← Chapters

အဆိပ်

Vol. 010 Ch. 979

အဆိပ်

Vol. 010 Ch. 979

ပင်လယ်ကြယ်နန်းတော်မှ တပည့်ထိခိုက်ထားသဖြင့် သူတို့သည် လမ်းတလျှောက် ဘာကိုမှမထိတော့ပဲ စကားများသာပြောလာကြသည်။

ရှီမာယူယူနှင့် ရှောင်ချီတို့နှစ်ယောက်သာ စိတ်ဝင်စားသည့်အရာများ ကို ယူကြည့်ပြီး သွားလိုသည့်နေရာကိုသွားကြည့်ကြရာ အားလုံးသည် သူတို့ ကိုအားကျကြလေသည်။

သူတို့သည် ရက်အများစုတွင် ဝိညာဉ်သားရဲများနှင့်မတွေ့ပေ။ ဝိညာဉ် သားရဲနှင့်တွေ့မည့်အချိန်တိုင်းတွင် မတွေ့ခင်တွင် ရှီမာယူယူသည် သူတို့ကို လွတ်ရာသို့ခေါ်သွားလေသည်။

“စီနီယာအစ်မ ဒါကိုကြည့်ကြည့်” ရှီမာယူယူသည် သစ်ပင်တစ်ပင်ကို ယူပြီး သူမအနောက်တွင်ရပ်နေသော ဟန့်မြောင်ရွှမ်ကိုပေးလိုက်သည်။

ဟန့်မြောင်ရွှမ်သည် လက်အိတ်စွတ်ထားရင်းယူကာ ပြောလေသည် “ဒါတစ်ခုက အပြင်ကဟာတွေနဲ့ နည်းနည်းကွာတယ်”

“ရှောင်ချီကကျ ဘာလို့ကွာခြားချက်ကိုမမြင်ရတာလဲ” ရှောင်ချီကြည့်ရာ အပြင်မှ အပင်များနှင့်အနံ့တူသည်ကိုတွေ့လိုက်ရသည်။

“ဒီနေရာကိုကြည့်” ရှီမာယူယူသည် အရွက်များ ကျိုးပဲ့နေသော သစ်ပင် ၏ပင်စည်အလယ်ကို ညွှန်ပြလိုက်သည် “ဒီနားမှာ အနီအကွက်တွေဖြစ်နေ တာ”

“ဟုတ်တယ်” ရှောင်ချီ ပြောလိုက်သည်။

ဟန့်မြောင်ရွှမ် ဆောင့်ကြောင့်ထိုင်ကာ အရွက်အနည်းငယ်ခူးလိုက်ပြီး လက်ထိပ်နှင့်ဆိတ်ကြည့်လေသည်။ သူမ ပြောလိုက်သည် “ရှောင်ရှောင် ဒီမှာ နည်းနည်းလောက် လေ့လာကြည့်ရအောင် ဖြေဆေးတွေ့နိုင်တယ်”

စူးရှောင်ရှောင် လျှောက်လာကာ ဟန့်မြောင်ရွှမ်နှင့်အတူ စတင် လေ့လာလေသည်။

ရှီမာယူယူ သွားပြီးပြောလိုက်သည် “ဒါရိုက်တာမုန့် စီနီယာအစ်ကိုနဲ့ စီနီယာအစ်မတို့ ဒီမှာနေပြီးလေ့လာကြမယ်တဲ့ ဒီမှာပဲ စခန်းချရအောင်”

မုန့်ဆန်းချွယ်သည် မှောင်နေသောကောင်းကင်ကိုကြည့်ပြီး ပြောလိုက် သည် “ကောင်းပြီ ဒီနေ့ညတော့ ဒီမှာစခန်းချမယ် မင်း ဘယ်လိုထင်လဲ”

ကျန်းဖေ ခေါင်းညိတ်လိုက်သည်။ သူမ လက်ကိုဝေ့ရမ်းပြလိုက်ရာ တပည့်များသည် စတင်စခန်းချလေသည်။

ထိုအရာကိုကြည့်ပြီး ရှီမာယူယူ ပြန်သွားကာ ဟန့်မြောင်ရွှမ်နှင့် စူးရှောင်ရှောင်တို့နှင့် ပူးပေါင်းလေသည်။

ကျန်းဖေသည် မုန့်ဆန်းချွယ်ဆီလာပြီး ပြောလေသည် “ဒါရိုက်တာမုန့် ကျွန်မလည်း အပင်တွေကိုလေ့လာပြီးပြီ ဘာမှမတွေ့ဘူး၊ သူတို့သုံးယောက် က လူငယ်တွေပဲ ဖြေဆေးကိုရှာနိုင်ပါ့မလား”

မုန့်ဆန်းချွယ်သည် သူတို့သုံးယောက်ကိုကြည့်ပြီး ပြန်ဖြေလေသည် “သူတို့က မျှော်လင့်ချက်ရှိတယ်လို့ပြောမှတော့ ပြဿနာမရှိလို့ပဲလေ၊ မနက် ဖြန်ကျရင် ရလဒ်ကိုသိရမှာပဲ”

“သူတို့က အဲလောက်အားကောင်းကြလား” ကျန်းဖေသည် မယုံကြည် သေးပေ။

“လောင်ရှုကို သိလား” မုန့်ဆန်းချွယ် မေးလိုက်သည်။

“ရှုဂျင်းလား သိတာပေါ့ သူသာဒီမှာရှိတယ်ဆိုရင် ဒီပြဿနာက သူ့ကို အခက်တွေ့စေမှာမဟုတ်ဘူး” ကျန်းဖေသည် ရှုဂှင်း၏ ကျော်ကြားသော ဂုဏ် သတင်းကိုသိကြသည် “သူကဘာလို့ ဒီတစ်ခေါက်ကိုလိုက်မလာတာလဲ”

“သူ ကိစ္စရှိလို့ပါ” မုန့်ဆန်းချွယ် ပြောလေသည် “သူမရှိလည်း ကိစ္စမရှိပါ ဘူး၊ ဒီကလေးသုံးယောက်က သူ့တပည့်တွေပဲ သုံးယောက်အတူအလုပ်လုပ် ရင် သူတစ်ယောက်နဲ့ညီမျှပါတယ်”

“သူတို့က ရှုဂျင်းရဲ့ တပည့်တွေလား” ကျန်းဖေသည် သူတို့ကို တအံ့တသြကြည့်လေသည်။

“ဟုတ်တယ် စောင့်ကြည့်လိုက်ပါ သူတို့က အံ့သြသွားအောင်လုပ်ပြပါ လိမ့်မယ်”

ကျန်းဖေသည် ဆွေးနွေးနေကြသော ရှီမာယူယူတို့သုံးယောက်၏ ကျောပြင်ကိုကြည့်ပြီး သူတို့ဖြေဆေးရှာတွေ့ပါစေဟု မျှော်လင့်နေမိသည်။

သူတို့သုံးယောက်သည် ညလယ်ရောက်သည်အထိ လေ့လာကြပြီး နောက်ဆုံးတွင် ရွံ့နွံထဲမှ အဖြေကိုတွေ့လေသည်။ သူတို့သည် ဖြေဆေးကို အောင်မြင်စွာ ထုတ်ဖော်နိုင်လေသည်။

သူတို့၏ အောင်ပွဲခံမှုသည် အားလုံး၏ အာရုံကိုဖမ်းစားလိုက်သည်။ မုန့်ဆန်းချွယ် ရောက်လာကာ ပြောလေသည် “ဖြေဆေးတွေ့ပြီလား”

“ဟုတ်” ဟန့်မြောင်ရွှမ်သည် သူ့ကို အနီရောင်ဖြေဆေးပေးပြီး ပြော လိုက်သည် “သူမသာ မကြောက်ရင် တစ်ခါတည်းသောက်ကြည့်လို့ရတယ်”

“ရွှန်ချင်း လာခဲ့” ကျန်းဖေခေါ်လိုက်သည်။

ရွှန်ချင်းထလိုက်ရာ သူမအနောက်မှ မိန်းကလေးသည် သူမကို ဆွဲပြီး ပြောလိုက်သည် “သူတို့ဖြေဆေးက အခုမှတီထွင်ထားတာနော တကယ်လို့ ဖြေဆေးက…”

ထိုသို့ဖြစ်လျှင် သူမသည် အန္တရာယ်ရှိနိုင်သည်။

ရွှန်ချင်းသည် သူမလက်ကိုဖယ်လိုက်ပြီး သူမ၏ ဒဏ်ရာရထားသော လက်ကိုကြည့်ရင်း ပြောလိုက်သည် “တကယ်လို့ ဖြတ်ပစ်ရတာထက်စာရင် စမ်းကြည့်ရမှာပဲ”

ရွှန်ချင်းလျှောက်သွားကာ ကျန်းဖေကိုအရိုအသေပေးလိုက်သည် “မင်းသမီး”

ကျန်းဖေသည် မုန့်ဆန်းချွယ်ဆီမှ ဖြေဆေးယူပြီး သူမကို ပေးလိုက် သည် “စမ်းကြည့်ချင်လား”

“တပည့်စမ်းကြည့်ပါမယ်” ရွှန်ချင်းသည် တွေဝေခြင်းမရှိ ဆေးယူပြီး သောက်လိုက်သည်။

သူမသည် ထိုတစ်နေ့တာတွင် အတွေးများခဲ့သည်။ သူမ၏ စပ်စုချင် စိတ်ကြောင့်သာမဟုတ်လျှင်….. သူမသာ နန်းတော်သခင်၏ စကားကို နားထောင်လိုက်လျှင် ယခုကဲ့သို့ဖြစ်မည်မဟုတ်ပေ။

အကယ်၍ သူမ၏ ညာဘက်လက်ကိုသာဖြတ်ရမည်ဆိုလျှင် မဖြတ်ပစ် ချင်ပေ။ မသန်မစွမ်းတစ်ယောက်အနေနှင့် နေရသည်ထက် သေသည်က ပို ကောင်းသည်။ သူမ မနေချင်ပေ။

သူမ ဆေးသောက်လိုက်လျှင် အောင်မြင်သည့်အခွင့်အရေးရှိနိုင်သည်။ သူမ ညာဘက်လက်ကို ဖက်ထားမိသည်။ ဆေးမအောင်လျှင် သူမ သေမည် သို့မဟုတ် ဘာမှဖြစ်လာမည်မဟုတ်ပေ။

ရလဒ်မည်သို့ပင်ဖြစ်လာစေကာမူ သူမ ရင်ဆိုင်နိုင်သည်။

သူမ ဆေးသောက်သည်ကို ပင်လယ်ကြယ်နန်းတော်မှလူများမြင်သော အခါ တစ်ခုခုဖြစ်လာမည်ကို စိုးရိမ်သဖြင့် သူမကို စိတ်လှုပ်ရှားစွာကြည့် နေလေသည်။

ခေတ္တစောင့်ပြီးသည်အထိ သူမဘက်မှ တုန့်ပြန်မှုမရှိကာ သူမလက် ဒဏ်ရာလည်း ပြောင်းလဲသွားခြင်းမရှိပေ။ သူမသည်လည်း နေရမခက်ပေ။

“မအောင်မြင်ဘူးလား” သူမ အတန်ကြာသည်အထိ မတုန့်ပြန်သည်ကို မြင်သောအခါ ရှောင်ချီမေးလိုက်သည်။

တခြားသူများလည်း ထိုကဲ့သို့ပင်ခံစားရသည်။ အကြောင်းမှာ ပုံမှန်ဆေး များသည် သောက်ပြီးသည်နှင့် သက်ရောက်မှုပြသည်။ အနှေးဆုံးဆေးမှာ မိနစ်အနည်းငယ်သာကြာသည်။ အခု ၁၀မိနစ်ကျော်ကြာပြီးသည်အထိ ဘာမှ ဖြစ်မလာပေ။ ဆိုလိုသည်မှာ ဆေးမအောင်ဟု….

“ကြည့်ရတာ ဆက်ပြီးလေ့လာရဦးမယ်ထင်တယ်” ဟန့်မြောင်ရွှမ်ပင် လျှင် ပြောလေသည်။ သူမသည်လည်း ဆေးမအောင်ဟု ထင်လိုက်သည်။

“ခဏလောက်ထပ်စောင့်ကြည့်ပါဦး” ရှီမာယူယူ ပြောလိုက်သည် “အံ့သြစရာတွေဖြစ်လာနိုင်တယ်လေ”

ဟန့်မြောင်ရွှမ်သည် ယုံကြည်မှုရှိနေသော ရှီမာယူယူကိုကြည့်ပြီး ခေါင်းညိတ်လိုက်သည် “ဒါဆိုလည်း စောင့်ကြတာပေါ့”

နောက်ထပ် မိနစ်အနည်းငယ်ကုန်လွန်သွားသည်။ တုန့်ပြန်မှုမရှိသေး ပေ။

အားလုံး လက်လျော့မည်အပြုတွင် ရွှန်ချင်းသည် ရုတ်တရက် အော် လေသည် “ကျွန်မ ခံစားရတယ် ခံစားလို့ရတယ်”

“ဂျူနီယာညီမလေး ဘယ်လိုခံစားရလဲ” ကျန်းမန့်သည် စိတ်လှုပ်ရှားစွာ မေးလေသည်။

ရွှန်ချင်းသည် လက်ကိုဖြန့်လိုက်ရာ အနာများသည် ကွာကျကာ အသား သစ်များလျင်မြန်စွာ တက်လာသည်ကို မျက်စိနှင့် တိုက်ရိုက်မြင်ရလေသည်။

နောက်ထပ် ၂နာရီအကြာတွင် သူမလက်ဖဝါးသည်လုံးဝ အသစ်ဖြစ် သွားသည်။  သေချာမကြည့်လျှင် ထိခိုက်ထားသည်ဟူ၍ပင် မသိနိုင်ပေ။

“ပျောက်သွားပြီ ပျောက်သွားပြီ ကျေးဇူးတင်ပါတယ်” ရွှန်ချင်းသည် သူမ၏ လက်အသစ်ကိုကြည့်ပြီး ရှီမာယူယူတို့ကို စိတ်လှုပ်ရှားစွာဖြင့် ကျေးဇူး တင်လေသည်။

“တကယ်ပဲ အသုံးဝင်တယ်” ရှောင်ချီသည် သူမလက်ကိုကိုင်ကာ သေချာအောင် ပွတ်ကြည့်လေသည် “ယူယူ ခုနတုန်းကကျဘာလို့ ချက်ချင်း သက်ရောက်မှုမပြတာလဲ”

“တချို့ဖြေဆေးတွေက အချိန်ကြာတတ်တယ်” ရှီမာယူယူ ပြောလိုက် သည် “ငါ ပတ်ပတ်လည်က အပင်တွေကိုကြည့်ပြီးပြီ အနီပျောက်ပေါ်လာတာ နှေးတယ်၊ အဲဒါကြောင့် ဖြေဆေးသက်ရောက်တာကလည်း အချိန်ကြာမယ် လို့မှန်းလိုက်တာ”

“ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်” ကျန်းဖေသည် ရှီမာယူယူကို ခေါင်းညိတ်ပြလေသည်။

“ယူယူ ဖြေဆေးကိုရှာတွေ့ပြီဆိုတော့ အကြောင်းအရင်းကိုတွေ့ပြီလား” ဝေ့ကျန်းမေးလေသည်။

“ကျွန်တော်တို့ ခန့်မှန်းရသလောက်ဆိုရင် တစ္ဆေမျိုးနွယ်ကြောင့်ရော နတ်ဆိုးမျိုးနွယ်ကြောင့်ရောမဟုတ်ဘူး လူလုပ်ထားတာပဲ” ရှီမာယူယူ ပြော လိုက်သည်။

“လူလုပ်တာလား သူတို့ကဒီနေရာကိုအဆိပ်ခတ်ထားတာလား”

“ဖြစ်နိုင်တယ်” ရှီမာယူယူ ပြောလိုက်သည်။

ထိုအရာကပင် တောင်များရှိနေသောထိုနေရာကို ဒီလိုပုံစံဖြစ်ရခြင်း အကြောင်းအရင်းကို ရှင်းပြနိုင်မည်။

“ဒါပေမဲ့ ဘာလို့လဲ၊ ဘာလို့အဲလူတွေက ဒီနေရာကိုအဆိပ်ခတ်တာလဲ အပင်တွေနဲ့ ပန်းတွေကို အဆိပ်ခတ်တာဘာလို့လဲ” အားလုံးသည် နားမလည် နိုင်ပေ။

ရှီမာယူယူ ခေါင်းရမ်းလိုက်သည်။ ထိုအရာကို အတတ်ပညာနှင့် လုပ်ထားသည်ဟုသာ သူတို့ခန့်မှန်းနိုင်သည်။ မသေချာသော်လည်း သူတို့၏ ရည်ရွယ်ချက်ကို ခန့်မှန်းရုံသာရှိသည်။

“အခု သက်သေရှိနေပြီဆိုတော့ ဒီခြေရာအတိုင်းလိုက်ရင် အကြောင်း အရင်းကိုရှာတွေ့နိုင်တယ်” ကျန်းဖေ ပြောလေသည်။

“အဲလောက်မရိုးရှင်းမှာ စိုးတယ်” မုန့်ဆန်းချွယ် သက်ပြင်းချလေသည်။

ကျန်းဖေလည်း သဘောတူသဖြင့် ခေါင်းညိတ်လေသည်။

ဆေးပြိုင်ပွဲသည် စတော့မည်ဖြစ်သည်။ သို့သော် တစ်စုံတစ်ယောက် သည် ဒီနေရာတွင် ဂယက်ဖြစ်အောင်လုပ်ကာ လူအများသေအောင်လုပ်ခဲ့ သည်။ ဘယ်လိုလုပ် အဲလောက်ရိုးရှင်းနိုင်မလဲ။

***

All Chapters