← Chapters

လူမှုအသိုက်အဝန်းစစ်ပွဲ - အလျင်အမြန် တိုးတက်လာမှု အပိုင်း(၂)

Vol. 101 Ch. 1406

လူမှုအသိုက်အဝန်းစစ်ပွဲ - အလျင်အမြန် တိုးတက်လာမှု အပိုင်း(၂)

Vol. 101 Ch. 1406

ထိုရုပ်သေးရုပ်များက အဆုံးမဲ့ဟန်ပေါ်ပြီး သူတို့ကို မည်မျှပင်သတ်စေကာမူ နောက်ထပ်များစွာ ထွက်ပေါ်လာနေသည်။

“တစ်ခုခုတော့ မှားနေပြီ” အမျိုးသမီးက ပြောလိုက်သည်။ သူတို့က ရုပ်သေးရုပ်များစွာကို သတ်ဖြတ်ခဲ့သော်လည်း အရေအတွက်က လျှော့ကျသွားခြင်း မရှိပေ။

“မင်း ပြောတာမှန်တယ်” သူမ၏ ခင်ပွန်းကလည်း သဘောတူလိုက်၏။

“ဘုန်းကြီး”

“ကိုယ်တော်တို့ ယခုပုံရိပ်ယောင်ထဲမှာ ရှိနေတာ”

“ဘယ်လို”

“ရန်သူတွေရဲ့ ပထမလှိုင်းလုံးက တကယ်ရုပ်သေးရုပ်ပဲ။ ဒါပေမဲ့ အဲဒီနောက်က အများစုက ပုံရိပ်ယောင်ပဲ”

“ကျစ် ဘာလို့ ဘာမှမပြောရတာလဲ”

“နာကျင်မှုကနေတဆင့် ဉာဏ်အလင်းပွင့်နိုင်မဲ့ အခွင့်အရေးကို လုယူရမှာလား။ ဘာလို့ အဲ့လိုမျိုး လုပ်ရမှာလဲ” ဝေဒနာဘုန်းကြီးက သူ့ကို ကြည့်လိုက်ပြီး ဤသို့တုံးအအ မေးခွန်းမျိုးကို အဘယ်ကြောင့်မေးနေကြောင်း အမှန်တကယ် နားမလည်နိုင်ဟန်ပေါ်နေသည်။

“ကျစ် မိစ္ဆာဘုန်းကြီးတွေအားလုံးက စိတ္တဇတွေဆိုတာ မေ့သွားတယ်” ထိုအမျိုးသားက အံ့ဖွယ်အသိစိတ်မှတဆင့် သူ့ဇနီးထံ ပြောလိုက်သည်။

“အခု သူနဲ့ ငြင်းခုန်နေရမဲ့အချိန် မဟုတ်ဘူး” သူ့ဇနီးက ဖျောင်းဖျလိုက်၏။

“ပုံရိပ်ယောင်ကို အရင်ဆုံး ဖြေရှင်းရအောင်”

သူတို့က သဲပါသည့် အမွှေးတိုင်အိုးကို ထုတ်လွှတ်လိုက်သည်။ ထိုအမျိုးသားက အမွှေးတိုင်ကို သဲထဲစိုက်လိုက်ပြီး ပတ်ဝန်းကျင်ထံ ထူးဆန်းသည့်ရနံ့တစ်မျိုးကို ချက်ချင်းပျံ့နှံ့သွားစေသည်။ နေရောင်က တိမ်တိုက်များမှ ဆင်းသက်လာကာ ရုပ်သေးရုပ်အများစုက ပျောက်ကွယ်သွားလေ၏။

ဝုန်း

“သတိထား” ထိုအမျိုးသားက သူ့အနက်ရောင်လေပြင်းကို ဒိုင်းကာအဖြစ်ဖွဲ့စည်းရင်း အော်ဟစ်လိုက်သည်။ ရုပ်သေးရုပ်များက ထိုသူများကို အာရုံလွှဲပြောင်းနေစဉ် သင်္ဘောများက သူတို့၏ အမြှောက်များကို စွမ်းအားဖြည့်ပြီး ကြီးကြီးမားမား တိုက်ခိုက်လာလေသည်။ ထို့အပြင် ခေါင်းဆောင်ရှစ်ဖင်းက အပျက်စွမ်းအား အကြီးဆုံးလျှပ်စီးဓာတ်ကို အသုံးပြုခဲ့လေသည်။

ထိုတိုက်ကွက်၏ ရလဒ်အနေဖြင့် အမျိုးသား၏ ရင်ဘတ်၌ အပေါက်တစ်ပေါက် ဖြစ်သွားကာ အမျိုးသမီးက ဘယ်ဖက်လက်ကို ဆုံးရှုံးသွားလေသည်။

“ပစ်မှတ်နှစ်ယောက်ကို ဒဏ်ရာပေးနိုင်ခဲ့ပါတယ်”

“ဘုန်းကြီးကရော” ရှစ်ဖင်းက မေးလိုက်သည်။

“သူကတော့ အကောင်းအတိုင်းပါပဲ”

ခေါင်းဆောင်က မျက်မှောင်ကြုတ်လိုက်သည်။ ထိုအမျိုးသား၏ နှလုံးသားက ပျက်စီးသွားသော်လည်း ထိုအရာက ကြီးကြီးမားမား ဒဏ်ရာမျိုးမဟုတ်ကြောင်း သိထားလေသည်။ စည်းမျဉ်းသက်ရှိများအနေဖြင့် အဆင့်(၇)ကျင့်ကြံသူများက သူတို့၏ နှလုံးသားနှင့် ဦးနှောက်ကဲ့သို့ သိသာလှသည့် အားနည်းချက်မျိုး မရှိကြတော့ပေ။ သူတို့၏ ဝိညာဉ်က အသက်ရှင်ဖို့အတွက် အရေးကြီးသည့်ကဏ္ဍတွင် ပါဝင်နေ၏။ ထိုအမြှောက်များက စည်းမျဉ်းစွမ်းအားတွင် အသုံးပြုထားသောကြောင့် သူတို့က ဒဏ်ရာရကာ အားနည်းသွားလိမ့်မည်။

“စည်းမျဉ်းပိုင်နက်ကို ဖွဲ့စည်းဖို့ပြင်ထား” ရှစ်ဖင်းက အမိန့်ပေးလိုက်သည်။

“ဆရာ ကျုပ်တို့တွေ စွမ်းအားနဲ့ စွမ်းအင်အများကြီးကို သုံးထားပြီးပါပြီ” တစ်စုံတစ်ယောက်က သတိပေးလိုက်သည်။ သူတို့၏ ဖန်တီးမှုများက ပြီးပြည့်စုံသည့် အသုံးအဆောင်ပစ္စည်းများ မဟုတ်သည့်အတွက် ကန့်သတ်ချက်များ ရှိနေလေ၏။ ခေါင်းဆောင်က ပျက်သုဉ်းရေးအမြှောက်နှင့် မဟာအစောင့်အရှောက် ဒိုင်းကာတို့ကို အသက်သွင်းဖို့ အမိန့်ပေးထားပြီးပြီဖြစ်ကာ ထိုနှစ်ခုက စွမ်းအားအမြောက်အများ လိုအပ်ပေသည်။ ယခု သူက တတိယအကုန်အကျ အများဆုံးအရာကို အသက်သွင်းခိုင်းလေ၏။ ဤနည်းဖြင့် ဤယာဉ်က ကြာရှည်ခံမည် မဟုတ်ပေ။

“လုပ်လိုက်ပါ”ရှစ်ဖင်းက အမိန့်ပေးလိုက်သည်။ သူက အခြေစိုက်စခန်းအားလုံးအနှံ့ အကောင်းဆုံးခေါင်းဆောင်ထဲမှ တစ်ဦး ဖြစ်၏။ အကြောင်းအရင်းကမူ သူ့လေ့လာနိုင်စွမ်းနှင့် အလိုလိုသိစိတ်ကြောင့် ဖြစ်ပေသည်။ သူက ဘုန်းကြီးနှင့် ပတ်သက်ပြီး တစ်စုံတစ်ခု မှားယွင်းနေကြောင်း သိထားသည့်အတွက် စောစီးစွာ ပြင်ဆင်ထားလိုသည်။

“အမိန့်အတိုင်းပါ…”

ထိုအမျိုးသမီးက ဘယ်ဖက်လက်ကို ပြန်လည်ကောင်းမွန်လာစေပြီး အမျိုးသား၏ ရင်ဘတ်ကလည်း ပိတ်ဆို့သွားလေသည်။ သို့သော်လည်း သူတို့၏ အမူအရာများက ဖြူဖျော့နေကြ၏။ သို့သော်လည်း တိုက်ပွဲက ယခုမှစတင်ကာစ ဖြစ်ပေသည်။ ၇(က)ရုပ်သေးရုပ် ၁၅ရုပ်က အဖွဲ့ကို ဝန်းရံထားပြီး တစ်ယောက်ချင်းစီက ရုပ်သေးရုပ် ၅ရုပ်စီ ပါရှိလေသည်။ တခြားသောမောင်းနှင်သူများနှင့် ရုပ်သေးရုပ်များက ၇(က)လက်ရွေးစင်များအဖြစ် အတူတကွ တွဲလုပ်နေသည့်အချက်ကို ထည့်မပြောရသေးပေ။

၆(ခ)နှင့် အဆင့်နိမ့်အဖွဲ့များက ထိုသုံးဦး၏ လက်ထဲတွင် သေဆုံးမှုအမြောက်အများကို တွေ့ကြုံခံစားရသည်။ သို့သော်လည်း သူတို့၏ စတေးမှုဖြင့် ၇(က)ရုပ်သေးရုပ်များက ထိုသူများကို တောင့်ခံထားနိုင်ခဲ့သည်။

“ဒါတွေ တော်သင့်ပြီ” အမျိုးသမီးက အော်ပြောရင်း သူ၏ တာအိုသက်သေပြပစ္စည်းကို အသက်သွင်းလိုက်သည်။ ထိုအရာက အနီရောင်လည်ဆွဲတစ်ခု ဖြစ်၏။ စွမ်းရည်က သာမန်ဖြစ်ပြီး ထိုအရာက သူမ၏ မီးတောက်မန္တန်နှင့် နည်းစနစ်များကို အားဖြည့်ပေးနိုင်လေသည်။ ထိုအရာက သူမအတွက် လုံလောက်နေပြီဖြစ်၏။

ကောင်းကင်မီးတောက် လှံမိုး

ထိုအမျိုးသမီးက မီးတောက်လှံသန်းပေါင်းများစွာကို ထိန်းချုပ်ပြီး အဖွဲ့ဆီ သက်ရောက်စေလိုက်သည်။ သူက ရုပ်သေးရုပ်မြောက်များစွာနှင့် ယာဉ်ရာဂဏန်းကို တိုက်ကွက်တစ်ကွက်တည်းဖြင့် ရှင်းထုတ်ပစ်ခဲ့၏။ သို့သော်လည်း သူမ၏ အပြုအမူက ထင်ထားသလို ဖြစ်မလာခဲ့ပေ။ ၇(က)ရုပ်သေးရုပ်များက တောင့်ခံထားလေ၏။ သူတို့သေဆုံးသွားသည်နှင့် သူတို့ထဲက ၅ယောက်က ရေအကာအရံစည်းတံဆိပ်အဖြစ် ပျောက်ကွယ်ထွက်သွားခဲ့သည်။

အမျိုးသမီးက သတိလက်လွတ်ဖြစ်သွားပြီး အကာအရန်က သူမကို ဝန်းရံသွားပြီး သမုဒ္ဒရာပင်လယ်အတွင်း သူမကို ပိတ်ဆို့လိုက်လေသည်။ ထိုအရာက သူမ၏ မီးတောက်တာအိုအတွက် ဆန့်ကျင်ဘက် ဖြစ်နေလေ၏။

“မဖြစ်ဘူး” ယောက်ျားဖြစ်သူက အော်ပြောကာ စည်းတံဆိပ်ဆီ ပြေးသွားလိုက်သည်။

သို့သော်လည်း သူက စည်းတံဆိပ်ကို မထိတွေ့နိုင်ခင် ကိုယ်ပျောက်ရုပ်သေးရုပ်တစ်ခုက သူ့နောက်ထဲတွင် ပေါ်ထွက်လာကာ သူ့ဦးနှောက်ထဲ ဓားဖြင့် ထိုးသွင်းလိုက်သည်။

ရုပ်သေးရုပ်အားလုံးက တည်ငြိမ်စွာ ရပ်နေသည့် ဘုန်းကြီးကိုသာ အာရုံစိုက်လိုက်ကြစဉ် ကျန်ရစ်နေသည့် ယာဉ်များကလည်း ထိုအမျိုးသမီးနှင့်အတူ ရေအကာအရန်စည်းတံဆိပ်ကို ဖယ်ရှားပစ်လိုက်ကြသည်။

အဲဒါဆိုတော့ သေမျိုးတွေက ဒီအနေအထားထိကို ရောက်နေပြီပဲ…

ဘုန်းကြီးက တည်ငြိမ်စွာ တွေးလိုက်သည်။ သူက ယခု ဤတိုက်ပွဲကို အလေးအနက်မှတ်ယူရမည် ဖြစ်၏။

“ခင်ဗျားရဲ့ အပေါင်းအပါထဲက လူတွေ သေဆုံးသွားတာကို ဂရုမစိုက်ဘူးလား” ရုပ်သေးရုပ်တစ်ရုပ်က မေးလိုက်သည်။

“သူတို့တွေက ဝေဒနာကနေတဆင့် ဉာဏ်အလင်းပွင့်မှုကို မရှာနိုင်တာ ဒီဘုန်းကြီးရဲ့ အမှား မဟုတ်ဘူးလေ” ဘုန်းကြီးက ပြန်ဖြေရင်းဖြင့် ရုပ်သေးရုပ်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

“မင်းက ဒီဧရာမသင်္ဘောကြီးရဲ့ ခေါင်းဆောင် ဖြစ်မယ်ထင်တယ်”

“ဘုန်းကြီး ဒီနေရာကနေ ထွက်သွားလိုက်။ ကျုပ်တို့တွေ ဘာမှမဖြစ်သလို ဟန်ဆောင်ပေးမယ်” ခေါင်းဆောင်ရှစ်ဖင်းက ရေရွတ်လိုက်သည်။

“ကံဆိုးတာက ဒီဘုန်းကြီးက မင်းတို့ရဲ့ အစစ်အမှန် ကန့်သတ်ချက်ကို မမြင်ရသေးဘူး”

ခေါင်းဆောင်ရှစ်ဖင်းက ဆက်သွယ်မှုကို ချက်ချင်းရပ်တန့်ကာ အမိန့်ပေးလိုက်သည်။

“ပိုင်နက်ကို ဖွဲ့စည်းကြ။ တခြားယာဉ်တွေအားလုံးကိုလည်း အလင်းသက်တန့်စစ်ရေးနည်းစနစ်ကို အသက်သွင်းဖို့ပြောလိုက်။ အားလုံးက ရှောင်ရှားဖို့ ၃၀ စက္ကန့်အချိန်ရမယ်”

လူအားလုံးက စိတ်ရှုပ်ထွေးသွားကြသော်လည်း ခေါင်းဆောင်၏ အသံက စိုးရိမ်မှုကို ခံစားမိသည့်အခါ မည်သူကမှ မငြင်းဆန်ကြပေ။ တချို့သော ယာဉ်များက အံ့အားသင့်သွားကြသော်လည်း အမိန့်အတိုင်း လိုက်နာခဲ့ကြ၏။ သူတို့က ပိုင်နက်ကို အသက်သွင်းကာ နည်းစနစ်၏ ရှေ့ပြေးပုံစံကို ဖွဲ့စည်းပြီး ရှစ်ဖင်း၏ ယာဉ်ဆီ ရောက်ရှိလာကြသည်။

ထိုစဉ် ဝေဒနာဘုန်းကြီးက သူ့ပတ်ဝန်းကျင်သည် တုံ့ဆိုင်းလာပြီး လှုပ်ရှားပြီး အသက်ရှူဖို့ပင် ခက်ခဲလာသလို ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်ထဲ ကိန်းအောင်းနေသည့် နာကျင်မှုစည်းမျဉ်းက သိသိသာသာ အားနည်းသွားလေ၏။

ပိုင်နက်လား။ သူတို့က ဒီအထိ ရောက်လာတာပဲ…

သူက ထိုယာဉ်များသည် သူတို့၏ စည်းမျဉ်းကို သဟဇာတဖြစ်စေပြီး ပတ်ဝန်းကျင်ကို ပိုင်နက်အသွင် ပြောင်းလဲလိုက်သည်ကို ခံစားမိလိုက်သည်။

ဒီလောက်ဆိုရင်တော့ လုံလောက်ပါတယ်…

ထိုဘုန်းကြီး၏ အရှိန်အဝါက သိသိသာသာတိုးမြင့်သွားသည်။

“ပစ်မှတ်ရဲ့ စွမ်းအားက အခု အဆင့်(၈) ဖြစ်သွားပြီ” အားလုံးက တုန်လှုပ်တကြီး ကြည့်လိုက်ကြသည်။ သူတို့က ခေါင်းဆောင်သည် ရန်သူက အဆင့် (၇)အစား အဆင့်(၈)ဖြစ်နေကြောင်း မှန်းဆနိုင်လိမ့်မည်ဟု ထင်မထားခဲ့မိပေ။

“ပစ်ကြ” ရှစ်ဖင်းက အမိန့်ပေးလိုက်သည်။ ကောင်းကင်ယံက တောက်ပလာပြီး ထိုအမြှောက်အားလုံးက ဆက်တိုက်ဆိုသလို ပစ်ခတ်လာလေသည်။ ထိုသို့ မျှော်လင့်ချက်ကုန်ခမ်းဖွယ် တိုက်ခိုက်မှုမျိုးက အဆင့်(၇) ကျင့်ကြံသူမျိုးကို သုတ်သင်ပစ်နိုင်လေသည်။ သို့သော်လည်း ဤဘုန်းကြီးအတွက် အသုံးမဝင်ပေ။

ပထမဦးစွာ သူက ရှစ်ဖင်းရှိနေသည့် ယာဉ်ဆီပြေးဝင်လာသည်။ သို့သော်လည်း ဘုန်းကြီးက မဟာအစောင့်အရှောက်ဒိုင်းကာကို ဖျက်ဆီးဖို့ အချိန်တစ်ခုကြာမည်ဖြစ်ကြောင်း သဘောပေါက်ပြီးသည့်နောက်တွင် တခြားသော အရာများကို ပစ်မှတ်ထားလိုက်သည်။ သူက အနက်ရောင်အလင်းတန်း အသွင်ပြောင်းလဲကာ ယာဉ်များကို တစ်ခုပြီးတစ်ခု ဖျက်ဆီးပစ်လိုက်သည်။ သင်္ကေတယာဉ်များ၏ ကာကွယ်နှုန်းက ထိုဘုန်းကြီးအတွက်မူ ဟာသပြက်လုံးတစ်ခုမျှသာ ဖြစ်၏။

“ငါ့အမိန့် ထုတ်လိုက်တာ ဘယ်လောက်ကြာသွားပြီလဲ” ရှစ်ဖင်းက မေးလိုက်သည်။

“ငါးစက္ကန့်ပါ”

ရှစ်ဖင်းက လက်ကိုဆုပ်ကာ အမိန့်ပေးလိုက်သည်။

“အလင်းသက်တန့်နည်းစနစ်ကို အသက်သွင်းလိုက်တော့”

“ဒါပေမဲ့ ရှောင်ရှားဖို့ ၂၄ စက္ကန့်ကျန်ပါသေးတယ်”

“အဲဒီ၂၄စက္ကန့်အတွင်းမှာ ငါတို့တွေအားလုံး သေကုန်လိမ့်မယ်” ရှစ်ဖင်းက အံကြိတ်ကာ ပြောလိုက်သည်။ နည်းပညာရှင်များကလည်း တိတ်ဆိတ်ကာ အမိန့်ဆောင်ရွက်လိုက်ကြ၏။ အသက်ရှင်နေသည့် ယာဉ်များက ရုတ်ချည်းဆိုသလို အလင်းထက်မြန်သည့် အမြန်နှုန်းဖြင့် ဘုန်းကြီးဆီ တိုးဝင်လာလေသည်။ သူတို့က အံ့မခန်းအရှိန်ဖြင့် ဝင်တိုက်သွားပြီး ထိတွေ့မှုမြန်ဆန်စွာဖြင့် ပေါက်ကွဲထွက်သွားသည်။

 အရှိန်က ရွှေရောင်အလင်းတန်းဖြင့် ပြောင်းလဲသွားကာ သက်တန့်အဖြစ် ဖွဲ့စည်းလာပြီး အင်မတန်လှပပေသည်။ သို့သော်လည်း အသက်မရှိသည့်သူများက ထိုမြင်ကွင်းကို ခံစားနိုင်မည် မဟုတ်ပေ။

ရှစ်ဖင်းက ထိုအရာကို တည်ငြိမ်စွာ ကြည့်နေလေ၏။ သူက သူ့ဆုံးဖြတ်ချက်၏ အကျိုးဆက်ကို ကောင်းမွန်စွာ နားလည်ထားသည်။ သို့သော်လည်း ဤသို့လုပ်ရမည်သာ ဖြစ်၏။

သူက မှန်ကန်သည့် အခွင့်ကောင်းကို လေ့လာကာ ပျက်သုဉ်းရေးအမြှောက်ကို ပစ်ခတ်ဖို့ သူ့အာဏာကို အသုံးပြုထားခဲ့သည်။

ဘုန်းကြီးက ဖောက်ခွဲဖျက်ဆီးပစ်သည့် ယာဉ်များကြောင့် အလုပ်ရှုပ်နေလေ၏။ သူတို့၏ အမြန်စွမ်းအားက သူ့လိုခန္ဓာကိုယ် လေ့ကျင့်သူတစ်ယောက်အတွက် ဘာမှမဟုတ်သော်လည်း သူတို့၏ အရှိန်က သူ့တုံ့ပြန်မှုထက် မြန်ဆန်နေလေသည်။ ထို့နောက် သူ့အာရုံခံစားနှုန်းက ရုတ်ချည်းအသိဝင်လာပြီး လမ်းကြောင်းမှ အလျင်အမြန် ဖယ်ရှားလိုမိသည်။ သို့သော် နှမြောစရာကောင်းလှစွာဖြင့် ထိုတိုက်ကွက်က အာကာသအပေါ် အခြေခံထားပြီး သူ့ကို ပိတ်ဆို့ထားလေသည်။

ဝုန်း

ပျက်သုဉ်းရေးအမြှောက်က သေမျိုးလူမှုအဖွဲ့အစည်း၏ အကြီးမားဆုံး အောင်မြင်မှုတစ်ခု ဖြစ်ပေသည်။ ဝမ်ဝေ့နှင့် တခြားအစောင့်အရှောက်များက ဤအရာကို ဝှက်ဖဲအဖြစ် မဖွဲ့စည်းနိုင်သည်အထိ ဟောပြောပို့ချခဲ့ရသည်။ တိုက်ကွက်တစ်တည်းဖြင့် ပတ်ဝန်းကျင်အာကာပြင်က ပြိုလဲသွားကာ ကြောက်မက်ဖွယ် ဖရိုဖရဲအာကာပြင်စွမ်းအားတို့က ထွက်ပေါ်လာပြီး စည်းမျဉ်းနှင့် ပိုင်နက်များကို ဖျက်ဆီးပစ်နေသည်။

ရှစ်ဖင်းက ထိုဘုန်းကြီး၏ ပျက်စီးနေသည့် ခန္ဓာကိုယ် လေထဲ မျောလွင့်လာသည်ကို တည်ငြိမ်စွာ ကြည့်နေလေ၏။ သို့သော် ထိုခန္ဓာကိုယ်မှ အသက်ရှိနေသည့် အရိပ်အယောင်များ ပြသနေလေသည်။ ထိုသူက ခန္ဓာလေ့ကျင့်သူတစ်ယောက် ဖြစ်နေသည့်အတွက် ထိုအရာကို မအံ့ဩမိပေ။ ရှစ်ဖင်းက ကျန်ရစ်နေသေးသည့် ယာဉ်များကို ထိုသူ့အား ဝိုင်းဝန်းပြီး ခန္ဓာကိုယ်ဝိညာဉ်ကို စည်းပိတ်ဖို့ အမိန့်ပေးလိုက်သည်။

သူ့ကို ဖမ်းဆီးလိုက်တာက ငါတို့ရဲ့ ဆုံးရှံးမှုတချို့အတွက် ကာမိစေမယ်…

ရှစ်ဖင်းက တွေးလိုက်သည်။ သို့သော်လည်း ဤအရာက သဘောတရားအရ မှန်ကန်သော်လည်း စိတ်ပိုင်းဆိုင်ရာအရ ထိုသို့မထင်မိပေ။ သူတို့က လူတစ်ယောက်ကို သတ်ဖို့အတွက် အသက်များစွာ ဆုံးရှုံးခဲ့ရသည်။

“ငါတို့ရဲ့ ဆုံးရှုံးမှုကို တင်ပြ”

“ကျုပ်တို့တွေက ယာဉ် ၁၂၆၀၀ ရောက်လာပြီးတော့  ၁၂၃ စင်း ကျန်ပါတယ်”

“လူတွေကရော ဘယ်လောက်ဆုံးရှံးသွားလဲ။ တော်ပြီ မပြောနဲ့တော့” ရှစ်ဖင်းက ပြောလိုက်သည်။

“ကယ်တင်ရေး အဖွဲ့ကို လွှတ်လိုက်တော့။ ပြီးတော့ ကူးသန်းပြောင်းရွှေ့ရေးအဖွဲ့ပါ လွှတ်လိုက်။ ဒီတိုင်းပြည်တွေကို ထိန်းချုပ်ပြီးတော့ ငါတို့ရဲ့ အပေါင်းအပါတွေကို ကယ်တင်ဖို့ လုပ်လိုက်”

အသက်များစွာက ဤတိုက်ပွဲအတွင်း ဆုံးရှုံးသွားရသော်လည်း သူတို့က ဤနေရာမှ လူအားလုံးကို ကယ်တင်နိုင်သည်။ သူတို့၏ အခြေစိုက်စခန်းက လေ့ကျင့်ပေးဖို့ လူများ ထပ်ရှိလာလိမ့်မည်။

 ရှစ်ဖင်းက သူ့နေရာမှ ထွက်ခွာလာပြီး သေရည်အိုးကို ယူကာ သောက်သုံးလိုက်သည်။

သူတို့က ဒီလူတွေကို ကယ်တာက ကိစ္စကောင်းဟုတ်ရဲ့လား။

ဤသို့ထင်ရပေါ်သော်လည်း သူတို့က အခြေစိုက်စခန်း ရောက်လာသည်နှင့် ထိုသေမျိုးများကို စစ်သားများအဖြစ် လေ့ကျင့်ပေးမည်ဖြစ်ကာ သေဆုံးဖို့ရာ စေလွှတ်ရမည်သာ ဖြစ်၏။ နောက်ဆုံးအနေဖြင့် တူညီသည့် ကံကြမ္မာက ထိုလူအများစုကို စောင့်ဆိုင်းနေလေသည်။

“အဲဒါကို မတွေးဘဲ နေရအောင်” ရှစ်ဖင်းက ရေရွတ်ပြီးသည့်နောက်တွင် သေရည်ကိုသာ သောက်သုံးလိုက်တော့သည်။

All Chapters