင် အသင်းတစ်ခုလုံးက အမှောင် တွေပဲ ဖုံးသွားတော့မှာ”
“ဥက္ကဌကမဆိုးဘူးလို့ပြောတယ်မလား ဘယ်လိုဖြစ်လို့ သူက ဒီလို အခြေအနေထိ သည်းခံနေရတာလဲ”
“ဥက္ကဌက အဂ္ဂိရတ်ပညာကိုစွဲလမ်းနေတော့ အသင်းကိစ္စတွေကို စီမံခဲ တယ်၊ လက်ရှိကတော့ ဒုဥက္ကဌက ဆုန်းချောင်းဂျီပဲ တာဝန်ယူထားတယ် ပြီးတော့ အဲဒီဆုန်းချောင်းဂျီက လူကောင်းမဟုတ်ဘူး”
“ဆေးအဖွဲ့ခွဲကလည်းအဲအတိုင်းပဲလား”
“ဆေးအဖွဲ့ခွဲခေါင်းဆောင်နဲ့ ဥက္ကဌနဲ့က စိတ်ဝင်စားတာတူတယ် သူတို့ နှစ်ယောက်လုံးက အဂ္ဂိရတ်ပညာကိုပဲ အာရုံစိုက်ကြတယ်၊ ဒါပေမဲ့ သူတို့က ရှားပါးတဲ့ အဆင့်၁၁ အဂ္ဂိရတ်ပညာရှင်ဖြစ်ကြတော့ တခြားသူတွေက သူတို့ ရဲ့လုပ်ပိုင်ခွင့်ကို မဖမ်းဆုပ်နိုင်ဘူး၊ မဟုတ်ရင် ဥက္ကဌရာထူးက အစောကြီး ကတည်းက ပြောင်းပြီးနေပြီ”
“အဆင့်၁၁ အဂ္ဂိရတ်ပညာရှင်လား အားကောင်းလိုက်တာ”
“အင်း သူတို့ဒီကိုရောက်လာပြီး ပြန်မလာနိုင်ဘူးလို့ ကြားတယ်၊ တခြား သူတွေကလည်း သူတို့ကိုဆက်သွယ်လို့မရဘူး၊ ဒီတစ်ခေါက်ကိုတော့ သူတို့ ကိုရှာတွေ့နိုင်ပါစေလို့မျှော်လင့်တယ် မဟုတ်ရင် ငါတို့ ပြန်မသွားနိုင်မှာကို ကြောက်တယ်” အစောပိုင်းက ပြောသော အမျိုးသမီးကပြောလေသည်။
“ပြန်မသွားနိုင်ဘူး ဟုတ်လား ဘာလို့လဲ” ရှောင်ချီ နားမလည်ပေ။
မုန့်ဆန်းချွယ်သည် ကလေးတစ်ယောက်ကို ဘာကြောင့် လိုက်လာခိုင်း သည်ကို ထိုလူများ နားမလည်သော်လည်း စိတ်ရှည်စွာဖြင့် ဖြေပေးလေ သည်။
“ဆုန်းချောင်းဂျီက ဒီကိုလာခိုင်းတာက သေခိုင်းတာပဲလေ၊ ငါတို့သာ အသက်ရှင်ကျန်မယ်ဆိုရင် အသက်ရှင်လျက်ပြန်လာခိုင်းမှာမဟုတ်ဘူး၊ ငါတို့ ဒီမှာသာသေသွားမယ်ဆိုရင် မတော်တဆသေသွားတယ်ဆိုပြီး လေကကြီး ကို ပြောလို့ရတယ် ”
“အဲတော့ ရှောင်ချီတို့ ဒီမှာမသေဘူးဆိုရင် သူတို့ကလာပြီးသတ်မှာ လား” ရှောင်ချီသည် မုန့်ဆန်းချွယ်ကိုကြည့်ပြီး မေးလိုက်သည်။
“အဲလိုခပ်ဆင်ဆင်ပဲ” မုန့်ဆန်းချွယ် ပြောလေသည်။
“သေစမ်း အဲလူက ဘာလို့အဲလောက်ယုတ်မာတာလဲ” ရှောင်ချီ အော် လေသည် “တအားကိုအနိုင်ကျင့်တာပဲ…”
ရှောင်ချီသည် အင်္ကျိလက်ကိုမ,တင်မည်အပြုတွင် ရှီမာယူယူ သူမကို ကြည့်နေသည်ကိုသတိထားမိပြီး ခေါက်လက်စအင်္ကျိလက်ကို ပြန်ချလိုက် လေသည်။
အခြေအနေမှာ ချက်ချင်းပင် ပြင်းထန်လာသဖြင့် ရှီမာယူယူ မျက်မှောင် ကြုတ်လိုက်သည်။
“ငါတို့ရောက်နေတာ တစ်ရက်ရှိပြီ အခြေအနေကိုလုံးဝနားမလည်သေး ဘူး၊ အခုအဲလူလည်းမရှိတော့ဘူး စစ်ဆေးတာကိုဘယ်လိုစရမလဲ” လူ တစ်ယောက်က မေးလိုက်သည်။
“တကယ့်ကိုပြဿနာပဲ ဒါရိုက်တာမုန့် ခင်ဗျားရဲ့ကျောင်းက သတင်းစုံ လေ့ရှိတယ် ဒီမှာဘာဖြစ်တာလဲဆိုတာသိလား”
မုန့်ဆန်းချွယ်သည် အကူအညီမဲ့စွာဖြင့် လက်ဖြန့်လိုက်ပြီး “ငါတို့လည်း ဘာမှမသိဘူး”
“ဒါဆိုရင် အဲလူကို ဘာလို့သတင်းမမေးခိုင်းတာလဲ” တချို့လူများသည် ဒါရိုက်တာမုန့်၏ အပြုအမူကို သိပ်သဘောမကျကြပေ။
သူ့ကြောင့်သာမဟုတ်လျှင် အဂ္ဂိရတ်ပညာရှင်အသင်းသည် သူတို့ကို သတင်းတချို့ပေးနိုင်သည်။ အခုထိုလူလည်းသွားပြီ မုန့်ဆန်းချွယ်က ဘာမှ မသိဘူးလို့ပြောနေတယ်။
“ဟုတ်တယ်” မုန့်ဆန်းချွယ် ပြောလေသည် “ငါ့မှာဘာသတင်းမှမရှိပေ မဲ့ ငါတို့သိဖို့လိုတာကို သူ သေချာပေါက် မပြောမှာကိုတော့ ငါသိတယ်၊ သူ ပေးတဲ့အချက်အလက်ကိုသာသုံးရင် သေချာပေါက် အသက်ရှင်နိုင်မှာမဟုတ် ဘူး”
အားလုံးစဉ်းစားကြည့်ရာ အသင်းမှလူများသည် သူတို့၏သေခြင်းကို အပြင်းအထန်လိုလားနေသဖြင့် သူတို့ကိုသတင်းအမှန်ပေးမည်မဟုတ်ဆို သည်မှာတော့ သေချာနေပြီ။
“ဒါဆို ငါတို့ဘာလုပ်ကြမလဲ”
“ဘာလုပ်နိုင်ဦးမှာလဲ စစ်ဆေးရမှာပေါ့”
“ဒါပေမဲ့ အဂ္ဂိရတ်ပညာရှင်အသင်းနဲ့ဆေးအဖွဲ့ခွဲ့ကလူတွေ ဒီလောက် ကြာအောင်ရှာတာတောင် ဘာမှထွက်မလာတာ ငါတို့က ဘယ်လိုလုပ်ရှာနိုင် မှာလဲ”
“ဟုတ်တယ် ပြီးတော့ အရင်စုံစမ်းဖို့သွားတဲ့သူတွေ ဘယ်သူမှပြန်မလာ ကြဘူး၊ ငါတို့သာ စုံစမ်းမယ်ဆိုရင် ငါတို့အတွက်လည်း အန္တရာယ်မများဘူး လား”
“မဖြစ်သင့်ဘူး ပြန်မလာတဲ့သူတွေက ဒီမှာသေချာပေါက် သေတယ်ဆို တာမဖြစ်နိုင်ဘူးထင်တယ် အများစုက အသတ်ခံရတာဖြစ်နိုင်တယ်” ဝေ့ကျန်း ခန့်မှန်းလေသည်။
ထိုနေရာသို့လာသောသူများသည် သူတို့ကဲ့သို့ ဆုန်းချောင်းဂျီကို မထောက်ခံကြသဖြင့် တခြားသူ၏အသတ်ခံရသည်မှာ ဖြစ်နိုင်ချေရှိသည်။
သည်လိုဆိုလျှင် ထိုနေရာရှိ အခြေအနေသည် အလွန်ကြောက်စရာပင်။
ထိုနေရာရှိလူများသည် ထက်မြက်သောလူများဖြစ်ကြသည်။ အရိပ်ပြ လိုက်သည်နှင့် အကောင်မြင်ကြသည်။
“ဒါဆိုရင် လူခွဲပြီးစစ်ဆေးကြတာပေါ့” လူတစ်ယောက် အကြံပေးလေ သည်။ “ဒီနေရာကအရမ်းကြီးတယ် အကုန်လုံးအဖွဲ့လိုက်ဆိုရင် အသုံးဝင် တာရှာတွေ့ဖို့ကိုအချိန်ကြာလိမ့်မယ် ဒါပေမဲ့ အဖွဲ့ခွဲလိုက်ရင်လည်း အန္တရာယ် ရှိနိုင်တယ် အဲဒါကြောင့် အဖွဲ့ ၂ဖွဲ့ ၃ဖွဲ့လောက်ပဲခွဲဖို့ အကြံပေးချင်တယ်”
“အကြံကောင်းတယ် ငါတို့ကအားလုံးပေါင်း အင်အားစု ၈ခုရှိတယ်၊ ကိုယ့်ဘာသာ ၃ခုစီခွဲကြတာပေါ့”
မုန့်ဆန်းချွယ်တို့အဖွဲ့သည် လူနည်းသဖြင့် သူတို့နှင့် ဘယ်သူမှအဖွဲ့ မကျချင်ကြပေ။ နောက်ဆုံးတွင် တစ်ဖွဲ့သည် သဘောတူလိုက်သည်။
“ကျွန်မတို့က ပင်လယ်ကြယ်နန်းတော်ကပါ ကျွန်မက ဒုဥက္ကဌ ကျန်းဖေ ပါ” အရင်ကစကားပြောထားသော အမျိုးသမီးသည် နှုတ်ဆက်လေသည်။
“နန်းတော်သခင်ကျန်း တွေ့ရတာဝမ်းသာပါတယ်” မုန့်ဆန်းချွယ်သည် သူမကို သာမန်မျှသာ နှုတ်ဆက်လေသည်။
“ကျွန်တော်က ဝေ့ကျန်းပါ ဒီတစ်ခေါက် ဆေးပြိုင်ပွဲမှာ ဆရာအဖွဲ့ကို ဦးဆောင်တဲ့တာဝန်ယူထားပါတယ်၊ ဒီ၄ယောက်က ဂိုဏ်းကကျောင်းသား တွေပါ” မုန့်ဆန်းချွယ်သည် ကျန်းဖေနှင့်ပတ်သတ်ပြီး ဂရုမစိုက်သည်ကို ဝေ့ကျန်းတွေ့သောအခါ ရှေ့တိုးကာနှုတ်ဆက်လေသည်။
ပင်လယ်ကြယ်နန်းတော်မှလူအများစုမှာ မိန်းကလေးများဖြစ်ကြကာ တခြားသော အင်အားစုများထက်အားနည်းကြသည်။ ထို့ကြောင့် သူတို့သည် မတတ်သာပဲ အင်ပါယာကျောင်းတော်နှင့် ပူးပေါင်းရလေသည်။
“အခုတစ်ယောက်နဲ့တစ်ယောက်သိသွားကြပြီဆိုတော့ ဒီကိစ္စကို ဘယ်လိုစုံစမ်းမလဲဆိုတာ ်ဆွေးနွေးကြတာပေါ့” ကျန်းဖေ ပြောလေသည်။
“အဲလူတွေက သူတို့အင်အားကိုအသုံးချပြီး အလုံခြုံဆုံးနေရာတွေကို အရင်ရွေးသွားကြပြီ ကျွန်မတို့ကို အန္တရာယ်အများဆုံးနေရာကို သွားခိုင်း တယ်” ကျန်းဖေသည် ကျန်းမန့်ကို ခါးသီးစွာပြောလေသည်။
သူတို့သည် အသေးစိတ်မသိသော်လည်း ယေဘုယျသတင်းတချို့ကို ကြားခဲ့သည်။ အနည်းဆုံးတော့ အန္တရာယ်အများဆုံးဧရိယာသည် မည်သည့် နေရာဖြစ်သည်ကို အားလုံးသိကြသည်။
မည့်သည့်နေရာကို စုံစမ်းရမည်ဟု ဆုံးဖြတ်ချိန်တွင် ကျန်နှစ်ဖွဲ့သည် ဘေးအကင်းဆုံးကိုရွေးကာ မုန့်ဆန်းချွယ်တို့ကို တခြားနေရာကို စစ်ဆေးရန် ပြောလေသည်။
“ပထမဆုံးရွေးတာတိုင်းလည်း အလုံခြုံဆုံးနေရာဖြစ်တာမဟုတ်ဘူး” ရှီမာယူယူ ပြောလေသည်။
“ယူယူ တစ်ခုခုတွေ့ထားလို့လား” မုန့်ဆန်းချွယ် မေးလေသည်။
“သတင်းရထားတာရှိပါတယ်” ရှီမာယူယူ ပြောလိုက်သည် “အနည်းဆုံး ကတော့ ကျွန်တော်တို့သွားမဲ့နေရာက အားအကောင်းဆုံးသားရဲတွေရှိတဲ့ နေရာဆိုတာ သိထားပါတယ်”
“မင်းဘယ်လိုသိတာလဲ၊ အရင်ကဒီကိုရောက်ဖူးတာလား” ကျန်းမန့် သည် ငယ်ရွယ်ကာ စိတ်ဆတ်သည့်ပုံပေါက်သည်။ သူမသည် လူများကို စကားပြောရသည်ကိုနှစ်သက်ကာ ရှီမာယူယူ ယုံကြည်ချက်အပြည့်ရှိနေ သည်ကိုတွေ့သောအခါ သိချင်စိတ်ဖြင့်မေးလေသည်။
ရှီမာယူယူသည် ဒေါသထွက်ရင်းနှင့် စပ်စုချင်စိတ်ကိုဖုံးမရသော မိန်းကလေးကိုကြည့်လိုက်သည်။ သူမသည် ထိုကဲ့သို့ရိုးစင်းသော ညီမလေး ပုံစံကိုအလွန်သဘောကျသဖြင့် ပြုံးလိုက်သည် “ကိုယ်ပိုင်နည်းလမ်းတွေရှိ တယ်လေ”
“ဒါဆိုရင် ငါတို့အပိုင်းက အန္တရာယ်အများဆုံးမဟုတ်ဘူးလို့ ဆိုလိုတာ ပေါ့” ဟန့်မြောင်ရွှမ် ပြောလေသည်။
“မဟုတ်ဘူး ကျွန်တော်တို့ခရီးလမ်းက လူအများစုသေခဲ့တဲ့နေရာပဲ” ရှီမာယူယူ ပြောလိုက်သည် “စဉ်းစားကြည့်ရင်တော့ အန္တရာယ်အများဆုံး အပိုင်းပဲပေါ့”
“အင် ဒါပေမဲ့ ခုနက မင်းပြောတော့ ဒီမှာဘေးကင်းတယ်လို့ထင်သွား တာ” ကျန်းမန့်သည် စိတ်ပျက်စွာပြောလေသည်။
ရှီမာယူယူ ပြုံးလိုက်သည် “ဒါကအန္တရာယ်အများဆုံးပဲ ဒါပေမဲ့ ဘေးအကင်းဆုံးအဖြစ် ငါတို့လုပ်လို့ရပါတယ်”
***