လူမှုအသိုက်အဝန်းစစ်ပွဲ - အစစ်အမှန်တိုက်ပွဲ
Vol. 101 Ch. 1401
တုချုံးက အိမ်သို့ ပြန်လာပြီး မောပန်းမှုကို ခံစားနေမိသည်။ သူတို့က ဤနေ့ရက်ရောက်လာမည်မှန်း သိထားကြသော်လည်း တကယ်ရောက်လာသည့်အခါ စိတ်ထဲ တစ်မျိုး ဖြစ်နေသည်။ လေကို သွင်းချည်ထုတ်ချည်လုပ်နေရင်းဖြင့် သူ့အသက်ရှူနှုန်းကို ထိန်းညှိကာ သူ့အတွေးများကို ထိန်းချုပ်လိုက်သည်။
“စစ်ပွဲခုံရုံးကို ဆင့်ခေါ်လိုက်”
လုဝူက အမိန့်ပေးလိုက်သည်။ ဆယ်မိနစ်အတွင်း သူ့အခြေစိုက်စခန်းအတွင်းရှိသည့် အကောင်းဆုံးတိုက်ခိုက်ရေး နည်းဗျူဟာရှင်အားလုံးက အခန်းတစ်ခုအတွင်း စုဝေးသွားကြလေ၏။ တုချုံးက အခြေအနေကို ရှင်းပြလိုက်စဉ် အားလုံးက စစ်ပွဲအတွက် ပြင်ဆင်လိုက်ကြသည်။ ခုံရုံးက ဝမ်ဝေ့၏ မြေပုံကို စောင့်နေရင်းဖြင့် တပ်ဖွဲ့အားလုံးကို လှုံ့ဆော်ထားကြသည်။
ရက်အနည်းငယ်မျှ ကြာမြင့်ပြီးသည့်နောက်တွင် သူတို့က အစက်အပျောက်များ အလျင်အမြန် ပျောက်ကွယ်လာသည့် မြေပုံကို မြင်လိုက်ရသည့်အခါ အားလုံး၏ အသက်ရှူနှုန်းက မြန်ဆန်လာလေ၏။
“ခြိမ်းခြောက်မှုအဆင့်ကို တင်ပြ” တုချုံးက ပြောလိုက်သည်။
“စွမ်းအားအဆင့်ကတော့ အဆင့်(၄)နဲ့ အဆင့်(၅)ကြားက ကျင့်ကြံသူတစ်ယောက်ကို ပြနေပါတယ်”
တုချုံးက မျက်မှောင်ကြုတ်လိုက်ပြီး သူတို့၏ ပထမဦးဆုံး ပြိုင်ဘက်က အားနည်းလွန်းနေသည်မှာ တိုက်ဆိုင်နေသည်လားဟု စဉ်းစားနေမိသည်။ သို့သော်လည်း သူက အရေးမကြီးကြောင်း ဆုံးဖြတ်လိုက်၏။ ဤသည်က သူတို့၏ လှုမှုအဖွဲ့အစည်း လျှောက်လှမ်းရမည့် လမ်းစဉ်သာ ဖြစ်သည်။
“ငါတို့တွေ ဘာလုပ်သင့်တယ်လို့ ထင်လဲ” သူက စစ်သူကြီးများကို မေးလိုက်၏။
“တပ်ဖွဲ့(၅)(ခ)ကို စေလွှတ်တယ်လို့ ထင်ပါတယ်”
“တပ်ဖွဲ့တစ်ခုလုံးလား။ တစ်ယောက်ဆိုရင် မလုံလောက်ဘူးလား”
“ဒါက စစ်ပွဲဆိုတော့ ကျွန်တော်တို့တွေ လျော့တွက်လို့မရပါဘူး”
“အဓိပ္ပာယ်ရှိတယ်”
သိပ်မကြာခင် အားလုံးက ဘေးကင်းသည့် ချဉ်းကပ်မှုမျိုးကို သဘောတူလိုက်ကြသည်။ တုချုံးက နောက်ဆုံးဆုံးဖြတ်ချက်ကို ချမှတ်လိုက်၏။ သူ့အမိန့်အောက်တွင် တပ်ဖွဲ့ ၅(ခ)၏ တပ်ဖွဲ့ဖြစ်သည့် အဖြူရောင်ဝံပုလွေတပ်ဖွဲ့ကို ခေါ်ထုတ်လိုက်ကြသည်။ ထိုအဖွဲ့က အာကာသသွားလာရေးကို ကျွမ်းကျင်ထားလေသည်။ ဝမ်ဝေ့က သူတို့အတွက် အာကာသခွဲကို ဖန်တီးပေးစရာ မလိုအပ်ပေ။ သူတို့၏ အာကာသသွားလာရေးနည်းပညာက အလင်းနှင့် အာကာသနည်းပညာများကို ပေါင်းစည်းထားပြီး ဒိုင်မေးရှင်းအမြင့်၏ ရှုပ်ထွေးလှသော အာကာပြင်တည်ဆောက်မှုမှတဆင့် သွားလာခွင့်ပြုထားလေသည်။
……………………………….
“ခေါင်းဆောင် စိတ်လှုပ်ရှားနေလား” သူ့ကျောအထက်တွင် အဖြူရောင်ဝံပုလွေဦးခေါင်းကို ရေးဆွဲထားသည့် အပြာရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသော လူငယ်လေးတစ်ဦးက မေးလိုက်သည်။ သူက ဆံပင်ဖြူနှင့် လူလတ်အရွယ် အမျိုးသားကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်၏။ ထိုသူ့ညာဖက်မျက်လုံးအထက်ရှိ ဒဏ်ရာ ရှိနေလေသည်။
“လုကျန်း ဒါက စစ်ပွဲဆိုတော့ အလေးအနက်ထားဦး” တူညီသည့် ချပ်ဝတ်ကို ဝတ်ဆင်ထားသည့် အမျိုးသမီးက ပြောလိုက်သည်။ သူမနှင် လုကျန်းတို့က အဖြူရောင်ဝံပုလွေတပ်ဖွဲ့တွင် အဆင့်(၄) မောင်းနှင်သူများဖြစ်ပြီး အဖွဲ့ထဲတွင် ဒုခေါင်းဆောင်လေးယောက်အနက် ပါဝင်လေသည်။
“အပြာရောင်ပန်းပွင့် … မင်းက အရမ်းကို လေးနက်လွန်းနေတာ” လုကျန်းက ပြောလိုက်သည်။
“ငါတို့တွေ လေဟာနယ်ပုံရိပ်ယောင်နယ်မြေထဲမှာ ဘယ်လောက်တောင် လေ့ကျင့်ထားလိုက်သလဲ။ ပြိုင်ပွဲက မြန်ဆန်မှာပါ။ ငါတို့တွေ ပြီးတာနဲ့ ငါတို့ရဲ့ တပ်ဖွဲ့က ၆(ခ)အဖြစ် မြှင့်တင်ခံရပြီးတော့ ဒဏ္ဍာရီလာ ၇(က) တပ်ဖွဲ့ထဲတောင် ရောက်နိုင်တယ်”
ထိုသုံးယောက်လုံး၏ မျက်ဝန်းအထက် လိုအင်ဆန္ဒတချို့ ဖြတ်ပြေးသွားလေသည်။ ချပ်ဝတ်မောင်းနှင်သူများက ၇(က)အဖွဲ့ထဲ မရောက်လိုသည့်သူဟူ၍ မရှိပေ။ နှမြောစရာကောင်းလှစွာဖြင့် ထိုချပ်ဝတ်က အနည်းငယ်သာ ရှိသည့်အတွက် လိုလားချက်များက အတင်းအကြပ်ဆုံး ဖြစ်၏။
“အပြာရောင်ပန်းပွင့် ပြောတာ မှန်တယ်။ ဒါက စစ်ပွဲဆိုတော့ လျှောက်ပြီး ကစားမနေနဲ့” အဖြူရောင်ဝံပုလွေက အလေးအနက် ပြောလိုက်သည်။ သူ့လေသံက ယုံကြည်ချက်ရှိမှုကို ဖုံးကွယ်ထားခြင်း မရှိပေ။
“အမိန့်အတိုင်းပါ”
တခြားသောအဖွဲ့ဝင်များကလည်း မကြာခင် ရောက်ရှိလာကြ၏။ ထိုသူများထဲတွင် တခြားဒုခေါင်းဆောင် နှစ်ယောက်နှင့် ၃(ဂ)မောင်းနှင်သူ ၁၀၃ ယောက်ပါဝင်သည့်အတွက် စုစုပေါင်း ၁၀ ၈ယောက်ဖြစ်သွားလေသည်။ ထိုအဖွဲ့က တပ်ဖွဲ့အားလုံးက ပုံမှန်အားဖြင့် ၇၂ ယောက်မှ ၃၆၀ အထိ ရှိတတ်ကြ၏။ တည်ဆောက်မှုအရ မောင်းနှင်သူများက ရုပ်သေးရုပ်များနှင့် တကယ့်လူများ ဖြစ်နိုင်သည်။
အဖြူရောင်ဝံပုလွေကမူ ရုပ်သေးရုပ်များကို သဘောမကျသည့်အတွက် တကယ့်အစစ်အမှန် မောင်းနှင်သူများကိုသာ အသုံးပြုလေ့ရှိ၏။ ထို့အပြင် သူ့ဂုဏ်သတင်းက ၃(ဂ) မောင်းနှင်သူများဖြင့်သာ ဖွဲ့စည်းထားဖို့ရာ လုံလောက်ပေသည်။
“သွားကြစို့” အဖြူရောင်ဝံပုလွေက အမိန့်ပေးလိုက်စဉ် အားလုံးက မြင့်မားသည့် ဂိတ်ဆီ ဦးတည်လိုက်ကြသည်။ အားလုံးက ထိုတံခါးကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်ကြ၏။ အမဲလိုက်တပ်ဖွဲ့ကသာ ကျင့်ကြံသူများကို သုတေသနအတွက် ဖမ်းဆီးဖို့ ဝင်ခွင့်ထွက်ခွင့်ရှိလေသည်။ သို့သော်လည်း အချိန်အများစု၌မူ အစောင့်အရှောက်က ထိုအလုပ်ကို တာဝန်ယူထားသည့်အတွက် အမဲလိုက်အဖွဲ့ကပင် ထွက်သွားဖို့ အခွင့်အရေးများများစားစား မရှိပေ။
အဖြူရောင်ဝံပုလွေက အသက်ပြင်းပြင်းရှူကာ ဂိတ်မှ ဖြတ်သန်းသွားလိုက်သည်။ သူက အဖြူရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားသလို ခံစားလိုက်ပြီးသည့်နောက်တွင် အကျိုးအကြောင်းမသင့်နိုင်သည့် အရှိန်တစ်ခုဖြင့် သွားလာနေရကြောင်း တွေ့ရှိသွားလေ၏။ အဖွဲ့က ဖြတ်သန်းသွားပြီးသည့်နောက်တွင် အဖြူရောင်ဝံပုလွေက မျက်လုံးပွင့်လာပြီး အဖွဲ့ကို စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် ဆိုးရွားသည့် အနံ့က သူ့အာရုံထဲ ဝင်ရောက်လာလေ၏။
ဒီဆိုးရွားတဲ့ အနံ့ထဲမှာ သွေး၊ ဆီ၊ အန်ဖတ်နဲ့ အကြောက်တရားတွေ ပါဝင်နေတယ်…
မောင်းနှင်သူတစ်ယောက်ဖြစ်လာဖို့ လိုအပ်ချက်တစ်ခုက အမြင်ကောင်းဖို့ရာ ဖြစ်၏။ သို့သော်လည်း အဖြူရောင်ဝံပုလွေက ဤသို့အာရုံခံနိုင်စွမ်း ကောင်းကောင်းရှိနေသည့်အတွက် နောင်တရလာမိသည်။
သူက နေရာအနှံ့ပြန့်ကျဲနေသည့် ခြေလက်များကို မြင်လိုက်ရပြီး အမျိုးသား၊ အမျိုးသမီးနှင့် ကလေး၏ အလောင်းများကလည်း ပြန့်ကျဲနေကာ မသေဆုံးခင် မျှော်လင့်ချက်ကုန်ခမ်းသည့် အမူအရာကို သူတို့၏ မျက်နှာအထက် မြင်တွေ့နိုင်သေး၏။ အဖြူရောင်ဝံပုလွေက ကိုယ်ဝန်သည် မိန်းကလေးတစ်ဦး ဦးခေါင်းထဲ အပေါက်ကြီးတစ်ခုဖြင့် မြေပြင်ပေါ် လဲကျနေသည်ကို မြင်သည့်အခါ ဖြူဖျော့သွားလေ၏။ သူတို့မျက်ဝန်းက သူမ၏ သေဆုံးမှုကြောင့် မဟုတ်ဘဲ သူ့ချပ်ဝတ်က သူမ၏ ဝမ်းဗိုက်ထဲတွင်ရှိနေသည့် သန္ဓေလောင်းက အသက်ရှင်နေသည့် အရိပ်အယောင်ပြသနေ၍ ဖြစ်သည်။
အဖြူရောင်ဝံပုလွေ၏ နောက်တွင်လည်း အော့အန်သည့်အသံများ ထွက်ပေါ်လာကြ၏။ ပုံမှန်အားဖြင့် သူသည် သူ့လူများကို ဖျောင်းဖျမည်ဖြစ်သော်လည်း ယခု ထိုသို့လုပ်နိုင်မည့်စွမ်းအား မရှိပေ။ စစ်ပွဲ၏ ရက်စက်မှုဟုခေါ်ဆိုသည့် ရွေးချယ်မှုကဏ္ဍတစ်ခုက သူတို့အား လေဟာနယ်ပုံရိပ်ယောင်နယ်မြေထဲတွင် ထိုအရာထက် ဆိုးရွားသည့် မြင်ကွင်းများကို မြင်တွေ့ခွင့်ပြုထားလေသည်။ သို့သော်လည်း လူအားလုံးက ထိုအတွေ့အကြုံက ပုံရိပ်ယောင်တစ်ခုဖြစ်ပြီး အစစ်အမှန် မဟုတ်ကြောင်း သိထားကြလေ၏။ သို့သော် သူတို့ရှေ့တွင်ရှိသည့်အရာကမူ အစစ်အမှန် ဖြစ်နေသည်။ ထိုသူအားလုံးက အစစ်အမှန်ဖြစ်ပြီး သူတို့က ဆိုးဆိုးရွားရွား အမှန်တကယ် သေဆုံးသွားခဲ့ကြရသည်။
“ခေါင်းဆောင် ကျွန်မတို့တွေ ဘာလုပ်ရမလဲ” အပြာရောင်ပန်းပွင့်က မေးလိုက်ပြီး သူမ၏ မျက်နှာက မျက်နှာဖုံးအောက်တွင် ဖြူဖျော့နေလေ၏။
“ကယ်ဆယ်ရေးကို စလိုက်ရမလား”
“ငါတို့ရဲ့ လေ့ကျင့်ရေးက ကျင့်ကြံသူတွေက အဖျက်စွမ်းအားကြီးတယ်လို့ သိထားပြီးသား။ မကယ်တင်ခင် သူ့ကို ရှင်းထုတ်ဖို့ အရင်ဆုံး အာရုံစိုက်ထားရမယ်။ မဟုတ်ရင် အသက်တွေ အများကြီး ဆုံးရှုံးသွားရလိမ့်မယ်” ဒုခေါင်းဆောင် လီရှန်းက ပြောလိုက်သည်။
“ဒါပေမဲ့” အပြာရောင်ပန်းပွင့်က ညာခြေထောက် ဆုံးရှုံးသွားရပြီး အသက်ရှင်ဖို့ ရုန်းကန်နေသည့် ကလေးငယ်ကို ကြည့်ကာ ပြောလိုက်သည်။
“လီရှန်း ပြောတာ မှန်တယ်” အဖြူရောင်ဝံပုလွေက ပြောလိုက်သည်။ သူ့ဝံပုလွေသဏ္ဌာန်မျက်နှာဖုံးက အဝေးတစ်နေရာကို လှမ်းကြည့်နေစဉ် သူ့ခန္ဓာကိုယ်မှ သတ်ဖြတ်ငွေ့တို့ ထုတ်လွှတ်လာလေသည်။
“ရှေ့ဆက်ကြ” အဖွဲ့က အဝေးတစ်နေရာဆီ ပျံသန်းသွားပြီး အဆင့်မြင့်စွမ်းအင် တုံ့ပြန်မှုဆီ ဦးတည်လိုက်ကြသည်။
“ကလေးလား” လုကျန်းက မေးလိုက်သည်။ ရန်သူက အဖြူရောင်ဆံပင်ရှည်နှင့် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး တိရစ္ဆာန်များသဖွယ် အနီရောင်မျက်လုံးရှိထားသည့် ကလေးတစ်ယောက် ဖြစ်ပေသည်။ အနီးကပ်ကြည့်ပါက သူ့လက်မောင်းနှင့် လည်ပင်းအထက် ခရမ်းရောင်အစက်အပြောက်များကို မြင်တွေ့နိုင်လေ၏။
“ကလေး မဟုတ်ဘူး။ ဒါက သူ့ကို ဒီလိုဖြစ်စေတဲ့ ကျင့်ကြံရေးနည်းစနစ်တစ်ခုပဲ နေမယ်” ဒုခေါင်းဆောင် ဂရင်းဒက်က ပြန်ဖြေလိုက်သည်။
“ရန်သူက နတ်ဆိုးမျိုးနွယ်က ဖြစ်ဖို့ မျှော်လင့်တယ်” လုကျန်းက မှတ်ချက်ပေးလိုက်သည်။
“မလိုလားအပ်တဲ့အရာတွေ တွေးမနေနဲ့။ငါတို့က လူသားတွေဆိုပေမဲ့ ကျင့်ကြံသူတွေက ငါတို့ကို မျိုးစိတ်တစ်ခုထဲအဖြစ် မြင်တာ မဟုတ်ဘူး” ဂရင်းဒက်က လှောင်ပြောင်လိုက်၏။ သူ့စကားများက သူနားလည်ထားသည်ထက် အဖွဲ့အပေါ် သက်ရောက်မှုရှိလေသည်။ သူတို့က လူအနည်းငယ်သာဖြစ်ပြီး အမှန်တရားကို သိထားကြလေ၏။ မဟာအစောင့်အရှောက် ဝမ်ဝေ့နှင့် အစောင့်အရှောက် ကျားဖျင့်တို့က သူတို့မျိုးနွယ်ကို တလေးတစား ဆက်ဆံပေးကြသော်လည်း သူတို့က သေမျိုးများနှင့် အရမ်းကြီး မနီးကပ်လိုကြောင်း ပြောနိုင်လေသည်။
ထိုမောင်းနှင်သူများကလည်း နားလည်ထားကြ၏။ ယခု သေမျိုးများက နှစ်တစ်သောင်းနေနိုင်ကြပြီဖြစ်ကာ ကျင့်ကြံသူများနှင့် ရှည်ကြာသည့် မိတ်ဆွေဆက်ဆံရေးမျိုးကို ခွင့်ပြုထားပြီဖြစ်သော်လည်း နှစ်တစ်သောင်းက ထိုမသေမျိုးအင်အားကြီးပုဂ္ဂိုလ်များအတွက် တရေးအိပ်စာပင် မရှိပေ။ သူတို့က သူတို့၏ စိတ်ခံစားချက်များကို အပြည့်အဝ မထိန်းချုပ်နိုင်သေးဘဲ အရှိန်အဝါကို ထုတ်လွှတ်မိပါက သူတို့၏ တပ်စခန်းမှ လူအားလုံးကို သုတ်သင်ပစ်နိုင်စွမ်း ရှိ၏။ ဤသို့ကြီးမားသည့် ကွာဟချက်မျိုးဖြင့် သူတို့သည် သာမန်လူများဖြင့် မထိတွေ့ဆက်ဆံလိုသည်ကို နားလည်၍ ရပေသည်။
နားလည်ခြင်းက နားလည်ရုံမျှသာ ဖြစ်၏။ သေမျိုးများက အကြောင်းအရင်းကို နားလည်ထားသည်မှာ သူတို့လက်ခံသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ နောက်ဆုံးအနေဖြင့် ကောင်းကင်တာအိုက သေမျိုးလူမှုအဖွဲ့အစည်းကို မသေမျိုးဖြစ်လာနိုင်သည့် ကျင့်ကြံရေးလမ်းစဉ်အဖြစ် လက်မခံသရွေ့ သေမျိုးများက ကျင့်ကြံသူများထက် နိမ့်ကျမည်ဟု ခံစားနေရလိမ့်မည်။
“စကားတွေ တော်လိုက်တော့” အဖြူရောင်ဝံပုလွေက အမိန့်ပေးလိုက်သည်။
“သတင်းအချက်အလက် ယူကြ”
၃(ဂ)ယာဉ်မောင်းအားလုံးက ထိုမိစ္ဆာကလေးအနားတွင် ဝန်းရံလိုက်ပြီး သူတို့၏ ချပ်ဝတ်များက အတူတကွ စုဝေးသွားလေသည်။ သူတို့က ခေါင်းကိုမော့ကာ တစ်ဖက်သူကို ပစ်ခတ်လိုက်လေ၏။ ဒုခေါင်းဆောင် လေးယောက်ကလည်း အဖွဲ့ဖွဲ့ကာ အဖြူရောင်ဝံပုလွေကို ကာရံပေးထားသည်။ ခေါင်းဆောင်က နတ်ဆိုးမျိုးနွယ်ဆီ ပြေးဝင်လာပြီး သူ့ကို နှစ်ပိုင်းပိုင်းဖို့ ကြိုးစားလိုက်လေ၏။
ကပ်ဘေးကြောင့် စိတ်လွတ်နေဟန်ပေါ်သည့် ကလေးက အလိုအလျောက် တုံ့ပြန်လာခဲ့သည်။ ထို့နောက် သူ့အနောက်ဖက်တွင် သေးငယ်သည့် လှံများ ထွက်ပေါ်လာပြီး အဖြူရောင်ဝံပုလွေဆီ အချိန်နှုန်းအပြည့်ဖြင့် တိုးဝင်လာလေ၏။ ဒုခေါင်းဆောင်များက ရုတ်ချည်း ပေါ်ထွက်လာကာ ထိုလှံများကို တားဆီးဖို့ အတူလက်တွဲလုပ်ဆောင်ခဲ့ရသည်။
အဖြူရောင်ဝံပုလွေ၏ အရှိန်က အဖွဲ့သားများ၏ ကူညီမှုကြောင့် လျော့ကျသွားခြင်း မရှိပေ။ ထို့ကြောင့် သူက ဆက်လက်ရှေ့တိုးလာလေ၏။ ထိုကလေးက ဒုတိယအကြိမ် တိုက်ခိုက်တော့မည့်ဆဲဆဲတွင် ၃(ဂ)ယာဉ်မောင်းများက စွမ်းအင်တိုက်ကွက်များကို စတင်လာပြီး သူ့ကိုယ်သူ ကာကွယ်ဖို့ စွမ်းအင်အကာအရံကို ဖွဲ့စည်းဖို့ ဖိအားပေးလာသည်။
အဖြူရောင်ဝံပုလွေက နောက်ဆုံးတွင် ရောက်ရှိလာပြီး တိုက်ကွက်များကို ထုတ်လွှတ်လာသည်။ သူ့လက်သည်းက အံ့ဖွယ်ခန္ဓာကျင့်ကြံသူ၏ အကာအရံဒိုင်းကာကိုပင် ခြေမွပစ်နိုင်ခြင်း ရှိသည့် အကောင်းဆုံးသော ပစ္စည်းဖြင့် ပြုလုပ်ထားလေသည်။ ထို့အပြင် သူက သူ့လက်သည်းအား သတ္တုသင်္ကေတဖြင့် အားဖြည့်ထားဖို့ တောင်းဆိုထားလေသည်။ သူ့အဖြူရောင်ဝံပုလွေ သိုင်းနည်းစနစ်ကို ထည့်ပေါင်းလိုက်လျှင် ခေါင်းဆောင်က ထိုကျင့်ကြံသူကို အပိုင်းပိုင်း ဆွဲဖြဲနိုင်ဖို့ ယုံကြည်ချက် ရှိနေလေ၏။
သို့သော်လည်း ထိုကလေးငယ်၏ ဒိုင်းကာက အဖြူရောင်ဝံပုလွေ၏ တိုက်ကွက်အားလုံးကို တားဆီးထားလေသည်။
“ရန်သူက သတ္တုတာအိုကျင့်ကြံသူ ဖြစ်တဲ့ပုံပဲ” ဂရင်းဒက်က ဆက်သွယ်ရေးမှ တဆင့်ပြောလိုက်သည်။
“ပစ်ခတ်ရေးအဖွဲ့ မီးနဲ့ တိုက်ကြ”
၃(ဂ)အဖွဲ့မှ အယောက် ၂၀ကျော်က မီးတောက်သင်္ကေတချပ်ဝတ် ပိုင်ဆိုင်ထားကြသည်။ ထို့နောက် သူတို့က အစီအရင်ထဲတွင် ပင်မဆက်နွယ်မှုအဖြစ် ဖြစ်လာလေသည်။ သူတို့၏ သင်္ကေတကို သဟဇာတဖြစ်အောင် အသုံးပြုပြီး အားလုံးက မီးမန္တန်ဖြင့် တိုက်ခိုက်လိုက်ကြသည်။ အဖွဲ့က သူတို့၏ လက်များကို ဖြန့်ကာ မီးဘောလုံးများကို ပစ်လွှတ်ဖို့ ပြင်ဆင်လိုက်ကြသည်။
အဖြူရောင်ဝံပုလွေကလည်း အဖွဲ့နှင့် ပူးပေါင်းခဲ့သည်။ သူက သူ့ဒေါသအား ဆုံးဖြတ်ချက်အပေါ် ဖုံးလွှမ်းသွားခွင့်မပြုပေ။ သူက လမ်းမှ ဖယ်ရှားလိုက်ပြီး ပစ်ခတ်ရေးအဖွဲ့အတွက် ရှင်းလင်းပေးလိုက်သည်။