အခြေအနေဆိုးဝါးခြင်း
Vol. 010 Ch. 978
ပင်လယ်ကြယ်နန်းတော်မှလူများသည် ရှီမာယူယူကိုမယုံကြပေ။ ထိုလူ သည် ငယ်ရွယ်သည့်ပုံပေါက်နေသည်။
သူ၏ အသက်အရွယ်အတိအကျကိုမသိသော်လည်း သူသည် ငယ် သေးသည်ကို သူတို့ပြောနိုင်သည်။ သူ့လိုငယ်ရွယ်တဲ့သူတစ်ယောက်က သူ့ ကိုယ်သူအားကောင်းတယ်လို့ ကြေညာနေတာလား။
အဖြေကတော့… မဖြစ်နိုင်ပေ။
သူတို့မယုံနိုင်သော်လည်း သူတို့၏မယုံကြည်မှုကိုမပြသပေ။
“ဂျူနီယာမောင်လေး ဘာလုပ်လိုက်တာလဲ” ဟန့်မြောင်ရွှမ်သည် ရှီမာယူယူတွင် အစီအစဉ်ရှိသည်ကိုသိလိုက်သည်။ မဟုတ်လျှင် သူမသည် ဒီလောက် ယုံကြည်ချက်ရှိနေမည်မဟုတ်ပေ။
“ဒါလေ” ရှီမာယူယူသည် နီရဲပျားကိုထုတ်ရင်းနှင့် ပြုံးပြီးပြန်ဖြေလေ သည်။
“ပျားတွေပို့လိုက်တာလား ဘယ်တုန်းကလဲ ငါမမြင်လိုက်ရပါလား” ဟန့်မြောင်ရွှမ် အော်လေသည်။
“မနေ့ညက စီနီယာထွက်သွားတော့” ရှီမာယူယူ ပြောလိုက်သည် “သူတို့က ဒီနေရာကအခြေအနေကို အကြမ်းဖျင်းပြောပြပြီးပြီ ဒါပေမဲ့ အနက် ထဲထိတော့ မသွားလိုက်ဘး အနည်းဆုံးတော့ ဒီ၂ရက်ကိုအဆင်ပြေဦးမှာပါ”
“အဲလောက်အသုံးဝင်လား” ကျန်းမန့်သည် နီရဲပျားများကို စပ်စုစွာ ကြည့်ရင်း မေးလေသည်။
“ပျားလေးတွေက အရမ်းအားကောင်းတယ်” ရှောင်ချီ ပြောလေသည်။
“တကယ်လား ဒါဆိုရင် ဒီကိစ္စကိုအရင်းထိ သူတို့ကို ဘာလို့မစစ်ဆေး ခိုင်းတာလဲ” ကျန်းမန့် မေးလေသည်။
“တုံးလိုက်တာ” ရှောင်ချီသည် သူမကို ကြည့်ရုံသာကြည့်လိုက်သည် “အဲပျားတွေကအပေါ်ယံအခြေအနေကိုပဲမြင်ရမှာပေါ့၊ အပေါ်ယံအခြေအနေ ကိုအခြေခံပြီးမှ တကယ့်လိုအပ်တာတွေကို ထပ်ပြီးစစ်ဆေးရမှာလေ”
“အာ….” ကျန်းမန့်သည် မလေးမစားဆက်ဆံခံရသော်လည်း ဒေါသ မထွက်ပေ။ ထိုအစား သူမသည် လက်ဆန့်ထုတ်ကာ ရှောင်ချီ၏ခေါင်းကို ပုတ်ကာ ပြောလေသည် “ငါ သူတို့ကိုနားမလည်သေးဘူးလေ”
ရှောင်ချီသည် ကျန်းမန့်၏လက်ကိုရှောင်ကာ သူမအရိပ်သည် ရိပ်ခနဲ ရှီမာယူယူ၏ ဘေးတွင်သွားပေါ်လေသည်။
ကျန်းမန့်၏လက်သည် လေထဲတွင်မြောက်ကျန်နေခဲ့သည်။ သူမသည် အနည်းငယ်ရှက်ရွံ့သွားသော်လည်း ပြုံးပြီး ကျန်းဖေ၏ဘက်သို့ပြန်သွားလေ သည်။
“မင်းက သူတို့ကိုလွှတ်လိုက်တော့ မင်းပဲလမ်းပြလိုက်ပါ” မုန့်ဆန်းချွယ် ပြောလေသည်။
ရှီမာယူယူမှန်သည်ဟု မုန့်ဆန်းချွယ်တွေးသည်ကို ကျန်းဖေမြင် သောအခါ အနည်းငယ်အံ့သြသွားပြီး မေးလေသည် “ဒါရိုက်တာမုန့် သေချာ ရဲ့လား”
“နန်းတော်သခင်ကျန်း ကျွန်တော့်ကိုယုံရင်တော့ ပူးပေါင်းပါ” မုန့်ဆန်းချွယ်သည် တည့်တိုးပြောလေသည်။
မုန့်ဆန်းချွယ် စိုးရိမ်ပူပန်မှုမရှိသည်ကို ကျန်းဖေ တွေ့လိုက်သည်။ သူမ အနည်းငယ်တွေဝေသွားပြီးနောက် ခေါင်းညိတ်သဘောတူကာ ပြောလိုက် သည် “ကျွန်မ ဒါရိုက်တာမုန့်ကိုယုံပါတယ်”
“ဒါဆို သွားကြတာပေါ့” မုန့်ဆန်းချွယ်နှင့် ကျန်းဖေတို့သည် တူညီသည့် သဘောထားရှိသည်။ ပင်လယ်ကြယ်နန်းတော်မှလူများ လိုက်လိုပါက သူ သည် ဝမ်းမြောက်ဝမ်းသာနှင့် အသေအဆုံးနည်းမည့် လမ်းကိုဦးဆောင်သွား မည်ဖြစ်သည်။
သည်လိုနှင့် ရှီမာယူယူသည် လမ်းကိုဦးဆောင်သွားလေသည်။ အားလုံး သည် တောင်ထိပ်တက်လိုက် ပြန်ဆင်းလိုက်လုပ်ကြသည်။
သူတို့တောင်ထိပ်ရောက်သောအခါ မြင်ကွင်းပြောင်းသွားလေသည်။ အရင်က စိမ်းဖန့်ကာ လတ်ဆတ်နေသောမြင်ကွင်းမှာ အနက်ရောင်ပြောင်း သွားသည်ကို မြင်လိုက်ရသည်။
“အကုန်လုံး ညစ်ညမ်းနေပြီ” ကျန်းဖေသည် အပင်များကိုမြင်သောအခါ တအံ့တသြပြောလေသည်။
“ဒီလိုဖြစ်မယ်လို့ မထင်ထားဘူး” မုန့်ဆန်းချွယ်သည်လည်း အံ့သြသွား လေသည်။
သူတို့အရင်ကရခဲ့သော သတင်းအချက်အလက်များမှာ မပြင်းထန်ပေ။
ရှီမာယူယူသည် မျက်စိရှေ့မှ အနက်ရောင်မြင်ကွင်းကိုကြည့်ပြီး အနောက်မှ စိမ်းဖန့်သောမြင်ကွင်းကိုပြန်ကြည့်ကာ အနည်းငယ်မျက်မှောင် ကြုတ်ပြီး ပြောလိုက်သည် “အရှေ့နဲ့အနောက်မြင်ကွင်းက ဘာလို့အဲလောက် ကွာရတာလဲ”
ကွာခြားမှုကိုအားလုံးသတိထားမိကြလေသည်။
“ကြည့်ရတာ ငါတို့ခြေထောက်အောက်က နေရာကစ,တဲ့ပုံပဲ” ကျန်းမန့် သည် ခေါင်းငုံ့ပြီး အသံတိုးတိုးဖြင့်ပြောလေသည်။
အားလုံးငုံ့ကြည့်လိုက်ရာ အမှန်ဖြစ်သည်ကို သတိထားမိလိုက်ကြ သည်။
အားလုံးအရှေ့တစ်လှမ်းတိုးကြည့်ပြီး အနက်ရောင်ကမ္ဘာထဲဝင်ကြည့် လိုက်သည်။
“ငါ့ဆံပင်တွေတောင်ထောင်သွားတယ်” ပင်လယ်ကြယ်နန်းတော်မှ အမျိုးသမီးတစ်ဦးသည် တုန်ယင်ကာ သူမလက်မောင်းများကိုပွတ်လိုက် သည်။ ဆိုလိုသည်မှာ ထိုနေရာ၏ အခြေအနေသည် သူမကို ကြောက်သွား စေသည်။
ဝေ့ကျန်းသည် ဆောင့်ကြောင့်ထိုင်ကာ ပိုးလက်အိတ်ဝတ်ပြီး အပင်ကို နှုတ်ပြီးနောက် အနံ့ရှုကြည့်ကာ ပြောလေသည် “အညှီနံ့ပြင်းတယ်”
ဟန့်မြောင်ရွှမ်နှင့် စူးရှောင်ရှောင်တို့လည်း လက်အိတ်ထုတ်ကာ ဝတ် လိုက်ကြသည်။ သူတို့နှစ်ယောက်လုံးသည် ဆေးပစ္စည်းများကို ကိုင်တွယ်ရ သဖြင့် ပိုးလက်အိတ်မှာ မရှိမဖြစ်ဆောင်ထားရသည်။
သို့သော် ရှီမာယူယူသည် လက်အိတ်မဝတ်ပဲ မြက်ပင်အသေးတစ်ပင် ကို ဆွဲနှုတ်လိုက်သည်။ သူမ အနံ့ရှုကြည့်ပြီး ပြောလေသည် “အနံ့က တကယ် ပြင်းတယ်၊ ဒီကအခြေအနေက ဆိုးဝါးတဲ့ပုံပဲ”
ရှောင်ချီသည် ရှီမာယူယူကို အတုယူကာ မြက်ပင်ကိုဆွဲနှုတ်လိုက် သည်။ သူမ အနံ့ခံကြည့်ပြီး မြေပေါ်ကို ချက်ချင်းပစ်ကာ ပြောလိုက်သည် “ဒီ ဟာကြီးက နံလိုက်တာ”
“တကယ်ပဲ အနံ့နံတယ်” ရှီမာယူယူသည် လက်ထဲမှ မြက်ပင်ကိုပစ် လိုက်ပြီးနောက် လက်ကိုင်ပဝါထုတ်ကာ ရှောင်ချီ၏ လက်များကိုသုတ်ပေးပြီး သူမလက်ကိုပါသိုတ်လိုက်သည်။
“အာ…”
နာကျင်သောအော်သံကြောင့် အားလုံး၏အာရုံရောက်သွားကြသည်။ လှည့်ကြည့်လိုက်ရာ ပင်လယ်ကြယ်နန်းတော်၏ တပည့်တစ်ယောက်သည် ညာဘက်လက်ကိုအုပ်ထားရင်း အော်လေသည်။
“ဘာဖြစ်တာလဲ” ကျန်းမန့်သည် ပြေးသွားကာ ထိုမိန်းကလေး၏ ဆုပ်ထားသောလက်ကို ဖြန့်ကြည့်ရာ သူမ လက်ဖဝါးသည် ပျက်ဆီးနေသည် ကိုတွေ့လိုက်ရသည်။
သူမ ခြေထောက်နားတါင် ပစ်ထားသော မြက်ပင်ရှိနေသည်။
“မြက်ပင်ကို လက်ဗလာနဲ့ကိုင်လိုက်တာလား” ကျန်းဖေသည် သူမ လက်ကိုကြည့်ရုံနှင့်တင် အကြောင်းအရင်းကိုသိလိုက်သည်။
ထိုတပည့်သည် မျက်ရည်များဖြင့် ခေါင်းညိတ်လေသည်။
“ဒီမြက်ပင်ကအဆိပ်ရှိတယ် ဘယ်လိုလုပ် ဒီအတိုင်းသွားကိုင်လိုက်တာ လဲ” ကျန်းဖေ ကြိမ်းမောင်းလေသည် “ဒီကိုလာတုန်းက ဘာမှမကိုင်ရဘူးလို့ ငါမပြောထားဘူးလား”
“ကျွန်မ…” သူမသည် ရှီမာယူယူကိုကြည့်ပြီး ရှီမာယူယူ လက်ဗလာဖြင့် မြက်ပင်ကိုင်သည်ကိုအတုယူကာ လိုက်ကိုင်သည်ကို နားလည်လိုက်သည်။
ကျန်းဖေသည် ၉၆ပါးအဆိပ်ဖြေဆေးကိုထုတ်ပြီး သူမကိုပေးရင်းနှင့် ပင်လယ်ကြယ်နန်းတော်မှ လူများကို ထပ်ပြောလေသည် “ငါထပ်ပြောမယ် ဒီကဘာကိုမှမထိကြနဲ့ နားလည်ကြလား”
“ဟုတ်ကဲ့ပါ သခင်”
“ဟုတ်ကဲ့ပါ နန်းတော်သခင်”
ပင်လယ်ကြယ်နန်းတော်မှ လူများသည် ထိုတပည့်၏ လက်ကိုကြည့် ကာ သိချင်စိတ်ဖြင့် တွေးကြလေသည်။
“ဒါပေမဲ့ ယူယူ မင်းလက်ကဘာလို့အဆင်ပြေနေတာလဲ” ကျန်းမန့် မေး လေသည်။
“ဟုတ်တယ် မင်းလက်တွေက မပျက်စီးသွားဘူးပဲ ဒီညီမလေးကကျ အဲလိုမဟုတ်ဘူး”
ရှီမာယူယူ ပြောလေသည် “ရှောင်ချီနဲ့ ကျွန်တော်တို့ ခန္ဓာကိုယ်က အဆိပ်ပြီးလို့ပါ”
“အဆိပ်ပြီးတဲ့ ခန္ဓာကိုယ်ဆိုတာဘာလဲ”
“အဆိပ်ပြီးတဲ့ခန္ဓာကိုယ်က…” ရှီမာယူယူသည် ထိုကဲ့သို့ ကိစ္စမျိုးကို သူတို့ကို မရှင်းပြလိုသဖြင့် ရိုးရိုးရှင်းရှင်းသာ ပြောလိုက်သည် “ဖြေဆေး သောက်ထားတာနဲ့အတူတူပါပဲ”
“ဒါဆိုရင် မင်းတို့နှစ်ယောက်က အဆိပ်ခံနိုင်နေတာလား” ကျန်းမန့် သည် ထိုကိစ္စကိုတစ်ခါတည်း သဘောပေါက်လိုက်သည်။
“အဲလိုပြောလို့ရပါတယ်” ရှီမာယူယူ ပြောလိုက်သည်။
“နန်းတော်သခင် ဒီဖြေဆေးက အသုံးမဝင်ဘူးထင်တယ် ညီမလေးရဲ့ လက်ဖဝါးက အနာဖြစ်နေတုန်းပဲ”
ကျန်းဖေသည် ရှီမာယူယူ၏ ဖြေရှင်းချက်အပေါ် တအံ့တသြဖြစ်လျက်ရှိ သည်။ ပြီးမှ သူမကြည့်လိုက်ရာ ထိုတပည့်၏ လက်ဖဝါးမှာ ဒဏ်ရာဖြစ်နေ တုန်းသာရှိသည်ကို တွေ့လိုက်ရသည်။
“ဆေးကဘာလို့အသုံးမဝင်ရတာလဲ၊ နောက်တစ်လုံးစမ်းသောက်ကြည့်” ကျန်းဖေသည် နောက်ဆေးတစ်မျိုးထုတ်ကာ ထိုတပည့်အားပေးမည်အပြု တွင် မုန့်ဆန်းချွယ် တားလိုက်လေသည်။
“သခင်ကျန်း ခင်ဗျားဖြေဆေးက သူမကိုမဖြေပေးနိုင်ဘူး သူ့ကို ဆေး ပေးလည်း အသုံးဝင်မှာမဟုတ်ဘူး”
“ဒါရိုက်တာမုန့်မှာ နည်းလမ်းရှိလား” ထိုဂိုဏ်းမှာ အစွမ်းအစရှိသည်ကို ကျန်းဖေ သိထားသည်။ သို့သော် အချိန်တိုအတွင်းတွင် ဖြေဆေးရှာရန် မလွယ်လှပေ။
“ဒီမှာ” မုန့်ဆန်းချွယ်သည် ဆေးဖြေတစ်မျိုးထုတ်ပြီး သူမကို ပစ်ပေး လိုက်သည်။ စဉ်းစားခြင်းမရှိပဲနှင့် သူမ တပည့်ကိုတိုက်လိုက်သည်။
တပည့်သည် ဆေးသောက်ပြီးနောက်တွင် ဒဏ်ရာဖြစ်နေသော သူမ၏ လက်ဖဝါးသည် တဖြည်းဖြည်းသက်သာလာပြီး အနာကျက်လာသည်။
“အရင်တုန်းက ဂိုစ်းထဲမှာ ဒီနေရာကအရာတွေကို လေ့လာဖူးတယ် အဲဒါ ဘာလဲဆိုတာအတိအကျမသိပေမဲ့ ဖြေဆေးကိုတော့ ဖော်ထားလိုက်နိုင် တယ်” မုန့်ဆန်းချွယ် ပြောလေသည် “ပုံမှန်ဖြေဆေးက သူမအတွက် အသုံး မဝင်ဘူး ဒီဖြေဆေးက သူမရဲ့ လက္ခဏာတွေကို ၁၀ရက်တော့ ဖိနှိပ်နိုင်တယ် တကယ်လို့ ၁၀ရက်အတွင်းမှာ တကယ့်ဖြေဆေးကိုရှာမတွေ့ရင် သူမ လက် ကို ဖြတ်ပစ်ရလိမ့်မယ်” မုန့်ဆန်းချွယ် ရှင်းပြလေသည်။
“ဘာ” တပည့်သည် သူမလက်ကောက်ဝတ်ကို ဆုပ်ကိုင်ရင်း ကျန်းဖေ ကို မျက်ရည်များဖြင့်ကြည့်ကာ စိုးရိမ်စွာပြောလေသည် “နန်းတော်သခင်…”
“၁၀ရက်ကျန်သေးတယ် အကြောင်းအရင်းကို မြန်မြန်ရှာရမယ်” ကျန်းဖေသည် သူမ နဖူးကိုပွတ်လိုက်ပြီး “မြန်မြန်ဝင်ရအောင်”
***