← Chapters

အိမ်သို့ ပြန်လာခြင်း

Vol. 101 Ch. 1414

အိမ်သို့ ပြန်လာခြင်း

Vol. 101 Ch. 1414

အခြေစိုက်စခန်း ၃ သန်းအနက် ၃၃၃ ခုသာ ကျန်ရှိလေသည်။ ဆိုလိုသည်မှာ သေဆုံးသွားသည့် သေမျိုးပမာဏကို မတွက်ချက်နိုင်ပေ။ ဤကပ်ဘေးစတင်ကတည်းက ဝမ်ဝေ့သည် ဤရလဒ်ကို မျှော်လင့်ထားပြီးသား ဖြစ်၏။

“မင်း အသက်ရှင်နေသေးသားပဲ” ဝမ်ဝေ့က တုချုံးကို ကြည့်ကာ ပြောလိုက်သည်။

“ကံဆိုးစွာနဲ့ပေါ့” သူက ခပ်ဩဩအသံဖြင့် ပြန်ဖြေလိုက်သည်။ သူ့အဝတ်အစားများက သွေးများဖြင့် ပေပွနေပြီး အသက်မဲ့သည့် မျက်ဝန်းတစ်စုံ ရှိနေလေသည်။ သူက တစ်စုံတစ်ခုကို တွေးမိသွားကာ ရုတ်ချည်း မတ်တတ်ရပ်လိုက်၏။ သူက ဝမ်ဝေ့ဆီ ပြေးလာကာ ဒူးထောက်လိုက်သည်။

“အစောင့်အရှောက်က နတ်ဘုရားလို စွမ်းအားရှိထားတဲ့ ကျင့်ကြံသူဆိုတော့ အဲဒါကို လုပ်နိုင်တယ်မလား။ ဒါပေမဲ့ ကျွန်တော်တို့တွေက သေမျိုးတွေပဲလေ။ သူတို့ကို ပြန်ခေါ်ဖို့က လွယ်ကူသင့်တယ်မလား”

“ငါ မလုပ်နိုင်ဘူး” ဝမ်ဝေ့က ခေါင်းယမ်းကာ ပြုံးလိုက်သည်။

တုချုံး၏ ခန္ဓာကိုယ်က တုံ့ဆိုင်းသွားပြီး သူက အံကြိတ်ကာ မေးလိုက်သည်။

“မလုပ်နိုင်တာလား၊ မလုပ်တာလား”

“မလုပ်နိုင်တာ” ဝမ်ဝေ့က အမှန်အတိုင်း ဖြေလိုက်သည်။

“သူတို့ကို သတ်တဲ့သူက ငါ့ထက်ပိုပြီးတော့ စွမ်းအားကြီးတယ်။ ပြီးတော့ သံသရာက လက်ရှိပိုင်းခြားထားတယ်ဆိုတဲ့ အချက်ကို ထည့်တောင်မပြောရသေးဘူး။ အဲဒါကြောင့် ငါ အလိုရှိတယ်ဆိုရင်တောင် သူတို့ရဲ့ ဝိညာဉ်တွေကို မရှာနိုင်ဘူး”

တုချုံးက မြေပြင်ပေါ် ထိုင်ချလိုက်သည်။ သူ့မျှော်လင့်ချက်က ပျောက်ကွယ်သွားပြီ ဖြစ်၏။ အမှန်တရားက သူတို့လူမှုအဖွဲ့အစည်းတည်ဆောက်ထားသည့် ခွန်အားချပ်ဝတ်ထက်ပင် ပိုမိုခိုင်မာနေသည်။ တုချုံးက မနေနိုင်တော့ဘဲ ကလေးငယ်တစ်ယောက်လိုမျိုး အော်ငိုမိတော့သည်။

ဝမ်ဝေ့က သူ ငိုပြီးသည်ထိ စောင့်ဆိုင်းလိုက်သည်။ သို့သော်လည်း တုချုံးက စက္ကန့်ပိုင်းနှင့်အမျှ ဝမ်းနည်းမှု ပိုမိုကြီးလာသည်ကို ခံစားမိလိုက်၏။

အသက်ရှင်နေတဲ့ အပြစ်ရှိစိတ်လား…

သူက တစ်စုံတစ်ခုကို တွေးကာ နောက်ဆုံးတွင် ပြောလိုက်သည်။

“မင်း လုပ်လက်စကို ဆက်ပြီး လုပ်ချင်သေးလား” တုချုံး၏ ငိုသံက ဖြည်းဖြည်းချင်း နှေးကွေးသွားပြီး တိတ်ဆိတ်သွားသည်။ သို့သော် သူက ဝမ်ဝေ့ကို မကြည့်သလို သူ နေသည့်နေရာမှလည်း မရွေ့ခဲ့ပေ။

“ငါက အသက်ရှင်တဲ့သူတွေကို ရွှေ့ပြောင်းပေးတော့မှာ။ ပြီးရင် နေရာအသစ်မှာ မင်းရဲ့ မျိုးစိတ်တွေ အများကြီး ရှိလိမ့်မယ်။ တစ်စုံတစ်ယောက်က ဦးဆောင်ပြီးတော့ ဒီနေရာကနေ စတင်ခဲ့တဲ့အရာကို အဆုံးသတ်ဖို့ လိုအပ်တယ်။ အဲဒါကြောင့် ငါ မင်းကို အားကိုးလို့ရလား ဒါမှမဟုတ် တခြားတစ်ယောက် ရှာရမှာလားဆိုတာကို သိဖို့လိုတယ်” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။

တုချုံးက ကောင်းကင်ယံကို ကြည့်လိုက်၏။ ထို့နောက် သူ့ဝတ်စုံကို ခါပြီးသည့်နောက်တွင် ဝမ်ဝေ့ထံ ဦးညွှတ်လိုက်သည်။ ထို့နောက် သူ့နေရာဆီ ပြန်သွားလိုက်၏။

လက်လျှော့လိုက်တာထက်စာရင် ဒီလိုက ပိုပြီးတော့ ကောင်းပါတယ်…

ဝမ်ဝေ့က တွေးလိုက်သည်။ သူက သုံးရက်တာခန့်အချိန်ယူကာ အသက်ရှင်သူများကို စုစည်းခဲ့သည်။ ထိုအရာ ကြာမြင့်နေရသည့် အဓိကအကြောင်းအရင်းကမူ သေဆုံးသွားသည့်သူများအတွက် အကြီးကျယ်ဆုံး သဂြိုလ်ပေးနေခြင်း ဖြစ်၏။ ဝမ်ဝေ့က သေဆုံးသွားသောသူများအားလုံး၏ နာမည်ပါဝင်သော မှတ်တိုင်ကိုပင် ထူထောင်ပေးခဲ့သည်။ နောက်ဆုံးတွင် ထိုအရာပြီးဆုံးသွားသည်နှင့် သူက ကျန်ရှိနေသည့် အခြေစိုက်စခန်းများကို သူ့ကိုယ်ပိုင်ဒိုင်မေးရှင်းအတွင်း ထည့်ပြီး တာအိုသင်္ချိုင်းနယ်မြေဆီ ပြန်လည်ရောက်ရှိလာသည်။

……………………………………..

အလယ်ပိုင်းမူလကုန်းမြေ

ဝမ်ဝေ့က ထိုနေရာ ရောက်ရှိမည့် တခြားဒိုင်မေးရှင်းတစ်ခုကို ဖွင့်လှစ်မည့် အမှတ်အသားတစ်ခုကို အသက်သွင်းလိုက်သည်။ သူ ပထမဦးဆုံး တွေ့ကြုံခံစားရသည်က လေထဲမြောလွင့်နေသည့် ကျွန်းများနှင့် တောင်တန်းများ ဖြစ်သည်။ လှပကာ ရင်းနှီးသည့်မြင်ကွင်းအား ဝမ်ဝေ့အား သူ တက်လှမ်းပြီးကတည်းက အချိန်အတော်ကြာ မခံစားရခဲ့ရသည့် တည်ငြိမ်မှုနှင့် ငြိမ်းချမ်းမှုတို့ကို ဆောင်ကြဉ်းပေးလာသည်။

“သူတို့က ဒီဟာတွေကို ထိန်းသိမ်းထားသင့်တယ်” ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။ ဤနေရာနှင့် ဒိုင်မေးရှင်းအနိမ့်ရှိ ကွာဟချက်က ကျယ်ပြောမှုမဟုတ်ဘဲ တခြားသောတောင်များနှင့် ဆက်နွယ်မှုလိုအပ်နေခြင်း ဖြစ်၏။

“သူတို့က ရှိနေတာကြာလှပြီ။ ဒါပေမဲ့ ဝန်ထုပ်ဖြစ်လာတာနဲ့ ဖယ်ထားလိုက်တာ” အသက်ကြီးကြီး အမျိုးသမီးတစ်ဦးက ပြုံးကာ ပြောလာသည်။

“ခင်ဗျားက… ” ဝမ်ဝေ့က ထိုအမျိုးသမီးကို ကြည့်ကာ ပြောလိုက်သည်။

“ကျွန်မက မဟာအကြီးအကဲယန်းရွှယ်ပါ” သူမက ပြောပြီးသည့်နောက်တွင် သူမ ဘေးနားမှ လူဆီ မိတ်ဆက်ပေးလိုက်သည်။

“ဒါက ဒီမျိုးဆက်ရဲ့ ဂိုဏ်းချုပ် ယွီချိုက်ပါ”

ဝမ်ဝေ့က လက်နှစ်ဖက်ယှက်ပြီး သူတို့ကို ဦးညွှတ်လိုက်သည်။

“တွေ့ရတာ ဝမ်းသာပါတယ်”

“ကျုပ်တို့ဘက်ကလည်း တွေ့ရတာ ဝမ်းသာပါတယ်” ယွီချိုက်က ပြုံးကာ ပြောလိုက်သည်။ ထိုစကားများကို အမှန်အတိုင်းဆိုလိုနေခြင်း ဖြစ်၏။ သူက ဝမ်ဝေ့ကို မတွေ့ရသေးသော်လည်း ထိုသူ၏ အောင်မြင်မှုများနှင့် အနီရောင်မျက်နှာဖုံးကို ကြားခံနယ်အနေနှင့် အသုံးပြုကာ ဆက်သွယ်မှုများမှ တဆင့် ထိုသူသည် မည်မျှ လုပ်နိုင်ကိုင်နိုင်စွမ်းရှိကြောင်း သိထားလေသည်။

“ကျုပ်တို့တွေ ခင်ဗျားအကြောင်း စုဆောင်းထားတဲ့ သတင်းအချက်အလက်တွေကနေ သာလွန်ကံကြမ္မာတောင်ထိပ်ကို ပြန်ပြီး ဖန်တီးထားတယ်။ ခင်ဗျား စိတ်ထဲ မထားဖို့ မျှော်လင့်ပါတယ်”

“ကိစ္စမရှိပါဘူး။ အခုအချိန်မှာ ရင်းနှီးနေတာ တစ်ခု လိုအပ်နေတာနဲ့ အတော်ပဲ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။

“အဲ့လိုဆိုတော်သေးတာပေါ့။ ဒါက တရားဝင်အမှတ်အသားပြားပါ” ယွီချိုက်က မျိုးစေ့ဟူသော သင်္ကေတရေးထွင်းထားသည့် အမှတ်အသားပြားကို သူ့ဆီ ပေးအပ်လိုက်သည်။

“ဒါက …”

“ခင်ဗျားရဲ့ တရားဝင်ရာထူးက ဂိုဏ်းရဲ့ ရှေးဦးမျိုးစေ့လေ။ ဒါပေမဲ့ ခင်ဗျားတစ်ခုခုလိုအပ်တယ်ဆိုရင်လည်း တခြားဟာပြောင်းပေးလို့ ရပါတယ်”

“မဟုတ်ပါဘူး။ ကွဲပြားနေတာ သိချင်လို့ပါ”

“ကျုပ်တို့ရဲ့ ဦးတည်ရာဆီ သွားရင်းနဲ့လည်း ရှင်းပြမယ်လေ” ယွီချိုက်က အကြံပြုရင်း ထိုလူအုပ်စုက သာလွန်ကံကြမ္မာတောင်ထိပ်ဆီ ပျံသန်းလာကြသည်။

“သေမျိုးတပည့်တွေအားလုံးကို ပုံမှန်နဲ့ အမွေခံသားတော်တွေဆိုပြီး ခွဲထားတယ်” ယွီချိုက်က ရှင်းပြလိုက်၏။

“အပြင်ပိုင်းနဲ့ အတွင်းပိုင်းတပည့်ဆိုပြီးတော့ တခြားခွဲထားတာတွေ ရှိသေးပေမဲ့ အဲဒါက သူတို့ရဲ့ လေ့ကျင့်နှုန်းကို တိုင်းတာပေးဖို့ပဲ အသုံးပြုတာ။ တကယ့်အရေးကြီးတာက သူတို့တွေက အမွေခံသားတော် ၃ထောင် ဖြစ်လာတာ မဖြစ်နိုင်ဘူးလားဆိုတာပဲ”

“အမွေခံသားတော် … ဒီစကားလုံးက အရင်တုန်းက အမှတ်တရတွေပြန်ပြီး သတိရလာစေတာပဲ” ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။

“အမွေခံသားတော်တွေရဲ့ ကဏ္ဍကတော့ အနည်းဆုံး အတုအယောင်ထာဝရဧကရာဇ် ဖြစ်လာဖို့ပေါ့။ အဲဒါအောင်မြင်တဲ့သူတွေက အစစ်အမှန်တပည့်ဖြစ်လာပြီးတော့ ဂိုဏ်းကနေ ထောက်ပံ့မှုကို လက်ခံပြီး ထာဝရကောင်းကင်ဘုံအဆင့် ဖြစ်လာနိုင်တယ်။ ကျရှုံးသွားတဲ့သူတွေကတော့ အပြင်ပိုင်း တာဝန်ခံအကြီးအကဲတွေဖြစ်လာမှာပေါ့။ အဲဒီနောက်တော့ အစစ်အမှန်တပည့်တွေက ထာဝရကောင်းကင်ဘုံအဆင့်ဖြစ်လာရင် ဒဏ္ဍာရီလာတပည့် ဖြစ်လာမယ်။ တကယ်လို့ သူတို့က အဆုံးစွန်မဲ့ဖြစ်လာခဲ့မယ်ဆိုရင်တော့ ထိပ်သီးမျိုးစေ့အဖြစ် သတ်မှတ်ခံရလိမ့်မယ်”

“ထိပ်သီးမျိုးစေ့လား”

“သူတို့က ထိပ်သီးစံပြတွေ ဖြစ်လာဖို့ အလားအလာရှိတယ်လေ” ယွီချိုက်က ရှင်းပြလိုက်သည်။

“ဒဏ္ဍာရီလာတပည့်တွေလိုမျိုး ထိပ်သီးမျိုးစေ့တွေက ဂိုဏ်းရဲ့ စီမံခန့်ခွဲမှုတွေမှာ မပါကြပေမဲ့ အရင်းအမြစ်အများစု ရတယ်”

“အဲဒါဆိုတော့ ဂိုဏ်းရဲ့ လမ်းစဉ်နှစ်ခုက တပည့်နဲ့ အကြီးအကဲတွေပေါ့”

“ဟုတ်ပါတယ်” ယွီချိုက်က ခေါင်းညိတ်လိုက်သည်။

“ထာဝရကောင်းကင်ဘုံအဆင့် ဖြစ်မလာတဲ့သူတွေက အတွင်းပိုင်း တာဝန်ခံအကြီးအကဲတွေဖြစ်လာလိမ့်မယ်။ စံပြတွေကတော့ မဟာအကြီးအကဲပေါ့”

“ထိပ်သီးစံပြတွေက အထွတ်အထိပ် အကြီးအကဲဖြစ်လာတာလား”

“ဟုတ်ပါတယ်”

“အဲဒါဆိုရင် တခြားလမ်းစဉ် ကျင့်ကြံသူတွေကရော” ဝမ်ဝေ့က မေးလိုက်သည်။ ထိုအနေအထားနှင့် အဆင့်အတန်းများက ဧကရာဇ်လမ်းစဉ်ကိုသာ ဖော်ညွှန်းထားခြင်း ဖြစ်၏။

“သူတို့က အပြင်ပိုင်းနဲ့ အတွင်းပိုင်း တာဝန်ခံအကြီးအကဲတွေဖြစ်လာမှာပါ။ ဆိုးရွားတဲ့ အဆင့်အတန်းနဲ့ စွမ်းအားရှိထားတဲ့သူတွေကလွဲရင် သူတို့က သူတို့ကိုယ်သူတို့ စစ်မှန်တဲ့ ဆန့်ကျင်ကျင့်ကြံသူတွေအဖြစ် သက်သေပြနိုင်သရွေ့ အကြီးအကဲ ဖြစ်လာနိုင်တယ်”

“ဧကရာဇ်လမ်းစဉ်ကသူတွေက ဘယ်လောက်ညည်းတွားကြလိုက်မလဲ” ဝမ်ဝေ့က ပြောလိုက်သည်။ ယွီချိုက်က သူ့အား သူ့နာကျင်မှုကို နားလည်သည့်လူအလား ကြည့်လိုက်သည်။

ထိုစည်းမျဉ်းများက အချိန်အတော်ကြာ တည်ရှိနေသော်လည်း ဂိုဏ်းချုပ်တိုင်းက ထိုသူများ၏ မရပ်မနားညည်းတွားမှုများကို ဖြေရှင်းနေရသည်။

“ဂိုဏ်းချုပ်ရာထူးကရော ဘယ်လိုလဲ။ အဲဒါက ဘယ်လိုရွေးချယ်တာလဲ” ဝမ်ဝေ့က မေးလိုက်သည်။

“ဒဏ္ဍာရီလာ တပည့်တွေကနေပါ” ယွီချိုက်က ရှင်းပြလိုက်သည်။

“ဒီနေရာရဲ့ ကံကောင်းမှုက စံပြအတိုင်းအတာမဲ့ စမ်းသပ်ကို ကျော်ဖြတ်ဖို့ အခွင့်အရေးကို တိုးမြှင့်ပေးတယ်လေ။ အဲဒါဆိုတော့ ယုံကြည်ချက်မရှိတဲ့ ဒဏ္ဍာရီလာတပည့် တော်တော်များများက ဒီရာထူးအတွက် ယှဉ်ပြိုင်ကြတယ်”

“အဲဒါက အဓိပ္ပာယ်ရှိသားပဲ။ ပြီးတော့ ဒီမှာ အရိပ်က ဂိုဏ်းချုပ်ကို အစားထိုးနိုင်တယ်ဆိုတဲ့ စည်းမျဉ်းတွေ မရှိတော့ဘူးထင်တယ်” ဝမ်ဝေ့က ခေါင်းညိတ်ကာ ပြောလိုက်သည်။

“အဲဒီစည်းမျဉ်းတွေက သေမျိုးတပည့်တွေအတွက်ပဲ တည်ရှိတာပါ။ သူတို့ရဲ့ အရိပ်က သူတို့သခင်ထက် အလားအလာပိုကောင်းနေသရွေ့ သူတို့က အမွေခံသားတော် ရာထူးကို ရယူနိုင်တယ်လေ”

ဝမ်ဝေ့က အံ့အားသင့်သွားလေသည်။ ဤစည်းမျဉ်းက ချီယွမ် သို့မဟုတ် ယန်းအိုက်တို့ ဖန်တီးထားခြင်း မဟုတ်နိုင်ပေ။ သူက ထိုအရာသည် ဒိုင်မေးရှင်းအမြင့်တွင် သက်ရောက်မှု မရှိဘဲ နေမည်ဟု ထင်ထားခဲ့မိ၏။

အရိပ်အုပ်ချုပ်သူ  တက်လှမ်းလာပြီးတဲ့နောက်မှာ ဒါကို ထည့်ပေါင်းခဲ့တာနေမယ်…

အဖွဲ့က ရောက်ရှိလာပြီးသည့်နောက်တွင် ဝမ်ဝေ့က သူ့အိမ်အသစ်ကို ကြည့်လိုက်သည်။ ဤသည်က ဤတောင်တန်းနှင့် ယှဉ်လိုက်ပါက မြင့်မားနေသည့်အချက်ကလွဲ၍ အတူတူသာ ဖြစ်၏။ သူက သူ့သေးငယ်သည့် နန်းဆောင်ကိုကြည့်ပြီး ယခင်မှတ်ဉာဏ်များ ပြန်လည်ပေါ်ထွက်လာသည်။

ကြည့်ရတာ ဒီထိပ်တိုက်တွေ့ဆုံမှုအားလုံးမှာ ဂိုဏ်းကို မပါဝင်စေဖို့ ရွေးချယ်ခဲ့တာက မှားယွင်းတဲ့ ရွေးချယ်မှု ဖြစ်နေနိုင်တယ်…

သူက ထိုသို့ခံစားနေမိသည့် အကြောင်းအရင်းကမူ သူသည် ယခု ဂိုဏ်းသို့ ပြန်လာဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။ သူက စိတ်ထဲတွင် အစီအစဉ်တစ်ခု ရှိထားပြီး တတ်နိုင်သမျှ အရင်းအမြစ်များ လိုအပ်နေလေ၏။

ဝမ်ဝေ့က သူ့စံအိမ်အတွင်း လျှောက်လှမ်းသွားကာ သူ့စိတ်ထဲ သူ့မိဘများ၊ လီကျွင်း၊ ယန်းလီလင်းနှင့် ဝူဟုန်တို့၏ မှတ်ဉာဏ်များဖြင့် ပြည့်နှက်လာလေ၏။ သူက တံတိုင်းကို ထိကာ ထောင့်တိုင်းကို ကြည့်လိုက်၏။

“ဒီနေရာကို မမြင်ခင်အထိ ငါ ဘယ်လောက် အထီးကျန်နေတယ်ဆိုတာကို သတိမထားခဲ့မိဘူး” ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။ ယခုက ပြန်လည်တွေးတောဖို့ အချိန် မဟုတ်သည့်အတွက် သူက အပြင်ဘက်မှ လူများကို ခေါ်လိုက်သည်။

“ကျေးဇူးပါ” ဝမ်ဝေ့က ယွီချိုက်ကို ပြောလိုက်၏။

“ဒါက ကျုပ်ကို ကျေးဇူးတင်သင့်တာ မဟုတ်ပါဘူး။ ဒါက မဟာအကြီးအကဲ ယန်းရွှယ်ပါ” သူက အလျင်အမြန် ရှင်းပြလိုက်သည်။ ဝမ်ဝေ့က သူမကို ကြည့်ကာ အလေးအနက် ကျေးဇူးတင်လိုက်၏။

“ကျွန်မက အသက်ကြီးပါပြီ။ အကြီးအကဲတချို့ တက်လှမ်းလာတာကို တွေ့ကြုံဖူးတယ်လေ။ သူတို့တွေ ဘုံတူရှိနေကြတာက ဒိုင်မေးရှင်းအနိမ့်က အခြေအနေကို ပြန်လည်လွမ်းဆွတ်တမ်းတမိကြတာပဲ။ ပြီးတော့ အဲဒီအချိန်က မှတ်ဉာဏ်တွေကို ပြန်လည်တွေးတောထားဖို့ နည်းလမ်းရှာကြတယ်လေ။ အဲဒါကြောင့် ရှင်လည်း အတူတူဖြစ်မယ်လို့ တွေးမိသွားတာပါ”

“ကျုပ်တို့တွေက ဘယ်လောက်ပဲ အားကောင်းကောင်း ကျုပ်တို့တွေက လူသားတွေပဲလေ” ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။

“ကောင်းပြီလေ။ တဲ့တိုးပဲ ပြောလိုက်ရအောင်။ ဒီလူတွေနဲ့ မိတ်ဆက်ပေးလိုက်လေ” ယွီချိုက်နှင့် ယန်းရွှယ်တို့က လူများကို ဦးဆောင်လာကြသော်လည်း ထိုသူများက ခရီးတစ်လျှောက်လုံး ဘာမှမပြောကြပေ။

“အိုး ဟုတ်သားပဲ။ အဲဒါဆိုရင် မျိုးနွယ်ခေါင်းဆောင် ၉ယောက်နဲ့ စလိုက်ကြရအောင်။ ဒါက ဝမ်မျိုးနွယ် ခေါင်းဆောင်ပါ”

ဗိုက်ဖောင်းဖောင်း၊ ခပ်ဝဝ အမျိုးသားတစ်ဦးက ထာဝရကောင်းကင်ဘုံအဆင့်တစ်ယောက်၏ အငွေ့အသက်ကို ပိုင်ဆိုင်ထားလေသည်။ ထိုသူက ရှေ့တိုးလာကာ ဝမ်ဝေ့ထံ ဦးညွှတ်လာလေ၏။

“ ကျုပ်က ခေါင်းဆောင် ဝမ်စစ်ပါ။ ကျုပ်ကို စောင့်ရှောက်ပေးပါဦး”

All Chapters