← Chapters

လူမှုအသိုက်အဝန်းစစ်ပွဲ - ခေတ်သစ် စစ်ပွဲ

Vol. 101 Ch. 1404

လူမှုအသိုက်အဝန်းစစ်ပွဲ - ခေတ်သစ် စစ်ပွဲ

Vol. 101 Ch. 1404

ခေါင်းဆောင်အားလုံးက ပေါ်ထွက်လာသော်လည်း လူအားလုံးက သုန်မှုန်နေကြလေသည်။ အကြည့်တစ်ချက်ဖြင့် လူအားလုံးက တစ်ဖက်သူ တွေ့ကြုံခံစားရသည့် အရာအားလုံးကို ခံစားကြည့်နိုင်လေ၏။

“အချက်အလက်တွေကို မျှဝေတာကနေ စလိုက်ရအောင်” ခေါင်းဆောင်တစ်ဦးက ပြောလိုက်စဉ် အားလုံးက သဘောတူလိုက်ကြသည်။ အစည်းအဝေးက ချက်ချင်းဆိုသလို စတင်လိုက်ပြီး ခေါင်းဆောင်များက တိုက်ပွဲအားလုံး၏ တိုက်ခိုက်ရေးအတွေ့အကြုံများကို မျှဝေခဲ့ကြသည်။ ကျင့်ကြံသူတစ်ယောက်အတွက် တပ်ဖွဲ့တစ်ဖွဲ့ဖြင့် လုံလောက်သည့် ရလဒ်မျိုး ရှိခဲ့သော်လည်း ယေဘုယျရလဒ်ကမူ နှစ်သန်းကျော် အခြေစိုက်စခန်းအတွက် အတူတူသာ ဖြစ်၏။

တုချုံးကသာ အရေအတွက်ဖြင့် တစ်ဖက်သူကို သုတ်သင်ဖို့ ဆုံးဖြတ်ခဲ့သည့်သူ မဟုတ်ပေ။ ထိုခေါင်းဆောင်များကလည်း သူတို့တွင် မည်သို့သော စိတ်ပျက်ဖွယ် အနာဂတ်မျိုး စောင့်ကြိုနေသည်ကို သိထားကြလေ၏။ ဝမ်ဝေ့က သူတို့ကို လူသားများအား သနားညှာတာဖို့ လေ့ကျင့်ပေးခဲ့သော်လည်း ယခု သူတို့က ထိုလူငယ်များကို သေဖို့ရာ ပို့ဆောင်ရမည့် ဝန်ထုပ်ကြီးကို ထမ်းဆောင်ထားရသည်။

“သတင်းကောင်းတချို့တော့ ရှိတယ်” အခြေစိုက်စခန်း ၂၃၄၅၆မှ ခေါင်းဆောင်လန်ရှီက ပြောလိုက်သည်။

“ဘာတွေ့လို့လဲ”

တခြားသူများက လန်ရှီသည် အချက်အလက်များကို သုံးသပ်ရာ၌ ကျွမ်းကျင်ကြောင်းသိထားကြလေ၏။

“ရုပ်သေးရုပ်ကို လေ့လာနေတဲ့ အခြေစိုက်စခန်းတွေက သေဆုံးမှုနည်းပါးတယ်လို့ ပြောတာကို သတိထားမိလား” လန်ရှီက အချက်အလက်ကျကျက ညွှန်ပြလိုက်သည်။

“ဒါပေါ့။ သူတို့က ပို့စရာ မောင်းနှင်သူ မရှိဘူးလေ” တစ်စုံတစ်ယောက်က ဝင်ထောက်လိုက်သည်။

“အဲဒါက ဘာပြောနေတာလဲ” လန်ရှီက ထိုအမျိုးသား၏ မနာလိုမှုကိုသာ ကြည့်လိုက်၏။

“သူတို့အားလုံးက ယခု အတူတူဖြစ်နေပြီဆိုတာကို မသိဘူးလား”

“ငါတို့ရဲ့ အာရုံစိုက်မှုက ရုပ်သေးရုပ်တွေကို တည်ဆောက်ဖို့ ဖြစ်သင့်တယ်” တုချုံးက ပြောလိုက်သည်။

“ရုပ်သေးရုပ်တွေ အများစုရှိနေတယ်ဆိုရင် သေဆုံးရမဲ့ မောင်းနှင်သူပမာဏကို လျှော့ချနိုင်လိမ့်မယ်”

“ငါတို့က ၃(ဂ)ယာဉ်မောင်းသူတွေကို ရုပ်သေးရုပ်တွေနဲ့ အစားထိုးလို့ရတယ်။” နောက်ထပ် ခေါင်းဆောင်တစ်ဦးက ဝင်ပြောလိုက်သည်။ ၃(ဂ)မောင်းနှင်သူများက အသေဆုံးအများပြားဆုံးဖြစ်၏။

“ကြည့်ရတာ ကောင်းမွန်တဲ့ ချဉ်းကပ်မှုပဲ”

“ရုပ်သေးရုပ်တစ်ရုပ် တည်ဆောက်တဲ့ တန်ကြေးက ၃(ဂ)ချပ်ဝတ်နဲ့ ၃(ဂ)မောင်းနှင်သူတစ်ယောက်ကို လေ့ကျင့်ပေးတဲ့ တန်ကြေးထက် ပိုပြီးဈေးကြီးတယ်ဆိုတာကို မမေ့နဲ့ဦး”

“တန်ကြေးလျှော့ချဖို့ နည်းလမ်းကို ရှာဖွေလို့ရပါတယ်။ ငါတို့လူတွေရဲ့ အသက်က ပိုပြီးတော့ အရေးကြီးတယ်”

“ဟုတ်တယ်။ ဒါပေမဲ့ ၃(ဂ) မောင်းနှင်တဲ့သူတွေနဲ့ အဆင့်နိမ့်တဲ့သူတွေကိုကျ ဘယ်လိုလုပ်ကျမှာလဲ”

“သူတို့ရဲ့ အရင်းအမြစ်တွေကို တိုးပြီးတော့ ၄(ခ)နဲ့ အဆင့်မြင့်မောင်းနှင်သူတွေအဖြစ် တိုးမြှင့်ပေးလို့ရတယ်။ အဆင့်မမြှင့်နိုင်တဲ့သူတွေကတော့ သူတို့သာ ပါရမီရှိတယ်ဆိုရင် ဆရာ ပြန်လုပ်လို့ရတာပေါ့” တစ်စုံတစ်ယောက်က အကြံပြုလိုက်သည်။ ယခုအခါ ရုပ်သေးရုပ်များကို အကြောင်းအရင်းများစွာကြောင့် မောင်းနှင်သူများဖြင့် အပြည့်အဝ အစားမထိုးနိုင်သေးပေ။ ကြားထဲတွင် ကုန်ကျစရိတ်၊ ယဉ်ကျေးမှုလက်ခံမှုနှင့် ပိုပြီးအရေးကြီးသည်က အဆင့်မြင့်ရုပ်သေးရုပ်များသည် ဝိညာဉ် လိုအပ်သည့်အတွက် အလွယ်တကူ ထုတ်လုပ်၍ မရပေ။

“ငါတို့တွေ မဲပေးဖို့ လိုသေးလား” တစ်စုံတစ်ယောက်က မေးလိုက်သည်။

“ငါတို့အားလုံးက သဘောတူတယ်ဆိုတော့ မလိုတော့ဘူး”

“ဒါပေမဲ့ နည်းစနစ်ကျကျပဲ လုပ်ရအောင်”

“ဒါပေမဲ့ ဘယ်သူက ဒီမဲပေးတာကို စောင့်ကြပ်ပေးမှာလဲ။ မဟာအစောင့်အရှောက်ကလည်း ဒီမှာ မရှိဘူးလေ”

“ဒီအစည်းအဝေးတွေကို ဦးဆောင်ဖို့ ကိုယ်စားလှယ်တစ်ယောက်တော့ ရွေးချယ်ဖို့ လိုပြီ”

“ငါတို့တွေ အခု လုပ်မှာလား”

“ဟုတ်တယ် ငါ ခေါင်းဆောင် ဖြစ်ချင်တယ်”

“ငါရောပဲ”

“ငါက မင်းရဲ့ အကဲဖြတ်ချက်ကို မယုံနိုင်ဘူး။ ငါလည်း ခေါင်းဆောင် ဖြစ်ချင်တယ်”

“ဘာပြောလိုက်တာလဲ”

“ငါတို့တွေ မဟာအစောင့်အရှောက်အောက်မှာ လေ့ကျင့်တုန်းက မင်းရဲ့ အဆင့်တွေကို မမှတ်မိလို့များ ထင်မနေနဲ့”

“ အဲဒါက အတိတ်ပဲကွ”

“တော်သင့်ပြီ” တစ်စုံတစ်ယောက်က အော်ပြောလိုက်သည်။

“ငါတို့တွေ အစောင့်အရှောက်ကို မဲပေးပွဲ ကြီးကြပ်ဖို့ တောင်းဆိုလို့ရတယ်။ ဒါပေမဲ့ အခုတော့ ပိုပြီးအရေးကြီးတဲ့ ကိစ္စတွေကို ဆွေးနွေးရအောင်”

“ဟုတ်တယ်။ အဓိကခေါင်းစဉ်ဆီ ပြန်သွားရအောင်။ ဒီအချက်အလက်တွေကနေ နောက်ထပ် ဘာတွေ့ခဲ့သေးလဲ”

“နောက်ထပ် တခြားအရာတွေတော့ ရှိသေးတယ်။ ကျင့်ကြံသူတွေကို အမဲလိုက်တဲ့နေရာမှာ သက်ရောက်မှုရှိတာက အခြေစိုက်စခန်းတွေက အဆိပ်အခြေပြု ချပ်ဝတ်နဲ့ လုပ်ကြံသတ်ဖြတ်ရေး ချပ်ဝတ်တွေကို သုံးတဲ့သူတွေပဲ” လန်ရှီက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“အဲဒီလူတွေက ကလိမ်ကျနေတာလေ”

“အဲဒါက ဘာများဖြစ်လို့လဲ”

“ငါက အဲ့လိုပြောချင်တာ မဟုတ်ဘူး…”

“ငါပြောတာ အကျိုးအကြောင်းသင့်တယ်။ ငါတို့တွေ ရန်သူကို သတ်ဖို့ နည်းလမ်းတွေ အားလုံးကို အသုံးပြုသင့်တယ်။ ဒါက ကျင့်ကြံသူတွေက တိုက်ခိုက်တဲ့ပုံစံပဲ။ ငါတို့တွေက ဘယ်လိုတိုက်ခိုက်ရမလဲဆိုတာ သင်ယူသင့်တယ်” လန်ရှီက ဖြတ်ပြောလိုက်သည်။

“ဒါက အဓိပ္ပာယ်ရှိတယ်လို့ ထင်တယ်”

“ခန္ဓာကိုယ်လေ့ကျင့်ထားတဲ့ မောင်းနှင်သူတွေက ပိုပြီးတော့ အရည်အသွေးမြင့်မားတယ်။ နောက်ဆုံးအနေနဲ့ အကောင်းဆုံး လုပ်ဆောင်မှုရှိတဲ့ ချပ်ဝတ်တွေက ကျင့်ကြံသူရဲ့ ခန္ဓာကနေ ဖန်တီးထားတဲ့ ခန္ဓာချပ်ဝတ်တွေပဲ” လန်ရှီက ဆက်ပြောလိုက်သည်။

အားလုံးက တိတ်ဆိတ်သွားကြ၏။

“ဘာလဲ ကြောက်နေတာလား။ သူတို့က ငါတို့ကို ကုန်ပစ္စည်းလိုမျိုး မြင်မှတော့ ငါတို့ကလည်း သူတို့ကို အတူတူလုပ်နိုင်တာပဲ” တုချုံးက လှောင်ပြောင်လိုက်သည်။

“သူ ပြောတာ အချက်အလက်ကျတယ်”

“ငါ သိပါတယ်။ ဒါပေမဲ့ ဒီကမ္ဘာကြီးရဲ့ ရက်စက်တဲ့သဘာဝကို နေသားကျဖို့ မလွယ်ကူလှဘူး”

“မဟာအစောင့်အရှောက်ရဲ့ လေ့ကျင့်မှုက ငါတို့ကို ဒါကို သတိပေးထားပြီးသားပဲလေ။ မင်းတို့တွေက အာရုံမစိုက်ခဲ့တာ”

ထိုစကားဝိုင်းက နောက်ထပ် ငြင်းခုန်မှုတစ်ခု ဖြစ်လာတော့မည့်ဆဲဆဲတွင် အားလုံးက သတင်းစကားကို လက်ခံရရှိလိုက်သည်။ အတိအကျပြောရမည်ဆိုလျှင် သတင်းစကားနှစ်ခု ဖြစ်၏။ ထိုအရာအားလုံးက ဝမ်ဝေ့ဆီမှ ဖြစ်ပေသည်။ ပထမတစ်ခုက ခေါင်းစဉ် ပါရှိပြီး မောင်းနှင်သူနှင့် ရုပ်သေးရုပ်ကို မည်သို့သဟဇာတဖြစ်အောင် လုပ်ရမလဲဟူ၍ ဖြစ်သည်။ အဆင့်နိမ့်ရုပ်သေးရုပ်များက ထိန်းချုပ်ဖို့ရာ အနီးနားတွင် ရုပ်သေးဆရာရှိဖို့ လိုအပ်ပေသည်။ အကယ်၍ သူတို့က အလိုအလျောက်ဖြစ်လိုပါက ရုပ်သေးဆရာများသည် ရုပ်သေးရုပ်ထဲတွင် သက်ဆိုင်သည့် လုပ်ဆောင်ချက်များကို ထည့်သွင်းထားနိုင်သည်။ သို့သော် သူတို့၏ အပြုအမူများက ကန့်သတ်ချက် ရှိနေလေ၏။

အဆင့်မြင့် ရုပ်သေးရုပ်များကမူ အသိစိတ်ရှိဖို့ လိုအပ်သည့်အတွက် သူတို့က ဝိညာဉ် သို့မဟုတ် ဝိညာဉ်စွမ်းအား တချို့ရှိဖို့ လိုအပ်သည်။ ထို့ကြောင့် သူတို့က ပြုလုပ်ဖို့ရာ ခက်ခဲမှုတစ်ခုဖြစ်နေသလို ဈေးကြီးနေရသည့် အကြောင်းအရင်းလည်းဖြစ်၏။ ဝမ်ဝေ့၏ အကြံပြုချက်ကမူ ကမ္ဘာမြေ၏ အာရုံကြောဆက်သွယ်ရေးနည်းပညာကို အသုံးပြုဖို့ရာသာ ဖြစ်သည်။ သူက ထိုသေမျိုးများအား မောင်းနှင်သူများ၏ စိတ် သို့မဟုတ် ဝိညာဉ်ကို ဆက်နွယ်ပြီး ဝိညာဉ်အစားထိုး အသုံးပြုနိုင်အောင် နည်းလမ်းရှာဖွေဖို့ အကြံပြုထားသည်။

 ထိုနည်းပညာဖြင့် မောင်းနှင်သူများသည် ရုပ်သေးရုပ်များကို အဝေးမှ ထိန်းချုပ်နိုင်ပြီး သေဆုံးမှုကိုလည်း လျှော့ချနိုင်လိမ့်မည်။ သို့သော်လည်း ထိုချဉ်းကပ်မှုမျိုးက သေဆုံးမှုမရှိဘဲ နေလိမ့်မည်ဟု ဆိုလိုနေခြင်း မဟုတ်ပေ။ ဝိညာဉ်တန်ပြန်သက်ရောက်မှုက မောင်းနှင်သူများစွာကို သေဆုံးစေဖို့ရာ လုံလောက်နေပြီဖြစ်၏။ အထူးသဖြင့် ကျိန်စာနှင့် ကံနည်းစနစ်များရှိနေသည့် ကမ္ဘာကြီးထဲတွင် ဖြစ်သည်။

“မဟာအစောင့်အရှောက်ရဲ့ ဉာဏ်ပညာကိုတော့ အမြဲတမ်း အံ့ဩမိတယ်” ခေါင်းဆောင်က ဒုတိယသတင်းစကားကို စစ်ဆေးမကြည့်ခင် ချီးကျူးလိုက်သည်။

အားလုံးက ဤခုံရုံးကို ဦးဆောင်ဖို့ရာ အဆင့်မြင့်ဝန်ကြီးချုပ်၏ နေရာကို ရွေးချယ်ဖို့ ဖြစ်နေသည်ကိုမြင်သည့်အခါ မျက်မှောင်ကြုတ်ထားကြ၏။ ဝမ်ဝေ့က ထိုရွေးကောက်ပွဲအတွက် စည်းမျဉ်းများ ချမှတ်ထား၏။ သို့သော်လည်း ထိုရွေးကောက်ပွဲက ယခုဖြစ်ပျက်လာမည် မဟုတ်ပေ။ ခေါင်းဆောင် သုံးသန်းက ရောက်ရှိလာမည့် ကပ်ဘေးကို တုံ့ပြန်ရဦးမည်ဖြစ်ကာ ရွေးကောက်ပွဲအတွက် မည်သို့ ကူညီပေးနိုင်ဦးမည်နည်း။

……………………………..

ဝမ်ဝေ့က ထိုခေါင်းဆောင်များကို တည်တည်ငြိမ်ငြိမ်သာ စောင့်ကြည့်နေလိုက်သည်။ သူတို့၏ ကျရှုံးမှုက ထင်မှတ်ထားပြီးသားအတိုင်းဖြစ်ကာ ပိုမိုပင် ပြင်းထန်နေနိုင်သည်။ ကောလဟာလများက သေမျိုး၏ သွေးက ကပ်ဘေး၏ ကုဆေးဖြစ်ကြောင်း ကောလဟာလများက ပျံ့နှံ့သွားပြီ ဖြစ်၏။ သို့သော်လည်း ဝမ်ဝေ့နှင့် တခြားသောမျိုးနွယ်များက အလျင်အမြန် တုံ့ပြန်ကာ ကြိုးစားကြည့်သည့်သူများကို သတ်ဖြတ်ပစ်ခဲ့သည်။

ယခင်က သူတို့သည် ကပ်ဘေးရှိသည့်သူများကို ဖမ်းဆီးကာ ပိတ်ဆို့ခဲ့ရုံမျှသာ ဖြစ်သည်။ သူတို့က ထိုသူများကို ကုစားဖို့ ဖြေဆေး ရှာတွေ့လိုသည်အထိ စောင့်ဆိုင်းလိုမိသည်။ သို့သော်လည်း သတင်းပြန့်နှံ့သွားသည့်အခါ သူတို့က နည်းဗျူဟာကို ပြောင်းလဲလိုက်ရ၏။

ဝမ်ဝေ့က တချို့သော ပါမွှားများကို သူတို့၏ ခုခံမှုမှ ချိုးဖောက်ဝင်ရောက်စေပြီး သေမျိုးများအတွက် စမ်းသပ်ချက်အဖြစ် ထားရှိခဲ့သည်။

အဲ့ကျင့်ကြံသူတွေရဲ့ စွမ်းအားကို ဖြည်းဖြည်းချင်း တိုးမြှင့်ပေးဖို့လိုတယ်…

ဝမ်ဝေ့က သုံးသပ်လိုက်သည်။

ကြည့်ရတာ ၇(က) မောင်းနှင်သူတွေနဲ့ စည်းမျဉ်းကျင့်ကြံသူတွေကြားက ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ဖို့ သိပ်မကြာတော့ဘူးပဲ…

ဝမ်ဝေ့က သုံးလခန့်စောင့်ဆိုင်းပြီးသည့်နောက်တွင် ပထမဦးဆုံး စည်းမျဉ်းကျင့်ကြံသူအား အတားအဆီးကို ချိုးဖောက်ဝင်ရောက်ခွင့်ပြုခဲ့သည်။ ထိုအချိန်အတွင်း သေမျိုးများက ကျင့်ကြံသူများစွာကို တိုက်ခိုက်ခဲ့ပြီး နည်းဗျူဟာများစွာကို ဖန်တီးခဲ့လေသည်။ သုံးလခန့်အတွင်း လူငါးဆယ်ဘီလီယံကျော် သေဆုံးသွားခဲ့သော်လည်း သူတို့က ကျင့်ကြံသူရာချီကို သတ်ဖြတ်ပစ်နိုင်ခဲ့သည်။ ထိုသူများထဲတွင် ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်လည်း အပါအဝင် ဖြစ်၏။ ဝမ်ဝေ့က တိုက်ပွဲကို တည်တည်ငြိမ်ငြိမ် ကြည့်နေလေ၏။ သေမျိုးများက ဆိုးဆိုးရွားရွား ထိခိုက်ခံစားနေရသည်။

“မောင်းနှင်သူတွေက မတိုက်ခိုက်နိုင်တော့ဘူး” ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။ စည်းမျဉ်းဝိညာဉ်က ၇(က)ချပ်ဝတ်ကို တည်ဆောက်ရာ၌ အကျိုးရှိသော်လည်း မောင်းနှင်နိုင်မည့်လူကို လိုအပ်နေဆဲ ဖြစ်၏။ သို့သော်လည်း ချပ်ဝတ်က သေမျိုးများအသုံးပြုဖို့ ဖန်တီးထားသည်ဆိုလျှင်ပင် စည်းမျဉ်းစွမ်းအားရှိသည့် ချပ်ဝတ်ကို လူတိုင်းက ထိန်းချုပ်နိုင်ကြသည် မဟုတ်ပေ။

၇(က) မောင်းနှင်သူတွေက လက်ရွေးစင်တွေပဲ။ သူတို့ရဲ့စိတ်ကို စည်းမျဉ်းရဲ့ ဝန်ထုပ်ဝန်ပိုး ပထမကို လေ့ကျင့်ပေးထားတာ။ ကံဆိုးတာက သူတို့ရဲ့ ထိန်းချုပ်မှုက ကျင့်ကြံသူတွေနဲ့ ယှဉ်လိုက်ရင် နိမ့်ကျနေတာပဲ…

ထို့အပြင် ချပ်ဝတ်၏ ပုံစံက ပြစ်ချက် ရှိနေလေသည်။ သူတို့က ပတ်ဝန်းကျင်ကို ထည့်သွင်းစဉ်းစားဖို့ ကျရှုံးသွားလေ၏။ လက်ရှိတိုက်ပွဲတွင် စည်းမျဉ်း ဆက်တိုက် အသုံးပြုမှုက ပိုမိုပြင်းထန်လာလေသည်။ စည်းမျဉ်းစွမ်းအားက အဆင့်မြင့်စွမ်းအားပုံစံ သို့မဟုတ် ခွန်အားပုံစံအဖြစ် မှတ်ယူ၍ရသည့်အတွက် လူတစ်ယောက်ထက်မနည်း ထိုအရာကို အသုံးပြုလာသည့်အခါ ထိုအရာ၏ စွမ်းအားက စုဝေးလာလိမ့်မည်။

ထိုသို့သော အပြောင်းအလဲက အားကောင်းသည့် ဝိညာဉ်ရှိထားသည့် ကျင့်ကြံသူအတွက် ဘာမှမဟုတ်သော်လည်း ၇(က)မောင်းနှင်သူများအတွက်မူ အတူတူဟု မခေါ်နိုင်ပေ။ သူတို့၏ ကျိုးပဲ့လွယ်သည့် ဝိညာဉ်နှင့် စိတ်တို့က သူတို့ချပ်ဝတ်၏ စည်းမျဉ်းဖြင့် ဝန်ထုပ်ဝန်ပိုးတစ်ခု ထမ်းဆောင်ထားရပြီဖြစ်သည့်အတွက် ထိုစည်းမျည်းဇုံက သူတို့အတွက် အိပ်မက်ဆိုးသဖွယ် ဖြစ်လာလေသည်။ ရလဒ်ကမူ အကောင်းဆုံး ၇(က)မောင်းနှင်သူ အယောက် ၂၀ကျော်ဖြင့် ဖွဲ့စည်းထားသည့် တပ်ဖွဲ့က ကျင့်ကြံသူတစ်ယောက်ကြောင့် သုတ်သင်ခံလိုက်ရသည်။

ခေါင်းဆောင်က ပြဿနာအရင်းအမြစ်ကို ရှာဖွေပြီး ဖြေရှင်းနည်းကို အဖြေထုတ်ခဲ့ကြသည်။ သူတို့က အကောင်းဆုံးသင်္ကေရေးထွင်းသူများနှင့် ချပ်ဝတ်ပြုလုပ်သူများကို အစည်းအဝေးကို တက်ရောက်ဖို့ ဆင့်ခေါ်ခဲ့သည်။ သိပ်မကြာခင် ဖြေရှင်းနည်းများစွာကို ဆွေးနွေးခဲ့ကြ၏။ ထိုအရာထဲတွင် ၇(က)မောင်းနှင်သူများအတွက် ပိုမိုကောင်းမွန်သည့် လေ့ကျင့်ရေးများ ပါဝင်နေသလို သူတို့၏ ဝိညာဉ်ကို ဆက်နွယ်ပြီး စည်းမျဉ်းစွမ်းအားကို တောင့်ခံဖို့ရာအတွက်လည်း ပါဝင်သည်။

“ဒီလူတွေက သိပ္ပံပညာရှင်နဲ့ အင်ဂျင်နီယာတွေလိုမျိုး စဉ်းစားရမဲ့အနေအထားမှာ ကျင့်ကြံသူတွေလိုမျိုး စဉ်းစားနေကြတာပဲ” ဝမ်ဝေ့က ရေရွတ်ပြီးသည့်နောက်တွင် သူတို့က နောက်ထပ် သတင်းစကားတစ်ခု ပို့ဆောင်လိုက်သည်။ ထိုသူများက သူ့အနေဖြင့် ထိုသူများအား ချပ်ဝတ်အား ထိုအဆင့်ထိ ရောက်အောင် အာရုံစိုက်ဖို့ကို ရပ်တန့်ထားစေလို၏။

ထိုအစား သူတို့က ၇(က)တိုက်ခိုက်ရေးယာဉ်များကို တည်ဆောက်သင့်ပေသည်။  သူတို့၏ နည်းဗျူဟာက ၇(က)တိုက်ခိုက်ရေးယာဉ်များအဖြစ် ဖွဲ့စည်းကာ  ပြောင်းလဲပစ်ဖို့ အကြံပြုထားသည်။

“ကျင့်ကြံရေးလူမှုအသိုက်အဝန်းက တစ်ယောက်ချင်းစီရဲ့ စွမ်းအားကို အလေးထားတယ်။ ဒါပေမဲ့ မင်းတို့ရဲ့ သေမျိုးလူမှုအသိုက်အဝန်းရဲ့ ခွန်အားက အဖွဲ့အစည်းပဲ” ဝမ်ဝေ့က ရေရွတ်လိုက်သည်။

“ကောင်းကင်တာအိုက စည်းမျဉ်းတွေကို ချိုးဖောက်ပြီး မင်းတို့တွေကို အားနည်းတဲ့ အသုံးအဆောင်ပစ္စည်းတွေကို အမြောက်အများ ထုတ်လွှတ်ဖို့  ခွင့်ပြုပေးထားတယ်။ အဲဒါဆိုတော့ အကျိုးရှိရှိ အသုံးချ”

ချပ်ဝတ်ဖြစ်စေ၊ တိုက်ခိုက်ရေးယာဉ်ဖြစ်စေ သူတို့က လက်နက်သန့်စင်သူများ ပြုလုပ်သည့်အရာများနှင့် ယှဉ်လိုက်လျှင် အောက်ခြေသာ ရှိနေသေး၏။  သို့သော်လည်း သူတို့၏ အားသာချက်ကမူ ဈေးသက်သာပြီး အမြောက်အများ ထုတ်လုပ်နိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် ဝမ်ဝေ့က သူတို့၏ တိုက်ခိုက်ရေးပုံစံကို ကမ္ဘာမြေမှ ခေတ်သစ်စစ်ပွဲပုံစံ ပြောင်းလဲဖို့ အကြံပြုလိုက်ခြင်း ဖြစ်သည်။

All Chapters